Monday 15 August 2011

ဘက်စုံ လိုအပ်နေပါတယ်



စိတ်ဓာတ် စည်းကမ်း ပညာ လို့ ရေးပဲရေးထားတာပါ။
ပြည်သူတွေကို မှိုင်းတိုက်တဲ့ 'စိတ်ဓာတ်'...
အစိုးရလမ်းစဉ်ကိုလိုက်နာရမယ့် 'စည်းကမ်း' ...နှင့်
ဖိနှိပ်အုပ်ချုပ်မှုကို အာမခံတတ်အောင် သင်ပေးတဲ့ 'ပညာ'... တွေပါ။



ဒီပုံလေးကိုကြည့်ရတာ စိတ်ထဲ မကောင်းဘူး။

တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်သူတွေရဲ့ တာဝန်တွေကို တိုင်းသူပြည်သားတွေချည်းပဲ ကိုယ်ထူကိုယ်ထ လုပ်ပေးနေရတာဟာ အစိုးရမရှိလို့ ..လို့ ဆိနိုင်ပါတယ်။ ဒီကျောင့်းပြဿနာဟာ ပြည့်သူလုပ်ရမယ့် ပြဿနာ လုံးဝမဟုတ်ပါဘူး။..
အစိုးရလုပ်ပေးရမယ့် ပညာရေးပြဿနာ ပါပဲ။
ဒါမျိုးတွေ ဖြစ်နေဆဲ ၊ ရှိနေဆဲ ဆိုတာ ကို ..မဖြစ်နိုင်ဘူး ငြင်းနေရင် အပိုပါ။
တကယ် ရှိနေဖြစ်နေဆဲပါပဲ။
ဘက်စုံယိုယွင်းနေဆဲပဲ။


 အခု ။ လွှတ်တော်မှာ ခုံတွေရှိပါတယ်။
အဲဒီခုံတစ်လုံးစီမှာ ထိုင်နေတဲ့ လူတစ်ယောက်ချင်းစီဟာ အရပ်ဒေသ တစ်ခုချင်းစီကို ကိုယ်စားပြုပါတယ်။ ဒီကိုယ်စားလှယ်တွေ ..အကုန်သိနေသင့်ပါတယ်။
တင်ပြဆွေးနွေးပြီး လွှတ်တော်က လိုငွေထုတ်ယူခွင့်တွေ လုပ်သင့်ပါတယ်။

ဘာပဲတင်ပြတင်ပြ လွှတ်တော်က ပယ်ချနေသရွေ့တော့ 

ဒီ့ထက်ကောင်းလာဖွယ်မရှိပါဘူး။ ကဲ အဲဒီတော့ ဘယ်သူမှားနေတာလဲ။
တောင်းဆိုတင်ပြတဲ့သူတွေ မှားတားလား  ၊ ဂရုမထား ပယ်ချတဲ့လူမှားတာလား။
အသိသာကြီးပါ။

လေးစားစွာဖြင့်
မုတ်သုံမိုးဦး

No comments: