Friday 12 August 2011

ကမ္ဘာ့အပယ်ခံ မြန်မာနိုင်ငံမှ တရုတ် လူချမ်းသာများ

လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း မြန်မာဟာ တရုတ်ရဲ့ မဟာမိတ်သဘောမျိုး ဖြစ်လာပါတယ်။ တရုတ်ဟာ စီးပွါးရေး အကျိုး အမြတ်ကိုသာ ထားပါတယ်။ မြန်မာ လူထု အများစုဟာ ဆင်းရဲမွဲတေ နေကြပေမယ့် စစ်အုပ်စု အသိုင်း အ၀ိုင်းဟာ တရုတ်နဲ့ ရင်းနှီးတဲ့အတွက် အကျိုး အမြတ်ခံစားနေရပါတယ်။ တရုတ်အစိုးးရဟာ ဗမာစစ်အုပ်စုကို လက်နက်ခဲယမ်းနဲ့ ငွေကြေးထောက်ပန့် တဲ့ အပြင် ကုလသမ၈္ဂမှာလည်း အကာအကွယ်ပေးနေပါတယ်။၁၉၄၉ ခုနှစ် တရုတ် ကွန်မြူနစ် အာဏာရလာချိန်မှာ အမေရိကန်နဲ့ ဆက်ဆံရေး
တင်းမာနေတဲ့ စစ်အေးခေတ်မို့ အိမ်နီးချင်ေးတွနဲ့ ချစ်ကြည်ရင်းနှီးရေးကို တရုတ်က ဦးစားးပေးပါတယ်။ အမေရိကန် ၀င်လာမှကို စိုးရိမ်တဲ့ တရုတ် ကွန်မြူနစ်ဟာ ကိုရီးယားနဲ့ ဗီယက်နမ် စစ်ပွဲမှာ ဒေသခံ ကွန်မြူနစ် အစိုးရ တွေကို အကြီအကျယ်ကူညီပါတယ်။ မြန်မာပြည်ကိုတော့ တရုတ်က သိပ်စိုးရိမ်ပုံ မရပါဘူး။ ဦးနု အစိုးရက ဘက်မလိုက်ကြားနေရေး ကျင့်သုံးတာမို့ တရုတ် ကွန်မြူနစ်နဲ့ ဆက်ဆံရေး အဆင်ပြေပါတယ်။ တရုတ်ပြည်မှာ စစ်ရှုံးလို့ မြန်မာ ပြည်ထဲ ၀င်ရောက်ခို လှုံတဲ့ ကေအင်စီ ကူမင်တန် တပ်ရင်း အချို့ကို အမေရိကန် စီအိုင်အေက လက်နပက်ပစဏည်းေ ထာက်ပန့် တာနဲ့ ထိုင်း စစ်တပ်က ကွန်မြူနစ် ဆန့် ကျင်တာကို အန္တရာယ်လို့ တရုတ် ကွန်မြူနစ်က မမြင်ပါဘူး။ မြန်မာ ပြည်မှာ ခိုလှုံနေတဲ့ ကူမင်တန် တရုတ်ဖြူ တပ်တွေကို အလုံးအရင်းနဲ့  ၀င်တိုက်ဖို့ လဲ တရုတ် ကွန်မြူ နစ်က မစဉ်းစားပါဘူး။ နယ်စပ်မှာသာ ကူမင်တန် တပ်နဲ့ တရုတ် ကွန်မြူနစ်တပ်နီတော်တို့ တိုက်ပွဲလေးတွေ ဖြစ်ပွါးကြပါတယ်။ မြန်မာ့ ပြည်တွင်ေးရးမှာ စွက်ဖက်လေ့ မရှိပေမယ့် တရုတ်ရဲ့ အကျိုးစီးပွါး ထိခိုက်လာပီလို့ ယူဆရင်တော့ ပြတ်ပြတ်သားသား လုပ်ပါတော့တယ်။ ဗကပ ခေါ် ဗမာ ကွန်မြူနစ်ကို ကူညီအားပေးပြီး မြန်မာပြည်ထဲမှာ လက်နက်ကိုင် တပ်ဖွဲ့  အရှိန်အဟုန် ပြင်းထန်လာအောင်လုပ်ပါတယ်။ ဒါပေမယ့် လုံး ၀ အဆက်ဖြတ်လိုက်တာ မဟုတ်တဲ့ အတွက် ၁၉၇၁ မှာ တရုတ်မြန်မာ ပုံမှန် ဆက်ဆံရေး ပြန်လုပ် နိုင်ပါတယ်။ ၁၉၇၈ မှာ တရုတ် ကွန်မြူနစ်က အရင်းရှင်စီးပွါးရေးစနစ်ကျင့် သူံးဖို့ ဆုံးဖြတ် တဲ့ အချိန်ကစပြီး စီးပွါးရေး အရ ဆက်ဆဲဖို့ကိုသာ အဓိက ထားတဲ့ အတွက် ဗကပ ကို အားမပေးတော့ပါဘူး။ ၁၉၈၈ ပြည်သူအုံကြွမှုကြီးကို အကြမ်းဖက်နှိမ်နင်းလိုက်တဲ့ ဗမာ စစ်အစိုးရဟာ ကမ္ဘာ့ အပယ်ခံ ဖြစ်သွားတဲ့ အတွက် တရုတ်ကို ပြေးကပ်ရပါတယ်။ တရုတ်က ဗမာကို မှီခိုစရာမလိုပေမယ့် ဗမာ ပြည်ဟာ တရုတ်အတွက် အရေးကြိးပါတယ်။ ဗမာစစ်အစိုးရက တရုတ်ကို အမြဲ အားကိုးနေရတဲ့ ဘ၀ က လွတ်မြောက်အောင် နိုငငံခြား ဆက်ဆံရေး တိုးချဲ့ ဖို့ ကျိုးစားပါတယ်။ ၁၉၉၇ မှာ အာစီယံ အရှေ့ တောင်အာရှ အဖွဲ့ မှာ ပါဝင်လာပြီး ၂၀၀၀ ခုနှစ် နောက်ပိုင်း အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းမွန်လာပါတယ်။ ဒါပေမယ့် သံသမန်နဲ့ စီးပွးရေးမှာ ဗမာ အစိုးရ အားကိုတာ တရုတ်ပါ။ ၂၀၀၃ ခုနှစ်မေ လ မှာ ဒေါ်အောင်ဆန်းစုကြည် တို့ အဖွဲ့ကို ကြံ့ ဖွတ်က အဲကမ်းဖက်တိုက်ခိုက်ပြီးတော့ အင်အယ်လ်ဒီအဖွဲ့ ချုပ် ကိုဖိနှိပ်ညှင်းပန်း ပြန်တဲ့အတွက် အမေရိကန်နဲ့ ဥရောပက ဗမာ စစ်အစိုးရကို ထပ်မံ ဒဏ်ခတ် အရေးယူကြပြန်ပါတယ်။ဒီပဲယင်းအရေးေဲကြာင့် ဗမာ စစ်အစိုးရဟာ တရုတ်ကိုပိုပြီးကပ် နေရ ပါတယ်။ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ဗမာစစ်အစိုးရကို တောင်းဆိုတဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချကို အမေရိကန် နဲ့ အင်္ဂလိပ်ဦဒဆောင်ပြီး ၂၀၀၇ ဇန်န၀ါရီလမှာ ချမှတ်ဖို့ကြိုးစားတဲ့အခါမှာ တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။မြန်မာပြည်မှာ ဖိနှိပ်ညှင်း ပန်း နေတာဟာ ပြည်တွင်းရေးသာဖြစ်လို့ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို မထိခိုက်ဖူးလို့ တရုတ်က ဆိုပါတယ်။ ဒါပေမယ့်မြန်မာပြာ်မှာနိုင်ငံရေး စနစ် အတည်တကျ ဖြစ်လာတာကို တရုတ်က မြင်လိုပါတယ်။ တရုတ်အစိုးရပြောတိုင်း ဗမာအစိုးရက မလုပ်ပါဘူး၊ တရုတ်အကြံပေးတာကို ဗမာ အစိုးရ လက်ခံပေမယ့် ဆုံးဖြတ်ချက်ချရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက ကျနေတာဖြစ်ပါတယ်။ မြန်မာပြည်မှာ အစိုးရ အပြောင်းအလဲ ဖြစ်မှာည တရုတ်က မလိုလားပါဘူး။ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ် လူထွက် အစိုးရကသာ တရုတ်ရဲ့ အကျိုးစီးပွါးကိုကာကွယ်လိမ့်မယ်လို့ ဆရုတ်ကွန်မြူနစ်က ယုံကြည်နေပုံရပါတယ်။ တရုတ်ပြည်အနောက်တောင် ကုန်းတွင်းပိုင်းဒေသ ဖွံ့ ဖြိုးရေးမှာ မြန်မာပြည်ဟာအရေးကြီးတဲ့နေရာက ပါဝင်နိုင်တယ်လို့ တရုတ်က ယူဆပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လမ်း ပန်း ဆက်သွယ်ရေး အလွန် အရေးကြီးတဲ့ အတွက် လမ်းဖောက်တံတားဆောက်ရာမှာ တရုတ်က ကူညီနေတာ ဖြစ်ပါတယ်။ လောလော ဆယ် မှာ တရုတ် မြန်မာ ကုန်သွယ်ရေးမှာ တရုတ်ကချည်း အသာရနေပါတယ်။ မြန်မာက ဒေါ်လာ ၁၀၀ ဖိုးတင်ပို့ရင် တရုတ်က ဆစ်ထာင်ဖိုး ပြန်ပို့ပါတယ်။ စီးပွါးရေး စရင်းဇယားထဲမှာ အပါတာကတော့ မြန်မာပြည်ထဲ တိတ်တဆိတ်ဝင်ပြီး အခြေစိုက်တဲ့တရုတ် လူဦးရေပါပဲ။ မြန်မာပြည်မှာ လူဦးရေ စာရင်း မကောက်တာ အနှစ် ၃၀ နီးပါးရှိပြီမို့ တရုတ်လူဦးရေ ဘယ် လာက်ရှိနေတာ မသိနိုင်ပါဘူး။ ဥပဒေမဲ့ ၀င်လာတဲ့တရုတ်တွေဟာ စေဆုံးသူ နိုင်ငံသားရဲ့  မှတ်ပုံတင်ကို ၀ယ်ယူပြီး နိုင်ငံသားယောင်ဆောင်တာကြောင့် တရုတ်ဦးရေကို သိနိုင်ဖို့ မလွယ်ပါဘူး။ မန္တလေးမှာတကင် တရုတ် ၂ သိန်း ရှိနိုင်ပါ တယ်။ တပြည်လုံးမှာ တရုတ် ၂ သန်းလောက်ရှိမယ်လို့ ခန့် မှန်းပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အများဆုံး ရင်းနှီး မြုပ်နှံသူဟာ ထိုင်း ဖြစ်ပြီးတရုတ် က ဒုတိယ၊ စင်ကာပူကတ တိယနဲ့ အိန္ဒိယက စတုတ္တ၊မလေးရှားက ပဉ္စမ လိုက်နေပါတယ်။ ဒါပေမယ့်မြန်မာ့ သယံဇာတကို ထုတ်ယူ နိုင်အောင် တရုတ်က ကြိုးပမ်းနေပြီး ဗမာ စစ်အစိုးရနဲ့ နိုငငံရေး ရင်နှိးတာကြောင့် စီးပွါးရေးမှာလည်း မကြာမှီ တရုတ်ဟာရှေ့ဆုံးရောက်သွားနိုင်ပါတယ်။ ရေအားလျှပ်စစ်မှာလည်းတရုတ်က ရင်းနှီး မြှုပ်နှံပါတယ်။ ရေားလျှိပ်စစ်တွေ များလာရင် ပြည်တွင်းမှာသာ မကပဲ တရုတ် ပြည်ကိုပါ လျှပ်စစ်ဓါတ် အားရောင်းနိုင်လိမ့်မယ်လို့ ဗမာ စစ်ဗိုလ်က မျှော်လင့်နေပုံရပါတယ်။ လက်ရှိရေအားလျှပ်စစ် ၃၀မှာ တရုတ်က အဓိက ပါဝင်ပါတယ်။ ရေအားလျှပ်စစ်ပစ္စည်း မြန်မာပြည် တင်ပို့တဲ့ တရုတ်ကုမ္မဏီတွေ အမြတ်အစွန်း ရပါ တယ်။ ရေအားလျှပ်စစ်ထုတ်လုပ်လို့ ဧရာဝတီနဲ့ သံလွင်မှာ ထွက်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဗမာ စစ်အိုးရက လသ်လှူရှုထားပါတယ်။ တရုတ်ပြည်အမြဲတမ်းရှင်သန် တိုးတက်နိုငရေးအတွက် လောင်စာစွမ်းအင် အလုံအလောက်ရရှိနေဖို့ လိုပါတယ်။ ဒီနေရာမှာ မြန်မာ ပြည်ဟာ အရေး ကြီးတဲ့ကဏ္ဍက ပါဝင်လာပါတယ်။ မြန်မာ့ လောင်စာ စွမ်းအင်ကို စားသုံးတဲ့ အပြင် အရှေ့ အလယ်ပိုင်းဒေသက သင်္ဘောနဲ့ သယ်ယူလာတဲ့ ရေနံကို စစ်တွေက တဆင့် ယူနန်ကိုပိုက်လိုကင်းနဲ့ သယ်ယူနိုင်ပါတယ်။ မြနမမာ ဘ၈င်္လားဒေ့ရှ် ၊သိရိလင်္ကာနဲ့ ပါကစ္စတန်မှာ တရုတ်သင်္ဘေတွေ ကပ်ခွင့်ရ သွား ရင်ရေနံ လမ်းကြောင်းကို ကာကွယ်နိုငတဲ့ အခြေအနေ ဖြစ်သွားနိုငပါတယ်။ ဒါကြောင့်ဗမာ စစ်အစိုးရက တရုတ်ကိုမှီခို အားထားနေရသလို မြန်မာပြည်ဟာ တရုတ်ရဲ့ ရေရှည်မဟာဗျူဟာမှာ အရေးကြီးလာပါတယ်။ တိုင်းပြည်တိုးတက်ကြီးပွါးအောင်မလုပ်တတ်တဲ့ စစ်အစိုးရကို တရုတ်က လည်းစိတ်ပျက်နေတာပါဘဲ။ မြန်မာပြည်မှာ မြန်မာက ဆင်းရဲပြီးတရုတ်က ချမ်းးသာလာရင် လူမျိုးရေးပဋိပက္ခ ဖြစ်လာမှာကို တရုတ် ကွန်မြူနစ်က သဘောပေါက်ပါတယ်။ ဒါကြောင့် တိုးတက်မှု လုံးဝ ဆိတ်သုန်းနေတာနဲ့ စာရင် ကိုယ်ကျိုး ရှာတတ်တဲ့ တိုးတက်မှုလေးရှိလာတာကမှ တော်သေးတယ်လို့ ယူဆပြီး ဗမာစစ်အစိုးရရဲ့ အစီအစဉ်တွေကို ထောက်ခံနေတာ ဖြစ်ပုံ ရကြောင်း တီအင်စတောရီက သုံူးသပ်တင်ပြထားတာကိုတင်ပြလိုပ်ရပါတယ်။ မြန်မာပြည်က တရုတ် အကျိုးစီးပွါးတွေကို စာတမ်းတွေကို သုံးသပ်ထားတဲ့ ဒေါက်တာ အေအမ် စတော်ဝင်ရဲ့ စာတမ်းတွေထဲကဖြစ်ပါတယ်။ ကမ္ဘာ့ အပယ်ခံ မြန်မာနိုင်ငံမှာ တရုတ်တွေ စီးပွါးဖြစ် ကြီးပွါးနေတာ နေပုံနဲ့ ပတ်သက်ပြီး စင်္ကာပူ အရှေ့  တောင်အာရှ လေ့လာရေး ဌာနက သုတေသီ တီအင်စ်တော်ရီရေးသားတဲ့ စာတမ်းဖြစ်ပါတယ်။ ဦးအောင်ခင်၏ ဗွီအိုအေ တွင်ထုတ်လွှင့်သည့် စာအုပ်စင် ၈ သြဂုတ် ၂၀၀၉ ဟောပြောချက်မှ Source:>>>> http://tiny.cc/wh4tu Ba Tharchaw

No comments: