Tuesday 9 August 2011

ကမ္ဘာ့ပထမဆုံး Window ဖုန်း Fujitsu ထုတ်လုပ်

by Melven Than on Wednesday, July 27, 2011 at 9:35pm

Wednesday, 27 July 2011 15:54
Microsoft ကုမ္ပဏီမှ Windows Phone 7.5 အား ထုတ်လုပ်ရန် ကြေငြာခဲ့ပြီး နာရီ အနည်းငယ် အကြာတွင် Fujitsu မှ Mango ဟုကုဒ် အမည်ပေးထားသည့် window ဖုန်း IS12T ကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။


အဆိုပါဖုန်းမှာ ဂျပန်နိုင်ငံ ၏ ပထမဆုံး ရေလုံ၊ ဖုန်လုံ window ဖုန်းတစ်လုံဖြစ်ပြီး
operating စနစ်သစ်ဖြင့် ထုတ်လုပ် ထားခြင်းဖြစ်သည်။ ယခုဖုန်းတွင် ၁၃.၂ မဂ္ဂါပစ်ဆယ် ရှိသည့် ကင်မရာ ပါဝင်ပြီး အတွင်းသိုလှောင်နိုင်စွမ်းမှာ ၃၂ ဂစ်ဂါဘိုက် အထိရှိကာ ၃.၇ လက်မရှိသည့် wvga မျက်နှာပြင်ကိုသုံး ထားကြောင်း သိရသည်။

ယခု ဖုန်းကို လာမည့် စက်တင်ဘာလတွင် စတင်ရောင်း ချမည်ဖြစ်ပြီး စက်တင်ဘာလ အစောပိုင်း သို့မဟုတ် နှောင်းပိုင်း ဖြစ်မည်ကိုမှု အတိအကျထုတ်ပြန်ခြင်း မရှိသေးပေ။


source :zunited.net

No comments: