Tuesday 16 August 2011

လှိုင်းဘွဲမြို့နယ်အတွင်းပစ်ခတ်မှုများဆက်တိုက်& အစိုးရတပ်နှင့်ရှမ်းတပ် တိုက်ပွဲဖြစ် နှစ်ဘက်လုံးအထိနာ& K.I.Aနှင့်စစ်တပ် တိုက်ပွဲမျာ:

by စူ နာ မီ လှိုင်း on Tuesday, August 16, 2011 at 3:50pm

->   မျှော်၊ မျှော် ကာ စောင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေး
->   မြန်မာရဲက တရုတ်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်
->   ရေတပ်ကလည်း ငွေမလျော် မြေသိမ်းဟု မွန်လူ့အခွင့်အရေးအဖွဲ့ပြော
->   လက်နက်လုပြေးသည့် SSA ကင်းထောက်အား ဖမ်းမရ၍ ရွာထဲသို့ လက်နက်ကြီးပစ်

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ် ၆ နာရီ ကြာပစ်ခတ် ဒဏ်ရာရများပြား
*******************************************************
တနင်္လာနေ့၊ သြဂုတ်လ 15 ရက် 2011 - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့အချိန် ကြာမြင့်စွာ တိုက်ပွဲဆက်လက်  ဖြစ်ပွါးရာနှစ်ဘက် စလုံး ဒဏ်ရာရသူများပြားကြောင်းစုံစမ်းသိရှိရပါ သည်။“ ၁၃ ရက်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ မွန်းလွဲ ၂ နာရီ ကနေ ည ၈ နာရီအထိ တိုက်ခိုက်ကြတယ်၊ နှစ်ဘက်လုံး အထိနာတယ်” - ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ ကပြောပါသည်။


သျှမ်းပြည်တပ်မတော်သားများ Photo: S.H.A.N.


ဩဂတ်စ် ၁၃ ရက် မွန်းလွဲ ၁၄:၀၀ နာရီ မှ ည ၂၀: ၀၀ နာရီအထိ သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့အရှေ့ မြောက်ဘက် ဝမ့်ဖွီးရွာ မြောက်ဘက် တောတွင်းတနေရာ၌ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာ အစိုးရ စစ်တပ်တို့အကြား ၆ နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆို၏။မြန်မာအစိုးရတပ်ဘက် ၅ ယောက်သေဆုံးပြီး ၁၀ ယောက် ထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့ မြန်မာစစ်တပ် အသိုင်းအဝိုင်းက ဆို၏။

ထို့အတူ ဗိုလ်မှူးစိုင်းလ က-“ကျနော်တို့ ကြားရတာက မြန်မာတပ် ဘက် ၁ ယောက်သေတယ်၊ ၈ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့လဲ ၆ ယောက်ဒဏ်ရာရတယ်။ အသေအကျတော့ မရှိဘူး” ဟု ပြောသည်။မြန်မာအစိုးရတပ် ခမယ ၅၀၃ မှ အင်အား ၁၀၀ ခန့်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၂၇ ၏ တပ်ရင်း ၅၇၆ တို့ကြား ဖြစ်ပွါးသောတိုက်ပွဲဖြစ်ပါသည်။

အစိုးရတပ်နှင့် ရှမ်းတပ် တိုက်ပွဲဖြစ် နှစ်ဘက်လုံး အထိနာ
****************************************
ကျော်ခ|သြဂုတ်လ ၂၀၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တပ်စခန်းချနေသည့် ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA-N တပ်ရင်း ၂ ရင်းနှင့် အစိုးရတပ်များအကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ပွဲပြင်းထန်ခဲ့ရာတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိသည်ဟု SSA-N ကပြောသည်။တပ်အင်အား ၁၀၀ ခန့်ရှိသည့် SSA-N တပ်မဟာ ၂၇ လက်အောက်ခံ တပ်ရင်း ၅၇၆ နှင့် ၇၆၂ တို့သည် ကျေးသီးမြို့
၏ အရှေ့မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးသည့် ဝမ့်ဖွီး ရွာအနီးတောထဲရှိ ရှမ်းတပ်စခန်း နေရာများကို တောနင်း
ဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ရှိ ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ ခလရ ၅၀၃ နှင့် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှ ည ၈ နာရီထိ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် တပ်စခန်းများ ကိုအကာအကွယ်ယူကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသည့် အတွက် အစိုးရတပ်မှ ၁ ဦးကျဆုံး၊
၈ ဦး ဒဏ်ရာရ သလို ရှမ်းတပ်ဘက်ကလည်း လက်နက်ကြီး ထိမှန်မှုကြောင့် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ တပ်တွင်း၌ ဆေးကုသမှုခံယူနေရကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှ က ပြောသည်။

“သူတို့လည်း ဒဏ်ရာရတဲ့လူတွေ ပြန်သယ်သွားတယ်။ အင်အားချင်က တူနေတော့ နောက်ဆုံး သူတို့လည်း
ပြန်ဆုတ်သွားတယ်။ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့တယ်။ ဒဏ်ရာရတဲ့ ကျနော်တို့ လူတွေကိုတော့ စခန်းမှာ ဆေးမှူး
တွေနဲ့ ဆေးကုနေတယ်” ဟု ဗိုလ်မှူး စိုင်းလှ က မဇ္ဈိမကို ပြောသည်။ယင်းနောက် သြဂုတ်လ ၁၄ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီအချိန်တွင် ခလရ ၅၀၃ က စစ်ကား ၂ စီးဖြင့် ၈၁ မမ လက်နက်ကြီးများ တင်ဆောင်လာကာ SSA-N တပ်ဖွဲ့များ စခန်းချသွားရာ တောတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ရှမ်းတပ်ဘက်က ပြောသည်။ သို့သော်လည်း လာရောက် ပစ်ခတ်ချိန်တွင် ရှမ်းတပ်များက နေရာ
ရွှေ့ပြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုများ မတိုင်မီ သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လှုပ်ရှား စစ်ဗျူဟာ ၁ လက်အောက်ခံ ဗိုလ်မှူး မျိုးစောမောင် ဦးစီးသည့် ခလရ ၃၅ တပ်ရင်းက မိုင်းရယ်မြို့နယ် ဝမ်စန့် ကျေးရွာတွင် ရှမ်းလက်နက်ကိုင် တပ်များနှင့် ဆက်နွယ်သူများ ရှိသည်ဟု ယူဆ၍ ရွာတွင်းသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့
ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား ၃ ဦးနှင့် လူကြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်နှင့် အတွင်းရေးမှူးအိမ်တို့မှာ လက်နက်ကြီးလက်နက်ငယ်များဖြင့်ဆက်တိုက် ပစ်ခတ်ခံရသဖြင့် မီးကျွမ်းလောင်ခဲ့ကြောင်း သူကဆက်ပြော သည်။ လောလောဆယ် SSA-N ထိန်းချုပ်နယ်မြေများအတွင် အစိုးရတပ်များ စစ်လက်နက်ခဲယမ်းများနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ အရှိန်မြင့် လာဖွယ်ရှိကြောင် ဗိုလ်မှူး စိုင်းလှ ကပြောသည်။

ယခုနှစ်အတွင်း ဖြစ်ပွားနေသည့် SSA-N နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ် ၉ ခုရှိ ကျေးရွာမှ ဒုက္ခသည် ၃၁၇၀၀ ခန့် တောတောင်များ အတွင်း ပုန်းအောင်းနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း - Shan Women's Action Network (SWAN)နှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် Shan Human Rights Foundation (SHRF) တို့က ကြေငြာချက်တစောင် သြဂုတ်လ ၁၀ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များ အနက် အချို့မှာ ဝမ်ဟိုင်းဌာနချုပ် အနီးတဝိုက်ရှိ ကျေးရွာများသို့ ပြန်လည် ဝင်နေကြောင်း SSA-N က ပြောဆိုသော်လည်း၊ တန့်ယန်းမြို့နယ်ဆေးရုံမှ ဆရာဝန်တဦးကမူ ဒေသခံတို့အနေဖြင့် နယ်မြေတည်ငြိမ်မှု မရရှိသေးသ၍ အိမ်ပြန်ရောက်နိုင်မှု နည်းပါးနေနိုင်သည်
ဟု မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်လပ်ရေးတပ်- KIA
နှင့် အစိုးရတပ်တို့အကြား သြဂုတ်လ ၁၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ-၃၇ နှင့် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ တို့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ပြောရေးဆိုခွင့် ရှိသူ ဦးလနန် က ပြောသည်။

တနာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲကြောင့် အစိုးရတပ်
မှ တဦး ကျဆုံးကာ ပျောက်ကျားစနစ်ကို အားယူသုံးခဲ့သည့် KIA ဘက်ကမှ ကျဆုံး၊ ဒဏ်ရာမရှိဟု သူက ဆိုသည်။ သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် KIO နှင့် အစိုးရတာဝန်ရှိသူများ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြ
သော်လည်း အပစ်ခတ်ရပ်စဲရန် သဘောတူညီမှု မရရှိသေးဟု သူကပြောသည်။  “ကျနော်တို့က အပစ်ရပ်ဖို့ သဘောတူညီမှု ရထားတာ မဟုတ်ဘူး။ ရန်စတာတော့ မဟုတ်ဘူး။ ရင်ဆိုင်တွေ့တဲ့ အခါတော့ ပစ်တာခတ်တာတော့ ရှိကြမှာပဲ.. ဒီအေခြေအနေမှာ..” ဟု ဦးလန် က မဇ္ဈိမကို ပြောသည်။လောလောဆယ် အစိုးရဘက်မှ ပြောဆိုပုံအရ ငြိမ်းချမ်းရေး အလားအလာ နည်းပါးနေသည်ဟုလည်း သူက ဆက်ပြောသည်။

“အစိုးရက ပြောဆိုနေတဲ့ပုံစံ ထုတ်ပြန်ကြေငြာချက်တွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ အရဆိုရင် တွေ့ဆုံ ဆွေးနွေးရေး ကတော့ မှေးမှိန်သွားပြီလို့ထင်တယ်ခင်ဗျ။ တွေ့ဆုံဆွေးနွေးမှုမှေးမှိန်သွားရင်တော့ တိုက်ပွဲတွေအရှိန်က မြင့်လာမှာပါ။ အစိုးရက စေတနာ မှန်နဲ့ နိုင်ငံရေးဆွေးနွေးမှုကို လုပ်ဆောင်စေချင်တယ်ဆိုရင်တော့ စေ့စပ်ညှိနိုင်ရေးကတော့ အကောင်းဘက်ကို ဦးတည် သွားမှာပါ” ဟု ဦးလနန် က ဆက်ပြောသည်။ကချင်ပြည်နယ်အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးခိုလှုံလိုကြသည့် ဒေသခံပြည်သူ ၁၅၀၀၀ ကျော်အတွက် KIO က လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်။

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား
****************************************
2011  နန်းသူးလေ - ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်ယခုရက်ပိုင်း အတွင်း အစိုးရစစ်တပ်နဲ့ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မ တော(ကေအဲန်အဲယ်လ်အေ) တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများဆက်တိုက်ဖြစ် ပွားလျှက်ရှိသည်ဟုကေအဲန်အယ်လ်အေဘက် က ပြောသည်။


ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ကေအိုင်စီ)

သြဂုတ်လ ၁၄ ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခို ကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။
၎င်းက “မနေ့က ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ ဝင်တွေနဲ့ စစ်တပ်တို့ ခလဲ့ခို့ ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ဦးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်တော့မကြာလိုက်ဘူး၊ ခဏလေးနဲ့ ပြီးသွားတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၀ဦး နီးပါးရှိပြီး KNLA အခြေချ သည့် နယ်မြေ အတွင်းသို့ ၀င်ရောက်ကျူးကျော်လာခဲ့သောကြောင့် ယခုလို ချုံခိုတိုင်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောအယ်စဲစဲက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့တွင်လည်း ကေအဲန်အယ်လ်အေ (၂၁)တပ်ရင်းက စကခ(၁၂လက်အောက် ခံ ခမရ ၅၄၈ တပ်ရင်းအား ၀ါးခို့လော်တယ်ကျေးရွာအနီးတွင် ချုံခိုက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက် ၃ဦးဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ကမားထာ့တွင် ကေအဲန်အယ်လ်အေ ၂၁တပ်ရင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ် ဘက်မှ ၂ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ကေ အဲန်အယ်လ်အေ တပ်မဟာ (၇) က ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်းထုတ် ဖော်ပြော ကြားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုချက်မရရှိပေ။လှိုင်းဘွဲမြို့နယ်တွင် အစိုးရစစ်တပ်ဘက်မှ ရတခ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသလို ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်အောက်ခံ ကေအဲန်အယ်လ်အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။


K.I.A စစ်သည်

ဩဂုတ်လ ၁၄ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ဖါးကန့်ဧရိယာ နမ်ယာ ( Namya ) ကျေးရွာအနီးမှာ K.I.A တပ်ရင်း (၆) က ချီတက်လာတဲ့ စစ်တပ်ရဲ့စစ်ကြောင်း တစ်ကြောင်းကို  ဝင်တိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အနည်းဆုံး ၄ ဦး ကျဆုံးသွားကြောင်း ရွာနှင့်နီးသူများမှ သတင်းပေးပို့လာပါတယ်။

K.I.A နှင့် စစ်တပ်အပြန်အလှန် တိုက်ပွဲများဖြစ်နေခြင်း
***************************************

ရှေ့တန်းတနေရာမှ K.I.A စစ်သည်ရဲမယ်များ

ဩဂုတ်လ ၁၅ ရက်  ညနေပိုင်း အချိန်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် (၈) မိုင်ကုန်းမှာ ခလရ (၅၈) နှင့် K.I.A တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း  K.I.A နှင့် နီးစပ်သူများမှ သတင်း ပေးပို့ လာပါတယ်။အလားတူ ဩဂုတ်လ ၁၅ ရက် မှာပင် K.I.A တပ်ဧရိယာ နယ်မြေအတွင်းဖြစ်တဲ့ ဆန်ဂန် ( San Gang ) ကျေးရွာဘက်တွင် စစ်တပ်မှ စစ်သားအပြည့်နှင့် စားနပ်ရိက္ခာ တင်ဆောင်လာသော ကား (၆) စီးစစ်ယာဉ်တန်းကို K.I.A တပ်ရင်း (၁၅) က ခြုံခိုဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ဆန်ဂန် ကျေးရွာနှင့်နီးစပ်သူတွေက သတင်းပေးပို့ လာပါတယ်။

၎င်းအပြင် ဩဂုတ်လ ၁၅ ရက် မနက်ပိုင်း ၉း၃၀ နာရီ အချိန်ခန့်မှာ ကချင်ပြည်နယ် လိုင်ဇာသွားရာလမ်းတွင် ခဇူး ( Katsu ) ကျေးရွာအနီး K.I.A တပ်နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့သေးကြောင်း ၎င်းကျေးရွာနှင့် နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။ တိုက်ပွဲ အသံတွေကြောင့် ကုန်တင်ကားတွေကို လိုင်ဇာသို့ ပြန်သွားခိုင်းခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ခဇူး၊ ဒဘတ် ( Katsu, Dabak )  ကျေးရွာမှာ K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးသွားကြောင်း ကျေးရွာနှင့် နီးစပ်သူထံမှ သတင်းပေးပို့လာပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာပင် လိုင်ဇာ လမ်းတွင်ရှိတဲ့ နမ်ဆန်ယန် ( Nam San Yang ) ကျေးရွာအနီး K.I.A တပ်ရင်း (၁၈) နှင့် စစ်တပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ကြရာ စစ်တပ်မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ချို လက်အောက်ခံ ခလရ (၃၇)၊ စစ်ကြောင်း(၂) အဖွဲ့တို့ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ (၁) ဦး ကျဆုံးသွားကြောင်းကိုလည်း ကျေးရွာနှင့် နီးစပ်သူများထံမှ သတင်းပေးပို့ လာပါတယ်။

လက်နက်လုပြေးသည့် SSA ကင်းထောက်အား ဖမ်းမရ၍ ရွာထဲသို့ လက်နက်ကြီးပစ်
**********************************************************
2011 - သျှမ်းသံတော်ဆင့်သတင်း
မြန်မာစစ်တပ်၏ တားမြစ်စစ်ဆေးမေးမြန်းခြင်းခံရ သော သျှမ်းပြည်တပ်မတော် SSPP/SSA တပ် သား ၂ ယောက် မြန်မာ စစ်သားအား ဓါးဖြင့် ခုတ်ထစ် သေနတ်လုထွက်ပြေးပြီး မိနစ်ပိုင်းအကြာ မြန်မာစစ် တပ်က ထိုအနီးရှိ ကျေးရွာအားလက် နက်ကြီး အလုံး ၂၀ ကျော် ပစ်ချခဲ့သဖြင့် ဒဏ်ရာရ ဆုံးရှုံးမှုများရှိခဲ့ ကြောင်း မိုင်းရယ်မြို့နေSSPP/ SSA သတင်း ထောက် အသိုင်းအဝိုင်းက ပြော သည်။
“အရပ်ဝတ်နဲ့ SSPP/SSA ကင်းထောက် ၂ ယောက်ကို မိုင်းရယ်မြို့နယ် ဝမ့်ဇန့်ရွာနားမှာ မြန်မာစစ်တပ် ခမရ ၃၂၅ က တားမြစ် စစ်ဆေး တာကနေ ဖြစ်တာ။ ကုလားမနိုင် ရခိုင်မဲ ဆိုသလိုဖြစ်နေတာပေါ့။ ရွာထဲကိုလက် နက်ကြီး ၂၄ လုံးချတာ။ ကျောင်းသားတွေပါ ဒဏ်ရာရတယ်” ဟု မိုင်းရယ်မြို့နေ အဆိုပါ SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့် သို့ပြောသည်။


မြန်မာစစ်သားများ

အခြားသော ရွာသားများနှင့်အတူ ဝမ့်ဇန့်အနီး၌ မြန်မာစစ်တပ်၏ တားမြစ်စစ်ဆေးခြင်းခံရသော အဆိုပါ SSPP/SSA ကင်းထောက် ၂ ဦးအနက် တဦးမှာ မြန်မာစစ်သားအား ဓါးဖြင့်ခုတ်ထစ်ပြီးနောက် ကျန်တဦးမှာ အဆိုပါ မြန်မာစစ်သား များထံမှ MA 1 သေနတ်တလက် ကပ်ပါ ကျည် ၂၇ တောင့်ကိုလုယူထွက်ပြေးခဲ့သည် ဟုဆို၏။အခင်းဖြစ်ပွါးချိန် မနက် ၈ နာရီတွင်ဖြစ်ပြီး နောက် ၁၅ မိနစ်အကြာ အဆိုပါ ခမရ ၃၂၅ က အခင်းဖြစ်ပွါးရာ အနီးဝမ့်ဇန့်ရွာ ထဲသို့ လက်နက်ကြီးများပစ်ချသဖြင့် ကျောင်းသား ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိကာ ရွာသား ၁၀ ဦးထက်မနဲ လက်နက် ကြီးစာ ထိမိ၍ ဒဏ်ရာရကြကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။

“ အသက် ၆ နှစ်အရွယ် ကျောင်းသားလေး စိုင်းခမ်းနဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေး နန်းဖောင်းတို့ ၂ ယောက် ခြေသလုံးနဲ့ လက်မောင်းတွေမှာ ဒဏ်ရာအပြင်းအထန်ရလို့ အခု လားရှိုးဆေးရုံ ပို့ထားရတယ်။ ဝမ့်ဇန့်ရွာသူကြီးအိမ်လဲ ပြာကျသွား တယ်။ ဆုံးရှုံးမှုတန်ဖိုး ၁၈၅ သိန်းလောက်ရှိတယ်ပြောတယ်။အတွင်းရေး မှူး အိမ်လဲ ကျည်အချက် ၅၀ ကျော် ပစ်ခတ်ခံရ တယ်။ သူ့အိမ်ဘေးကအိမ်လဲနံရံကြီးတွေကိုဖြိုချ။ အိမ် ထောင် ပရိဘောဂတွေ အကုန်ထုခွဲတယ်။ ပစ္စည်းတွေ လဲ ယူသွားတယ်။ ဝမ့်ဇန့် ရွာသား ၃ယောက်၊ဝမ့်ဇန့်ရွာ ထဲ ရောက် နေတဲ့ ကုန်းနယု ရွာသား ၁ ယောက် ၊ ဟိုတိရွာသူ ၁ ယောက်၊ တိလိုင် ရွာသူ ၁ ယောက်လက် နက်ကြီး စာထိမိ ဒဏ်ရာရတယ်။ ဟုန်းမွန်း ရွာသား ၂ ယောက်နဲ့ ဝမ့်ဇန့်ရွာသား ၁ ယောက် တိလိုင်ရွာသား ၁ ယောက် ကျတော့ ဗမာစစ်သားတွေရိုက်လို့ ဒဏ်ရာရကြတယ်” ဟု မိုင်းရယ် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးကပြောသည်။

SSPP/SSA တပ်သား ၂ ဦးအား စစ်ဆေးမေးမြန်းခြင်း၊ ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီးများပစ်ချခြင်းပြုလုပ်နေ သည်မှာ မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ တပ်မှ ဗိုလ်မှူး မျိုးဇောမောင် ဦးဆောင်သောတပ်ဖွဲ့ကဖြစ်ကြောင်း လည်း ဒေသခံများ ပြောပြချက်အရ သိရသည်။ဝမ့်ဇန့်ရွာသည် မိုင်းရယ်မြို့အနောက်ဖက် ၇ မိုင်ခန့်အကွာတွင်တည်ရှိသည်။

မြန်မာရဲက တရုတ်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်
********************************************
15 ရက် 2011 - သျှမ်းသံတော်ဆင့်သတင်း
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုးမြို့ နယ်ခွဲ တာဇန့်ရွာ၌ တရုတ်နိုင်ငံသား အမျိုးသား တစ်ဦးကို ဒေသခံ နယ်ထိန်းရဲ တပ်ကြပ်ကြီး တစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၁၄ ရက် နံနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ ကြောင်းသိရသည်။
တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် တာဇန်ရွာတွင် လောင်းကစားရုံရှိပြီး တရုတ်နိုင်ငံသားများ အဝင်အထွက် ရှိရာ အသက် ၃၀ ၀န်းကျင်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး လောင်းကစားရုံအနီး လမ်းလျှောက်လာစဉ် ရဲက ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တာဇန့်ရွာလောင်းကစားရုံနားမှာ ပစ်ခတ်မှုဖြစ်တယ် တရုတ်အမျိုးသားတစ်ဦးကိုနယ်ထိန်းရဲတပ်ကြပ်ကြီး သေနတ် နဲ့ ပစ်သတ်လိုက်တယ် ရင်ဘတ်မှာမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် ” ဟု ဒေသခံက ပြောသည်။၎င်းတရုတ်အမျိုးသားအား ရဲက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်ပဲ ပြန်လည်ခုခံသဖြင့် ပစ်သတ်ခြင်းဖြစ်သည် ဟု မူစယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“တရုတ်အမျိုးသားပါ ရဲကစစ်ဆေးဖို့ ရပ်ခိုင်းတာ အစစ်မခံပဲ ဓါးနဲ့ခုတ်ပြီးပြေးလို့ ပစ်လိုက်တာပါ ဓါးဒဏ်ရာတော့ မရဘူး သူ့ဆီမှာ တရုတ်ငွေယွမ် တစ်သောင်းနဲ့ မူးယစ်ဆေးဝါးတချို့သိမ်းမိပါတယ်” ဟု သူက ဆိုသည်။အဆိုပါ တရုတ်အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေအဖြစ် ထွက်ချက်ရယူရန် တာကျန့် ရွာသား လုံးရွက်ခမ်း၏ သမီးနန်းဌေးကို မန့်ဟျိုးရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ရဲအရာရှိမှာ နယ်ထိန်းရဲတပ်ကြပ်ကြီး အောင်မျိုးထွန်း (ခေါ်) စွန်ရဲ ဖြစ်ကြောင်း သိရသည်။

ရေတပ်ကလည်း ငွေမလျော် မြေသိမ်းဟု မွန်လူ့အခွင့်အရေးအဖွဲ့ပြော
*************************************************
ကွန်းချမ်း|၁၅ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။      ။ ရေတပ်က စစ်လေ့ကျင်ရေးကွင်း၊ သင်တန်းကျောင်းနှင့် စစ်တန်းလျားများ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် ရေဖြူမြို့နယ်တွင်း ဒေသခံများ၏ မြေဧကပေါင်း တထောင် (၁၀၀၀) ကျော်ကို သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM က ပြောသည်။


အစီရင်ခံစာ မျက်နှာဖုံး

HURFOM ၏ တနင်္လာနေ့တွင် ထုတ်ပြန်သည့် “ပြည်သူတို့၏ မြေယာများအား အစိုးရ ရေတပ်မှ အဓမ္မ သိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood) အမည်ရှိ စာမျက်နှာ ၅၀ ပါ အစီရင်ခံစာ၌ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းပေါ် ရှိ ရာဘာခြံပိုင်ရှင် အိမ်ထောင်စုပေါင်း ၂၄၀ ခန့်၏ မြေဧက ၁၀၀၀ ကို နယ်မြေခံရေတပ် တပ်ရင်းအမှတ် ၄၃ က ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှ စတင် သိမ်းဆည်းခဲ့ သည်။

လျော်ကြေးငွေ ပေးဆောင်ခြင်း မရှိပဲ သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွင် ကျွန်းနှင့် အနီးတဝိုက်ရှိ အခြားသော ဘိုးစဉ်ဘောင်ဆက် လုပ်ခဲ့သော ရာဘာခြံ မြေဧကပေါင်း ၃၀၀၀ ခန့်ကိုလည်း ဆက်လက် သိမ်းဆည်း သွားရန် ခြံမြေများကို သတ်မှတ်တိုင်းထွာ ထားသည်ဟုလည်း အစီရင်ခံစာ၌ ရေးသားထားသည်။ကျွဲသုံးညီမကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ ကျွန်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော် ရှိကာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

“အစိုးရသစ် တက်လာပေမယ့် စစ်တပ်က မြေယာသိမ်းမှုတွေ ရှိနေတုန်းပဲ။ တိုင်းရင်းသားဒေသ အများစုမှာ စစ်တပ်
က လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် မွန်ပြည် လူ့အခွင့်အရေး
ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း တာဝန်ခံ ကိုဦးမွန်က မဇ္ဇျိမကို ပြောသည်။အစီရင်ခံစာကို မြေသိမ်းခံရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ကာ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်နှင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသည့် ခြံရှင်များနှင့် ဒေသခံ ၆၀ ဦးကို မေးမြန်း၍ ကွင်းဆက်လေ့လာ ရေးသားခဲ့ခြင်း ဖြစ်သည်။အသိမ်းခံရသူများ အနေနှင့် မည်သည့် ဌာနသို့ တိုင်ကြားရမည်ကို မသိရှိကြောင်းနှင့် တိုင်ကြားရန်လည်း မဝံ့ရဲကြောင်း ခြံမြေအသိမ်းခံရသူတဦးက မဇ္ဇျိမကို ပြောသည်။

“သူတို့ကို ကြောက်နေရတော့ ဘာမှ ပြန်မပြောရဲဘူး၊ ဘယ်မှာ တိုင်ရမှာလည်း မသိဘူး။ တချို့ဆိုရင် ခြံဝယ်ထား
တာ တနှစ်တောင် မပြည့်သေးဘူး အသိမ်းခံလိုက်ရတယ်။ ခြံကို ပြန်ရောင်းလည်း ဘယ်သူမှ မဝယ်ရဲဘူး” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင်လည်း ဒေါက်တာခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီကက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ ဘိလပ်မြေစက်ရုံ စီမံကိန်း အတွက် ဒေသခံတို့၏ လယ်မြေဧကပေါင်း ၈၀၀ ကို သိမ်းယူခဲ့သည်ဟု သတင်းများ  ထွက်ပေါ်ခဲ့သည်။

၎င်းပြင် မွန်ပြည်နယ် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပေါ်ရှိ သက်ကော့ကျေးရွာ အရှေ့ဘက် ၄ မိုင်အကွာရှိ ဒေသခံများ ပိုင်ဆိုင်သည့် ရာဘာခြံ မြေများကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။မွန်ပြည်နယ်
ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ တပ်အသစ် ချရန်နှင့် တပ်တွင်းစီးပွားရေးအတွက် မြေယာသိမ်းမှုသည် ၂ဝဝဝ-၂ဝဝ၅ ခုနှစ်ကာလတွင် အဆိုးဆုံး အခြေအနေ ဖြစ်ပြီး၂ဝ၁၁ ခုနှစ်အထိ မြေဧကပေါင်း ၂ဝ,ဝဝ၀ကျော်ကို သိမ်းဆည်းခဲ့ကြောင်း HURFOM ၏ စာရင်းဇယား ပြုစုချက်အရ သိရသည်။

မျှော်၊ မျှော် ကာ စောင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေး
******************************
နှင်းပန်းအိမ်|၁၆ ရက် ၂၀၁၁
မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ကြတဲ့ လူငယ်လူရွယ်တိုင်းဟာ ဘိုးဘွားမိဘများရဲ့ နယ်ချဲ့ကို တော်လှန်တဲ့ တိုက်ပွဲ၊ တမျိုးသားလုံးရဲ့ လွတ်လပ်ရေး တိုက်ပွဲ၊ အလုပ်သမားထု ဘဝရပ်တည်မှု အတွက် ဆင်နွှဲခဲ့ရတဲ့ တိုက်ပွဲဂယက်တွေကို အပြည့်အဝမဟုတ်သည့်တိုင် အငွေ့အသက်တော့ ခံစားကြမယ်ဆိုတာ ကျမယုံကြည်ပါတယ်။ပြည်တွင်းစစ်မီး မငြိမ်းသေးတဲ့ ကျမတို့မြန်မာပြည်မှာ စစ်ပွဲကိုမြင်ဖူးတဲ့  စစ်ပွဲကြောင့် ခံစားနေရတဲ့ ဝေဒနာတွေကို ရင်နဲ့ထမ်းလာရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေနဲ့ ကျမတို့အတူတကွနေထိုင်ရတာ အကျီစားသန်တဲ့ ကံကြမ္မာကြောင့်  မဟုတ်ရင်၊ စနစ်ကြောင့်ပါပဲ။

မွေးစကနေ အရွယ်ရောက်တဲ့အထိ ဒုက္ခတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့  စစ်ပြေးဒုက္ခသည် ကလေးငယ်တွေက ကျမအတွက် အတွေ့အကြုံအသစ် ခံစားမှုအသစ်တွေကို ပေးခဲ့တယ်။ စစ်ပွဲတွေကို ကြုံတွေ့ခံစားခဲ့ရတဲ့ သူတို့ကိုဘဝက တုန်လှုပ်ခြောက်ခြားစရာမှန်သမျှကို ယဉ်ပါးအောင်သင်ကြားပေးလိုက်တယ်။ လောကဓံဆိုးရဲ့ ရိုက်ပုတ်မှုကို ခံနိုင်အောင် သင်ကြားပေးလိုက်တယ်။ သူတို့ ပိုင်ဆိုင်တာဆိုလို့ နာမည်ပဲရှိပါတယ်။


“ဖော်ဟဲဆေး” ဆိုတဲ့ ကရင်အမျိုးသမီး ကျောင်းသူလေးက ကျမကို ၆ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်း
အနားကို လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရိုးသားသန့်စင်တဲ့ တိုင်းရင်းသူလေးရဲ့ နာမည်ကို ကျမမေးကြည့်တယ်။ “ဖော်”ဆိုတာ ပန်းလို့ အဓိပ္ပါယ် ရတယ် “ဟဲ” ဆိုတာ လောကကြီးထဲကို လာတဲ့အချိန်မှာ ဘာမှမရှိဘဲ ရှင်းရှင်း လင်းလင်း မွေးဖွားလာခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဝမ်းဆွဲဆရာမ မပြောနဲ့ လက်သည်တောင် မရှိဘဲ သူ့ကိုမွေးဖွားခဲ့တာ။ “သမီးက ဘယ်ဇာတိလဲ” လို့ ကျမမေးတော့ ဖော်ဟဲဆေးက ခုလိုဖြေတယ်။ သူ့အဖြေစကားက ကျမရင်ကို ထိခိုက်စေတယ်။


“ကျမကိုယ်ကျမ ဘယ်ဇာတိလဲ ပြောရမယ်မသိဘူး ကျမကိုမွေးပြီး နောက်နေ့ အမိုးတို့ စစ်ပြေးရတာပဲ ကျမတို့ စစ်ပြေးရင်း တနှစ်တရွာ နေရတော့ ဘယ်ဟာက ဇာတိလဲ မသိတော့ဘူး။ အမိုးနဲ့ အပါးက ထိုးစစ်တိုက်စစ်မရှိ တဲ့အချိန် တောတိုးတယ်။ တောင်ယာစိုက်တယ်၊ သီးနှံထွက်ချိန် စစ်ပြေးရင်းထားခဲ့ရတာပဲ။ စစ်ပြေးရင်း စပါးသီးနှံတွေကိုပဲ မြင်ရတယ်လို့ အပါးက ပြောတယ်”

“ကျမက ကျောင်းတက်ချင်တယ်။ ဒုက္ခသည်စခန်းမှာ စစ်မပြေးရဘဲ ကျောင်းတက်ရတာ ကိုတော့ ပျော်ပါတယ်၊ ဒါပေမယ့် ရိက္ခာနဲ့ ဘယ်လောက် မလဲ။ အမိုးက ရက္ကန်းယက်တယ်။ ကျမတို့ မောင်နှမသုံးယောက်က ကျောင်းတက် တယ်။ အမိုးက ပြောတယ်။ ပိုက်ဆံမနိုင်ရင် ကျောင်းမတက်ဘဲ တခုခုလုပ်ရမယ်တဲ့”ဖော်ဟဲဆေးရဲ့ ဖိတ်ခေါ်မှုနဲ့ အ.ထ.က (၁) ကျောင်းကို ကျမ ရောက်တော့  ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ ဆရာမတွေက ဝမ်းပန်းတသာ ကြိုကြတယ်။

ကျောင်းဝတ်စုံ အဖြူအပြာကို ဝတ်ဆင်ထားတဲ့ ကျောင်းအုပ်ဆရာကြီး စောကာလက်က အင်းစိန်ဇာတိ။တော်လှန်ရေးထဲ ရောက်လာတာ အနှစ် ၃ဝ ရှိပြီလို့ ဆိုပါတယ်။ ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စောဘဦးကြီးရဲ့ နောက်ဆုံးရက်ကို  ပြဇာတ်ကမယ်လို့ ပြောတယ်။သြဂုတ် ၁၂ ရပ်နေ့လည် ၁ နာရီမှာတော့ ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို စတင် ကျင်းပတယ်။မြေကြီးပေါ်မှာ ဝါးတန်းလျားရှည်ကြီး ထိုးထားတယ်။ ကျောင်း ခေါင်းလောင်းသံကြားတော့ အဖြူအပြာဝတ်
ကျောင်းသား လူငယ်တွေ ဝါးတန်းလျားပေါ် ဆောင့်ကြောင့် ထိုင်လိုက်ကြတယ်။ စိုနေတဲ့ မြေကြီးဓာတ်က ကျောင်းသားတွေ စိတ်ဓာတ်ကြောင့် နွေးသွားတယ်။၆၁ နှစ်မြောက် ကရင့်အာဇာနည်နေ့အတွက် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကို ကရင်လို ဗမာလို နှစ်မျိုးဖတ်ပြတယ်။

“ကရင့်အမျိုးသားများအနေနဲ့ အာဇာနည်နေ့ကို ကျင်းပရခြင်းမှာ ကရင်တမျိုးသားလုံးအတွက် အသက်ပေးလှူခဲ့ရတဲ့ အာဇာနည် စောဘဦးကြီးနဲ့ အခြားသော တပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်၊ ပြည်သူတို့ရဲ့ မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့
ပေးဆပ်မှုတို့ကို အောင်းမေ့သတိရ ဂုဏ်ပြုခြင်းဖြစ်တယ်။ ကျွန်ုပ်တို့အနေဖြင့် ကရင်အမျိုးသားများ အတွက် အသက်
ပေးလှူခဲ့သော အာဇာနည်တို့အပေါ် သစ္စာစောင့်သိပြီး သူတို့ရဲ့ယုံကြည် ချက်နဲ့ ဆောင်ရွက်ချက်များကို ပြီးဆုံးအောင် ဆက်လက် ထမ်းဆောင်ရမှာဖြစ်တယ်”

“ကရင်အမျိုးသားများဟာ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားသော်လည်း ယနေ့အထိ အောင်မြင်မှု ပန်းတိုင်သို့ မရောက်ရှိသေးဘဲ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်းမှာသာ ရှိနေပါသေးတယ်။ အခက်အခဲမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံတို့နဲ့အတူ ရန်သူရဲ့ နည်းမျိုးစုံ သပ်လျှိုဖြိုခွဲမှုတွေကို ရင်ဆိုင်ရပေမယ့် ကရင်အမျိုးသား အစည်းအရုံးဟာ ဒီနေ့အချိန်ထိ ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိပါတယ်”

“ဒါဟာ ခေါင်းဆောင် ရဲဘော်ရဲဘက်များ၊ ကရင်ပြည်သူတို့ရဲ့ ရည်မှန်းချက်၊ အမျှော်အမြင် ယုံကြည်ချက်၊ အာဇာနည်
စောဘဦးကြီးရဲ့ မူ(၄) ချက်ကို တော်လှန်းရေးလှုပ်ရှားမှုအတွင်း  နိုင်ငံရေးမူ (၄)ချက် အဖြစ် စွဲကိုင်လှုပ်ရှား တိုက်ပွဲ ဝင်ခဲ့တာကြောင့် ဖြစ်တယ်”

“ တော်လှန်ရေးသမားများနဲ့ တော်လှန်ရေးကို အားပေး ထောက်ခံနေသော ကရင်ပြည်သူတရပ်လုံး တော်လှန်ရေး သတိ၊ နိုင်ငံရေး သတိ ထားရှိကာ အတိတ်က ဖြတ်သန်းခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး
ရန်သူရဲ့ လုပ်ဆောင်မှုတွေ၊ တော်လှန်ရေး ပြိုကွဲအောင် စိတ်ဓာတ်ရေးရာ ဖြန့်ချိမှုတွေနဲ့ ကရင်ပြည်သူလူထုကို ထိပါးစေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ဝိုင်းဝန်းတော်လှန်သွားရမှာ ဖြစ်တယ်”

“ ဘဝတူ တိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစုများနှင့် အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲ မဖြုတ်ကြဘဲ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အထိ ဆက်လက် တိုက်ပွဲဝင်သွားကြပါစို့” တဲ့။


မိန့်ခွန်းအပြီးမှာ ကရင့်အာဇာနည် စောဘဦးကြီး ပြောစကားနဲ့ ပြဇာတ်ကို စတင် ဖွင့်လှစ်လိုက်ပါတယ်။ “ကရင်ပြည်ရဖို့ နည်းလမ်းသုံးသွယ် ရှိတယ်။ (၁) ရန်သူက စေတနာသန့်သန့်နဲ့ ပေးမယ် (၂) ရန်သူကို တိုက်နိုင်တဲ့အတွက် (၃) ပတ်ဝန်းကျင် အခြေအနေအရ ဖိနှိပ်မှုကြောင့်ပဲ”

“ တော်လှန်ရေးရဲ့အဓိက အင်အားဟာ လူထုပဲ။ ကျနော်တို့ကို ချစ်လည်းချစ်ရမယ်၊ ကြောက်လည်း ကြောက်ရမယ်၊ ရိုလည်း ရိုသေရမယ်၊ ကျနော်တို့ရဲ့ ပျော့ညံ့မှုတွေကို ရှာပြီး ပြန်လည် ပြုပြင်ရမယ်။ (၁) လက်နက်ချစကား အလျဉ်း မပြောရ။ (၂) ကရင်လက်နက် ကရင့်လက်ထဲရှိရမယ်။ (၃) ကရင့် ကံကြမ္မာ ကရင်ဖန်တီးမယ်။ (၄) ကရင်ပြည်နယ် အသိအမှန်ပြုခြင်း ပြီးပြည့်စုံရမယ်”တဲ့။

ကျောင်းအုပ်ဆရာကြီး စောကာလက်ရဲ့ အောင်မြင်ခန့်ညားတဲ့ အသံကို နားထောင်ပြီး စောဘဦးကြီး ကိုယ်တိုင် အနားမှာလာပြောသလို ခံစားရတယ်။ပြဇာတ်မှာ တောကားတောင်ကားမရှိဘူး။ ဇာတ်ဝင်ခန်းအတွက် ပစ္စည်းမရှိဘူး။ စကားပြောခန်းမရှိဘူး။ အမူအရာနဲ့
ပဲ သရုပ်ဆောင်ကြတယ်။ ဆရာကြီးကတော့ ဇာတ်ကြောင်း ပြောသူအဖြစ်နဲ့ ပြောပြတယ်။ကန့်လန့်ကာ အနီနောက်ကနေ ကရင့်တော်လှန်ရေးသီချင်းသံ ထွက်ပေါ်နေတယ်။ ကျောင်းသားကျောင်းသူ ဆရာ ဆရာမတွေကိုယ်တိုင် သီဆိုနေကြတာပါ။ တေးဂီတသံ မပါပေမယ့် ရင်ထဲက လှိုက်လှိုက်လှဲလှဲ သီဆိုကြတဲ့သီချင်းမို့ သိပ်ကိုနားထောင်လို့ ကောင်းပါတယ်။

“ကျနော်ဟာ ရဲရင့်တဲ့ ကရင်စစ်သားတဦး။ ဘာမှမကြောက်ဘူး။ အသက်စွန့်သွားမယ်။ သင့်အတွက် ငါအသေခံခဲ့
တယ်” လို့အဓိပ္ပါယ်ရတယ်။ တောတောင်ထဲမှာ ဆင်းရဲပင်ပန်းစွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ခုခံစစ်ကို ဆင်နွှဲေ၏
နေတဲ့ ကရင့်တော်လှန်ရေးသမားတွေကို မြင်ယောင်လာတဲ့အထိပါ။

ကော့ကရိတ်မြို့နယ် ထိုကော်ကိုးရွာမှာ စောဘဦးကြီးရဲ့ တပ်ခွဲမှူးက လူထုဆန့်ကျင်ရေးလုပ်တယ်။ လူထုက တပ်ခွဲမှူးကို အယုံအကြည်မရှိဘူး။ ရွာသား ဟာအဲက တပ်ခွဲမှူးက ဒီလောက်နှိပ်စက်ရင် ခေါင်းဆောင်ဆို ပိုဆိုးမယ်လို့ တွေးမိတယ်။ စောဘဦးကြီး ရောက်လာတဲ့အချိန်မှာ စိန်လွင်ကို သွားသတင်းပေးတယ်။စိန်လွင်က စောဘဦးကြီးနေတဲ့ လယ်တဲလေးကို ဝိုင်းထားတယ်။
http://mizzimaburmese.com/edop/songpa/8146-2011-08-16-06-18-34.html

No comments: