Monday 15 August 2011

FEC (Foreign Exchange Certificate - ကြားခံငွေကြေး) အား ရုပ်သိမ်းသွားမည်ြ

နိုင်ငံခြားငွေကို တရားဝင်ငွေလဲနှုန်း သတ်မှတ်ပြောင်းလဲရန်အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဖြင့် ချိတ်ဆက် လုပ်ဆောင်မည်ဖြစ်ပြီး ငွေလဲနှုန်း ပြောင်းလဲခဲ့မည်ဆိုပါက FEC (Foreign Exchange Certificate - ကြားခံငွေကြေး) အား ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် FEC ကို ရုပ်သိမ်းခဲ့မည်ဆိုပါက လက်ဝယ်ရှိသူများ မနစ်နာစေရန် ထိုအချိန်တွင် အသုံးပြုနေသော နိုင်ငံခြားငွေကြေး သို့မဟုတ် နိုင်ငံခြားငွေလဲနှုန်း ကာလပေါက်ဈေးဖြင့် ပြန်လဲပေးမည်ဖြစ်ကြောင်း သိရသည်။ “Exchange Rate က ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်တော့ ဒီကိစ္စကို အထူးအလေးထား ဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ပြည်သူ အကျိုးစီးပွားနဲ့ နေ့စဉ်လူမှု စီးပွားဘ၀တွေမှာ ထိခိုက်မှု မရှိစေဖို့ ဦးစားပေးပြီး IMF နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Exchange Rate Unification ဆောင်ရွက်ရင် FEC ရုပ်သိမ်းရေးကိစ္စလည်း အလိုအလျောက်ပါသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ရုပ်သိမ်းတဲ့အခါ FEC လက်ဝယ်ရှိတဲ့ နိုင်ငံသားများ နစ်နာမှုမရှိဖို့ FEC အစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဖြစ်စေ ဒါမှမဟုတ် အဲဒီအချိန်မှာ သတ်မှတ်ထားတဲ့ ပေါက်ဈေးနဲ့ ညီမျှတဲ့ ကျပ်ငွေဖြစ်စေ ရရှိမှာဖြစ်ပါတယ်” ဟု သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)တွင် ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိမ်းက ပြောကြားသည်။ သြဂုတ်လ ၁၃ ရက်နေ့တွင် FEC တစ်ယူနစ်လျှင် ကျပ် ၇၀၀ ၀န်းကျင်နှင့် အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ကျပ် ၇၅၀ ပေါက်ဈေးရှိကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments: