Saturday 13 August 2011

ဧရာဝတီ အေးချမ်းပါစေ

5:25 PM 8/13/2011

မနက်ကနေ မိုးချုပ်တဲ့ထိ ငါကြားနေရသည့် အကြောင်းဟာ ဧရာဝတီ။
လူတစ်ဦးနှင့် တစ်ဦးကြား ပြောစကားများဟာ ဧရာတီ။

တစ်မြို့နှင့်တစ်မြို့ကြား တီးတွတ်သံတွေဟာ ဧရာဝတီ။
တစ်နိုင်ငံလုံးနှင့် နိုင်ငံတကာကြား ပေါက်ကွဲခံစားတာဟာ ဧရာဝတီ။

အို ဧရာဝတီ
မဟာပထဝီ တည်သရွေ့ မမေ့သောမေတ္တာဖြင့်
ကြွေးကျော်ကျူးရင့် ကမ်းလင့်ကြိုနေမည်။

အသင်ကား အရှင် ၊ အသင်ကား သခင်။
အသင်သည်သာ ငါတို့၏ အသက်ပင်။

သင့်အားကြေကွဲ မိုက်မဲသောအလုပ် ဒို့မလုပ်။
သင့်အားဖီဆန် တွန်းလှန်သည့်အလုပ် ဒို့မလုပ်။
သင့်အားရောင်းစား ဖေါက်ပြားသည့်အလုပ် ဒို့ မလုပ်။

သင့်အား နာစေ ဒို့မနေ။
သင့်အား မုန်းစေ ဒို့မဝေ။
သင့်အားဖျက်စီး ထိုမွေးမီးကား
ပွားများမှတ်ယူ ဒို့ရန်သူတည့်။

ဧရာဝတီ အေးချမ်းပါစေ။
လေးစားစွာဖြင့် 
မုတ်သုံမိုးဦး

No comments: