Tuesday 9 August 2011

ကားလ်မာ့က်စ်၏ နောက်ဆုံးစကား

ဘာသာရေးဟူသည် လူသား တစ်ပြုံတစ်မလုံး အငမ်းမရ ရှူရှိုက်နေကြသည့် ဘိန်း။ လူတန်းစားတိုက်ပွဲအား အဆုံးသတ်ရန်ကြံရွယ်သူ ကားလ်မာ့က်စ်…။ သူကား ဗုဒ္ဓ၀ါဒနှင့်တကွ အခြားသော လူအများ၏ ဘုံရန်သူ။ ခေါင်းဆောင်ပေါင်းများစွာ မွေးဖွားဖို့ သူ့သြဇာလွမ်းမိုးမှု ကြီးကျယ်ခဲ့။
သူ စိတ်ကူးပုံဖော်ခဲ့သည့် ကမ္ဘာမှာ အမှန်တကယ် ဖြစ်ခဲ့လုနီးနီး။ သူ့အတွေးအခေါ်များမှ ကွန်မြူနစ်ဝါဒ ပေါက်ဖွားခဲ့။ ထိုအချိန်အခါကတော့ သူ့စိတ်ကူးများဟာ ရယ်ရွှင်ဖွယ်ရာလို ဖြစ်ခဲ့။ ငွေကြေးတစ်စုံတစ်ရာ မပါတဲ့ ကမ္ဘာကြီးအား မြင်ယောင်ကြည့်ပေါ့။ တကယ်တော့ မာ့က်စ်ဟာ ဉာဏ်ရည်ထက်မြက်ပြီး အံဖွယ်သူရဲ ပညာဉာဏ်ကြီးသူ။ ကမ္ဘာမြေပေါ်က လုပ်သားတို့အား နိုးထလော့ဟု ပြောခဲ့သူ။ တဖြည်းဖြည်းချင်း သူ၏ အယူအဆများ ပျံနှံ့စီးဆင်း။ သူ၏ အရေးအသားများ ကျယ်ပြန့်စွာ ဖတ်ရှုခံကြရ။ မာ့က်စ်၏ အိပ်မက်နိုင်ငံတော် (ယူတိုပီယာ) ဘယ်တော့မှ ရောက်မလာခဲ့ပါ။ သို့သော်လည်း အချို့က… တဖန်ပြန်လည် အသက်သွင်းဖို့ စိတ်အားထက်သန်ကြ။ သူ၏ ဆိုရှယ်လစ် အစီအမံများအား စမ်းသပ်စစ်ဆေးကြ။ ရာစုနှစ်တစ်စုကြာမျှ သူ၏ သြဇာအမွေ ကြာရှည်ခဲ့။ အမာခံ ဘုရားမဲ့ဝါဒီ။ ဖန်ဆင်းရှင်ဝါဒ၏ ဆန့်ကျင်ဘက်မှ လူ။ ဆိုရှယ်လစ်ဝါဒအား ဖန်ဆင်းခဲ့သူ ဒဿနဆရာ။ သူ၏ နောက်ဆုံး ထွက်သက်ဖြင့် လဲလျောင်းရာ အိပ်ယာပေါ်မှာ စကားတစ်ခွန်းပြောခဲ့ဖို့မေးစဉ် သူ့ဘ၀၏ နောက်ဆုံး ၀ါကျတစ်ကြောင်းကို သူပြောခဲ့…။ သူ၏ အဆုံးမဲ့ ရင်ဆိုင်တိုက်ပွဲများမှ ထွက်ကျလာသော စကား “နောက်ဆုံး စကားဆိုတာ တစ်ဘ၀လုံး ဘာမျှ မပြောခဲ့သူတွေ အတွက်” တဲ့။ from : http://theburmapages.com/themoonlitpath.net/

No comments: