Monday 14 May 2012


လပြည့်ဝန်းလျှင် ကန်ရေပြင်မှာ
တဒင်္ဂတွေ့  မွေ့ တက်သေးလျှင် . . .

လနှင့်မြေလွှာ
ကွာသလိုပင် . . .

အကြင်နာကို
မြိုသိပ်နေရ . . .

တစ်ဘ၀စီ
ခဏတွေ့ ဆုံ ရင်အခုံးမှာ . . .

မြင်ရုံလေးနဲ့ 
နှစ်သိမ့်နေ . . .

မောင်စိန်ဝင်း (ပုတီးကုန်း)

Monday 5 March 2012

05.03.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, March 5, 2012 at 12:01am ·

ရုရှား ရွေးကောက်ပွဲ မြင်ကွင်း တခုရုရှား ရွေးကောက်ပွဲ ပူတင် အနိုင်ရဖို့များ
ရုရှား နိုင်ငံမှာတော့ တနင်္ဂနွေ နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ တွေ အပြီးမှာဝန်ကြီးချုပ်ဗလာဒီမီယာပူတင် ဟာ တိုင်းပြည်ရဲ့ သမ္မတသစ် ဖြစ်လာဖို့ များနေ ပါတယ်။
မစ္စတာ ပူတင်က ကရင်မလင် နန်းတော်ရဲ့ အပြင်ဘက်မှာရှိနေကြတဲ့ထောင်ပေါင်းများစွာ ရှိတဲ့ သူ့ကို ထောက်ခံသူ တွေကို သူတို့အနိုင်ရ မယ်လို့ ပြောထားခဲ့သလို နိုင်ခဲ့ပြီ ဖြစ်ကြောင်းကို စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ ပါတယ်။
လတ်တလော ရရှိထားတဲ့ ရလဒ် တွေမှာတော့ မစ္စတာ ပူတင်ရဲ့ မဲရာခိုင်နှုန်းက ၆၀ အထက်မှာ ရှိနိုင်တယ်လို့ ပြနေပါတယ်။ အခုထက်ထိ လဲ မဲတွေကို ရေတွက် နေကြဆဲ ဖြစ်ပါတယ်။
မစ္စတာ ပူတင်ရဲ့ မဲဆွယ်ရေး အကြီးအကဲ က ဒီရွေးကောက်ပွဲ ဟာအသန့်ရှင်းဆုံး ဖြစ်တယ် လို့ ဆိုနေပေမယ့် အတိုက်အခံ တွေဘက်ကတော့ အစိုးရဟာ မဲ အကြီးအကျယ် လိမ်ခဲ့တယ် လို့စွပ်စွဲ နေပါတယ်။ မစ္စတာ ပူတင်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ကွန်မြူနစ် ပါတီက ဂျဲန်နဒီ ဇူဂါနော့ဗ် ကတော့ အစိုးရဟာ သမ္မတလောင်း တဦးထဲ အတွက်ကို ပဲ အလုပ်လုပ် ပေးတဲ့ ပျက်စီးနေတဲ့ စက်ယန္တရား ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။

ကွန်ဂိုက ပေါက်ကွဲမှု မြင်ကွင်းကွန်ဂိုမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်
ကွန်ဂိုသမ္မတ နိုင်ငံက လက်နက်တိုက် တခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှု ကြီးတွေ ဆက်တိုက် ဖြစ်ခဲ့ တာကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံး သွားခဲ့ ရပါတယ်။
မြို့တော် ဘရာဇာဗီးလ် မှာ ရှိတဲ့ ဒီ ပေါက်ကွဲမှု ကြီးတွေ ဖြစ်ခဲ့တဲ့ နေရာဟာ စစ်တလင်း လို ဖြစ်သွား ခဲ့တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။
လူနေအိမ်ခြေ တွေလဲ ပြားပြားဝပ်သွား ခဲ့ပြီး ဘုရားကျောင်း လာသူတွေ နဲ့ ပြည့်နေတဲ့ ဘုရားကျောင်း တခုလဲ ပြိုကျခဲ့ ရပါတယ်။မြို့နေလူ ထောင်ပေါင်း များစွာ ဟာလဲ မြို့ရဲ့ အရှေ့ဘက်ခြမ်း ကနေ ထွက်ပြေး သွားခဲ့ ကြပြီ ဖြစ်ပါတယ်။
အစိုးရ ဝန်ကြီး တွေကတော့ ဒီပေါက်ကွဲ မှုကြီးတွေဟာ လက်နက်တိုက်မှာ မီးလောင်ရာက စခဲ့တာ ဖြစ်ပြီး စစ်တပ်က ပုန်ကန်တာလဲ မဟုတ်သလို အာဏာသိမ်း ဖို့ ကြိုးစားတာလဲ မဟုတ်ဘူးလို့ ပြောပါတယ်။
ပြင်သစ် နိုင်ငံကတော့ ဒဏ်ရာရသူ ရာပေါင်းများစွာကို ကုသ ပေးနိုင်ဖို့ အတွက် အရေးပေါ် ဆေးဝါး အကူအညီ တွေ ပို့ပေး နေပြီဖြစ်ပါတယ်။

အီရန် နျူမတတ်ဖို့ အမေရိကန် အင်အားသုံးနိုင်
အမေရိကန် သမ္မတ အိုဘားမား က အီရန်နိုင်ငံနျူကလီးယားလက်နက်တွေ မပိုင်ဆိုင်ရေး အတွက် တားဆီးဖို့ဆိုရင် အမေရိကန်က အင်အားသုံးဖို့ကို တွေဝေ နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
ဒါပေမယ့် သံတမန်ရေး နည်းလမ်းကတော့ ပိုပြီး လိုလားတဲ့ နည်းလမ်း ဖြစ်တယ်လို့လဲ ပြောကြား သွားပါတယ်။
အစ္စရေးလိုလားပြီး ဩဇာတိက္ကမ ရှိတဲ့ အဖွဲ့ဖြစ်တဲ့ အမေရိကန် အစ္စရေး လူမှုရေးရာ ကော်မတီမှာ အခုလို မိန့်ခွန်း ပြောကြား သွားခဲ့တာ ဖြစ်ပြီး တဟီရန်နဲ့ မပြေမလည် ဖြစ်နေတာနဲ့ပတ်သက်လို့ စစ်နဲ့ ပတ်သက်တဲ့စကားတွေသိပ်ပြီးများလာနေတဲ့အပေါ် မှာလဲသတိပေး သွားခဲ့ပါတယ်။
ဆက်လက်ပြီး အစ္စရေး အနေနဲ့လည်း မိမိရဲ့ လုံခြုံရေး နဲ့ ပတ်သက်လာရင် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အမြဲတမ်း ရှိနေရမယ်လို့ လဲ ဆိုပါတယ်။ အခုလို ပြောကြား လိုက်တာ တွေကို တနင်္လာနေ့ မှာ ဝါရှင်တန်မြို့တော် မှာ မစ္စတာ အိုဘားမား နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန်ယာဟုက ကြိုဆိုလိုက်ပါတယ်။
အဲဒီက သတင်းထောက် တွေကတော့ အစ္စရေးက အီရန်ကို တဦးထဲသွားပြီး တိုက်ခိုက်မှုတွေ လုပ်မှာကို အမေရိကန်က စိုးရိမ်နေတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

လူရွှင်တော် ဇာဂနာ နိုင်ငံတကာပွဲမှာ ဖျော်ဖြေ
လူရွှင်တော် ဇာဂနာ ဟာ ထောင်က လွတ်ပြီး လပိုင်း အကြာမှာ ပြည်ပ ခရီးထွက်ခဲ့ တာပါ
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ တနင်္ဂနွေ နေ့က ကျင်းပတဲ့ Amnesty International နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ နှစ် ၅၀ အထိမ်း အမှတ် Secret Policeman’s Ball ဆိုတဲ့ ရန်ပုံငွေ ပွဲမှာ ကမ္ဘာကျော် ဟာသ ပညာရှင် ၃၀ နဲ့ အတူ မြန်မာ နိုင်ငံက လူရွှင်တော် ကိုဇာဂနာ လည်း ပါဝင် ဖျော်ဖြေခဲ့ ပါတယ်။
ဒီပွဲမှာ ပါဝင် ဖျော်ဖြေ ရတဲ့ အတွက် ဝမ်းသာ ကြောင်း သူက ဘီဘီစီကို ပြောပါတယ်။
ကိုဇာဂနာက မြန်မာ နိုင်ငံ အတွက် ပညာရေး အပါ အဝင် နိုင်ငံ တကာ အကူအညီတွေ ရနိုင်ရေး နဲ့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ရိုက်ကူးရေး ကိစ္စတွေ အတွက် အဓိက ဦးတည်ချက် ထားပြီး ပြည်ပ ခရီး ထွက်ခဲ့တာ လို့ ဆိုပါတယ်။
ပြည်ပမှာ သူနဲ့ အတူဖျော်ဖြေ ခဲ့ကြတဲ့ John Stewart နဲ့ Stephen Cooper တို့လို ကမ္ဘာကျော် ဟာသ အနုပညာရှင် တွေဟာလည်း အစိုးရ တွေရဲ့ ကမောက်ကမ အခြေအနေ ကို နိုင်ငံရေး ပျက်လုံးတွေနဲ့ သရော် နေပေမယ့် သူ့တို့ နိုင်ငံရဲ့ အခြေခံ ဥပဒေအရ အကာအကွယ် ပေးထားတာမို့ မြန်မာပြည် မှာလည်း အလားတူ အကာအကွယ် ပေးသင့်တယ် လို့ သူက ပြောပါတယ်။
သူဟာ တိုင်းပြည်ကို ချစ်တဲ့သူ တဦးအနေနဲ့ အနုပညာ စွက်သော နိုင်ငံရေး ကိုဆက်လုပ်မယ်လို့ ဆိုပါတယ်။ ကိုဇာဂနာကို အန်အယ်ဒီပါတီ ဝင်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် ရှိမရှိ မေးရာမှာတော့ အဲဒီလို ရပ်တည်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ဖြေခဲ့ပါတယ်။
ကိုဇာဂနာ ဟာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲ တော်မှာ ဆုရခဲ့တဲ့ ကားတွေကို ကနေဒါနိုင်ငံတိုရွန်တိုမြို့မှာ စနေနေ့က ပြသခဲ့တဲ့ပွဲမှာလည်းသူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေကိုပြောပြခဲ့ပါသေးတယ်။

စတားဝါးစ် ရုပ်ရှင်ထဲက အာတူး ဒီတူး စက်ရုပ်ပု ကလေးစတားဝါးစ် ရုပ်ရှင်ဒီဇိုင်း ပညာရှင် ကွယ်လွန်
စတားဝါးစ် ရုပ်ရှင် တွေထဲက နာမည်ကြီး ဇာတ်ကောင် တွေဖြစ်ကြတဲ့ Darth Vader ( ဒါ့သ်ဗေဒါ )နဲ့ R2- D2 (အာတူး ဒီတူး) စက်ရုပ် တွေကို ဖန်တီးခဲ့တဲ့ ရုပ်ရှင် ဒီဇိုင်း ပညာရှင် ကြီး ရာ့လ်ဖ် မက်ကွာရီ ဟာ အသက် ၈၂ နှစ် အရွယ်မှာပဲ ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ၁၉၇၀ ပြည့်နှစ် တွေအတွင်းက မူရင်း စတားဝါးစ် ရုပ်ရှင် တွေကို အမေရိကန် ရုပ်ရှင် ဒါရိုက်တာ ဂျော့ခ်ျ လူးကပ်စ် နဲ့ အတူ ပူးပေါင်း ဆောင်ရွက် ပြီး ဖန်တီး ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။
တခါ သူဟာ တခြား ဒါရိုက်တာ တဦးဖြစ်တဲ့ စတီဗင် စပီးလ်ဘာ့ဂ် ET ရုပ်ရှင်နဲ့ Close Encounters of the Third Kind ရုပ်ရှင်တွေ ရိုက်ကူးရာမှာ လဲ လုပ်ကိုင် ပေးခဲ့ ပါတယ်။
၁၉၈၅ ခုနှစ်ကတော့ မစ္စတာ ရာ့လ်ဖ် မက်ကွာရီ ဟာ သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင် ဖြစ်တဲ့ Cocoon ရုပ်ရှင် နဲ့ အမြင်အာရုံ ကိုလည့်စားတဲ့ ရိုက်ချက် တွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင် ထူးချွန်ဆုကို ရရှိခဲ့ ပါတယ်။

ရုရှားရွေးကောက်ပွဲ ၀န်ကြီးချုပ် ပူတင် အနိုင်ရကြောင်း ကြေညာ
By ဗွီအိုအေ (မြန်မာဌာန)
ရုရှားဝန်ကြီးချုပ် Vladimir Putin က တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာနေတာမို့၊ ဒါဟာဆိုရင် သမ္မတအဖြစ် တတိယအကြိမ် တိုင်းပြည်ကို ပြန်လည် အုပ်ချုပ်တာကို တွေ့ရဦးမှာ ဖြစ်ပါတယ်။ မော်စကိုမြို့တော်မှာရှိတဲ့ ကရင်မလင် ရင်ပြင်က လူထုစုဝေးပွဲ အတွင်းမှာတော့ အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရန်သူတွေလက် တိုင်းပြည် မကျရောက်အောင် သူ့ကိုထောက်ခံကြသူတွေ ကူညီတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ၀န်ကြီးချုပ်က ပြောခဲ့တာပါ။
အတိုက်အခံတွေကတော့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီကနေ့ တနင်္လာနေ့မှာ မော်စကိုနဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။ ထူးထူးခြားခြား စိတ်လှုပ်ရှားနေတဲ့ ၀န်ကြီးချုပ်ကတော့ ထောက်ခံသူတွေကို သူ့အနေနဲ့ ကတိပေးထားတဲ့အတိုင်း အနိုင်ရတာဟာ ရုရှားနိုင်ငံအတွက် အောင်ပွဲခံတာပဲလို့လည်း ပြောခဲ့တာပါ။
မဲရုံက ထွက်လာသူတွေကို ကောက်ခံတဲ့ စစ်တမ်းတွေနဲ့ မဲရလဒ်တချို့အရ ၀န်ကြီးချုပ်ဟာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ရထားကြောင်း ပြသနေတာမို့ တကျော့ပြန် ရွေးကောက်ပွဲတွေ လုပ်စရာ မလိုဘဲ အနိုင်ရဖွယ်ရာ ရှိနေပါတယ်။ ကွန်မြူနစ်ပါတီ အကြီးအကဲ Gennady Zyuganov ကတော့ မဲအားလုံးရဲ့ ၁၈ ရာခိုင်နှုန်းလောက်နဲ့ ဒုတိယလိုက်ခဲ့ပြီး၊ အမျိုးသားရေးဝါဒီ Vladimir Zhirinovsky ကုဋေကြွယ်သူဋ္ဌေး Mikhail Prokhorov နဲ့ ၀န်ကြီးချုပ် ပူတင် ရဲ့ မဟာမိတ်ဟောင်း Sergei Mironov တို့ကတော့ ၁၀ ရာခိုင်နှုန်း အောက်မှာပဲ အသီးသီး ရခဲ့ကြတာပါ။
မတည်မငြိမ်ဖြစ်နေတဲ့ ရုရှားနိုင်ငံ Dagestan မှာတော့ တနင်္ဂနွေနေ့က မဲရုံတစ်ခုမှာ မဲပေးအပြီး လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားပါတယ်။

အီရန်လွှတ်တော် ရွေးကောက်ပွဲ သမ္မတ ထောက်ခံသူတွေ အရေးနိမ့်
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲရလဒ် တချို့ကို ကြေညာလိုက်ပြီဖြစ်သလို ဒီရလဒ်တွေအရ အီရန်သမ္မတ Mahmoud Ahmadinejad ရဲ့ အတိုက်အခံတွေဖြစ်တဲ့ ရှေးရိုးစွဲ ၀ါဒီတွေက လွှတ်တော် နေရာအများစုကို အနိုင်ရထားပါတယ်။ သောကြာနေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် အခု ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ လွှတ်တော်နေရာ ၂၉၀ မှာ နေရာပေါင်း ၂၀၀ ကျော်ကို အတိုက်အခံတွေက အနိုင်ရထားတဲ့အကြောင်း အီရန် အစိုးရ ရုပ်မြင်သံကြား သတင်းအေဂျင်စီတွေက တနင်္ဂနွေနေ့က ကြေညာလိုက်တာပါ။
အနိုင်ရသူ တစ်ဝက်ကျော်ဟာ နိုင်ငံဥသျှောင် Ayatollah Ali Khamenei ကို ထောက်ခံသူ ရှေးရိုးစွဲ ၀ါဒီတွေဖြစ်ပြီး သမ္မတ Ahmadinejad ရဲ့ မူဝါဒတွေကို ဆန့်ကျင်သူတွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တန်း အစိုးရအရာရှိတွေကို ခန့်အပ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လုပ်ပိုင်ခွင့်အာဏာကို စိန်ခေါ်ခဲ့ကြတဲ့ Khamenei သစ္စာခံသူတွေကို သမ္မတက ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်နေရာ အများစုကို အနိုင်ရခဲ့ကြတဲ့ မစ္စတာ Khamenei ရဲ့ သစ္စာခံတွေထဲမှာတော့ လွှတ်တော်ဥက္ကဋ္ဌ Ali Larijani နဲ့ မစ္စတာ Khamenei နဲ့ ခမည်းခမတ် တော်သူ Gholam Ali Haddad Adel တို့ ပါဝင်ပါတယ်။ အခု မဲရလဒ်တွေအရ အတိုက်အခံတွေဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မစ္စတာ Ahmandinejad ထောက်ခံမှုရခဲ့တဲ့ ကျေးလပ်ဒေသတွေမှာပါ မဲအများစုကို အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်နေရာ ၃၀ အတွက် ရှေ့တပတ်ထဲမှာ တကျော့ပြန် ရွေးကောက်ပွဲတွေ ကျင်းပရလိမ့်မယ်လို့ အီရန်အစိုးရက ပြောပါတယ်။ ကျန်နေသေးတဲ့ နေရာတွေအတွက် မဲရလဒ်တွေကို တနင်္လာနေ့မှာ ကြေညာဖို့ မျှော်လင့်ရပါတယ်။
အီရန်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အဓိက အတိုက်အခံ ခေါင်းဆောင်တွေကတော့ သောကြာနေ့က ရွေးကောက်ပွဲတွေကို သပိတ်မှောက်ထားပြီး သူတို့ထဲက အများစုဟာလည်း အကျဉ်းချခံထားရတာ၊ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရတာတွေနဲ့ ရှေရိုးစွဲဝါဒီတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုးတဲ့ အီရန်အစိုးရ ရုံးတွေမှာ တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခံရတာတွေနဲ့ ကြုံနေရပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေအရ ပြုပြင်ပြောင်းလဲရေး ၀ါဒီတစ်ဦးသာ ရွေးကောက်ခံထားရပြီး သူကတော့ တီဟီရန်က သူ့ရဲ့ မဲဆန္ဒနယ်မှာ ပြန်လည် အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်စစ်အသုံးစရိတ် ၁၁ ရာခိုင်နှုန်းကျော်တိုး
By ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ၁၁.၂ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၁၀၆.၇ ဘီလျံသုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ တရုတ်စီးပွားရေး ဆက်လက် တိုးတက် ခိုင်မာနေတာနဲ့အမျှ စစ်အင်အား ချဲ့ထွင်မှုကို အလျင်အမြန် ဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၁၁ ခုနှစ်က အမှန်တကယ် သုံးစွဲစရိတ်ထက်ကို ဒေါ်လာ ၁၀.၆ ဘီလျံလောက် တိုးမြှင့်သုံးစွဲသွားမှာ ဖြစ်တယ်လို့ လွှတ်တော်ပြောခွင့်ရသူ Li Zhaoxing က ဒီကနေ့ သတင်းထောက်တွေကို ပြောခဲ့တာပါ။ ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတမ်းနဲ့ လူဦးရေ ၁.၃ ဘီလျံ နေထိုင်တဲ့ နိုင်ငံကြီးတစ်ခုဖြစ်တဲ့ တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ တခြား နိုင်ငံကြီးတွေနဲ့ ယှဉ်ရင် တော်တော်ကြီးကို နည်းပါတယ်လို့ ပြောခွင့်ရသူ မစ္စတာ Li က ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စု ပြီးရင် တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တရုတ်က စစ်အင်အားကို မြန်မြန်ဆန်ဆန် တိုးချဲ့ နေမှုအပေါ် အာရှနိုင်ငံ တလွှားမှာတင်မက အမေရိကန်အစိုးရကပါ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရကတော့ စစ်တပ်ကို ခေတ်မှီအောင် လုပ်နေတာတွေဟာ ကာကွယ်ဖို့သက်သက်သာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်စာတစ်ခုမှာ တရုတ် စစ်တပ်အင်အား တိုးချဲ့နေတာတွေဟာ ထိုင်ဝမ်နဲ့ ပဋိပက္ခဖြစ်လာခဲ့မယ်ဆိုရင် တခြားအင်အားကြီး နိုင်ငံတွေရဲ့ ကြားဝင် စွက်ဖက်မှုကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဖော်ပြထားပါတယ်။

အီရန်လွှတ်တော် ရွေးကောက်ပွဲ အတိုက်အခံ အသာရ
By ဗွီအိုအေ (မြန်မာဌာန)
အီရန်နိုင်ငံက လွှတ်တော် ရွေးကောက်ပွဲ ရလဒ်တချို့ ထွက်ပေါ်လာချိန်မှာတော့ သမ္မတ Mahmoud Ahmadinejad ရဲ့ ပြိုင်ဘက် ရှေးရိုးစွဲ ၀ါဒီတွေက မဲဆန္ဒနယ်မြေ တော်တော်များများမှာ အနိုင်ရခဲ့တာကြောင့် ကိုယ်စားလှယ်နေရာ ၂၉၀ ရှိတဲ့ လွှတ်တော်ထဲမှာ ထိန်းချုပ်သွားနိုင်မယ့် အလားအလာတွေ တွေ့နေရပါတယ်။ နယ်တွေမှာရှိတဲ့ မဲတွေအပေါ် အစောပိုင်း ရေတွက်မှုတွေမှာတော့ နိုင်ငံ့ဥသျှောင် Ayatollah Khamenei ကို ထောက်ခံသူ သစ္စာခံတွေ အသာရနေပြီး သမ္မတကို ထောက်ခံသူတွေကတော့ လွှတ်တော်ထဲမှာ ခြေကုပ်မရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံနေကြရတာပါ။
ပြည်ထဲရေးဝန်ကြီး Mostafa Mohammad Najjar ကတော့ ဆန္ဒမဲပေးသူ ၆၄ ရာခိုင်နှုန်း မဲထည့်ခဲ့ကြတဲ့ အကြောင်း ကြေညာပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အခြေအတင် ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပခဲ့စဉ်အချိန်ကစလို့ ပထမဆုံး အကြိမ် ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကိုတော့ အီရန်နိုင်ငံရဲ့ အဓိက အတိုက်အခံ ပါတီနဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေက ကန့်ကွက် သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းတွေကိုတော့ အခြေခံဥပဒေရေးရာ ကိစ္စတွေမှာ အာဏာရှိတဲ့ အစ္စလာမ် ပညာရှင်တွေ၊ ခုံသမာဓိတွေနဲ့ ဖွဲ့စည်းထားပြီး သြဇာကြီးမားလှတဲ့ Guardian Council က အတည်ပြုပေးရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲက အီရန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ နျူကလီးယားဆိုင်ရာ မူဝါဒတွေ အပေါ်မှာ သက်ရောက်မှုတွေရှိမှာ မဟုတ်ပေမဲ့ ရှေ့နှစ်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲတွေ မတိုင်မီ နိုင်ငံဥသျှောင် Khamenei ရဲ့ အနေအထားကို ပိုမိုခိုင်မာအောင် လုပ်ပေးနိုင်မှာတော့ ဖြစ်ပါတယ်။

ပိုလန် ရထားတိုက်မှု လူ ၁၆ ဦးသေ
By ဗွီအိုအေ (မြန်မာဌာန)
ပိုလန်နိုင်ငံမှာ ခရီးသည်တင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိတဲ့အတွက် လူ ၁၆ ဦး သေဆုံးသွားပါတယ်။ စနေနေ့ နှောင်းပိုင်းကဖြစ်ပွားတဲ့ အဲဒီရထာတိုက်မှုမှာ ကယ်ဆယ်ရေး ၀န်ထမ်းတွေက အသက်ရှင် ကျန်နေရစ်သူတွေကို ညလုံးပေါက် ရှာဖွေခဲ့ကြပါတယ်။ ခရီးသည် စုစုပေါင်း ၃၅၀ လောက် ပါလာတဲ့အထဲမှာ ၅၆ ယောက် ထိခိုက် ဒဏ်ရာရသွားပြီး အဲဒီအထဲမှာ အတော်လေး ဒဏ်ရာပြင်းထန်သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ရထားနှစ်စင်း တိုက်တဲ့အရှိန်ကြောင့် ရထားတွဲတွေ တစ်ခုပေါ်တစ်ခု ထပ်သွားပြီး ရထားလမ်းတွေပေါ်မှာလည်း ရထားတွဲပျက်တွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ ဒီ ရထားတိုက်မှုဟာ ပိုလန်နိုင်ငံမှာ မကြာသေးခင် ကာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး ရထားတိုက်မှု ဖြစ်တယ်လို့ အဲဒီ ရထားတိုက်တဲ့နေရာကို သွားရောက် ကြည့်ရှုပြီး ၀န်ကြီးချုပ် Donald Tusk က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒီရထားတိုက်မှုအတွက် ၀မ်းနည်းခြင်း အထိန်းအမှတ်အဖြစ် သတ်မှတ်ကြေညာပေး သွားမယ်လို့ သမ္မတ Bronislaw Komorowski ကလည်း ပြောပါတယ်။ အဲဒီ ရထား နှစ်စင်းဟာ ပိုလန်နိုင်ငံတောင်ပိုင်း Szczekociny မြို့က ရထားလမ်း တစ်ခုထဲပေါ်မှာ စနေနေ့က မျက်နှာချင်းဆိုင် မောင်းလာကြရာက အခုလို တိုက်မိသွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

၆၂ စစ်အာဏာသိမ်း ရွှေရတုနှင့် ဗကပ အမြင်

by Myanmar Journal on Monday, March 5, 2012 at 6:41am ·

ကိုပေါက် | သောကြာနေ့၊ မတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်

(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)

၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။

ယနေ့ကာလတွင် ၂ဝဝ၈ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ် အုပ်ချုပ်နေသည်မှာ တနှစ်ပြည့်မြောက်ပြီးလည်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အမြင်တွင်မူ ယနေ့ သမ္မတ ဦးသိန်းစိန်အစိုးရထိပင် စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်တို့သာ စိုးမိုးလျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးတွင် သက်တမ်းအရင့်ဆုံး ပါတီကြီးဖြစ်သည့် ဗကပ အဘယ့်ကြောင့် ဒီလိုပြောနိုင်သနည်း။ အစိုးရအဆက်ဆက်နှင့် ဗကပ ဆက်ဆံရေးအတွေ့အကြုံအပေါ်မူတည်၍ စစ်အာဏာရှင်စနစ်ဟူ၍ မည်သို့ဖွဲ့တည်လာပုံ၊ ထိုစနစ်ကြောင့် တိုင်းပြည်ထိခိုက်နစ်နာရပုံနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရ အပေါ် အမြင်တို့ကို သိရှိနိုင်ရန် ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။

ဗကပ ကို အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်က မြေအောက်ပါတီအဖြစ် စတင်ထူထောင်ပြီးချိန်မှစ၍ မြေပေါ်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်နိုင်ခဲ့သည်။ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။

စစ်အာဏာရှင်စနစ် ရှိနေဆဲလား။ ရှိဆဲဆိုရင် ဘာ့ကြောင့် ရှိနေဆဲလို့ ပြောနိုင်ရလဲ။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျ။

Wednesday 25 January 2012

သောကများနဲ့ ကင်းဝေးစေ

 

                                                     Photo(Lwoi Sip)
                                                Photo(Ashin Khemacara)
by Robina Lwin on Tuesday, January 24, 2012 at 12:17am
               အသက်က  ၁၅ နှစ် နံမည်လေးက `ပေတရာ´(Petra)  တဲ့ ချစ်စရာချော
မောလှပတဲ့ ဂျာမန်ကောင်မလေး..သူမလေး အမူးလွန်ပြီး အော့အန်နေတဲ့ အ
တွက် ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး ၄ ယောက် က ၀ိုင်း ပြုစုနေကြ
တယ်..အန်ရလွန်းလို့  အမောဆို့ နေတဲ့ပုံဘဲ..ကျမလည်း..ဆေးရုံကား ခေါ်ဘို့ 
ဖုန်းကို ကောက်ကိုင်လိုက်တော့ ..အားလုံးက ၀ိုင်းတားကြတယ်..ကျမ ဖုန်း
ဆက်ဘို့  အကြိမ်ကြိမ်ကြိုးစားပေမဲ့ ကလေးတွေက ၀ိုင်းပြီး အသနားခံ တောင်း
ပန်ကြလို့ မဆက်ဖြစ်တော့ပါဘူး…
              ကလေးမလေးကို မကြည့်ရက်လို့ မအန်တဲ့ ဆေး တစ်ခွက် တိုက်လိုက်
တယ် ပြီးတော့..သူငယ်ချင်း Jin Li Chao အကြံပေးထားဘူးတဲ့ အတိုင်း လက်ဖက်
ရည်ကြမ်းနဲ့ ပျားရည်ကို ဖျော်တိုက်လိုက်တယ်..၁၀ မိနစ်လောက်ကြာတော့
 ပေတရာ အိပ်ပျော်သွားတယ်…
               နောက်တစ်ယောက်က `ဂျက်စီ ´(Jessy) သူမက ကျမ ကို ရှင်းပြပါတော့
တယ်``ပေတရာ …က ကျမရဲ့ ညီမ အရင်းပါ..ညီမလေးက မိဘမဲ့ကလေး ဂေဟာ မှာ
နေရပါတယ်..အခု ညီမလေးရဲ့ချစ်သူက လမ်းခွဲဘို့ ပြောလို့  အရန်းခံစားရပြီး..အရက်
တွေ သောက်ပစ်လိုက်တာပါ..ဒီအချိန်မှာ အဆောင်ကို ပြန်လို့ လည်း မဖြစ်နိုင်ပါဘူး
အန်တီက.. ဆေးရုံကားကို ဖုန်းဆက်ခေါ်လိုက်မယ်ဆိုရင်..ကျမတို့ အားလုံး ပြသနာ
တက်တော့မှာပါ ´´
               ဂျက်စီ က သူမရဲ့ Facebook ကို ဖွင့်ပြီး ကျမကို ကြည့်ခိုင်းပါတယ်…
ဓါက်ပုံ ၂ ပုံ..`အမေရဲ့အခန်း´ လို့ စာရေးထားတဲ့ပုံက..တိုက်ခန်းလှလှလေးထဲမှာ..
အရက်ပုလင်းခွံတွေ..အမှိုက်ပေါင်းစုံနဲ့ ခြေချ စရာနေရာမရှိအောင် ရှုပ်ပွနေတဲ့ အ
ခန်းတစ်ခန်း..တီဗွီ က အမှိုက်တွေကြားမှာ..ဆိုဖာ အရှည် ပေါ်မှာ လူတစ်ယောက်
ထိုင်တဲ့ နေရာလေးဘဲ လွတ်ပြီး..ရှုပ်ပွနေတဲ့ အခန်းပေါ့..
               နောက်တစ်ခန်းက..`ကျမ အခန်း´လို့ စာရေးထားတယ်..စားပွဲ ကုလား
ထိုင် ဘီဒို ကုတင်  ကွန်ပျူတာ အားလုံး သပ်ရပ်သန့် ရှင်းတဲ့ အခန်းလေး..
              ကျမ ဂျက်စီ ရဲ့မျက်နှာကို ကြည့်လိုက်တယ်..ဘာအဓိပ္ပါယ်နဲ့ ဒီပုံတွေ
ကို Facebook မှာတင်ရတာလဲ..
              ဂျက်စီ က ဆက်လက်ရှင်းပြတယ်..ဂျက်စီနဲ့ ပေတရာ ညီအမနှစ်
ယောက်ရဲ့ အဖေက ဂျက်စီ ၉ နှစ်သမီးအရွယ်ထဲက..အမေကို ထားခဲ့ပြီး..ရီးစား
အသစ်တွေနဲ့ ပျော်ပါးသောက်စားနေတဲ့သူဖြစ်လို့  အမေနဲ့ ကွဲသွားခဲ့တယ်…
အမေက စိတ်ထိခိုက်ပြီး နေ့ စဉ် မူးလိုက် အပြင်ထွက်လိုက်နဲ့  ရူးသွပ်နေတဲ့.အ
မျိုးသမီးတစ်ယောက်လို ဖြစ်သွားခဲ့တဲ့အတွက်..သမီးလေး နှစ်ယောက်ကလည်း
ဘ၀ ကို ဖြစ်သလို ကြီးပြင်းလာခဲ့ကြရတာပေါ့..
             အကြီးမလေး ဂျက်စီက  အသက် ၁၈ နှစ် ဒီပလိုမာ ဘွဲ့ တစ်ခုယူဘို့ 
ကျောင်းဆက်တက်နေတဲ့အချိန်.ညီမလေး ပေတရာက ၁၅ နှစ် ၉တန်းကျောင်းသူ
လေးပေါ့..အသိတရားရှိလာတဲ့ အရွယ်မှာ ဂျက်စီက အမေအခန်းနဲ့ သူမ အခန်းကို
Facebook မှာတင်လိုက်တဲ့အတွက် သူငယ်ချင်းတွေက ၀ိုင်း မန့် ကြရင်း ဟိုးလေး
တကြော်ဖြစ်သွားတော့တယ်..
               ဂျာမဏီက မြို့ နဲ့ သက်ဆိုင်သောစီစစ်ရေးရုံး(Ordnungsamt) ကကြား
သိပြီး အိမ်ကိုလာရောက်စစ်ဆေးတွေ့ ရှိသွားတဲ့ အတွက်..အမေရဲ့ အခန်းကိုရှင်းလင်း
စေတယ် ဥပဒေအတိုင်း ဂျက်စီက ၁၈ နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် သီးသန့် အိမ်ခန်း
လေးငှါးပြီးနေထိုင်ခွင့်ရတယ်..ပေတရာက ၁၈ နှစ် မပြည့်သေးတဲ့ အတွက် မိဘမဲ့ကလေး
ဂေဟာမှာ ထိမ်းသိမ်းထားလိုက်ကြတယ်..အဖေရယ် အမေရယ် ညီအမနှစ်ယောက်က
တစ်နိုင်ငံထဲမှာ တစ်ယောက်တနေရာစီ အသက်ရှင်နေထိုင်ကြရတဲ့ ဘ၀မှာ..မေတ္တာ
ငတ်နေတဲ့ ပေတရာလေးက..မျက်လုံးလေး ပေကလတ် ပေကလတ်နဲ့ ..အားငယ်နေ
ရတဲ့ သနားစရာ ကောင်မလေးပေါ့..ကျမ ပေတရာလေးကို ဂရုဏာသက်မိနေတယ်…
             ပေတရာရဲ့ ချစ်သူကောင်လေး..ဒေးဗစ် က အသက် ၁၈ နှစ်ပြည့်ဘို့  လ
ပိုင်းလောက်သာ လိုတော့တဲ့ အတွက်.အသက်ပြည့်ပြီးဖြစ်တဲ့ ယောင်္ကျားလေးတစ်
ယောက်က အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် မိန်းခလေးကိုချစ်ကြိုက်မယ်ဆိုရင်
 ဂျာမန်ဥပဒေအရ ခလေးကို သွေးဆောင်ဖျားယောင်းတဲ့  အမှုမြှောက်တဲ့အတွက်..
ဒေးဗစ်က ပေတရာကို ချစ်သူအဖြစ်ကနေ နောက်ဆုတ်လိုက်ရခြင်းသာ ဖြစ်ပြန်တယ်
             တကယ်တော့ ပေတရာ က မေတ္တာ ငတ်မွတ်စွာ တောင်းတရင်း အချစ်
ကို လိုလားနေခြင်းဘဲ မဟုတ်လား....
             မနက် မိုးလင်းတော့ ပေတရာ အိပ်ရာက နိုးလာတယ်..သူငယ်ချင်း..
Jin Li Chao ရဲ့ လက်ဖက်ရည်ကြမ်းနဲ့ ပျားရည် အစွမ်းကြောင့်လားမသိ..ခေါင်းမူး
ခေါင်းကိုက်ခြင်း လုံးဝ မရှိဘဲ ..လန်းဆန်းနေလေရဲ့..သူမ အဆောင်ကို ပြန်တော့မဲ့
အကြောင်း နုတ်ဆက်စကားလာပြောတယ်..ကျေးဇူးတင်ပါတယ် အန်တီတဲ့……
             ကျမ မနက်စောစော အတွေးနက်နေမိတယ်..ဂျက်စီနဲ့ ပေတရာ ညီအမ
နှစ်ယောက်လို မိဘတွေ ပစ်ထားခံရတဲ့ မိန်းခလေးမျိုးတွေသာ မြန်မာပြည်မှာဆိုရင်
ဘ၀ဆိုး တစ်ခုခုကို ရင်ဆိုင်နေရမှာ ကျိန်းသေပါတယ်..ဘ၀ပျက်ရင်ပျက် မပျက်ရင်
ငတ်မှာပေါ့လေ..
             နောက်တနေ့ ..ညနေမှာ ပေတရာတို့ ညီအမနဲ့ သူငယ်ချင်းတစ်စု….
ဒေးဗစ်ဆီကို လာလည်ကြတယ်..သူတို့ တွေ သူငယ်ချင်းတွေလို ခင်ခင်မင်မင်ဆက်
လက်နေသွားကြဘို့ ..သဘောတူသွားကြပြီလို့  ..ရှင်းပြကြတယ်..သူငယ်ချင်း
တစ်စု..သီချင်းနားထောင်ပြီး ကွန်ပျူတာဂိမ်း ကစားနေကြတာ ည ၉ နာရီကျော်
သွားကြတယ်..မမျှော်လင့်ဘဲ..ရဲမေတစ်ယောက်နဲ့ ရဲအမျိုးသားတစ်ယောက်
 ရောက်လာပြီး ..ပေတရာကိုလာခေါ်ကြတယ်..အိမ်ရှင်ကောင်လေးရဲ့မိဘတွေက..
ရဲတွေရောက်လာတော့လန့် သွားတဲ့အတွက်..ကျနော်တို့ လူကြီးတွေမှာ ပြသနာရှိပါ
သလားခင်ဗျားလို့ ရဲ ကို..မေးလိုက်တော့..ရဲက မဖြစ်ပါဘူးခင်ဗျား..ပေတရာ
အဆောင်ကိုပြန်မရောက်လို့ အဆောင်က ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတဲ့
အတွက်..သူမ ကိုခေါ်ပြီးအဆောင်ပြန်ပို့ ပေးမလို့ ပါခင်ဗျား လို့  ယဉ်ယဉ်ကျေးကျေး
ပြန်ပြောပါတယ်..
              ကျမ အမိ မြန်မာပြည်ကိုချက်ချင်း သတိယလိုက်မိတယ်……..
         - ဂျာမဏီနိုင်ငံမှာ ခလေးတွေကို မိဘတွေက ရိုက်နှက် ဆုံးမခွင့် မရှိပါဘူး
နုတ်အားဖြင့်သာ နားလည်အောင် ပြောဆို ဆုံးမပေးရပါတယ်…..မြန်မာပြည်မှာ
တချို့ မိဘတွေက သားသမီးကို ရိုက်နှက်ခြင်း..အရွယ်မရောက်ခင် အတင်း အလုပ်
ခိုင်းစေခြင်းတွေ ရှိပါတယ်…
     -  ဂျာမဏီနိုင်ငံမှာ လူတစ်ဦးတစ်ယောက် အလုပ်မရှိရင် သို့ မဟုတ် သက်ကြီး
ရွယ်အိုနဲ့  မိဘမဲ့ ခလေးများ..ကုန်ကုန်ပြောရမည်ဆိုပါက ..လူမှန်သမျှ..ဒုက္ခရောက်
နေပါက..အစိုးရမှ..ဆိုရှယ်အကူ အဖြစ် အိမ်ငှားစရိတ်..စားစရိတ်..ပညာသင်စရိတ်
ကျန်းမာရေး စရိတ်များကို..တစ်နိုင်ငံလုံး တောရော မြို့ ပါမကျန် ကူညီပေးပါတယ်..
မြန်မာပြည်တွင် အလုပ်မရှိသေးသူ..သက်ကြီးရွယ်အိုနှင့် မိဘမဲ့ခလေး အများစုမှာ
ဒုက္ခများနှင့် ဒွန်တွဲနေရသည်မှာ မထူးဆန်းသလိုပါဘဲ…
       -   ဂျာမဏီမှာ ပေတရာ တို့ လို ဆယ်ကျော်သက်အရွယ်လေးများ..လူငယ်
ပီပီ ဆိုးချင်သည်ကို ..ရဲ မှ အရင်ဆုံး အနုနည်းဖြင့်သာ ပြေလည်အောင်ဖြေရှင်း
ပေးကြပါတယ်…….မြန်မာပြည်မှာကဲ့သို့ ရဲတွေက လူတွေကို တရားခံ အကြည့်မျိုး
ဖြင့် မကြည့်..မလိုအပ်ဘဲ အော်ငေါက်ခြင်းလည်းမရှိကြပါ..
         -  ဂျာမဏီမှာ လူတစ်ယောက်ခြင်းဒုက္ခကို အာဏာယူထားသောအစိုးရက
တာဝန်ယူ ဖြေရှင်းသွားကြတယ်…..မြန်မာပြည်တွင် အမြင်မတော် ၀ိုင်းဝန်းကူညီကြ
သော စေတနာရှင်နှင့် ကူညီသည့် အဖွဲ့ အစည်းများကိုပင်..ပုဒ်မ အမျိုးမျိုးတပ်၍
အရေးယူတက်ကြတယ်….
            သူတစ်ပါးတိုင်းပြည်အား အထင်ကြီး၍ ပြောဆိုနေခြင်းတော့မဟုတ်ပါ..
သူတို့ တွင်လည်း အကောင်းရှိသလို အဆိုးများရှိပါတယ်.အရှိအမှန်အတိုင်းမြင်
စေလိုသောဆန္ဒ့ဖြင့် စာကိုပင်ရိုးရှင်းစွာရေးသားထားခြင်းဖြစ်ပါတယ်.တစ်ချိန်က
နာဇီဟစ်တလာ ကြောင့် တစ်နိုင်ငံလုံး ပြာပုံအတိ ဖြစ်ခဲ့ကြသော်လည်း..ယနေ့ 
ကမ္ဘာ့အလယ်မှာ..နာလန်ထူနိုင်ပြီး..လူတန်းစေ့နေနိုင်ခဲ့ကြတဲ့အပြင်..သူတို့ 
နိုင်ငံသို့ ရောက်လာကြသော နိုင်ငံခြားသားကအစ ..လူမှန်လျှင် လူတစ်ယောက်
လို အခွင့်အရေးကို တန်းတူခံစားခွင့်ပေးခဲ့ကြတယ်..
          အာဏာယူထားတဲ့ သူတို့ အစိုးရက ပြည်သူနဲ့ ဒုက္ခကို တက်နိုင်သမျှ
ခွဲခြားပေးကြတယ်..သောကများနဲ့ ကင်းဝေးအောင် လုပ်ဆောင်ပေးကြတယ်…
တို့ တိုင်းပြည်မှာလည်း…………..တစ်နေ့ ……!!!!!!!!!!!!!!!

~~Robina~~

တီယင်မင်ရင်ပြင် ကျောင်းသားမျိုးဆက်များ(အောင်မိုးဝင်း)


by Maung Maung Wann on Wednesday, January 25, 2012 at 2:27pm

၁၉၈၉ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်သားတွေအကြောင်းကို ကိုယ်ချင်းစာစိတ်နဲ့ လေ့လာဖတ်ရှု ကြည့်မိခဲ့တယ်။ တရုပ်ပြည်ကြီး စီးပွားရေးတိုးတက်လာပြီး အနာဂတ်အတွက်၊ကောင်းမွန်တဲ့ဟောကိန်းတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြောဆိုနေကြပေမဲ့ တရုပ်ပြည်ရဲ့ အကျဉ်းထောင်ထဲမှာတော့ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်သူတွေဟာ နည်းပေါင်းစုံ နှိပ်စက် ညှင်းပမ်းခံနေကြရတယ်။ တဘက်မှာတော့ တရုပ်ပြည်ကြီးရဲ့ ကျယ်ပြန့်တဲ့ဈေးကွက် နဲ့ လူသားအရင်းအမြစ်တွေကို ဈေးပေါပေါ အသုံးချနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မျက်နှာနှစ်ဖက်နဲ့ မေတ္တာမျှတဲ့ ရည်းစားစကားတွေကိုသာ တသွင်သွင်ပြောနေခဲ့တယ်။ တီယင်မင်ရင်ပြင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေကလည်း သူတို့ရဲ့ဘဝတွေကို ပုံသဏ္ဍန်မျိုးစုံ မြှုပ်နှံလိုက်ကြတယ်။ တချို့က လယ်သမားတွေကြားထဲမှာ၊ တချို့က အလုပ်သမားထု ရဲ့ နစ်နာချက်တွေအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေကြားမှာ၊ တချို့က လူ့အခွင့်အရေးမြှင့်တင်ရေးကြွေးကြော်သံတွေကြားထဲမှာ---------
“ကမ္ဘာပျက်တဲ့နေ့မှာ ကျနော်တို့တတွေ လူပြန်ဖြစ်ခွင့်ရတယ်” တဲ့။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ရင်ဖွင့်သံကို ကျနော်ကိုယ်ချင်းစာနားလည်နေခဲ့မိတယ်။

အသက်ကလေးရယ်တဲ့ ရှည်စေလို ဟာသရိပ်ခို (၂)

by Melven Than on Wednesday, January 25, 2012 at 8:33pm


တော်တော်ညံ့တာပဲ


ဗိုလ်ချုပ်မှုးကြီးတရုတ်တိင်ငံသို့ အလည်အပတ်သွားရာ တရုတ်ဂုဏ်ပြုတပ်ဖွဲ့မှ
အမြောက်ပစ်ဖောက်ကြိုဆိုသည်။ ပထမတစ်ကြိမ်ဖောက်ပြီးနောက်တစ်ကြိမ်
ပစ်ဖောက်ရာတွင် လူအုပ်ကြီးထဲမှကြိုဆိုနေသည့် အဖွားအိုတစ်ယောက်မှ ဘေးကလူတစ်ဦးကို
''ဘာဖြစ်လို့အမြောက်ပစ်တာလဲ ''ဟုမေးရာ
''မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးလာလို့လေ ''ဆိုတော့ အဖွားအိုက
''ဘာလဲတစ်ချက်တည်းနဲ့မှန်အောင်မပစ်နိုင်လို့လား'' ။


မကြောက်ပါဘူး

ငရဲမင်းကြီးက ငရဲသားတွေကို ပြောတယ်။
''မိန်းမကြောက်တဲ့လူတွေ ဟိုဘက်မှာသွားတတ်းစီကြ''
ဆိုတော့ အများအပြားသွားတန်းစီကြတယ် ။ တစ်ယောက်ကျန်ခဲ့တယ်။

''ဟေ့ကောင် မင်းကမိန်းမမကြောက်လို့လား ''ငရဲမင်းကမေးတော့
''မဟုတ်ပါဘူး သူများလုပ်တိုင်းလိုက်မလုပ်ဖို့ မိန်းမကမှာထားလို့ပါ'' ။


ပြည်သူ့သဘောထား

ရန်ကုန်ကဆောက်လက်စ အဆောက်အဦးတစ်ခုပေါ်က အုတ်ခဲတစ်လုံး လမ်းသွားတစ်ယောက်အပေါ်သို့ တည့်တည့်ကျလာသည်။ ဒဏ်ရာကြင်း၍ပွဲချင်းပြီး
သေဆုံးသွားသည်။ လူအုပ်ကြီးဝိုင်းလာကာ တစ်ယောက်တစ်ပေါက် မကျေမနပ်ပြောကြသည်။
''လမ်းတောင်လွတ်လွတ်လပ်လပ်လျှောက်လို့မရတော့ဘူး''
''တာဝန်ရှိသူတွေဒီတိုင်းကြည့်နေတော့မှာလား''
''ပြည်သူတွေအတွက်လည်းစဥးစားကြပါဦး''
ထိုသို့ပြောဆိုနေစဉ် လူအုပ်ကြားမှလူတစ်ယောက်က
''သူ့ကိုကျွန်တော်ကောင်းကောင်းသိတယ်ဗျ''
လူအုပ်ကြီးမှာအသံပို၍ကျယ်ကျယ်လောင်လောင် ထွက်လာသည် ။
''အဲဒီကြံ့ဖွတ်တွေ လွန်ကိုလွန်လွန်းတယ် ဘယ်သွားသွားသူတို့ချည်းပဲ
အခုလည်းကြည့်လေ အုတ်ခဲတောင်လွတ်လွတ်လပ်လပ်ကျမယ့်နေရာ မရှိဘူး'' ။



သေချင်သေ မပေးဘူး


အပျိုကြီးမနှင်းမေတစ်ယောက် သူငယ်ချင်းရှိရာရွာသို့ အလည်သွားသည် ။
ညပိုင်းမအိပ်ခင် ခြေလက်ဆေးသည့်အကျင့်ကဖျောက်မရသည်မို့ နောက်ဘက်ရေတွင်းအသွားတွင်
ရေတွင်းထဲ ချော်လဲကျသည်။ အလန့်တကြားအော်လေတော့ အိမ်သားများပြေးထွက်လာကြသည်။
ရေတွင်းကသိပ်မမြင့်သဖြင့် လက်တကမ်းလှမ်းဆွဲ၍မိနိုင်သည် ။
တစ်ကောက်ပြီးတစ်ယောက် မေနှင်းအားဆွဲတင်ရန်ကြိုးစားကြသည် ။
''လက်ပေးလိုက် လက်ပေးလိုက် ''
သို့သော် မေနှင်းကားလက်မကမ်း။
သည်တိုင်းဆိုလျင် ရေတိမ်နစ်တော့မည် ။

ဘကြီးဖြိုးရောက်လာပြီး အခြေအနေကိုအကဲခတ်သည်။ ထို့နောက်အနီးအနားကလူတွေကို
လှမ်းပြောလိုက်သည် ။ ကဲအားလုံးဖယ် အားလုံးဖယ် ပြီးနောက် မေနှင်းအားတစ်စုံတစ်ရာ
လှမ်းပြောလိုက်သည်။
''ရော့ရော့ငါ့တူမ  ဘကြီးလက်ကိုယူလိုက် ဘကြီးလက်ကိုယူလိုက် ''ဟူ၏ ။


မှတ်ကရော


အရက်အလွန်သောက်သည့် ရဲသား ဂျိုနသန်ဟာ အလုပ်ချိန်ပြည်တိုင်း
လာရာလမ်းလေးအတိုင်းအိမ်ပြန်တတ်တယ် ။ တစ်နေ့တော့ လမ်းလေးကိုအဖြတ်မှာ
အသံတစ်ခုကြားရတယ်။
''ဟေ့ အရုးကြီး ..ငကြောင်ကြီး သောက်ပေါကြီး''
စကားအလွန်တတ်တဲ့ ကြက်တူရွေးတစ်ကောင်က လှမ်းဆဲတာကိုတွေ့ရတယ်။
ဂျိုနသန်လည်းသူ့ကိုပြောမှန်းသိတော့ စိတ်ဆိုးပြီး အိမ်ရှင်ကို ခေါ်တယ် ။
ဒဏ်ငွေ ၇၅ ရူဘယ်လ် ရိုက်လိုက်တယ် ။ ပြီးတော့ ရတဲ့ငွေကို ပျော်ပျော်ကြီးအရက်သောက်လိုက်တယ် ။
နောက်နေ့တွေမှာလည်း ကြက်တူရွေးက သူလာတိုင်း ပုံမှန်ဆဲတော့တယ်။
''ဂျိုနသန် သောက်ရူးကြီး ငပေါကြီး အရူးကြီး''
နံမည်ပါတယ်ပြီးဆဲလာတယ် ။ ဂျိုနသန်ကလည်း ပုံမှန် ဒဏ်ငွေ၇၅ ရူဘယ်လ်ရိုက်ပြန်တယ်။

နေ့စဉ်ဖြစ်လာတော့ ကြက်တူရွေးပိုင်ရှင်လည်း ဒဏ်ငွေနေ့စဉ်မဆောင်နိုင်တော့တာမို့
ဘုရားကျောင်းကကြက်တူရွေးနဲ့ လဲလိုက်တယ် ။
ညနေကျတော့ ဂျိုနသန်လမ်းထဲဝင်လာတော့ကြက်တူရွေးကိုတွေ့နေရပေမယ့် ဆဲသံမကြားရတော့ဘူး။
အရက်ဖိုးကလည်းလိုနေတာမို့ လှမ်းသတိပေးလိုက်တယ် ။
''ဟေ့ကြက်တူရွေးစုတ် ငါလေကွာ ဆဲတော့လေ ငါဂျိုနသန် သောက်ရူးလေကွာ
ငပေါလေကွာ ဂျိုနသန်အရူးကြီလေကွာ
အရက်သမားလူမိုက်ကြီးလေကွာ''
ဒီချိန်မှာငြိမ်ပြီးနားထောင်နေတဲ့ကြက်တူရွေးက
ချစ်သား အခုမှနောင်တရနေလို့ အပိုပဲ ကိုယ့်ကိုကိုယ်သိရင် ပြင်ယူပေါ့''




မီးသတ်ဘယ်မှာလဲ


ရဲသားလေး ပီတာဟာ ညဆယ့်နှစ်နာရီမှာ တာဝန်ပြီးလို့ အိမ်ပြန်လာတယ် ။
မှောင်နေတာမို့ အင်္ကျီချွတ်ပြီး ခန်းမှန်းခြေနဲ့ ချိတ်မှာချိတ်လိုက်တယ်။
''မိန်းမရေ ကိုယ်ပြန်လာပြီ''
မိန်းမလုပ်သူက''ယောက်ျားရေ ဗိုက်ဆာလို့လမ်းထိပ်ဆိုင်မှာစားစရာတစ်ခုခု သွားဝယ်ပေးစမ်းပါ''
ဆိုရာ ရဲသားလေးလည်း ချိတ်ပေါ်ကအင်္ကျီကို ဆွဲဝတ်ပြီး အပြင်ပြန်ထွက်လိုက်တယ် ။
လမ်းမှာအိမ်နီးချင်းတစ်ယောက်က
''ခင်ဗျား ရဲသားလေးပီတာ မဟုတ်ဘူးလား''
''ဟုတ်ပါတယ် ''ရဲသားလေးဖြေအပြီးမှာ အိမ်နီးချင်းပြန်ပြောလိုက်တာကတော့
''ရဲသားဆိုရင် ဘာလို့ မီးသတ်အင်္ကျီဝတ်ထားရတာလဲ ''တဲ့။


သိပ်မမူးသေးဘူး


အမူးကမားတစ်ယောက် တံခါးလာခေါက်တော့ အဖွားအိုက တံခါးဖွင့်ပေးရင်းမေးတယ် ။
''ဘာကိစ္စရှိလဲကွဲ့''
''မစ္စတာဘရောင်းနေတဲ့အိမ်ကို သိပါသလားခင်ဗျား ''အမူးသမားကမေးတယ်
အဖွားအိုက
''ဟေ့ သူငယ် မင်းမစ္စတာဘရောင်းပဲလေ''
''ဟုတ်ပါတယ် သူဘယ်မှာနေလဲသိချင်လို့ပါ'' ။


အားလုံးအဆင်ပြေစေရမယ်
မူးနေသူတစ်ယောက်ကို ရဲသားကြီိးက စချင်စိတ်နဲ့ မေးတယ် ။
မူးမူးရူးရူးနှင့်လျှောက်သွားနေလို့ သတိပေးချင်တာလည်းပါတာပေါ့။

''အန်ကယ် ကျွန်တော်ဘယ်သူလဲသိလား'' ဆိုတော့ အမူးသမားကပြန်ပြောလိုက်တယ်..
''အေး မင်းအဖေအမေနာမည်ကိုပြောစမ်း မင်းဘယ်သူလဲဆိုတာငါပြောနိုင်တယ်
 ဒီမြို့မှာ ငါမသိတဲ့သူတစ်ယောက်မှမရှိဘူး အိမ်ထိလိုက်ပို့ပေးမယ် စိတ်ချ ''။


အဲဗျ


လှထုံနှင့်ကျော်ကွန့်သည် အလွန်ထုံအလွန်အသော ဇနီးမောင်နှံဖြစ်သည်။
လှထုံ ကိုယ်ဝန်နဲနဲရင့်လာသေညအခါ လှထုံက သူ့ယောက်ျား
ကျော်ကွန့်ကို ဗိုက်ထဲကကလေး ပျော်အောင် သီချင်းဆို၍ကပြခိုင်းသည်။ ကျော်ကွန့်က မကလိုကြောင်း
အကြိမ်ကြိမ်ငြင်းဆိုသောအခါ လှထုံစိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်ကား
''ကိုကျော်ကွန့် ရှင်ဟာလေ ဒီကလေးနဲ့ပတ်သက်လာရင် ဘယ်တော့မှ အလိုမလိုက်ဘူး
ဂရုလည်းမစိုက်ဘူး ဒါကြောင့် ကျွန်မစဉ်းစားကြည့်တယ် ဒီဗိုက်ထဲကကလေးဟာ
ရှင်နဲ့ရတဲ့ကလေးမှဟုတ်ပါလေစလို့''

melventhan(ဖတ်မှတ်ဖူးသမျှများထဲမှ typing ခြင်းဖြစ်ပါသည်)


Wednesday 18 January 2012

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

artfreedom2

 The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

 ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၉ မိနစ်
(ဇာဂနာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။       ။ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------
ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

မိုးနှင့် မိုးအကြောင်း (မိုးသို့အလွမ်းစာ)

မိုးရွာတဲ့နေ့တစ်နေ့မှာတော့
အွန်လိုင်းထဲမှာ သီချင်းတွေကို ဟိုမွှေဒီမွှေလုပ်နားထောင်ရင်းက youtube ရဲ့ search box ထဲသို့
မိုး ဆိုပြီးရိုက်ထည့်မိသွားတယ် ။ မိုးစာလုံးပါတဲ့ သီချင်းတွေ အစီအရီကျလာခဲ့တယ်။
နားထောင်လို့ကောင်းရမယ် ခေတ်သီချင်းလေးလည်းဖြစ်ချင်တာနဲ့ မျိုးကြီးရဲ့မိုးကိုရွေးလိုက်တယ်။
စဖွင့်ဖွင့်ချင်း ထွက်လာတဲ့ မြူးဇစ်ကို နားဆင်ရင်းက သီချင်းရွေးတာမှန်သွားပြီဆိုပြီး ၀မ်းသာ
သွားတယ် ။ ဆက်နားထောင်ဖြစ်တောလည့်း စွဲသွားတယ် ။

သီချင်းနားမထောင်တာ ကြာပြီမို့လားတော့ မပြောတတ်ခဲ့ ။ သူ့မြူးဇစ်ရယ် စာသားရယ်
ဆိုပုံဆိုဟန်လေးတွေက တဖြေးဖြေးဆွဲခေါ်သွားတယ် ။ ဒီမှာတင် download လုပ်ထားလိုက်
တော့တယ်။ ပြီးတော့ အကြိမ်ကြိမ်ဆက်နားထောင်ဖြစ်ပြန်တယ် ။

တစ်ချိန်နည်းမှာပဲ မိုး ဆိုတဲ့မိန်းကလေးတစ်ယောက်ကို ဖျတ်ခနဲ့ သတိရစေခဲ့တယ် ။
ဒီခဏမှာပဲ စာအုပ်ဟောင်းတွေရှိရာဆီသွားပြီးလှန်လှောကြည့်ဖြစ်ပြန်တယ် ။

မိုးဆိုတဲ့အကြောင်းလေး ရေးခဲ့ဖူးတယ်ဆိုတာ မှတ်မိနေသေးတယ် ။ ရှိကိုရှိနေရမယ် ဆိုတာသေချာတယ် ။ ဟော ..တွေ့ပါပြီ ။ အသက်ငယ်စဉ်တုန်းကရေးထားတာမို့ ခလေးဆန်မှာဖြစ်
ပေမယ့် ရေးခဲ့ဖူးတယ် ရှိနေသေးတယ်ဆိုတဲ့အသိလေးက နှိုးဆွလာတယ် ။ ပြန်လည်ခံစားဖို့
အသိစီတ်ကို တွန်းအားပေးခြင်းခံရတယ် ။ မျှဝေချင်လာတယ် ။ ခံစားချက်တူသူတွေရှိနိုင်တယ်လို့ ယုံမိတာလည်းပါမယ် ။ ဒါပေမယ့်
မူရင်းကိုမျှဝေဖို့ကို ငြင်းဆန်မိရင်း ဆင်တူရိုးမှားစာတန်းလေးတွေရေးမိလိုက်ပြန်တယ် ။
ဒါနဲ့ပဲ notepad လေးမှာ မိတ်ဆက်တွေ
အင်ထရိုတွေ ခြေဆင်းတွေရေးဖို့ ဖြစ်လာခဲ့တယ် ။ ရေးနေရခြင်းအပေါ်မှာလည်း ထူးထူးခြားခြား
ကျေနပ်နေမိတယ် ။ စာရိုက်ပျင်းသူဟာ စိတ်ဝင်တစားတဖျေက်ဖျေက်ရိုက်ရင်းနဲ့ အခုလို
စာတွေ ထွက်ပေါ်လာခဲ့တော့တယ် ။
မိုး ဆိုတဲ့မိန်းကလေးအကြောင်း မပြောဖြစ်တော့မှာသေချာတယ် ။ ဒါပေမယ့် အဆိုတော် မျိုးကြီးကို
မိုး ဆိုတဲ့သီချင်းလေးကြောင့် ကျေးဇူးတင်ကြောင်းကို စားကောင်းသောက်ကောင်း
ပြောတာမဟုတ်ပဲ
ရင်ထဲက အမှန်တကယ်ပြောလိုက်ချင်သေးတယ် ။ သိပ်ကောင်းတဲ့ သီချင်းလေးပါ ။ ခင်ဗျားကို သိပ်ကျေးဇူးတင်တယ်လို့ပါ ။
ရင်ကိုထိခတ်ဆွဲယူသွားစေပါတယ် ။
ဒါပေမယ့် ဒီသီချင်း mtv က မူရင်းထုတ်လုပ်သူဖန်တီးချက် မဟုတ်လောက်ဘူးလို့
ထင်မြင်မိပေမယ့် ဖန်တီးသူက တော်တော်လှလှလေး ဖန်တီးထားတဲ့အတွက် အရသာမပျက်ဘူးလို့
ခံစားရတယ် ။ ။

မိုး
မိုးရယ်
ငြိမ်သက်နေတဲ့ နှလုံ့းသားထဲကို မဖိတ်ခေါ်ပါပဲ ရောက်လာခဲ့တယ် ။
မထင်မှတ်ပဲ ရွာချလိုက်တဲ့မိုးလို
ရင်တစ်ခုလုံးစိုရွှဲသွားခဲ့တယ် ။ မိုးရယ် ...။ နှစ်ကိုယ်တူထားဖူးတဲ့နားလည်ခြင်းတွေ ...မဖွင့်ဟနိုင်ခဲ့ကြတဲ့ ငြိတွယ်ခြင်းတွေကို မိုးခေါင်ရပ်ဝန်းထဲကနေ ဆုံးရှုံးခြင်းရယ်လို့ တတွတ်တွတ်
ညီးတွားမိရဲ့ ..လွမ်းဆွတ်နေမိရဲ့လေ။
အချိန်ရာသီတွေဘယ်လိုပြောင်းပြောင်း  မဟောင်းနိုင်ပါတဲ့ အတိတ်အကြောင်းကို မရွာပဲညို
တာနဲ့တင် နာနာကြင်ကြင်ခံစားနေရရဲ့။ မိုးရွာရင် ခံစားမှုပိုရတယ်....။ ဒါပေမယ့်ရွာစေချင်တယ် ။
မိုးရွာတာကိုချစ်တယ် ။ မိုး..ဆိုတဲ့မိန်းကလေးကိုချစ်တယ်လေ.. ။ အဲဒီအချစ်အတွက်ဘာမှမရခဲ့ရင်တောင် ...
ခံစားခွင့်ရတာလေးကို ကျေးဇူးတင်နေမိပါရဲ့..။

အပြစ်တင်ကြစတမ်းဆိုရင် ကြောက်ရွံ့တုန်ရီခဲ့တဲ့ နှလုံးသားတစ်စုံကိုပဲ အပြစ်ဖို့တင်ချင်တယ် ။ မိုး နှင့် ကိုယ်တို့ နှလုံးသားနှစ်ခုကို ဆက်သွယ်တံတားတို့ ခိုင်မြဲခဲ့ကြရဲ့နဲ့
ဘာလို့ ..နှစ်ဦးကြည်ဖြူတဲ့ ချစ်သူတွေမဖြစ်ခဲ့ရတာလဲ....
ဘာလို့များ .....လက်တွဲညီိညီမလျှောက်နိုင်ခဲ့ကြတာတဲ့လဲ... ။ ဒီ့အတွက် ရင်ထဲတလှပ်လှပ်ခံစားနေမိရဲ့လေ..။
ယူကျုံးမရခြင်းတွေဆိုတာ ဒီလိုလားလို့ မျက်ဝါးထင်ထင်ပါ ။
လောင်မြိုက်ခြင်းတွေကို စားသုံးဖြတ်ကျော်ရင်းပါပဲ။
ရုတ်တရက် မိုးဖွဲ့လေးရွာကျလာခဲ့သလိုမျိုး.. ။ မိုး လို့ခေါ်တဲ့ မိုးကို အမှတ်ရစိတ်ပိုလာခဲ့ပြန်တယ် ။
ဒီသီချင်းလေးကတော့ သတိရတိုင်းအခါခါနားဆင်ခဲ့ရတဲ့ မိုးလွမ်းသီချင်းတစ်ပုဒ်ပါ ။ မိုးကို
လွမ်းဆွတ်ရတဲ့ မိုးလွမ်းသီချင်းတစ်ပုဒ်ပါမိုးရယ်...။



မုတ်သုံမိုးဦး

Tuesday 17 January 2012

အသက်ကလေးရယ်တဲ့ ရှည်စေလို ဟာသရိပ်ခို

by Melven Than on Wednesday, January 18, 2012 at 2:30pm


တကယ်လို့များ

မြန်မာနိုင်ငံစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အစည်းအဝေးထိုင်နေကြသည်။
 ဗိုလ်ချုပ်မှူးကြီးက
''အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ်အကြွေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံကပြည်သူတွေကိုလည်း ကျွေးမွေးရတယ်'' လို့ပြောရာ
ဒုတိဗိုလ်မှူးကြီးက ထ၍
''ဒါဆိုအမေရိကန်နှင့် အင်္ဂလန်ကို ကျွန်တော်တို့စစ်ကြေငြာရအောင် သူတို့တွေကျွန်တော်တို့ကိုအနိုင်ယူပါစေ ဟုပြောရာတွင် တိုင်းမှူးတစ်ယောက်မှထပြီး မဖြစ်ဘူးထင်တယ် ကျွန်တော်တို့နိုင်ရင်ဘယ့်နှယ်လုပ်မလဲ ။''
ဒီလိုနဲ့အဖြေမထွက်ပဲအစည်းအဝေး ရုပ်သိမ်းလိုက်ရပါတယ် ။


ခေါင်းဆောင်တွေ့ပြီ

ဗိုလ်ချုပ်မှူးကြီးကဒေါသဖြင့်ပြောနေသည် ။
''ဘယ်လိုလဲတပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေးဗိုလ်ချုပ်ကြီး ဘုန်းကြီးတွေဆန္ဒပြတာမရပ်သေးပါလား မင်းပြောတော့လွယ်လွယ်လေးဆို ခေါင်းဆောင်တွေရွေးဖမ်းလိုက်ရင် ငြိမ်သွားမယ်ဆို ''

''ထောက်လှမ်းရေးအစီအရင်ခံစာမှာ
ခေါင်းဆောင်တွေတိတိကျကျမသိရသေးဘူးလို့ တင်ပြလာလို့ပါဗိုလ်ချုပ်မှူးကြီး
နည်းပေါင်းစုံနဲ့ခေါင်းဆောင်တွေဖော်ထုတ်ခိုင်းထားပါတယ်''
ထိုစဉ်ရုံးခန်အတွင်းသို့ ဗိုလ်မှူးကြီးတစ်ယောက် ရေးကြီးသြတ်ပြာဝင်လာသည်။
''ဗိုလ်ချုက်မှူးကြီး ဗိုလ်ချုပ်မှူးကြီး ကျွန်သေံဃာတွေရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာသိပြီ
ဟောဒီစာအုပ်ထဲမှာပါတယ်''

''ဟေ ..ဟုတ်လားဘယ်သူလဲအမြန်ပြောစမ်း''

''ဂေါတမတဲ့ဗိုလ်ချုပ်မှူးကြီး''
''အေးဒါဆိုသူ့ကိုအမြန်ဖမ်းလိုက် ။''



နှစ်ဆယ့်ငါးရာနှုန်း

ဆရာဝန်ကြီးတစ်ယောက် နေပြည်တော်သို့ ကျန်းမာရေးအစိအရင်ခံစာတစ်စောင် လာပို့သည်။ ဗိုလ်ချုပ်ကြီးတစ်ဦးကကြည့်ပြီးမေးလိုက်သည်။
''အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအာက်စ်
နဲု့ သေဆုံးသူစာရင်းမှာ လူတစ်ရာဆိုပြီးဘာလို့ ၇၅ ယောက်ထဲ ဖြစ်နေတာလဲ''
 ဆရာဝန်ကြီးက
''ကျန်တဲ့၇၅ ရာနုန်းက တပ်မတ်ာအတွက်ပါ''ဟုဖြေလိုက်သည်။

ထင်တာကတခြား

တရားခွင်တစ်ခုတွင်ဖြစ်ကည် ။
တရားသုကြီး   တရားခံက
''သူငယ်မကို ပွဲခင်းထဲကခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား''

တရားလို
''ဟုတ်ပါတယ်တရားသူကြီးမင်း''
တရားသူကြီး
''ဒါဖြင့်ရင် ပွဲခင်းပရိတ်ထဲမှာတုန်းက ဘာလို့အော်ဟစ်အကူအညီမတောင်းတာလဲ''
တရားလို
''ကျွန်မအနားအသာကပ်ပြီး လက်ကုပ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်လို့
မထင်ခဲ့မိလို့ပါ။''

ဒါကြောင့်ကိုး

မြန်မာပြည်အနှံ့ဆန္ဒပြမှုများဖြစ်ပွားနေရာ နာမည်ကျော်မန္ဒလေးမြို့ကငြိမ်သက်နေပြီး
မန္ဒလေးသားများ အရှက်ရဖွယ်ဖြစ်နေသည်။ သို့သော်လည်း မန္တလေးသားစကား ဆိုသည့်အတိုင်း
စကားမလျှော့ ။
သူတို့မန္တလေးကသံဃာတောင်တွေကိုပဲ အားကိုးအားထားပြုရတာဖြစ်ကြောင်း
ပြောရင်း ထပ်ဆင့်ပြောလိုက်တာကတော့
မတ္တလေးကသံဃာတော်တွေ ပခုက္ကူပြောင်းသွားကုန်ပြီ ..မန္တလေးမှာ တရုတ်ဘုန်းကြီးတွေပဲကျန်တော့တယ် ။

နှိုးရခက်တုန်း

''သား.. ကျောင်းသွားရမယ် အိပ်ရာကထတော့လေ''

''သားကျောင်းမသွားချင်ဘူးမေမေ....''
''မသွားချင်လို့ရမလားသားရယ် သားကကျောင်းဆရာလေ'' ။

ဒီလိုမလုပ်နဲ့

ရှစ်နှစ်သမီးက လေးနှစ်သား သူ့မောင်လေးကို ပြောနေသည်။
မမအင်္ကျီကိုချွတ်စမ်း
မောင်လေးကချွတ်သည်။

မမအတွင်းခံကိုချွတ်စမ်း
မောင်လေးကချွတ်ပေးသည် ။

ကဲမမရဲ့ဘောင်းဘီကိုချွတ်စမ်း
မောင်လေးကချွတ်ပေးပြန်သည် ။
မှတ်ထား နောက်တခါမမအ၀တ်အစားတွေ ယူမ၀တ်ရဘူးနော် ။



အရက်သမား

သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း ပိုက်ဆံကုန်သွားတယ်။
သောက်လို့လဲမ၀သေးတာမို့ နှစ်ယောက်သား ပိုက်ဆံသွားယူကြတယ် ။

အိမ်ရောက်တော့ မိန်းမဖြစ်သူနှင့် တစိမ်းယောက်ျားတစ်ယောက်ကို ပူးပူးကပ်ကပ်
တွေ့လိုက်ရတယ် ။
''မိန်းမရယ် ပိုက်ဆံနည်းနည်းပေးဦးဟ''
''အော် ပိုက်ဆံအိပ် အပေါ်ထပ်မျာရှိတယ်ရှင့်''
ယောက်ျားလုပ်သူကပိုက်ဆံတက်ယူပြီး ပြန်ဆင်းလာတယ်။

''လာသူငယ်ချင်း သွားသောက်ရအောင်''

''ဟာ  ဟေ့ကောင် မင်းမိန်းမနှင့် ယောက်ျားတစ်ယောက်အတူရှိနေတယ်လေကွာ''
''ဟာကွာ ...သူ့ကိုမတိုက်နိုင်ပါဘူး သောက်ချင်ရင် သူ့ဘာသူဝယ်သောက်ပစေ ။''

ဦးနှောက်ဟင်း
သတင်းထောက်တစ်ယောက် ဆောင်းပါးရေးရန်လမ်းပြနဲ့အတူ လူသားစားလူရိုင်းများ
နေထိုင်ရာဒေသကို ရောက်လာသည်။ လမ်းပြကပြောလိုက်သည်။
ရှေ့မှာထမင်းဆိုင်ရှိတယ် ထူးထူးဆန်းဆန်းဟင်းတွေရတတ်တယ်
သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်။ ကောင်တာရှေ့တွင် ကောင်တာရှေ့တွင်
ကြော်ငြာသင်ပုန်းတစ်ချပ်ထောင်ထားသည်။
ယနေ့အထူးဟင်းများ
ဆရာဝန်ဦးနှောက် ၅၀ သား = ၅၀၀၀ ကျပ်
ရှေ့နေဦးနှောက် ၅၀ သား = ၆၀၀၀ ကျပ်
ကျောင်ဆရာဦးနှောက် ၅၀ သား= ၇၀၀၀ ကျပ်
ကြံ့ဖွတ်ဦးနှောက် ၅၀ သား = ၅၀၀၀၀ ကျပ်
စွမ်းအားရှင်ဦးနှောက် ၅၀ သား = ၅၀၀၀၀ကျပ်
သတင်းထောက်က တအံ့တသြမေးလိုက်သည်
''ကြံ့ဖွံ့နှင့် စွမ်းအားရှင်ဦးနှောက်က တော်တော်စားကောင်းသလား''
မြန်မာစကားတတ်သောဆိုင်ရှင်က ၀င်ဖြေလိုက်သည်။
''မဟုတ်ပါဘူး ငါးဆယ်ကျပ်သားပြည့်ဖို့ စစ်သားနှင့် ကြံ့ဖွတ်တွေ အများကြီးသတ်ရလို့ပါ ။''

:)

 (မှတ်မိသမျှနှင့် တွေ့သမျှတွေကို စုစည်းဖော်ပြခြင်းဖြစ်ပါသည်)

melventhan

"နောက်ကျခြင်းအကျိုးကို အကျိုးရှိရှိအသုံးချဖို့လိုမယ်"


by Melven Than on Wednesday, January 18, 2012 at 1:52pm
၁၉၉၀ ခုနှစ်တွေမှာ ဥရောပရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖင်လန် Finland နိင်ငံဟာ ၁၀ နှစ်တာကာလအတွင်းမှာ အဆင့်မြင့်နိုင်ငံတစ်ခုဖြစ်လာခဲ့တယ် ။

အောင်မြင်မှုတွေမှာ ထူးခြားတဲ့သမိုင်းမှတ်တိုင်တွေ အများကြီးရှိခဲ့တယ်။ အဲဒီထဲမှာပညာရေးနဲ့ ဒီမိုကရေစီတန်ဖိုးကို အလေးအနက်ထားခြင်းတို့ ပါဝင်ပါတယ် ။

တိုင်းပြည်အပြောင်းအလဲဖြစ်လာဖို့အတွက် မူဝါဒရေးဆွဲသတ်မှတ်သူတွေရဲ့ (MINDSET)
ခေါက်ရိုးကျိုးနေတဲ့ စိတ်နေသဘောထားအတွေးအမြင်တွေ ကို ပြောင်းလဲပစ်ကြရမယ် ။
(ဒီမှာ မူဝါဒရေးဆွဲသတ်မှတ်သူတွေဆိုတာ အစိုးရပိုင်းတွေသာဆိုလိုတာမဟုတ်ပါ။
စီးပွားရေး လူမှုရေးကျန်းမာရေး ပညာရေးစတဲ့ အဖက်ဖက်က မူဝါဒရေးဆွဲခြင်းလို့ နားလည်ရတယ်။)

ဆန်းဝေးကောလိပ်တက္ကသိုလ်က အာရှနည်းဗျူဟာနှင့် ခေါင်းဆောင်မှုဆိုင်ရာဌာန ဦးဆောင်စည်းရုံးရေးမှူးများ လူထုဆွေးနွေးပွဲက ကောက်နှုတ်ချက်တွေဖြစ်ပါတယ်။

အာရှနိုင်ငံတွေအတွက် အရေးအကြီးဆုံးလိုအပ်မှုတွေဟာ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဆီက
ရနိုင်သလောက်သောနည်းပညာတွေကို ရယူထားနိင်ကြဖို့ဖြစ်တယ်။ အသိပညာအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးတွေကို အဓိကလုပ်ဆောင်နိုင်ဖို့ရာ
ဦီးစားပေးထားအစီအစဉ်ရှိဖို့လည်း လိုအပ်နေကြတယ် ။ အဲဒီအသိပညာတွေကို အသုံးချပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေကို
ဆင့်ကဲထူးခြားတဲ့အနေအထားဆီရောက်အောင် စီမံတတ်ဖို့ကတော့ အရေးအကြီးဆုံးပါ။

နှိုင်းယှဉ်ပြောရမယ်ဆိုရင် အပေါ်မှာပြောလာသမျှတွေဟာ မြန်မာပြည်ပြန်လည်ထူထောင်ရေး
နှင့် ထပ်တူထပ်မျှကျအောင် ပတ်သက်နေပါတယ်။ မြန်မာ့အရေးမှာ လူထုကိုမတွက်ခင်
တိုင်းပြည်ကိုအုပ်ချုပ်ပဲ့ကိုင်ကြမယ့် အစိုးရလူတန်းစားတွေကို အရင်တွက်စစ်ကြည့်ရမယ်။

အစိုးရအဖွဲ့ထဲမှာ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေ အမြောက်အများပါရှိနေဖို့လိုပါတယ်။
ရှိတဲ့ပညာရှင်တွေကို ထိုက်တန်တဲ့နေရာတွေမှာ ပီပီပြင်ပြင်လုပ်နိုင်ခွင့် ပေးတတ်ဖို့နဲ့ တာဝန်ပေးခံရသူတွေကလည်း တာဝန်ယူတတ်ကြမယ်ဆိုရင် အချိန်တိုတိုအတွင်းမှာ ထိရောက်မှုအများကြီးရှိလာနိုင်တယ်။ တိုးတက်လာနိုင်ပါတယ်။
ဒုတိယကမ္ဘစစ်က အနုမြူဗုံးကျဲခံရပြီးနောက် ပြာပုံထဲကနေထွက်ပေါ်လာတဲ့ ဟီရိုရှီမားမြို့ဟာ
ဖီးနစ်ငှက်လို သူဘာသူထလာတာမဟုတ်ပါဘူး။ ဆိုင်ရာဆိုင်ရာဌာနကလူတွေအားလုံး နှင့်လူထုမှာ ပြန်လည်ထူထောင်ဖို့ရာ တူညီတဲ့
ပြင်းပြမှုတွေရှိကြခြင်းရယ် တကယ်ဖြစ်ချင်တဲ့ စေတနာတွေပါကြလို့ပါ။ ဒါကို
စံပြထားနိုင်ရင် အကောင်းဆုံးရလဒ်တွေ ထွက်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

တက်သစ်စနိုင်ငံတွေ သို့မဟုတ် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်တဲ့နိုင်ငံတွေအတွက် အကောင်းဆုံး
ရွေးပြောရတဲ့ စကားတစ်ခွန်းရှိပါတယ်။ ''နောက်ကျခြင်းရဲ့အကျိုးကျေးဇူး '' ဆိုတဲ့စကားပါ။ ပစ္စည်းတစ်ခုသို့မဟုတ် နည်းပညာတစ်ခုကို အစပြုတီထွင်ခြင်းမှာမသုံးရပေမယ့်   ဖွံ့ဖြိုးမှုအဆင့်မြင့်တဲ့အချိန်မှာမှ သုံးခွင့်ရမယ်။ ချို့တဲ့တဲ့နေရာကနေ မစရတော့တဲ့အတွက် ဖွံ့ဖြိုးမှုမြန်တယ်လို့ ဆိုကြတယ်။ မြန်တာကိုလည်းတွေ့ရတယ်။ တစ်ခုပဲပြောစရာရှိပါတယ် ။ အသုံးတည့်အောင် သုံးတတ်ကြဖို့လိုမယ်ဆိုတာပါ။

ကျွန်တော်တို့နိုင်ငံသည်လည်း နောက်ကျခြင်းကစရမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးပြီးသားတွေကို
ထိတွေ့ရမှာဖြစ်တယ်။ လူမတတ်ပေမယ့် လက္ဖက်တတ်တာရှိသလို ရွှံ့မကောင်းပေမယ့်
 အိုးထိန်းသည်ကောင်းရင် အိုးလှလှတွေရလာတတ်ပါတယ်။ အဓိကအရေးအပါဆုံးက အိုးထိန်းသည်ဖြစ်တဲ့အပြင် ရွှံ့ မကောင်းပေမယ့် အလှဆုံးဖန်တီးချင်စိတ် ရှိနေဖို့ပါ။ လိုအပ်ချက်များ
မှာတော့သေချာတယ်။ နောက်ကျခြင်းကိုနားလည်မယ် စိတ်အင်အားတွေထုတ်သုံးနိုင်မယ် ဆိုရင် အရေးအပါဆုံးကစ္စတွေကို အလိုအလျောက်ကျော်ဖြန်ပြီးသားဖြစ်မှာပါ။

၁၉၅၇ မှာ လွတ်လပ်ရေးရခဲ့တဲ့ အာရှတိုက်ထဲက အိမ်နီးချင်း မလေးရှားနိုင်ငံဟာ
၁၉၄၈ ကတည်းကလွတ်လပ်ရေးရခဲ့တဲ့ မြန်မာပြည်ထက် ဆယ်နှစ်နောက်ကျ ခဲ့သလို
ကိုလိုနီနိုင်ငံမဖြစ်ဖူးတဲ့ ထိုင်းနိုင်ငံထက် တိုးတက်မှုနောက်ကျခဲ့တယ် ။ လက်ရှိအနေအထားမှာတော့
မလေးရှားဟာ ထိုင်းနိုင်ငံကိုကျော်တက်သွားတာ ဆယ်စုနှစ်တွေမကတော့ပါဘူး။ သူတို့ဟာနောက်ကျခြင်းကိုသိတယ်။ ဒါပေမယ့် နောက်ကျနေတာကိုလက်မခံဘူး ။ ကျားကုတ်ကျားခဲကြိုးစားကြရင်းက အခုလိုတိုးတက်တဲ့နိုင်ငံဖြစ်လာခဲ့တယ်။

ကျွန်တော်တော်တို့နိုင်ငံမှာ အဲဒီနိုင်ငံတွေလို ခေတ်စနစ်မကောင်းခဲ့ပေမယ့် ကောင်းလာမယ့်
အနာဂတ်စနစ်တွေမှာ နောက်ကျခြင်းရဲ့ဖွံ့ဖြိုးမှုတွေကို စနစ်တကျစားသုံးနိုင်ခဲ့ရင် အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။ ဆင့်ကဲတဲ့လုံ့လတွေထပ်ပိုးနိုင်ခဲ့ရင်တော့
အာရှကျားတစ်ကောင်ဖြစ်လာဖို့ရာ လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှား
တွေးမြင်နိုင်ပါတယ်။ ။
နောက်ကျခြင်းဟာ စိတ်ပျက်အားလျော့စရာမဟုတ်ပါ ။ ယူတတ်ရင်အကျိုးကျေးဇူးတစ်ခုသာ
ဖြစ်ပါတယ်လို့မှတ်ယူသင့်ကြောင်းပါ။
 melventhan

Sunday 15 January 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်း


by May Thingyan Hein on Sunday, January 15, 2012 at 3:57pm
မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)
ဇန်န၀ါရီလ ၁၅၊ ရန်ကုန်မြို့။

နှစ်ထပ်တိုက်အိမ်လေးရဲ့ အ၀င်မှာပဲ ပန်းချီကားတွေကို အဝေးကတည်းက လှမ်းမြင်ရပါတယ်။ ပန်းချီကားတွေနဲ့ အိမ်က ကိုမင်းကိုနိုင်ရဲ့ အိမ်ပဲ လို့ လမ်းညွှန်ခဲ့သူတဦးရဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရလိုက်မိတယ်။

ဧည့်ခန်းထဲမှာလည်း ကိုမင်းကိုနိုင်ရဲ့ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွှန့်က ဧည့်သည်တွေကို ထိုင်ပြီး ဧည့်ခံနေခဲ့တာ တွေ့ရပါတယ်။

နံရံအနှံ့ချိတ်ဆွဲထားတဲ့ ဆိုဒ်မျိုးစုံနဲ့ပန်းချီကားတွေရယ် ကိုမင်းကိုနိုင်ကို လာရောက်တွေ့ဆုံနှုတ်ဖို့လာကြတဲ့ မိတ်ဆွေသားချင်းတွေရယ်က အိမ်ခန်းထဲမှာ အပြည့်ပါပဲ။

၈၈မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုသက်ဦး၊ ကိုသိမ်းဆွေ၊ကိုကိုကြီးတို့အပြင် အခြားမိတ်ဆွေ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားအချို့ကိုလည်း တွေ့ရပါတယ်။

`တနေ့က ကိုမင်းကိုနိုင်လွှတ်တဲ့နေ့တုန်းကသတင်းထောက်တယောက်ရောက်လာပြီး ဘယ်လို ခံစားရလဲလို့မေးတယ်ဗျ။
ကျနော်က ဘယ်လိုမှ မခံစားရပါဘူးဗျာ လို့ ဖြေတော့ကျနော့်မျက်နှာကို သေချာ စိုက်ကြည့်နေလိုက်တာဗျ။ တကယ်ပါ ဖမ်းသွားတဲ့နေ့တုန်းကလည်း အဲလိုပဲ မေးခံရပါတယ်။ တကယ်ကို မခံစားရတာပါ။ သားက သူ့အလုပ်သူုလုပ်နေတာပဲ၊ ကျနော်ကလည်း ပန်းချီဆွဲတော့ ပန်းချီဆွဲတဲ့အလုပ် ပတ္တလားတီးတဲ့ အလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ပါတယ်`လို့ ဆရာကြီးက ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

ငွေရောင်ဆံပင်နဲ့ အသားဖြူဖြူ မျက်နှာကျဥပဓိရုပ်ကောင်းလှတဲ့ ပန်းချီဆရာကြီးက ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ပြောနေတာကို ကျမ လေးစားနှစ်ခြိုက်စွာ ငေးကြည့်ရင်း နားထောင်နေခဲ့တယ်။ သားဖြစ်သူကို လေးစားဂုဏ်ယူတဲ့ ဖခင်တယောက်ရဲ့ စကားတွေဟာ ကျမတို့အတွက်တော့နားဝင်ချိုလှပါတယ်။

`သူက မနေ့ကလည်း ခရီးပန်းပြီး အိပ်ရာဝင်တာနောက်ကျတော့ သူအိပ်ရာထ နောက်ကျလိမ့်မယ် ထင်ပြီး သမီးတို့ကို အဘက မနက် ၉နာရီလောက်လို့ ပြောလိုက်တာ။ သူက ဒီမနက် အစောကြီး နိုးတယ်ဗျာ၊ မနက် ၆နာရီကတည်းက နိုးနေတယ်လေ`လို့ ပန်းချီဆရာကြီးက သားဖြစ်သူရဲ့ လုံ့လကို ပြောပြပါတယ်။

တအိမ်လုံးနံရံတွေမှာ အပြည့်ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေအပြင် စင်တွေမှာ အရွယ်စုံတင်ထားတဲ့ ပန်းချီကားတွေကလည်း အများကြီးပါ၊ ကျမတွေ့ဖူးတဲ့ ပန်းချီဆရာကြီးတွေထဲမှာတော့ ပန်းချီကားအများဆုံး ပန်းချီဆရာကြီးပါပဲ။ ပြီးတော့ ရှု့ခင်းပုံတွေကို အများကြီး ဆွဲထားတာ တွေ့ရပါတယ်။

ပန်းချီဆရာကြီးနဲ့စကားပြောခွင့်ရနေတုန်းမှာပဲ အစိမ်းရင့်ပေါ်မှာ ကွက်စိတ်အစိမ်းကွက်စိတ်စင်းလေးတွေပါတဲ့ရှပ်စ်အကျီာင်္လက်တိုနဲ့ကချင်ပုဆိုးဝတ်ထားပြီးအပေါ်ဝတ် ဝေ့စကုတ်အဖြူရောင်ထပ်ဝတ်ထားတဲ့ ကိုမင်းကိုနိုင်က ဧည့်သည်များရှိရာ ဧည့်ခန်းထဲကို ရောက်လာပါတယ်။

ဧည့်သည်တွေနဲ့တယောက်ချင်း ရင်းရင်းနှီးနှီးပြောဆိုနေတဲ့ ကိုမင်းကိုနိုင်ကို ကျမတို့လည်းငေးကြည့်နေမိတယ်။ သူ့သတင်းတွေ၊ သှူု့ဓါတ်ပုံတွေကို မြင်ဖူးတာကလွဲလို့ ခုလို အပြင်မှာ တခါမှလည်း တွေ့ဖူးတာ မေးခွန်းမေးဖူးခဲ့တာမရှိပါဘူး။

သို့သော်လည်း သူ့အကြောင်းရေးထားတဲ့စာတော်တော်များများကို ကျမ ဖတ်ခဲ့ဖူးပါတယ်။ ခုလည်း သူ့ကိုမြင်ရတာ ကျမနှင့်စိမ်းနေသလို မခံစားရပဲ ရင်းနှီးသလို ရှိနေခဲ့တယ်။

သူ့မိတ်ဆွေတွေနဲ့ရွင်လန်းစွာပြုံးရင်း စကားပြောနေတဲ့ အမူအရာက အမြဲတွေ့နေကြ မိတ်ဆွေတွေနဲ့ တွေ့ဆုံနေသလိုမျိုးပဲ အေးအေးဆေးဆေးနှင့်တည်တည်ငြိမ်ငြိမ်ရှိလှပါတယ်။ သူကို ကြည့်ရင်း မြန်မာ့နိုင်ငံရေးလောကရဲ့ လောကဓံကို ဖြတ်သန်းရင်ဆိုင်ခဲ့တဲ့ သူတယောက်ရဲ့ လေးနက်တည်ငြိမ်မှုနဲ သိမ်မွေ့မှုတို့ကို တွဲယှက်ပြီး  မြင်တွေ့နေရတယ်လို့ လည်း ထင်မှတ်မိပါတယ်။

တိုင်းပြည်အတွက် သူ့ဘ၀တခုလုံး ပေးဆပ်ခဲ့တဲ့၊ပေးဆပ်နေတဲ့  သူ့လုပ်ရပ်ကို ပြည်သူတွေ ချစ်ကြသလို၊ သူ့ရဲ့ ရိုးသားမှု၊ တည်ငြိမ်လေးနက်မှု၊ သိမ်မွေ့အေးဆေးမှုကလည်း ပြည်သူတွေကို ချစ်စေခဲ့ပါလိမ့်မယ်။

ကျမသူ့ကို စမေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကျမစပြီးမေးလိုက်မိတဲ့ မေးခွန်းက ကျမစိတ်အ၀င်စားဆုံးဖြစ်တဲ့ မေးခွန်းပါ။
`အကိုရေးတဲ့နောက်ကြည့်မှန်၊အဲဒီဝတ္ထုဖတ်ပြီးတော့အကိုစာရေးကောင်းလိုက်တာလို့အသိအမှတ်ပြုလိုက်ရတယ်၊ အဲဒီဝတ္ထုကို တညတည်းနဲ့အပြီးဖတ်လိုက်တာ၊ ဖတ်ပြီးတော့လည်း စိတ်မကောင်းဖြစ်ရသေးတယ်`လို့ ပြောလိုက်မိပါတယ်။

`အဲဒီဝတ္ထုက ဒီလိုဗျာ၊ကျနော်အသက် ၂၀လောက်တုန်းက ရေးထားတာ တော်တော်ကြာပြီ၊ ငယ်လက်ရာကြီး ဖြစ်နေတယ်၊တော်တော်ကလေးဆန်ပါတယ်ဗျာ`လို့ ပြောတော့ ကျမက `ဒါပေမဲ့ ၀တ္ထုကောင်းပါ ကောင်းပါတယ်`လို့ ဆက်ပြောတော့ သူက အသံထွက်ပြီး ဟားဟားနဲ့  ရိုးသားစွာ ရယ်နေသေးတယ်။

တကယ်တော့ `နောက်ကြည့်မှန် `] ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုမင်းကိုနိုင်ရေးခဲ့တဲ့ ၀တ္ထုကို ကျမက ၂၀၀၉၊ ၂၀၁၀ ခုနှစ်လောက်တုန်းက အွန်လိုင်းပေါ်ကနေ E.book အနေနဲ့ ဖတ်ခဲ့ရတာပါ။ ည ၉နာရီလောက်ကနေစဖတ်ခဲ့တာ၊ ဖတ်လို့ကောင်းလွန်းလို့ ဆက်ဖတ်ချင်တာနဲ့ပဲ ဆက်ဖတ်ခဲ့တာ ဖတ်ရင်း မိုးလင်းသွားခဲ့တဲ့ ၀တ္တုတပုဒ်လို့လည်း ပြောလို့ရပါတယ်။ ကျမတို့ သူ့ဝတ္ထုဖတ်နေချိန် သူက ထောင်ထဲမှာလို့လည်း တွေးမိပြီး စိတ်မကောင်းစွာနဲ့ ဖတ်ခဲ့ရတဲ့စာလို့လည်း ပြောနိုင်ပါတယ်။

``၀တ္ထု၊ ကဗျာ ရေးဖို့ကော အစီစဉ်ရှိလားအကို`လို့ ကျမ ဆက်မေးမိပါတယ်။

`၀ါသနာအလျောက်လုပ်ထားတာပါ၊ ကျနော်နောက်ထပ် ရေးပြီးသားတွေကို ရှိတယ်။ ဒါပေမဲ့ အိမ်တအိမ်မှာ ၀င်ဖမ်းတုန်းက သူတို့က လူကိုမရတဲ့အခါမှာ အဲဒီစာမူတွေအကုန်ယူသွားရောဗျာ၊ ကျနော် ပြန်တောင်းဖို့ရှိတယ်ရအောင်ပြန်တောင်းဖို့တော့ ကြိုးစားကြည့်ဦးမယ်၊ အများကြီး ရေးထားတာရှိတယ်။ အနုပညာသက်သက်တွေပါ`လို့ ကိုမင်းကိုနိုင်က ဖြေပါတယ်။


အဲဒီမေးခွန်းအပြီးမှာတော့ကိုမင်းကိုနိုင်သရက်ထောင်ကနေထွက်လာပြီးနောက်ပိုင်းမှာ သူ့နဲ့ပြည်သူလူထုတိုက်ရိုက်ထိတွေ့ကြတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ပါတယ်။

ဇန်န၀ါ၇ီလ ၁၂ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သရက်ထောင်ကနေပြန်လွတ်လာတဲ့အချိန် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ သတင်းထောက်တွေနဲ့ပြည်သူလူထုပေါင်းများစွာဟာ မင်းကိုနိုင်ကို သွားရောက်စောင့်ကြည့်ကြိုဆိုခဲ့ကြတာပါ။ ဒါ့အပြင် ကိုမင်းကိုနိုင်ရဲ့ ရန်ကုန်အပြန်ခရီးစဉ်တလျှောက်က မြို့တွေမှာ ဒေသခံ ပြည်သူတွေက ကိုမင်းကိုနိုင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို လူထုအတွက် စကားတွေလည်း ပြောဆိုပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကိုမင်းကိုနိုင်က ခုလို ပြောပါတယ်။
`ကျနော့်အတွေ့အကြုံအရ ပြောရရင် ကျနော့်အနေနဲ့တော့ နှစ် ၂၀နောက်ပိုင်းမှာပြည်သူတွေနဲ့ ပြန်ပြီးထိတွေ့ခွင့်ရခဲ့တာပါ၊  ဟုတ်ပါတယ် လူတွေရဲ့ နိုးကြားလာမှု၊ ထပ်ပြီးတော့မျှော်လင့်ချက်တွေ ခိုင်မာလာမှုနဲ့စိတ်အားပါမှုကတော့ နှစ် ၂၀ ကျော်မှ ပြန်တွေ့ရတာပါ`လို့ကိုမင်းကိုနိုင်က ဖြေပါတယ်။

၈၈ ခုနှစ်အလွန်ကာလနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်အချိန်၊ ၅နှစ်ကျော်ခန့် နှစ်တွေဝန်းကျင်တုန်းကတော့ ပြည်သူလူထုဟာ ကိုမင်းကိုနိုင်ကို ကြိုဆိုဖို့မပြောနဲ့ကိုမင်းကိုနိုင်ရဲ့ အကြောင်းကိုတောင် ခဟဟ မပြောရဲခဲ့တဲ့ အနေအထားတခုကို မြန်မာပြည်သူတွေ ကျရောက်ခဲ့ကြရပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကာလတွေမှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုသာမက သူတို့နဲ့ပတ်သက်နေတဲ့သူတွေ၊အားပေးခဲ့တဲ့သူတွေကိုပါ ဖမ်းဆီးခံခဲ့ကြရတဲ့အတွက် ပြည်သူတွေဟာ နိုင်ငံရေးဆိုတာ ကြောက်စရာတခုလို အသိအမြင်တခုကို နှစ်၂၀ကျော်ကြာအောင်ကြုံခဲ့ရပါတယ်။

၂၀၁၀ရွေးကောက်ပွဲအပြီး  အရပ်သားအစိုးရတက်လာချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးခဲ့ပြီးပါတယ်။ အဲဒီနောက်ပိုင်းမှာ  ပြည်သူလူထုရဲ့ နိုးကြားမှုဟာလည်း ပြန်လည်စတင်လာခဲ့ပါတယ်။ ခုလို ကိုမင်းကိုနိုင်အပါအ၀င် မြန်မာ့နိုင်ငံရေးရဲ့ အထင်ကရခေါင်းဆောင်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးလိုက်ပြီး ဒီမိုကရေစီအစိုးရအသွင်ကူးပြောင်းနေတဲ့အစိုးရကလည်း သူ့ရဲ့စတင်ပြောင်းလဲမှုတွေကို ပြသနေခဲ့ပြီလို့ ကျမကတော့မြင်မိပါတယ်။

`အနှစ် ၂၀ ကျော်လောက်ပေးဆပ်ထားရတာတွေဟာ အလဟဿ မဖြစ်ပါဘူးလေ။ မပြောင်းလို့မရပါဘူး။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က သဘောပေါက်ကြပြီလို့ ကျနော်ထင်ပါ၊ သဘောပေါက်လို့လည်း ပြောင်းဖို့ ကြိုးစားနေတဲ့သူတွေ ရှိပါတယ်`လို့ကိုမင်းကိုနိုင်က အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတခုအဖြစ်ပြောင်းလဲနေချိန်ဖြစ်ပေမဲ့ အချို့ခေတ်နောက်ပြန်ဆွဲစေတဲ့ အကြောင်းအရာအချို့ကိုလည်းတွေ့မြင်နေရဆဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာလည်း အဓိကဦးစားပေးပြီး
မဖြစ်မနေဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေ ဖြစ်လာကြောင်း ကိုမင်းကိုနိုင်က သုံးသပ်ပြောဆိုပါတယ်။

`အဟောင်းကိုဆင်ပြီး ဖက်တွယ်ချင်တဲ့ အင်အားစုတွေရှိနေသလိုရှိနေလို့ကတော့ မြန်မာ့ ဒီမိုကရေစီရေးက လိုသလောက်ခရီးမရောက်သေးဘူးပေါ့ဗျာ`လို့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
ဒါ့အပြင် ကိုမင်းကိုနိုင်ကို လက်ရှိ မြန်မာ့မီဒီယာနဲ့ပတ်သက်တဲ့သူ့အမြင်ကိုလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။

ပြည်တွင်းမှာ ရေးသားထုတ်ဝေနေကြတဲ့ ဂျာနယ်တွေမှာ အများဆုံးတွေ့မြင်နေရတာက ဘက်မျှမှုမရှိတဲ့အနေအထားတွေကို တွေ့မြင်နေရကြောင်း မီဒီယာအနေနဲ့ဘက်မျှအောင် ရေးသားထုတ်ဝေဖို့လိုအပ်ကြောင်းကိုသူက ပြောဆိုပါတယ်။

`ကျွန်တော်တို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဘက်နှစ်ဖက်မျှအောင် ရေးရမယ်။ ဘက်နှစ်ဘက်လုံးကိုတင်ပြမှသာ စာဖတ်သူက ရွေးချယ်လို့ရမှာပါ။ တဖက်ကိုပဲ ဖော်ပြခွင့်ရတဲ့အပေါ်မှာ ကျေကျေနပ်နပ်ကြီး လုပ်နေကြတဲ့ မီဒီယာတွေဟာ ဒီကနေ့ နဲနဲလေး လူးသာလွန့်သာရှိလာပြီ။ ဒါပေမယ့် အရင် အတွေးအခေါ်၊ အရင်စိတ်ဓါတ်တွေနဲ့တော့ မလုပ်ကြပါနဲ့လို့ အနှုးအညွှန့်မေတ္တာရပ်ခံပါတယ်။ ရဲရဲတင်းတင်း ဘက်ပေါင်းစုံကနေ ဖော်ပြပေးကြပါ။ ကျွန်တော်တို့ အပေါ် မကောင်းမြင်တဲ့ ကိစ္စတွေရှိရင်လည်း ဖော်ပြကြပါ။ အရေးကြီးတဲ့ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘက်နှစ်ဘက်စလုံးက အတွေးတွေ၊ အမြင်တွေကို ထည့်ရေးပေးစေချင်ပါတယ်။ အလုပ်လို့ရအောင်လည်း မီဒီယာတွေကို ကြိုးစားစေချင်တယ်။ ကျန်တဲ့ အခွင့်အရေးတွေ ကိုတော့ ကိုယ်တိုင်ဖန်တီးဖို့သင့်ပါပြီ။ ပြည်သူတွေဘ၀တွေ အသက်တွေပေးပြီးတော့ရလာတဲ့ အခွင့်အရေးတွေပါ။ စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေ အားစိုက်ခွန်စိုက်လုပ်ကြပါ။ တကယ်ဘက်မျှတယ်ဆိုရင် ပြည်သူက ထမင်းမစားပဲ အဲ့ဒီ ဂျာနယ်ကို ၀ယ်ဖတ်ကြမှာပါ။ သေချာပါတယ်၊ တခြားဟာတွေကိုလွှတ်ပြီး အဲဒီသတင်းဌာနကိုကြည့်ကြမှာပါ။ ပြည်သူတွေကိုစိတ်ချပါ။မီဒီယာတွေသာတာဝန် ကျေဖို့လိုပါတယ်။ ကျွန်တော်ဒီလောက်ပဲ ပြောချင်ပါတယ်`တဲ့ အေးအေးဆေးဆေးနဲ့ ပြတ်ပြတ်သားသားပြောပါတယ်။

ပြည်သူတွေသူ့နောက်ကနေ တကောက်ကောက်လိုက်ပြီး ချစ်ရ၊အားကိုးရလောက်တဲ့ သူတယောက်ကို ကျမ အင်တာဗျူးလုပ်ရင်း ငေးကြည့်နေမိပါတယ်။ သူဟာ မီဒီယာဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါတယ်လို့ နားလည်ထားတဲ့သူ၊ သတင်းသမားတွေကို မျှတစေချင်တဲ့ နိုင်ငံရေးသမားပါ။

အသားညိုညို၊မျက်နှာပြည့်ပြည့်နဲ့  မာန်မရှိသောအကြည့်နဲ့၊ အေးချမ်းသိမ်မွေ့ပေမဲ့ ပြတ်သားတဲ့ ပြောအဆိုတို့ကို တွေ့ရပါတယ်။ အနုပညာသမားတယောက်ရဲ့ သိမ်မွေ့မှုမျိုးနဲ့ပြတ်သားဖြောက့်မတ်မှုကိုလည်း သူ့ရဲ့အဖြေစကားတွေကနေ ကျမကြားနေရပါတယ်။

ပြီးတော့ သူဟာ ထင်ပေါ်ကျော်ကြားလှတဲ့ နိုင်ငံရေးသမားတဦးဖြစ်ပေမဲ့ ပြည်သူနဲ့တသားတည်းဖြစ်နေတဲ့ ခေါင်းဆောင်တယောက်ဖြစ်နေပြန်တယ်။ သူ့ရဲ့အနေအထိုင် အပြောအဆိုဟာ သိပ်ကို ရိုးရှင်းလှပါတယ်။ သာမန်လူတယောက်လိုပဲ ပြောဆိုပြုမူနေထိုင်နေတာကို တွေ့ရတော့ ကျမသူ့ကို ပိုပြီး လေးစားမိပါတယ်။

`အရပ်သားအစိုးရ တက်လာချိန်မှာနိုင်ငံတော်သမတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။ အဲဒီပေါ်မှာကို အကိုဘယ်လိုမြင်မိပါပြီလဲ၊ တကယ်ပဲ စိတ်ချလက်ချပြန်လာလို့ရနိုင်တဲ့အနေအထားရောက်ပြီလို့ မြင်ပါသလားရှင့်လို့ကျမ မေးလိုက်မိပါတယ်။

“ပြည်တွင်မှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်ုသေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ ဒါမျိုးက သမ္မတ တစ်ယောက်ရဲ့အမိန့်တရပ်ကိုထုတ်ပြန်ပြီးတော့ ကျကျနနထုတ်ပြန် ပြဋ္ဌာန်းလေးဖြစ်စေချင်တယ်။ ခရီးသွား ဟန်လွဲ စကားစပ်မိလို့ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမ၀င်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလဲမတွေရဘူး။ နောက်ပြီးတွေ  ကိုသဘောနဲ့ကို တစ်ဦချင်းကို ဒီလူတော့ဝင်လိုရတယ် ဒီလူတော့ဝင်လို မရဘူးလို့ ကျနော်တော့ ခံစားရတယ်နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာ ရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့အမိန့်ထုတ်ဲပြန်ပြီးတော့ကိုယ့်မိသားစုဝင်တွေကိုကြိုဆိုတယ်ဆိုတာ မျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ် အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ`လို့ကိုမင်းကိုနိုင်က ဖြေဆိုပါတယ်။

သူ့ကို မေးဖို့ မေးခွန်းတွေကို သူလွတ်တဲ့နေ့ကနေစပြီး ထုတ်လာခဲ့တာ ကျမမှာ မေးခွန်း ၄၀လောက်ထိ ရှိနေပါတယ်။ ဒါပေမဲ့ သူ့ကိုတွေ့ဆုံဖို့ စောင့်နေကြတဲ့ သူတွေကလည်း အယောက် ၂၀ထက်မနည်းရှိနေပါတယ်။ ခရီးပန်းလာတဲ့ သူ့ကိုလည်း အားနာမိတာရယ်၊ စောင့်နေတဲ့သူတွေအပေါ်မှာလည်း အားနာစိတ်ရယ်ကြောင့် မေးခွန်းတွေကို အစသတ်လိုက်ရပါတယ်။

တကယ်လို့များ နောက်ထပ်တကြိမ်တွေ့ဆုံမေးမြန်းခွင့်ရခဲ့မယ်ဆိုရင်တော့ ကျန်တဲ့မေးခွန်းတွေကို ကျမ ဆက်မေးဖြစ်ဦးမှာပါ။

ပြန်ကာနီးမှာတော့ကျမသူ့ကို  အကိုဝတ္တုတွေ၊ ကဗျာတွေ ရေးတာကို ဖတ်ချင်ပါသေးတယ်လို့နှုတ်ဆက်ရင်း ပြောလိုက်ပါတယ်။

တကယ်တော့သူဟာလည်း အနုပညာအားကောင်းတဲ့ နိုင်ငံရေးသမားတယောက်လို့ ကျမကတော့ မြင်မိပါတယ်။ သူရဲ့ နိုင်ငံရေးအနုပညာနဲ့ မြန်မာပြည်ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း သူ့အပေါ် ယုံကြည်မိပါနေတယ် ရှင်။





မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)

Friday 13 January 2012

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ဦးနေဝင်း မြေး လည်းလွတ်



အစိုးရရဲ့ အဆို အရ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ အားလုံး ပူးပေါင်း ပါဝင် နိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ အကျဉ်းသား ခြောက်ရာ ငါးဆယ်ကျော်ကို သောကြာနေ့က စတင် လွှတ်ပေး နေပါပြီ။
ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က နေအိမ်မှာ သတင်းထောက် တွေနဲ့ တွေ့
ပြန်လွတ်လာသူတွေ အထဲမှာ တချိန် က နိုင်ငံအတွင်းမှာ တန်ခိုး အာဏာ ကြီးမား ခဲ့တဲ့ ထောက်လှမ်းရေးမှူး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် လည်း ပါဝင် ပါတယ်။ နေအိမ် အကျယ်ချုပ် ကနေ လွတ်သွား တဲ့ သူ့ကို မိတ်ဆွေ ပြည်ထဲရေး ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ သစ်တော ဝန်ကြီး ဟောင်း ဦးအောင်ဖုန်း တို့က နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ကြ ပါတယ်။
ပြန်လွတ် လာလာချင်း သူ့နေအိမ်မှာ ဗိုလ်ချုပ် ကြီး ခင်ညွန့်က သတင်း ထောက်တွေကို လက်ခံ ရှင်းလင်း ပြောခဲ့စဉ်မှာ သူ့ အနေနဲ့ နိုင်ငံ ကောင်းကျိုး လုပ်ဆောင် သွားမှာ ဖြစ်ပေမဲ့ နိုင်ငံရေး ထဲမှာတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
သူ့ အနေနဲ့ သူ့ကို ဖမ်းဆီး အကျဉ်းချခဲ့တဲ့ အရင် အစိုးရ အပေါ်ကိုလည်း အာဃာတ မထားတဲ့ အကြောင်း သူ့ကို မေးခွင့် ရခဲ့တဲ့ ဘီဘီစီ မြန်မာပိုင်း ဌာနက အကြီးတန်း သတင်းထောက် ကိုမင်းထက် ကို ပြော ပါတယ်။
အခု လောလောဆယ် သမ္မတ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတာ ဟာ တိုင်းပြည် အလား အလာ အတွက် ကောင်းတယ်လို့ လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ပြောပါတယ်။
သူ့ အနေနဲ့ ဘယ်သူနဲ့မှ တွေ့ဆုံဖို့ အစီအစဉ် မရှိသေးဘဲ တိုင်းပြည် အကျိုး အတွက် ပြောဆိုစရာ ရှိလာရင် မီဒီယာ တွေကနေတဆင့် ပြောဆို သွားမယ်လို့လည်း သူက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်ကို စတင် ဖမ်းဆီးစဉ် က တစ်ခါပဲ စစ်မေးဖို့ အပြင် ကို ခေါ်သွား ခဲ့တာ ဖြစ်ပြီး နောက်ပိုင်း နေအိမ်မှာ ပဲ တောက်လျှောက် အကျဉ်းချ တာ ခံခဲ့ရတာပါ။ သူ့ရဲ့ သား နှစ်ယောက် လည်း ပြန်လွတ် လာကြပြီး သူ့ ကို လာတွေ့သွား ကြတယ် လို့ လည်း သိရ ပါတယ်။

အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးလည်း လွတ်လာ
ထောက်လှမ်းရေး အကြီး အကဲဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် ဖမ်းဆီး ခံခဲ့ရပြီး တဲ့နောက် ပိုင်း လွန်ခဲ့တဲ့ ၁၀ နှစ်က နိုင်ငံတော် သစ္စာ ဖောက်မှုနဲ့ အရေးယူ ခံခဲ့ ရတဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သားမက်နဲ့ မြေး သုံးယောက် ထဲက မြေးဖြစ်သူ ကိုဇွဲနေဝင်းနဲ့ သားမက် ဦးအေးဇော်ဝင်း တို့ကို လည်း အခု လွတ်ငြိမ်း ချမ်းသာ ခွင့်နဲ့ လွှတ်ပေးလိုက် ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ သက်တမ်း မှာ တော့ လွတ်ဖို့ မမျှော် လင့်ခဲ့ ဘူးလို့ ကိုဇွဲနေဝင်း ပြော
ပြန်လွတ်လာသူ ကိုဇွဲနေဝင်းက မလွတ် သေးတဲ့ အကို နှစ်ယောက် နဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောရာမှာ သမ္မတ အနေနဲ့ အတိတ်က အမွေကို ဆက်ခံပြီး ဆက်လက် လုပ်ကိုင်နေရတာ ဖြစ်တဲ့ အတွက် အခက် အခဲတွေ ကြားထဲက လုပ်နေရတယ် ဆိုတာကို နားလည်ပေးနိုင်တဲ့ အကြောင်း ပြောပါတယ်။
သူတို့ မိသားစုရော ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ လွှတ်ပေးမှာ မဟုတ်ဘူး ဆိုတာ တပ်ထဲမှာ ပြော နေခဲ့ကြတဲ့ အတိုင်း မလွတ် ခဲ့ဘူး၊ အခု အစိုးရ လက်ထက်မှ လွတ် လာတယ်လို့ သူက ပြောပါတယ်။
ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန် အတွင်း ဖခင်နဲ့ရော တခြား အစ်ကိုတွေ နဲ့ပါ အတူ နေထိုင် ခဲ့ရ တယ်လို့ ကို ဇွဲနေဝင်းက ပြောပါတယ်။
၁၀ နှစ်ကျော်ကြာ ထောင်ကျ နေခဲ့တဲ့ ကာလ အတွင်း သူတို့ အားလုံး မိခင် ဖြစ်သူနဲ့ လုံးဝ တွေ့ခွင့် မရခဲ့ဘူး၊ ဒီလို အခြေ အနေမျိုး ကိုလည်း မျှော်မှန်း ထားခဲ့ပြီး ဖြစ်တယ်၊ မိခင်နဲ့ ပြန် တွေ့တော့ ဝမ်းသာ မိတယ်လို့ ကိုဇွဲနေဝင်းက ပြော ပါတယ်။
Myanmar Journal

တွေ့ရခြင်း မြင်ရခြင်းနှင့် မနက်ဖြန်တွေအတွက် အတွေး

by Melven Than on Saturday, January 14, 2012 at 4:43am

၁၃.၀၁ .၂၀၁၂
လွတ်ငြိမ်းချမ်းသာခွင့်ကို မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်သလို ကြေငြာလိုက်တယ်။ မထင်မှတ်ပဲ
ရက်ကပ်ရက်လွှတ်ပေးလိုက်တယ်။ လူထု အံ့အားသင့်သွားတယ်။ ဒါပေမယ့် အကြာကြီးအံ့သြချိန်
မရလိုက်ကြပါဘူး။ လွတ်လာသူတွေကိုကြိုဖို့ ဆိုင်ရာမိသားစုတွေ၊ သတင်းဌာနတွေ နှင့် စိတ်ဝင်စားသူ
လူထုအများအပြား အလုပ်တွေရှုပ်ကုန်ပါတယ်။ သို့ပေမယ့် သုတ်သုတ်သုတ်သုတ်နဲ့ပင် အေးအေးချမ်းချမ်း
ပြီးဆုံးသွားခဲ့တယ်။

ကြေညာတဲ့ညတုန်းက ''ခင်ဗျားတို့လိုချင်သူတွေ အကုန်ပါတယ်'' လို့ ဆိုင်ရာတစ်ချို့ကပြောထား
ပေမယ့် တကယ်လွတ်လာကြပါစေလို့ တိတ်တဆိတ်ရော ဖွင့်ဟပြီးရောဆုတောင်းခဲ့တယ်။ ဒီနေ့တော့
တကယ်ဖြစ်လာခဲ့တယ်။ တကယ်ပဲ လိုချင်နေတဲ့သူတွေ လွတ်မြောက်လာခဲ့ကြတယ်။

ဘာကြောင့်လွှတ်ပေးသလဲ
သိပ်အံ့သြစရာကောင်းသလို ၀မ်းသာစရာလည်း သိပ်ကောင်းပါတယ်။ ရင်ထဲမှာ တစိမ့်စိမ့်တွေးပြီး
ကျေနပ်ပီတိဖြစ်ရတယ်။ တွေးတယ်ဆိုတာထဲမှာ တွေးမိရာကတော့ အစုံပါပဲ။ ဦးသိန်းစိန်အစိုးရက
ဘယ်လိုလဲ ၊ ဘာကြောင့်ဒီလိုလွှတ်ပေးသလဲ ။ ပြည်သူတွေရဲ့ အသံကိုနားထောင်လိုက်ခြင်းလား
။ သူတို့အေ၇းအတွက်သူတို့ လုပ်လိုက်ခြင်းလားစသည်ဖြင့်ပေါ့လေ။
အစိုးရအဖွဲ့မှာ
စီးပွားရေးသမားတွေက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းအောင်လုပ်ပေးဖို့ သမ္မတကိုဖိအားပေး
ခံနေရတယ်။ ပြီးတော့ အာစီယံဥက္ကဌရာထူးရထားပေမယ့် ဒေသတွင်းမှာ လောလောဆယ်
ဆက်ဆံရေးပြေပြစ်နေဖို့လည်း လိုအပ်နေတယ်။ အနောက်နိုင်ငံ တွေရဲ့ဖိအားပေးမှုကလည်း
များနေတယ်။ ဒါတွေကြောင့်လား။ ပြီးတော့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ
အတွက် ကြိုတင်မဲဆွယ်ခြင်းလား။ သို့မဟုတ် ဒီမိုကရေစီရေးကို လက်တွေ့အကောင်အထည်ဖော်တော့
မှာမို့လို့လား။ လားပေါင်းများစွာပါပဲ။ ဖြေတော့မဖြေတတ်သေးဘူး။ ပြောရရင်အဖြေရှိမနေဘူး။

တိုက်ဆိုင်မှုများစွာ
တစ်ဖက်မှာလည်း
မနေ့တစ်နေ့ကပဲ နှစ်ပေါင်း ၆၀ ကျော်အတွင်းသေချာတဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ခဲ့တဲ့ အတိုက်အခံ
လက်နက်ကိုင်အဖွဲ့KNU နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ခဲ့ကြတယ်လို့ဆိုတယ်။
တဆက်တည်းမှာပဲ လက်ရှိ စစ်ဖြစ်နေကြတဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIO နှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဆင်ပြေပြီးဆုံးဖို့ရှိတယ်လို့ သတင်းရနေပြန်တယ်။
ပြီးခဲ့တဲ့ ၀၆.၀၁.၂၀၁၂နေ့ကလည်း ချင်းလက်နက်ကိုင်အဖွဲ့CNF နှင့် ငြိမ်းချမ်းရေးလုပ်နိုင်
ခဲ့သေးတယ်။
ငွေရှင်ကြေးရှင်ကြီး ဂျော့ဆိုရို့စ် လာရောက်လည်ပတ် ပြီးတဲ့နောက် ကမ္ဘာ့ဒုတိယ
အချမ်းသာဆုံးဆိုတဲ့ မစ္စတာ ဘီလ်ဂိတ် ကိုလည်း လက်ခံကြိုဆိုကြဖို့ အသင့်ဖြစ်နေကြတယ်။
မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ သတင်းစုံတွေကို ဒီရက်သတ္တပတ်အတွင်း အကြောင်းအရာ
မျိုးစုံနဲ့ မိတ်ဆက်ဖွပြပြန်တယ်။ အစိုးတစ်ခုအဖို့ ကာလတိုလေးမှာ ဒီလောက်အလုပ်ရှုပ်ပြဖို့ရာ
မလွယ်လောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးသဘောအရ 'တိုက်ဆိုင်မှုရှိမှ မြင်သာထင်
သာတယ်'ဆိုတဲ့ နည်းလမ်းကိုသုံးသွားတာဖြစ်မယ်လို့ မှတ်ချက်ချထားလိုက်တယ်။

အာရုံလွှဲခြင်းတစ်ခုလေလား
ပြီးတော့ လွတ်လာကြသူအားလုံး ၆၅၁ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်
ပါဝင်ပြီး ကျန် ၆၀ ယောက်ဟာ စစ်ထောက်လှမ်းရေးဟောင်းနဲ့ အကောက်ခွန်ဌာနက
အပြစ်ဒဏ်ကျသူတွေလို့ သိရတယ်။ ဒီ ၆၀ ထဲမှာ အကြီးဆုံးရာထူးနှင့် အထင်ရှားဆုံးကတော့
ထောက်လှမ်းရေးဥလျှောင်ကြီး ဦးခင်ညွန့်ပါပဲ။
မြန်မာတစ်ပြည်လုံးက ချစ်ခင်ကြပြီး လွှတ်ပေးပါလို့တောင်းဆိုနေကြတဲ့ ကျောင်းသားခေါင်း
ဆောင်တွေနဲ့ ရောသမမွှေပြီး လွှတ်ပေးလိုက်တာဟာလည်း ထောက်လှမ်းရေးဟာင်းအပေါ်
အာရုံစိုက်မှုလျော့အောင် လုပ်ပေးလိုက်တာနဲ့တူနေတယ်။ သူ့နောက်လိုက်တွေနဲ့
သူ့အပေါ်စိတ်ဝင် တစားရှိနေသူတွေကို Heavy Weight တွေယှဉ်လွှတ်ပြီး အာရုံလွှဲပေးလိုက်
တာဖြစ်မယ်လို့ စဉ်းစားမိပြန်တယ်။ပြောကြစတမ်းဆိုရင် ဦးခင်ညွန့်အရေးလည်း ပေါ့သေးသေး
မဟုတ်ဘူးမဟုတ်လား။

နောက်တစ်ခုက အာဏာရှင်ကြီး ဦးနေ၀င်းရဲ့သားမက်နဲ့ မြေး သုံးယောက် ထဲက
မြေးဖြစ်သူ ကိုဇွဲနေဝင်းနဲ့ သားမက် ဦးအေးဇော်ဝင်း တို့ကို လည်း အခု လွတ်ငြိမ်း
ချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ ပြောမယ်ဆိုရင် အာဏာရှင်တွေကြီးစိုးတဲ့
အသိုက်အ၀န်းမှာ ဦးနေ၀င်းအဆွေအပွားတွေဟာလည်း HeavyWeight တွေပါပဲ။
အဲလိုလူတွေကို Highlights အဖြစ်ဆုံး လူထုခေါင်းဆောင်တွေနဲ့ ရောလွှတ်ပစ်တာကို
သူတို့လုပ်တာတွေ ဗျူဟာလှတယ်ပြောရမလားပဲ။ လူထုအာရုံရှုပ်ကုန်တာတော့
ငြင်းမရနိုင်ဘူး။


အင်အားတွေလာပြီ
ထားပါတော့။
လောလောဆယ်တော့ ဘယ်အမှုဘယ်လိုပဲရှုပ်ရှုပ် တိုင်းပြည်နှင့်လူထုအတွက်
လိုချင်တဲ့သူတွေ လိုအပ်နေတဲ့သူတွေ ရောက်လာကြပြီ။ အားအင်တွေဖြစ်လာကြပြီ။
ဒီကိစ္စမှာ အရေအတွက်နဲ့ အင်အားကို အတူတူပဲလို့တင်စားပြောချင်တယ်။ အရေအတွက်လည်း
လုံလောက်နေပြီ။ ဒီအ ရေအတွက်ကိုပဲ အင်အားတွေလို့ အားလုံးလက်ခံနေကြပြီ။
မနက်ဖြန်တွေမှာ တစ်စည်းတစ်လုံးနဲ့ ရှေ့သို့ချီတက်ကြရန်သာကျန်ပါတော့တယ်။
နေလည်းသာမယ် အခွင့်အခါလည်းကောင်း မယ်ဆိုရင် ဒီမိုကရေစီလမ်းကတော့ ဝေးတော့
မယ်မထင်ပါဘူး။ လူတိုင်းရဲ့စိတ်ခွန်အားတွေရယ် ဒီလူဒီလူတွေရယ် ပေါင်းလိုက်ရင်
တိုင်းပြည်ရဲ့အင်အားကြီးတစ်ရပ်မို့ အင်အားတွေလာပြီ အင်အားတွေလာပြီလို့ ဆိုချင်တယ်။

မနက်ဖြန်တွေ
ရရှိနေပြီဖြစ်တဲ့ ခေါင်းဆောင်အင်အား လူထုအင်အားတွေကို စွမ်းအင်မီးဇာအဖြစ်
အသုံးချပြီး မနက်ဖြန်တွေကို ခရီးဆက်ရတော့မယ်။ အဲဒီခရီး ဖြောင့်တန်းနိုင်မလား
မဖြောင့်တန်းနိုင်ဘူးလားဆိုတာ ဘယ်သူမှဒက်ထိမပြောနိုင်သေးပါဘူး။ စိုးရိမ်စိတ်တွေ
စွန်းပေနေတဲ့ ယုံကြည်မှုတွေဟာ မနက်ဖြန်ခရီးတွေကို သဲထိတ်ရင်ဖိုဖြစ်စေသေးတယ်။ ဒီတော့
လွတ်မြောက်လာကြလို့ ပျော်ရွှင်ပီတိဂွမ်းဆီထိ ဖြစ်ရပေမယ့် ဆက်ကကြမယ့်မနက်ဖြန်တွေကို
အတွေးဖြန့်ကျက်နေမိတယ်။

တွေ့နေရခြင်း မြင်နေရခြင်းတွေဟာ အားရစရာ ကြည်နူးစရာ ကြေကွဲစရာ
စိုးရိမ်ဖွယ်ရာစတဲ့ ချိန်ခွင်လျှာမျှနေကြတဲ့ခါ သို့မဟုတ် တိုက်စစ်ကိုယ်စီ ဆင်ကြတော့မယ့်ခါမှာ
မနက်ဖြန်အတွက်အတွေးတွေဟာ မရှင်းလင်းသေးပါလားလို့ သိလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အတွေးရှင်းရင်အလုပ်ရှင်းတယ် ဆိုတာလေးကိုသတိကပ်ထားပြီး အတွေးရှင်းရှင်းလေး ရအောင် ကြိုးစားကြည့်ရဦးမယ်။






ကဲ ..!
နည်းပြ တိုက်စစ်မှူး
အလယ်တန်း နောက်တန်း
ဂိုးသမား စုံပြီ ..!
ပရိတ်သတ်လည်း ရုံပြည့်ပြီ...
တစ်ဖက်အသင်းလည်းအသင့်ရှိနေပြီ။

တောက်လျှောက်အနိုင်ယူသိမ်းပိုက်ထားတဲ့
ဆုဖုလားကိုအရယူဖို့
လက်ရှိချန်ပီယံအသင်းကို
မဖြစ်မနေအနိုင်ကန်ပြီးဖြုတ်ချကြစို့ရဲ့။
(Melven Than)_

14.01.2012 နေ့ဖတ်ရန်သတင်းများ

ဖတ်သင့်တဲ့သတင်းတွေဖြစ်ပါတယ်

by Myanmar Journal on Saturday, January 14, 2012 at 2:20pm

တော်ဝင် မိသားစုဝင်ဟောင်း ဆာရာ ဖာဂူဆန်တော်ဝင် မိသားစုဝင်ဟောင်း တူရကီ တရားစွဲခံရ
ဗြိတိသျှ တော်ဝင် မိသားစုဝင်ဟောင်း တယောက်ကို တူရကီက တရားရုံး တရုံးက တရားစွဲဖို့ စီစဉ် လုပ်ဆောင် နေပါတယ်။
အင်ဒရူး မင်းသားရဲ့ ကြင်ယာတော်ဟောင်း ဆာရာ ဖာဂူဆန်ဟာ ၂၀၀၈ ခုနှစ်တုန်းက ဗြိတိသျှ ရုပ်သံ အစီအစဉ် တခုအတွက် တူရကီက မိဘမဲ့ ဂေဟာတွေကို လျှို့ဝှက် သွားရောက်ခဲ့ပါတယ်။
သူ့ခရီးစဉ် အပြီးမှာ တူရကီ မြို့တော် အင်ကာရာမြို့နားက မိဘမဲ့ ဂေဟာ တခုမှာ ခလေးတွေကို အိပ်ယာမှာ ကြိုးနဲ့ ချည်နှောင်ပြီး ပစ်ထားတဲ့ လျှို့ဝှက် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ပေါ်ထွက် လာခဲ့ပါတယ်။
တူရကီ တရားရုံးက မနေ့က သူ့ကို ခလေး ငါးယောက်ရဲ့ ပုဂ္ဂလိက အခွင့်အရေးကို ချိုးဖောက်မှုနဲ့ ဥပဒေ အရ အပြစ် ရှိတယ်လို့ ပြောပြီး မျက်ကွက်မှာ တရားစွဲဖို့ လုပ်ဆောင်လာပါတယ်။
ကာယကံရှင် ဆာရာ ဖာဂူဆန်ကတော့ စွပ်စွဲချက်တွေကြောင့် အံ့အား သင့်မိတယ်လို့ ပြောကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

Standard and Poor ပြင်သစ်ကို အဆင့်လျှော့ လိုက်ပြီပြင်သစ်ရဲ့ Credit Rating အဆင့်လျှော့ သတ်မှတ်ခံရပြီ
အမေရိကန် အခြေစိုက် နိုင်ငံတကာ အကြွေးယူနိုင်ခွင့် စံနှုန်း သတ်မှတ်တဲ့ Standard and Poor's အေဂျင်စီ က ပြင်သစ်ကို AAA အဆင့်ကနေ AA+ အဆင့်ကို လျော့ချ သတ်မှတ် လိုက်ပါတယ်။
သူတို့နိုင်ငံရဲ့ ပေါ်လစီတွေ အပေါ် အကြွေးယူ နိုင်ခွင့် သတ်မှတ်တဲ့ အေဂျင်စီတွေက သြဇာ လွှမ်းမိုးခွင့် ပေးမှာ မဟုတ်ဘူးလို့ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ဖရန်ကို ဘာရိန်း ပြောပါတယ်။
Standard and Poor's ရဲ့ အဆင့်လျှော့ချ သတ်မှတ်မှုကြောင့် ပြင်သစ် နိုင်ငံ အနေနဲ့ ငွေချေးတဲ့ အခါ အတိုးနှုန်းတွေ ပိုပေး ရနိုင်တယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။
Standard and Poor's ကုမ္ပဏီက အီတလီ၊ စပိန်နဲ့ သြစတြီးယား အပါအဝင် အခြားနိုင်ငံ ၈ ခုရဲ့ ငွေပြန်ဆပ်နိုင်တဲ့ အဆင့်အတန်း ကိုလည်း လျှော့ချ သတ်မှတ်ခဲ့ ပါတယ်။
ဒါပေမယ့် ဂျာမနီနိုင်ငံ ကတော့ အေသုံးလုံး အဆင့်မှာ ဆက်ရှိနေတယ်လို့ အဲဒီ အေဂျင်စီက ပြောပါတယ်။

အမေရိကန် အစိုးရ အသုံးစရိတ် ဖြတ်တောက်ဖို့ ကြိုးစား

နှစ်သစ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပုံရိပ်များ

၁၃. ၀၁. ၂၀၁၂နေ့၏လွတ်ငြိမ်းချမ်းသာခွင့် အရအကျဉ်းသား ၆၅၁ဦးလွတ်မြောက်လာခဲ့သည်။





၁၃. ၀၁. ၂၀၁၂နေ့၏လွတ်ငြိမ်းချမ်းသာခွင့် အရအကျဉ်းသား ၆၅၁ဦးလွတ်မြောက်လာခဲ့သည်။

လူတိုင်းမျှော်လင့်နေကြသည့်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င်နိုင်ငံရေးအကျဉ်းသား
၅၉၁ ဦးပါဝင်ခဲ့သည်။ ကျန်သည့် ၆၀မှာစစ်ထောက်လှမ်းရေးဟောင်းများနှင့် အခွန်ဌာနမှဟု
သိရှိရသည်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် သည်လည်းနေအိမ်အကျယ်ချုပ်မှ လွတ်
လာခဲ့သည်။ဦးနေ၀င်း၏မြေးများပင် လွတ်မြောက်လာသည်ဟု သတင်းကြားရသော်လည်း သေချာ
ခြင်းရှိမရှိအတည်မပြုနိုင်သေးဟုသိရသည်။

မည်သို့ပင်ဆိုစေ တစ်ကမ္ဘလုံးက ကံမကောင်းသည့်ဂဏန်းဟုပြောကြသော ၁၃ ဂဏန်း ၁၃ ရက်နေ့
သည် မြန်မာပြည်၏ ကံကောင်းရုံတင်မက မင်္ဂလာရှိလှသောနေ့တစ်နေ့ပင် ဖြစ်သွားခဲ့သည်ဟု
ဆိုရပေမည်။

Thursday 12 January 2012

တကိုယ်တော် ဆန္ဒြုပသူ ဦးစိုးကြွယ်နှင့် အင်တာဗျူး

(ပထမနေ့)
ရန်ကုန်တောင်ဒဂုံမှာ တကိုယ်တော် ဆန္ဒပြပွဲ ဒီနေ့ ဖြစ်ခဲ့ပါတယ်။ ကျန်စစ်သားလမ်းမှာ အင်္ဂါနေ့ မနက် ဇန်န၀ါရီ ၁၀ ရက် ကိုးနာရီခွဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးစိုးကြွယ်ဟာ ဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြခဲ့တာပါ။ အစိုးရ ၀န်ထမ်းတွေရဲ့ လဒ်စားမှုတွေ၊ ပြည်သူတွေအပေါ် အဓမ္မငွေကြေး ကောက်ခံတာတွေကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြသူရဲ့ သားဖြစ်တဲ့ ကိုညီညီမင်းက ပြောပါတယ်။ တကိုယ်တော်ဆန္ဒပြသူ ဦးစိုးကြွယ်ကို နောက်ပိုင်းမှာ တောင်ဒဂုံရဲက ဖမ်းပါတယ်။ အာမခံပေးတယ်လို့  သိရပေမဲ့ အမှုစွဲတင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီ အထိ ရဲစခန်းထဲက ထွက်မလာသေးပါဘူး။
( နောက်ဆက်တွဲ)
 by Yangon Press International on Thursday, January 12, 2012 at 12:44pm
Interview with  solo protester  U Soe Kywe
ဇန်န၀ါရီ ၁၂ (YPI)

“ ရှေ့ဆက်တိုးမယ်ဆိုရင် ဦးလေးကိုဖမ်းရပါလိမ့်မယ်။ ရဲစခန်းကို ခေါ်သွားရပါလိမ့်မယ် ”

(ယခုပတ် အင်္ဂါနေ့နံနက်ပိုင်းက တောင်ဒဂုံမြို့နယ်မှာ ရပ်ရွာ လမ်းပြင်ဆင်ရေး၊ ရေရရှိရေး၊ မီးရရှိရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုမှုတွေတောင်းဆိုပြီး တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်တွေ တောင်းဆို ဆန္ဒပြသူကတော့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ ဦးစိုးကြွယ်ဖြစ်ပါတယ်။ မိနစ်အနည်းငယ် အကြာလမ်းလျှောက် ဆန္ဒပြပြီးနောက်မှာ ရဲလုံခြုံရေးတွေက ကားပေါ်တက်စေပြီး တောင်ဒဂုံရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခွင့် ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးပြဋ္ဌာန်းပြီးသော်လည်း လနဲ့ချီကြာတဲ့အထိ နည်းဥပဒေဆိုင်ရာ ညွန်ကြားချက်တွေကို ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက ထုတ်ပြန်ခြင်း မပြုရသေးတာကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ လူနေမှု အကြပ်အတည်းကိစ္စရပ်များ အစရှိတဲ့ လူထုဆန္ဒထုတ်ဖေါ်လိုသူတွေ အဖို့ မချင့်မရဲ ဖြစ်နေကြပါတယ်။ ယခုလ ၁၀ ရက်နေ့က တကိုယ်တော် ဆန္ဒပြတဲ့ ဦးစိုးကြွယ်ကို YPI က ဆက်သွယ်မေးမြန်းထားပါတယ်။)

YPI:     ဦးစိုးကြွယ်အဲဒီနေ့က ဖြစ်ပျက်တာကို နည်းနည်းပြောပြပေးပါလား

U Soe Kywe:   ကျွန်တော် ၂၀၁၁ ခုမှာ သူတို့ဆီ တရားဝင် ခွင့်ပြုမိန့်တောင်းသေးတယ်။