Monday 8 August 2011

အမေရေ ကျွန်တော်အပြင်ကို ခဏသွားမယ်

by Htay Tint on Monday, August 8, 2011 at 4:04pm
အိပ်ယာကထလိုက်တော့ နံက် ၈နာရီကျော်စပါ ။ မျက်နှာသစ်ပြီး အိမ်ထဲကအထွက်မှာ အမေက ထမင်းကျော်ထားတယ်စားသွားလေတဲ့။ ခဏပါအမေ သားပြန်လာမှာပါ ။ လမ်းမကြီးကိုကျော်ပြီး လ္ဘက်ရည်ဆိုင်သွားထိုင်လိုက်တယ် ။မနေ့ ညက ခွပ်ဒေါင်းအလံတွေကို ရပ်ကွက်တွေထဲမှာ လိုက်ပို့ ပေးလို့ အိပ်ချိန်က သိပ်နည်းသွားတယ် ။
လ္ဘက်ရည်ဆိုင်အသွားမှာ မြို့ နယ်ကောင်စီရုံးဘေးကပတ်ပြီး ကြည့်လိုက်တယ် ။ တယောက်မှမရှိဖူး ။ မြို့ နယ်ရဲစခန်းနားသွားတော့ အထဲက အချုပ်သား ထမင်းပို့ ပြန်လာသူတွေနဲ့ ဆုံတော့ အထဲမှာတာဝန်ကျ ရဲသားတွေကလွဲရင် အိပ်နေဆဲပါတဲ့ ။ ရေဒီယို ဘီဘီစီကပြောသွားတယ် ၈၈၈၈ နေ့ မှာ တတိုင်းပြည်လုံးဆန္ဒပြမယ်တဲ့ ။ အုပ်ချုပ်သူတွေဖက်ကလည်းဖြေရှင်းဖို့ ကြိုးစာတာမရှိဖူး ။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာတခုမှ လုပ်တာမတွေ့ ရဖူး။ လူငယ်တွေ အုပ်စုလေးတွေ လမ်းမပေါ်မှာ သွားနေကြတယ် ။ တော်တော်ကြာတော့ လူငယ်တစု သံလမ်းအတိုင်းသွားရာက အသံလွင့်ရုံက စစ်သားတွေက ပစ်လို့ လူငယ်တဦးသွေးရဲရဲ အသက်စွန့် သွားရတယ်။ ကျန်တဲ့လူငယ်တွေ အလောင်းထမ်းပြီးလမ်းကြီးပေါ်တက်လာတယ် ။နောက်မှာလည်း လူအုပ်ကြီးလိုက်ကြည့်ရင်းပါလာတယ် ။ မြို့ နယ်ကောင်စီကိုသွားပြတယ် ။မြို့ နယ်က ရဲစခန်းကို သွားပြတယ် ။ သူတို့ နဲ့ မဆိုင်ပါဖူးတဲ့ ။အထက်ကလည်း ဘာညွန်ကြားချက်မှ အကြောင်းမပြန်တော့ပါ ။ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ လူထု၏ ဆန္ဒကို အနှစ်၂၀ကျော် စားဝါးဖို့ သာသိတဲ့ မဆလ အုပ်ချုပ်သူများက တိတ်တဆိတ်ငြင်းပယ်လိုက်ကြတယ် ။ လူထု၏ စိတ်ခံစားမှု သံစဉ်လှိုင်း ပေါက်ကွဲမှု စတင်ဖြစ်ခဲ့တယ် ။ ကွန်မြူနစ်မပါဖူး။ ဆိုရှယ်လစ်မရှိတော့ဖူး။လူထုခေါင်းဆောင်မရှိသေးဖူး ။ ကျောင်းသားတွေဘဲရှိတယ်။အမေကို ခဏလို့ ပြောပြီး ထွက်လာတဲ့ ကျွန်တော် အိမ်ပြန်မရောက်တော့တာ ၂၃ နှစ်ရှိသွားပြီ။( အဲဒီနေ့ က ၈၈၈၈ ပါ )

No comments: