Length: 19:44 DVB News Mirror and Rhythm
အာဏာရှင်ဆို ဘယ်လို အာဏာရှင်မှ ဒီကမ္ဘာမြေမှာ မရှိသင့်တော့ဘူးလို့ ယုံကြည်ထားသူ… နာဇီ လက်အောက်မှာရော
ကွန်မြူနစ်အာဏာရှင်အောက်မှာပါ နေ့စဉ်ဘ၀ရုန်းကန်မူတွေကို
ကြုံဆုံခဲ့ရသူ…. စာပေ အနုပညာနဲ့ နိုင်ငံရေးဆိုတာဟာ ခွဲခြားကန့်ထားလို့
ရတဲ့အရာတွေမဟုတ် ခေါင်းနဲ့ပန်းလို ဆက်စပ်နေတဲ့ အရာတွေလို့ ခံယူသူ---ချက်
နိုင်ငံ ကတ္တီပါတော်လှန်ရေးကို တပ်ဦးကနေ
အကြမ်းမဖက် ဦးဆောင်နိုင်ခဲ့သူ…. ဥရောပ ပြန်လည်ပေါင်းစည်းရေးကို
ကျိုးစားခဲ့သူ…. ကမ္ဘာမြေ ငြိမ်းချမ်းရေးကို အားစိုက်ခဲ့သူ… လူတိုင်း
နေ့စဉ် ရီမော ပျော်ရွင်နေတာကို မြင်တွေ့လိုသူ…
မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံ ကူညီခဲ့သူ…..
Leaving ဆိုတဲ့ ဟာသရုပ်ရှင်ကားကို နောက်ဆုံး ရိုက်ကူးရင်း
သူ့ရုပ်ရှင်ကားလိုပဲ ပြန်မလာတော့မဲ့လမ်းကို ထွက်ခွါသွားရှာတဲ့ ချက်
နိုင်ငံ သမ္မတဟောင်း ဗားစ(က)လက် (လပ်) ဟာဗဲလ် ရဲ့  ပုံရိပ်လေးကို
ဒီတပါတ်အစီအစဉ်အဖြစ် ဖန်တီးမိခဲ့ပါတယ်။
No comments:
Post a Comment