Friday 2 September 2011

အိမ်ထောင်ရှင် အမျိုးသမီးအချို့ Sex ကိစ္စ မလိုလားရသော ကျန်းမာရေး အခြေအနေ လေးရပ်

by ဘဘကြီး ဘဘကြီး ဘဘကြီး on Thursday, September 1, 2011 at 3:26pm

အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ဟာ Sex ကိစ္စမှာ စိတ်မဝင်စားဘဲ ငြင်းဆန်ရတဲ့ ကျန်းမာရေး ဆိုင်ရာ အကြောင်းရင်း တွေကတော့ အောက်ပါ အချက်တွေ နဲ့ ဆက်စပ် နေနိုင် ပါတယ်။
၁) သွေးစီးဆင်းမှု လျော့နည်းခြင်း

ဆီးချိုသွေးချို ရောဂါနဲ့ သွေးတိုးရောဂါတွေဟာ မမျိုးပွား အင်္ဂါဆီသို့ သွေးစီးဆင်းမှုကို ဟန့်တား ပေးနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှု လျော့နည်းကာ အိမ်ထောင်ရေးမှာ စိတ်မပါ ဖြစ်ရတတ် ပါတယ်။
၂) ဟော်မုန်းဆိုင်ရာ ကိစ္စများ
သွေးဆုံးတာ၊ မိခင် နို့ချို တိုက်ကျွေးတာ၊ သန္ဓေတားဆေး သုံးတာနဲ့ သိုင်းရွိုက် ပြဿနာတွေကြောင့် လိင်ဆန္ဒကို အဟန့်အတား ဖြစ်စေနိုင် ပါတယ်။
၃) ဆေးဝါး၏ ဘေးထွက် ဆိုးကျိုးများ
စိတ်ကျ ကုသဆေး တချို့နဲ့ Tamoxifen ကင်ဆာ ဆေးသွင်းရာမှာ သုံးတဲ့ဆေးတွေ ကြောင့်လည်း ကာမကိစ္စကို စိတ်မပါတာမျိုး ဖြစ်တတ်ပါတယ်။
၎) နာ့ဗ်ကြော ထိခိုက်မှု
ပါကင်ဆန် ရောဂါ နဲ့ Multiple Sclerosisလို နာ့ဗ်ကြော ထိခိုက်မှုတွေ ရှိတာလည်း လိင်ဆန္ဒ လျော့နည်း စေတတ် ပါတယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ဓာတ် ကျတာတွေ ကြောင့်လည်း စိတ်မပါတာမျိုး ဖြစ်တတ် ပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ လိင်ဆန္ဒ လျော့နည်းနေရင် အခြေခံ ကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

No comments: