Friday 12 August 2011

''အဖြူရောင်ပြတိုက်''

2011/02/14

 

ရေးထားတာ တောင် နည်းနည်းကြာပြီးဖြစ်တဲ့ ခံစားချက် ကဗျာအပိုင်းအစလေးတွေကို မသုံးတာတောင်ကြာပြီး ဖြစ်တဲ့ ကျမရဲ့ဘလော့ဂ်လေးပေါ် စိတ်ကူးပေါက်လို့ တင်လိုက်ပါတယ်`


ကောင်လေးရေ
မာယာမဲ့တဲ့ချစ်ခြင်း
တိမ်လွှာတွေလို အပြစ်စင်ကင်း
မြတ်နိုးခြင်းမျိုးနဲ့
ရင်ကွဲမတက် ချစ်ခဲ့သူပါ။

မာနမဲ့တဲ့ ရင်ခွင်တစ်စုံ
လမင်းရဲ့ ပေးဆပ်ခြင်းလို
ဘာကိုမှ မမျှော်ကိုး
ဘာကိုမှလည်း မတပ်မက်ခဲ့ဘူး။

ငါမတ်မောတဲ့ ဒီချစ်ခြင်း
နှောင်ဖွဲ့တဲ့ ရင်ခွင်ထဲ
အဖန်တစ်ရာ ကျရှုံး
မျက်ရည်တွေ့  စီးဆင်းလည်း
ဒဏ်ရာတွေ ထွေးပိုက်
ဝေဒနာတွေကို ဖြေဖျောက်လို့
မပျက်သုန်းတဲ့ ရင်ခုန်းနှုန်း
ကြယ်စင်လို လင်းလက်ခြင်းမျိုးနဲ့
သံသရာဆုံးလည်း
ချစ်နေချင်တယ်။

ချစ်တယ်လို့ အခါခါပြော
ပြီးရင်
ပြင်းထန်တဲ့ စကားလုံးတွေနဲ့
ငါ့နှလုံးသားကို အကြိမ်ကြိမ်စွထိုး
နာကျင်စေခဲ့လည်း
ဒဏ်ရာတွေ ဗလပွနဲ့
ခံနိုင်ရည်တွေ ပြိုလဲလုမတက်
ငါယှိင်လဲနေခဲ့...........လည်း
မုန်းမေ့ဘို့ခက် နှလုံးသားက
ချစ်နေဆဲပဲ။

ရိုးသားစွာ ပေးဆပ်ခြင်းတွေလည်း
မတူညီတဲ့ တန်ပြန်မှုတွေကြား
နာကျင်စွာကြေကွဲသွားခဲ့တယ်။


ချိုမြတဲ့ စကားသံတွေတစ်ဖက်
မှောင်မိုက်ခြင်းကမ္ဘာတွေဆက်လည်း
သဘာဝစာ ပေးဆပ်ခြင်းတွေနဲ့
နင့်ပာာငါဘ၀ ရဲ့အရှင်သခင်......

ကောင်လေးရေ
ဖျားနာခဲ့တဲ့ နှလုံးသားလေးတွက်
အညှိုးတေးဖွဲ့ မမေ့ရက်ပါဘူး
ဒါပေမဲ့
လေးနက်တဲ့ ငါ့ချစ်ခြင်း
ဖြူစင်ခြင်းတွေကို......
နင်...........မြင်တက်
ကြည့်တက်
နားလည်တက်
ခံစားတက်မယ်ဆို
သိပ်ကောင်းမှာပဲ.................?
 

လိပ်ပြာလေး

No comments: