Friday 26 August 2011

သင်... ဧရာဝတီကို သတ်မလား / ကယ်မလား..... အမေး နှင့် အဖြေများ (မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)

by San Maung on Friday, August 26, 2011 at 2:30pm

မြန်မာစာမေးခွန်းနှင့် အဖြေများ    (မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)

မေး

(၁)သဘာဝ ဓာတ်ငွေ့ကလည်း တိုင်းပြည်မှာ ၀င်ငွေမရှိတော့ ဒါကိုပဲ ရောင်းပြီး အခြား လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရတဲ့ အတွက် လျှပ်စစ်ထုပ်လုပ်ဖို့အတွက် ခက်ခဲနေတဲ့ ကာလဖြစ်နေပါတယ်။ စစ်အစိုးရ လက်ထက် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေ ကလည်း ဓါတ်ငွေ့ ရောင်းရငွေနဲ့ ပေးချေနေရတာပါ။

ဖြေ

(က)၀င်ငွေမရှိတဲ့ တိုင်းပြည်တခုဟာ          မီလျံနာတစုကို ဆယ်စုနှစ်အတွင်း    ချက်ချင်းကမ္ဘာပေါ်မှာမွေးဖွားပေးခဲ့ တယ်။              (သင်ဒါကိုသိပါသလား)

ဖြေ

(က/၁)မြစ်ဆုံသားခင်ဗျား    လေးစားစွာကျေးဇူးတင်ပါသည်။ မည်သည့် အခါကမျှ    စစ်အစိုးရဆိုသည့် စကားလုံး ကျနော်မသုံးခဲ သလို     စစ်လက်နက်ဝယ်ယူသည့် အကြောင်း မီးမောင်းလည်းထိုးမပြခဲ့ ပါ။

>>>>>>>

ငါတို့ရဲ့မြစ်ဆုံ ကုန်ပါပြီ

 မေး


(၂)မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်နေသူများဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာထက် နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်နေတာက ပိုများပါတယ်။

ဖြေ

(ခ)အမျိုးသားရေးလက္ခဏာလို့      ဧရာဝတီကိုအသိအမှတ်မပြုရင်ပုဂံဧရိယာတ၀ိုက်     “ရွှေ”သိုက်များတွေ့ လို့က်လို့ ကတော့
ဘုရားးးးး။ဘုရားးးးးး။ဘုရားးးး့း

>>>>>>>

မေး

(၃)တော်လှန်ရေးတိုင်းမှာ အထိအခိုက် ရှိနိုင်ပါတယ်။

ဖြေ

(ဂ)တော်လှန်ရေးကြောင့် ထိခိုက်တာ   ဧရာဝတီ  မဖြစ်သင့် ဘူး။(မှတ်ချက်)သံချပ်

>>>>>>> 

 မေး 

(၄)ဧရာဝတီမြစ်ကြီးရဲ့ တန်ဖိုးကို ငါးရှာဖားရှာ၊ ရှည့်ရှာ တဲ့ အဆင့်လောက်ပဲ တန်ဖိုးထားမယ်ဆိုရင် နိမ့်ကျတဲ့ အတွေးအခေါ် တစ်ရပ်ပဲ ဖြစ်နိုင်ပါတယ်။

ဖြေ

(ဃ)သန်း(၆၀)သောလူသား      မြန်မာပြည်ဖွားများသည် ငါးရှာ၊ဖားရှာ၊ရှည့် ရှာ(မူရင်းသတ်ပုံ)     ကျန်တာဘာမှမတတ် ကျွန်ဇာတ်သာသာ       ပဇာကြောင့် ပါနည်း (ပဋိပုစ္ဆာဗျာကရဏ)


>>>>>>>

မေး

(၅)လျှပ်စစ်ဓါတ်အားကို သုံးစွဲမယ့် ပြည်သူတွေဟာလည်း တရုတ်ပြည်သူ တွေဖြစ်လို့ မြန်မာနဲ့ တရုတ်နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူများက မြန်မာပြည်သူများကို လာမယ့် သမိုင်း တစ်လျှောက်လုံး ကျေးဇူးတင်ရှိနေမှာ ဖြစ်ပါတယ်။


ဖြေ

(င)သန်းပေါင်း(၁၃၀၀) ရဲ့         ကျေးဇူးသာ“ပန်း”တွေဖြစ်ပြီး ပန်းမြစ်ကြီးဖုံးသွားရင်          စည်ပင်တွေအလုပ်ရှုပ် ဒုက္ခတွေများကုန်မယ်။

>>>>>>>

မေး

(၆)ကျွန်ုပ်တို့မှာ မြစ်ဆုံလို ရေကာတာကြီး ဆောက်ဖို့ နည်းပညာလည်း မရှိပါဘူး၊ ငွေလည်း မရှိပါဘူး၊ အားလုံး ဘာမှ မရှိလို့ တရုတ်ကိုပဲ မှီခိုနေရတဲ့အတွက် ထွက်လာတဲ့ လျှပ်စစ်ဓါတ်ကို တရုတ်ကိုရောင်းရတယ် ဆိုတာလည်း ဘာမှမဆန်း ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားချင်း ပြည်သူများကို မီးလင်းစေဖို့အတွက် ကျွန်ုပ်တို့မှ မုဒိတာ ပွားနိုင်ရမယ် ဖြစ်ပါတယ်။

ဖြေ

(စ)“အော်၊ကျမတို မိသားစုအတွက် ရှင်ကမယားငယ်ယူရတာ။ကြားလို့ မှကောင်းသေးရဲ့ လာ့း။အရပ်ကတို့ရေ။
ကျုပ်တို့ မိသားစုငတ်လို့ လျှာမြက်ပေါက်ပစေ။ဒိုးတူပေါင်ဖက်လုပ်စားမယ်။ဘယ့် နှယ်။မုဒိတာပွားရအုံးမယ်။ဟုတ်စ”
(အိမ်ဘေးကလင်မယား၊စကားများနေသံ)

>>>>>>>

ကျနော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်

မေး

(၇)မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ အချို့သော ငါးမျိုးစိတ်တွေ ပျက်သုဉ်းတာမျိုး ရှိနိုင်ပါတယ်။ဒါဆို ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျလို့ ပျောက်ကွယ်သွားနိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြော
င်း ကျွန်ုပ်တို့ မစဉ်းစားကြတော့ဘူးလား။ မြစ်ဆုံရေကာတာကို ကန့်ကွက်နေတဲ့ သူတွေဟာ တိုင်းပြည်အတွက် လျှပ်စစ် ဘယ်လိုရ မယ်ဆိုတဲ့ နည်းကိုတော့ ရှာဖွေပေးနိုင်တာ မဟုတ်ကြပါဘူး


ဖြေ

(ဆ)တနေ့ သ၌ကျွန်ုပ်သည် လွန်စွှာပျင်းရိသဖြင့် အိမ်သူသက်ထားမှ“ဥရောပ”ခေါ်တိုင်းပြည်ကြီးတွင်ဖွတ်ကလိဒင်္ဂါး
အများအပြားပေးပြီးဝယ်ယူခဲ့ သည်ဟုအဆိုရှိသော့   i pad ခေါ် သတ္တ၀ါလေးနှင့် ဥာဏ်ပညာယှဉ်ပြိုင်ရာ
ပွဲပေါင်းများစွာအရေးနိမ့် ခြင်းကြောင့် ကံကြမ္မာအားအပြစ်ဖို့ ရန်စဉ်းစားပြီးချိန်တွင်---------

“ဖိုးဖိုး။သားသားကိုပေး။သားသားဆော့ ဘို့ ဖွားဖွားဝယ်ထားတာ”ဟု ကျွန်ူပ်၏“ငယ်ဘ၀က(ဒေဝေါ)”အမည်ကိုသုံးခါအနိုင်ကျင့် သွားသော(၄)နှစ်သားမြေးငယ်ကို “ဒင်းရှုံးလျှင်လှောင်လိုက်မဟဲ့ ”တည်းဟူသောစိတ်ကောင်းမွေးခါပေးလိုက်ပါသည်။

သို့ သော်လည်းကျွန်ူပ်အားအနိုင်ယူတာများခဲ့ သောအနှီ i pad ဟူသောသတ္တ၀ါသည်ကလေးများအားချစ်ခင်သူဖြစ်နေသောကြောင့် 
မြေးကလေးအား”you are winer”ဟုသာအကြိမ်ကြိမ်မြည်တန်းနေသဖြင့် မသိမသာ အနားမှထွက်ခွာခဲ့ ပါကြောင်း။

(ဥပဒေသ-ကျွမ်းကျင်ရာလိမ်မာ ။မြွေပွေးကိုငယ်သည်ဟုအလမ္မါယ်မပြနှင့် ။)


>>>>>>>

မေး

(၈)မြန်မာ စစ်အစိုးရဟာ ညူနည်းပညာရဖို့အတွက် ရုရှားကို မျက်နှာလုပ်ရတဲ့ စရိတ်နဲ့တင် ညူစက်ရုံတစ်ရုံဖိုး မကတော့ပါဘူး။ စစ်အစိုးရဟာ ရုရှားနဲ့ပြေလည်ဖို့ ရုရှားဆီက လက်နက်ဝယ်ရပါတယ်။ MIG တိုက်လေယာဉ်တွေ ဝယ်ခဲ့ရပါတယ်။ နည်းပညာအတွက် ပညာတော်သင်တွေ ပိုက်ဆံ အကုန်ခံပြီး လွှတ်ခဲ့ရပါတယ်။ ဒါတောင် ရုရှားဟာ သူ့တိုင်းပြည် ဝင်ငွေ လိုအပ်ချက်အတွက် MIG တိုက်လေယာဉ်တွေကို လွယ်လွယ်ကူကူ ရောင်းခဲ့လို့ လေယာဉ်တွေ ဝယ်ယူရရှိရေးအတွက် မျက်နှာလိုမျက်နှာရ စရိတ်တွေ သက်သာခဲ့တာပါ။ အမှန်တော့ အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ရှိဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။

ဖြေ

(ဇ)၄င်းကိစ္စများအတွက်မိမိတို့ တွင်တာဝန်မရှိပါ။အချင်းဖြစ်ပွားစဉ်ကမိမိတို့ ပြည်သူများမသိရှိခဲ့ ပါ။
ညူစက်ရုံတရုံဖိုးမျက်နှာလုပ်ခြင်းနှင့် ပတ်သက်ပြီး   မိမိတို့ အမှန်တကယ်မသိရှိပါကြောင်း။

တိုက်လေယာဉ်များအားဝယ်ယူခြင်းသည်  တဦးတယောက်၏အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက်
မဟုတ်ပါဘဲ ပြည်သူအတွက်သာဖြစ်ကြောင်းကိုလည်း ယခုမှသိရှိသည်မှာမှန်ကန်ပါသည်။

အဆင့် မြင့် ဂျက်တိုက်လေယာဉ်များဝယ်ယူခြင်းသည်မလွယ်ကူမှန်းထိုအချိန်ကသာသိရှိခဲ့ လျှင်
ဝယ်ယူသူမျက်နှာမငယ်စေရေးအတွက်ကန့် ကွက်ပေးမည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
(တရားရုံးထွက်ချက်ပုံစံ(၁)ဖတ်ပြမှန်ကန်ပါသည်။)

>>>>>>>

မေး

(၉)နည်းပညာမရှိတဲ့ တိုင်းပြည်တွေဟာ ကမ္ဘာမှာ နည်းပညာတစ်ခု ရဖို့အတွက် အမျိုးသားရေး စွမ်းဆောင်မှုအနေနဲ့ လမ်းစဉ် ချမှတ်ရပြီး တစ်မျိုးသားလုံး ဒုက္ခမျိုးစုံ ခံရလေ့ရှိပါတယ်။ ကိုယ်တိုင်မတတ်ရင် ညူနည်းပညာဆိုတာ တစ်နိုင်ငံ လုံးရဲ့ ပိုင်ဆိုင်မှုနဲ့ ရင်းနှီးပြီး ဝယ်ယူရတဲ့အရာပါ။ ကျွန်ုပ်တို့တိုင်းပြည်မှာ ညူစွမ်းအင်ကို အသုံးပြုနိုင်ဖို့ အနည်းဆုံး မျိုးတစ်ဆက် စောင့်ရပါဦးမယ်။ သူများတိုင်းပြည်က အလကားလာ ဆောက်ပေးတောင်မှ ကိုယ်တွယ်နိုင်မယ့် ပညာရှင် မရှိသေးပါဘူး။

ဖြေ

(ဈ)ငြင်းဆိုရန်မရှိပါ။   “နိုင်ငံ၏မူဝါဒသည် ပြည်သူတို့ ၏ဆန္ဒသာဖြစ်သင့် သည်”    ဟုဖြည့် စွက်ခွင့် ရှိလျှင်ဖြည့် စွက်လိုပါသည်


မြန်မာစာမေးခွန်းနှင့် အဖြေများ(မြစ်ဆုံသားမေးသည်။ဦးဝင်းချိုဖြေသည်။)


Original Link >>> http://www.facebook.com/notes/win-cho/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%AC%E1%80%B1%E1%80%99%E1%80%B8%E1%80%81%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9-%E1%80%B7%E1%80%A1%E1%80%B1%E1%80%BB%E1%80%96%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%99%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8%E1%81%80%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%80%B1%E1%80%BB%E1%80%96%E1%80%9E%E1%80%8A%E1%80%B9/203923976335972

“ဧရာဝတီ”စကားဝိုင်းဖိတ်ကြားခြင်း

၇/၈/၂၀၁၁နေ့ က On line ပေါ်မှာ“ကာကွယ်ခြင်းသည်ကုသခြင်းထက်အရေးကြီးသည်”ဆိုတဲ့ ကဗျာလေးတပုဒ်ကျနော်ရေးခဲ့ ပါတယ်။အဲဒီအချိန်က“ဧရာဝတီ”ဟာဒီလောက်ဂရုစိုက်ဘို့ လိုနေပြီဆိုတာကိုတောင်မှမသိခဲ့ ရရိုးအမှန်ပါ။ဒါပေမဲ့ အဲဒီကဗျာကိုသဲကြီးမဲကြီးဝေဘန်၊တိုက်ခိုက်ကြတော့ မှ“ငါဘာများမှားသွားသလဲ”ဆိုတဲ့ အတွေးနဲ့ ရှာဖွေဖြစ်တော့ှ“ငါသိဘို့ လိုသေးတယ်”လို့ တွေ့ ပါတယ်။လိုနေတာတွေဖြည့် ဘိုအတွက်ကျနော့် ကိုကူညီသူများ(On line မိတ်ဆွေများ)ကိုလည်းအထူးကျေးဇူးတင်ပါတယ်။့ ၁၈/၈/၂၀၁၁မှာသိရှိသလောက်ဖြန့် ဝေ။လိုတာကိုထပ်ရှာမယ်ဆိုတဲ့ အတွေးနဲ့ ဗေဒါသင်တန်းကျောင်းမှာပထမအကြိမ်“ဧရာဝတီ”စကားဝိုင်းလုပ်ဖြစ်ခဲ့ ပါတယ်။လိုအပ်ချက်တွေ/မပြည့် စုံမှုတွေ
အများကြီးလို့ ဝေဘန်ကြပေမဲ့ ကျနော်တို့ ရဲ့ စေတနာနဲ့ လုပ်ရပ်ကိုတော့ အသိအမှတ်ပြုတဲ့ အတွက်“ဒုတိယအကြိမ်ဧရာဝတီ”
စကားဝိုင်းက(ိုလာမဲ့ တနင်္ဂနွေ၂၈/၈/၂၀၁၁မှာ)ထပ်မံဆွေးနွေးအဖြေရှာကြမှာဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျား။

ဒီအချိန်အတောအတွင်းအဓိကပြဿနာက“နေရာ”ဖြစ်ပါတယ်။ဗေဒါကသူ့ ကျောင်းသားတွေအတွက်တောင်အခက်အခဲဖြစ်နေတဲ့ နေရာပါ။
ပုံမှန်ကျောင်းသားအပြင်အရေးပေါ်အစီအစဉ်နဲ့ သင်ပေးရတဲ့ (ကချင်ပြည်နယ်ကရောင်းရင်းမိတ်ဆွေမျာ)သူတွေ။ရံဖန်ရံခါမှာဗေဒါတောင်ဘယ်ပြောင်းပြေးရမလဲမသိတဲ့ အနေအထားဆိုတော့ အနှောင့် အယှက်မဖြစ်ဘို့ ကြိုးစားရှာရတာ။မနေ့ ကမှခန်းမအတွက်ငွေကြေးကူညီပေးသူနှစ်ယောက်နဲ့ အခန်းငှားရမ်းခြင်းဖြင့် ကူညီပေးသူတယောက်ရဲ့ ကျေးဇူးနဲ့ နေရာကိုကြေငြာနိုင်ပါပြီ။
“အခန်းA 2 ။အမှတ်(၉၈)သီရိ(၄)လမ်း(၂)ရပ်ကွက်လှိုင်မြို့ နယ်”  ဖြစ်ပါတယ်။

အချိန်ကိုတော့ နံက်(၉)နာရီကစမယ်လို့ သတ်မှတ်ထားပါတယ်။အချို့ သူများနောက်ကျရင်လာနိုင်အောင်  ညနေ(၃)နာရီအထိ
ကျနော်တို့ စကားပြောကြမှာပါ။အပြန်အလှန်ဆွေးနွေးဘို့ မျှော်လင့် ထားတာကြောင့် “ဧရာဝတီ”ပေါ်မှာဆည်ဆောက်သင့် ကြောင်း
ရှင်းပြဆွေးနွေးလိုသူများကိုလည်းဒီနေရာကနေတခါထဲဖိတ်ခေါ်လိုက်ပါတယ်။(ကျနော်တို့ ကတော့ မဆောက်သင့် ကြောင်းတောင်းဆိုကြမဲ့ သူတွေပါ။)ကျနော်တို့ အား  ကူညီလိုသူ/အားပေးလိုသူ/ဝေဘန်လိုသူ/ညွှန်ပြလိုသူ/ကန့် ကွက်လိုသူ/မေးမြန်းလိုသူ(သတင်းသမားများ)ူ---လိုသူ----လိုသူ----လိုသူအပေါင်းအားလုံး    ကြွရောက်နိုင်ပါကြောင်း။


ဦးဝင်းချို(၁၂/ရကန(နိုင်)၀၄၅၁၅၉
အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း၊ဓဂုံမြို့ နယ်။ရန်ကုန်
ဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ(၂၆၄)၀၉-၈၀၃၃၅၅၄

U WIN CHO >>>> http://www.facebook.com/profile.php?id=100001872844660






No comments: