Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts
Monday, 4 February 2013
ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ
((( ရယ်စရာ မဟုတ်ပါ )))
 Photo: ((( ရယ်စရာ မဟုတ်ပါ )))
ပြည်ခိုင်ဖြိုးပါတီ မှ ပညာရှင် ၂ ဦး၏ ကမ္ဘာကျော် အဆိုအမိန့်များ 
"လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ"
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး 
        --------------------------------------------------------------------------
"အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း  စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ်     မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့"
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ   ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ )
----------------------------------------------------------------------------------------------
ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန်၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော
January 29, 2013
မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက်  ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ်   များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား   အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ်   လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း   ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ   ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့  ဒေသခံပြည်သူတွေခများမှာလည်း  အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး     အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး  ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း  စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ်     မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ်   မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့်  တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး  ဌာနမှ ကချင်အရေးနှင့်ပတ်သက်  သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး   အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ    တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်”  ချပါကြောင်း ထုတ်ပြန်ခဲ့သည်။
(ခန့်ခန့်-ဒဿနိက/Hot News)
"လယ်သမားများ ထမင်းတစ်နပ်လျှော့စားပါ"
ဦးမြင့်လှိုင်-လယ်ဆယ် ၀န်ကြီး
...--------------------------------------------------------------------------
"အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့"
ဦးအောင်သိန်းလင်း-
( ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ )
----------------------------------------------------------------------------------------------
Monday, 5 March 2012
၆၂ စစ်အာဏာသိမ်း ရွှေရတုနှင့် ဗကပ အမြင်
by Myanmar Journal on Monday, March 5, 2012 at 6:41am ·
ကိုပေါက် | သောကြာနေ့၊ မတ်လ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်
(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)
၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။
ယနေ့ကာလတွင် ၂ဝဝ၈ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ် အုပ်ချုပ်နေသည်မှာ တနှစ်ပြည့်မြောက်ပြီးလည်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အမြင်တွင်မူ ယနေ့ သမ္မတ ဦးသိန်းစိန်အစိုးရထိပင် စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်တို့သာ စိုးမိုးလျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးတွင် သက်တမ်းအရင့်ဆုံး ပါတီကြီးဖြစ်သည့် ဗကပ အဘယ့်ကြောင့် ဒီလိုပြောနိုင်သနည်း။ အစိုးရအဆက်ဆက်နှင့် ဗကပ ဆက်ဆံရေးအတွေ့အကြုံအပေါ်မူတည်၍ စစ်အာဏာရှင်စနစ်ဟူ၍ မည်သို့ဖွဲ့တည်လာပုံ၊ ထိုစနစ်ကြောင့် တိုင်းပြည်ထိခိုက်နစ်နာရပုံနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရ အပေါ် အမြင်တို့ကို သိရှိနိုင်ရန် ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။
ဗကပ ကို အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်က မြေအောက်ပါတီအဖြစ် စတင်ထူထောင်ပြီးချိန်မှစ၍ မြေပေါ်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်နိုင်ခဲ့သည်။ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။
စစ်အာဏာရှင်စနစ် ရှိနေဆဲလား။ ရှိဆဲဆိုရင် ဘာ့ကြောင့် ရှိနေဆဲလို့ ပြောနိုင်ရလဲ။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျ။
Sunday, 30 October 2011
ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ
ရဲဘော်မျိုးထွဋ်(ကိုးကိုးကျွန်ပြန်)
(အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) မှ ထုတ်ယူဖော်ပြသည်)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေး စေ့စပ်ရေးပွဲဟာ ခရီးအတော်ပေါက်နေပါပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားမှုများနဲ့ နောက်ဆုံးအကြိမ်အစိုးရသစ် ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက်၊ ပူးတွဲသတင်းစာရှင်းပွဲ၊ သတင်းမီဒီယာတွေ အမေးပြန်လည်ဖြေကြားချက်များအရ သိရှိနားလည်နိုင်ပါတယ်။
ဆန္ဒစောလို့မဖြစ်
နိုင်ငံတော်သမ္မတကြီးရဲ့ ဧရာဝတီမြစ်ဆုံ ဆည်တည်ဆောက်မှု ပြည်သူ့အလိုဆန္ဒနဲ့အညီ
Thursday, 27 October 2011
♥۩۞۩♥ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာမရှိ ♥۩۞۩♥
by Hlaing Bwa on Wednesday, October 26, 2011 at 2:10am
ဘင်္ဂါလီလား မြန်မာတိုင်းရင်းသားလား (အငြင်းပွါးစရာမရှိ)
Khing Minn Nyo
သို့ 
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပါရန်ယနေ့  အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု ပြောဆိုသွားပါသည်။ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ည်သည့်တိုင်းရင်းသား လူမျိုးများနှင့် လူမျိုးစုနွယ်များက မည်မျှ ရှိသည်ကို သိရှိထားသော တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိဖြစ်ပါသည်။သို့ အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။ အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍ ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်းကိုလည်း မီဒီယာများမှ သိရှိပြီး ဖြစ်ကြပါသည် ။
BBC၏ လုပ်ကြံမြေပုံ ----> http://www.bbc.co.uk/news/world-asia-pacific-11595983
သို့ သော် ၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏ လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့ခွင့်အရေးချိုး ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည် ။မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန့် ချီကြလျှင် အထူးသတိပြုစရာ အချက်တခုကိုတိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။ ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊ သတင်းများ၊ အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန် အသိပေးအပ်ပါသည် ။ ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏
တာဝန်ရှိအဆင့်မြင့်အရာရှိမှ အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။သို့ ဖြစ်ပါ၍ ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန် မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော အသံလွှင့်ဋ္ဌါနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်သာနီ
ဘင်္ဂါလီလား မြန်မာတိုင်းရင်းသားလား (အငြင်းပွါးစရာမရှိ)
related source (ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာမရှိ) : http://kiwi6.com/file/4lhheh2gq2?autostart
Tuesday, 4 October 2011
♥۩۞۩♥ သမ္မတအစိုးရ ရဲရဲရပ်ပါ ♥۩۞۩♥
ကိုယ့်တိုင်းပြည်ကပစ္စည်းကိုယ်လည်းမသုံးရ ကိုယ့်ပြည်သူလည်း ဘယ်တုံးကမှ အကျိုးအမြတ်မရ
ဖွတ်ကျောပြာစုနေတာက အနှစ်က ငါးဆယ်ပြည့်တော့မယ်။ တိုင်းရင်းသားတွေဘက်ကလည်း
ဗမာဆိုပြီးပုံချနေမဲ့အစား တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြစ်သင့်ပြီ။ ဗမာနဲ့  စစ်တပ်ခုတုံးပြုအာဏာရှင်တစုထင်ရာစိုင်းကောင်းစားရေး လုပ်ခဲ့တဲ့ Organized Mob ကို ပြက်ပြက်ထင်ထင်ခွဲပြီး
Wednesday, 28 September 2011
လွှတ်တော်သည် စစ်မှန်သည့် ပြောင်းလဲမှုထံ ဆွဲခေါ်သွားနိုင်မည်လော
ဒေါ်အောင်ဆန်းစုကြည်မှ အစိုးရသည် စစ်မှန်သောပြောင်းလဲမှုဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်ကြောင်းပြောသည်။ လွှတ်တော်၏ သွားရာလမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့၏ သွားရာလမ်းနှင့် တူသည်ဟု ဆိုချင်ခြင်းလော၊ သံရေးတမန်ရေးစကားလော မသိနိုင်သော်လည်း စာရေးသူအနေဖြင့် ထိုစကားအား လက္ခံရန်ခက်နေသည်။
လွှတ်တော်သည် အမှန်တကယ် လမ်းကြောင်းမှန်သို့ ဦးတည်နေပြီဟု ပြော၍ရပြီလော။ မထင်ပါ။ NLD အနေဖြင့် ရှေ့လုပ်ဆောင်ချက်များအား ထိခိုက်မည်စိုး၍ တစ်ချို့သော အစိုးရလုပ်ရပ်များအား ထောက်ခံခြင်းလည်းဖြစ်နိုင်သည်။
အကယ်၍ လွှတ်တော်အား ထောက်ခံကြိုဆိုပါလျှင် NLD သည် အတိုက်အခံပါတီမဟုတ်တော့။ ကနဦးကတည်းက ကမ္ဘာ့ဇာတ်ခုံပေါ်ရရှိ အတိုက်အခံပါတီများထဲတွင် နေရာမရဆုံးပါတီဖြစ်သည်။ အစိုးရနှင့် ပူးပေါင်းလိုက်လျှင် NLD အခန်းကဏ္ဋ မှုန်ဝါးပျောက်ကွယ်သွားပါလိမ့်မည်။ ဆိုလျှင် သံရေးတမန်ရေး စကားလုံးလှလှများသည် အတိုက်ခံအားကိုလျော့စေ၍ အုပ်ချုပ်သူတို့ ထင်သလိုမင်းမူပြန်ဦးမည်။ လွှတ်တော်သည် အမှန်တစ်ကယ် ပြောင်းလဲပစ်နိုင်မည်လော။ မသေချာပါ။ သို့သော် အတိုက်အခံတို့ဘက်မှ မိမိရည်ရွယ်ရာအတိုင်းလုပ်လျှက် စောင့်ကြည့်ခြင်းကို ပိုအားပေးချင်သည်။
စစ်မှန်သောပြောင်းလဲမှုဖြစ်လိုလျှင် ပြည်သူ့အသံကို ဦးစွာနားထောင်ရမည်။ လွှတ်တော်အမတ်များ၏ လုပ်နည်းကိုင်နည်း၊ လုပ်ပိုင်ခွင့်များအတွက် တိကျသေချာသောထုံး ရှိနေရမည်။ အတိုက်အခံပါတီအမတ်များအပေါ် လေးစားရမည်။ လွှတ်တော်ဆွေးနွေးချက်များနှင့် ရလာဒ်များအား ပြည်သူလူထုထံ ထုတ်ဖော်ပေးနိုင်ရမည်။ " ပြည်သူသည်သူဌေး အုပ်ချုပ်သူသည်အလုပ်သမား " ဟူသောစကား ကိုလက်တွေ့ကျင့်ကြံပြရမည်။ သို့တစေ ဤသို့ဖြစ်လာဖို့ရာ လုံးဝမလွယ်ပါ။ အင်မတန်ခက်ခဲပါလိမ့်မည်။ သည့်အတွက် မေးချင်သည့်မေးခွန်းများစွာရှိသည်။ မေး၍ရနိုင်မည်မဟုတ်သေးပါ။
အပြင်၌ ပေါက်ကြားပြီးသောအဆိုသည် လွှတ်တော်၌တင်သွင်းခွင့်မရှိဆိုလျှင် လင်မယားအတွင်းရေးကို တင်ပြရန်သာရှိသည့် အတွင်းရေး လွှတ်တော်ဖြစ်ပါလိမ့်မည်။ ပြည်သူ့အသံထွက်သည့် ပြည်သူ့လွှတ်တော် မဟုတ်နိုင်။ ထို့ကြောင့် တွေးကြည့်ဖြစ်သည်။ လွှတ်တော်သည် တကယ့်ပြောင်းလဲမှုထံ ဆောင်ကြည်းသွားနိုင်မည်ဆိုသည်မှာ ဖြစ်နိုင်မည်လားဟူ၍ဖြစ်သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များအား ထောက်ခံအားပေးလျှက်ပင်ရှိပါသည်။ NLD သာလျှင် နိုင်ငံတော်အား အစစ်အမှန်ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်ပါသည်။
မုတ်သုံမိုးဦး
Wednesday, 21 September 2011
ဗွီအိုအေသတင်းထောက် မြန်မာပြည်သွား တောလား
[By VOA Burmese Fan Page ]
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံကို သွားရောက်သတင်းယူခွင့် ရယူနိုင်ခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း ကို သူတွေ့ကြုံမြင်တွေ့၊ ကြားသိခဲ့ရတာတွေကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းခင်များ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့တယ်ဆိုတော့ ကျနော်တို့ သတင်းသမားတွေအတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုအရိပ်အရောင်ကို တွေ့နေရတယ်လို့ ပြောနေကြတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ အပြင်က ကြားသိရတာကတော့ သတင်းလွတ်လပ်ခွင့်တွေ ပေးတယ်။ ဒေါ်ခင်စိုးဝင်း ကို ဖိတ်တာကို ကြည့်လိုက်ရင် သတင်းလွတ်လပ်ခွင့်အတွက် ရှေ့ ပြေးပဲ ကောင်းတဲ့နိမိတ် အလားအလာတခုလို့ လူတွေက ဆိုနေကြပါတယ်။ ဒေါ်ခင်စိုးဝင်း ရဲ့  မျက်မြင်ကိုယ်တွေ့ တိုးတက်မှုအရိပ်အရောင်တွေ ဘာတွေတွေ့ခဲ့ရသလဲဆိုတာကို ပြောပါ။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမကို ပြည်ဝင်ခွင့် ဗီဇာပေးလိုက်တာကတော့ ကျမအထင်မှာ ပြောရရင်တော့ အမေရိကန်အထူးကိုယ်စားလှယ် Derek Mitchell ခရီးစဉ်အတွင်းမှာ ဗွီအိုအေသတင်းဌာနက သတင်းထောက်တဦးကို ပြည်ဝင်ခွင့်ဗီဇာ ပေးခြင်းအားဖြင့် မြန်မာပြည်မှာတော့ သတင်းလွတ်လပ်ခွင့်တွေ ပေးလိုက်ပါပြီဆိုတာကို အမေရိကန်အထူးကိုယ်စားလှယ်ကို သူတို့ သတင်းစကား ပါးချင်တဲ့အနေနဲ့ ပေးလိုက်တယ်လို့ ကျမမြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တခြား သတင်းဌာနတွေကိုလည်း ဒေါ်ခင်စိုးဝင်းနဲ့အတူ မပေးဘူးလား။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမ သိရသလောက်တော့ Derek Mitchell ခရီးစဉ်မှာ ကျမတယောက်ကိုပဲ သတင်းထောက်အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပေးတယ်လို့ သိရပါတယ်။ တခြား သတင်းဌာနတွေကို ပေးတယ်လို့ မကြားမိပါဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လက်တွေ့ တွေ့ခဲ့ရတာကို ဆက်ပြောပါအုံး။
ဒေါ်ခင်စိုးဝင်း ။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးတယ်ဆိုတဲ့နေရာမှာ ကျမအမြင်မှာတော့ ပြည်တွင်းမီဒီယာတွေ၊ ပြည်တွင်းသတင်းဂျာနယ်တွေမှာတော့ နည်းနည်းပါးပါး အထိုက်အလျောက် လွတ်လပ်ခွင့်ရှိတာကို တွေ့ရပါတယ်။ ကျမတို့ အရင်တုန်းက မတွေ့ရတဲ့ ဂျာနယ်တွေ ထွက်ပေါ်လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် သတင်းတွေ ဖော်ပြခွင့်ရတယ်။ ဒါပေမဲ့လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိဘူး၊ ရှိတယ်ဆိုတာကို ကျမအနေနဲ့ အကဲဖြတ် ပြောရမယ်ဆိုရင်တော့ ဥပမာ ကျမကို မီဒီယာ သတင်းယူခွင့်ပြုတယ်ဆိုပြီး တရားဝင် စာရွက်စာတမ်းနဲ့ ကျမကို ခွင့်ပြုထားတာပါ။ ဒါပေမဲ့ ကျမ တကယ်တမ်း သတင်းသွားယူတဲ့အခါမှာ ဥပမာ လေဆိပ်မှာ Derek Mitchell ပြန်မယ့်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ကျမလည်း stand-up အပြင်ကနေ ရုပ်မြင်သံကြားအတွက် သတင်းရိုက်ချင်လို့ဆိုပြီး လေဆိပ်အပြင်ထွက်ပြီးတော့ သတင်းရိုက်ဖို့အတွက် လုပ်ပါတယ်။ အဲဒီအခါမှာ ကျမတို့ကို လုံခြုံရေးကလာပြီးတော့ ဒီနေရာမှာ မရိုက်ရဘူးလို့ လာပြောပါတယ်။ ကျမတို့က MRTV-4 ကလည်း ဒီနေရာလေးမှာ ရိုက်သွားတယ်။ ကျမတို့လည်း ဒီနေရာလေးက အကွက်အကွင်းကောင်းလို့ ရိုက်ပါရစေလို့ ပြောတော့ သူတို့က ဒီမှာရိုက်ခွင့်မရှိပါဘူး၊ လုံခြုံရေးအရ နှင်ထုတ်တာတွေ ရှိပါတယ်။ အဲဒီတော့ အထက်ကနေ သတင်းလွတ်လပ်ခွင့် ရှိတယ်လို့ ပေးလိုက်ပေမယ့် အောက်ခြေကလူတွေ နားမလည်းတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဆင့်ဆင့် coordination, cooperation ပူးပေါင်းဆောင်ရွက်မှု နဲ့ ညှိနှိုင်းမှုမှာ အားနည်းနေသေးတယ်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ သတင်းလွတ်လပ်ခွင့် ဆိုတဲ့နေရာမှာ အစိုးရကို ဝေဖန်တဲ့ သတင်းမျိုးတွေ ပြည်တွင်းမီဒီယာတွေမှာ ရေးသားခွင့်ရတာကို တွေ့ခဲ့ရပါသလား။
ဒေါ်ခင်စိုးဝင်း ။ ။ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ သတင်းတခုပဲ တွေ့ခဲ့တယ်။ အဲဒါကတော့ ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးပြောဆိုချက်ကို ဝိုင်းဝေဖန်ကြတဲ့စာလေးကို ထည့်ထားတာ တွေ့ရတော့ ဒါက အထိုက်အလျောက်လျော့သွားပြီလို့ ပြောနိုင်ပါတယ်။ ဒါက နမူနာတခုပေါ့။ အဲဒါလေးတော့ ပြောနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါက သတင်းလွတ်လပ်ခွင့်အပိုင်းပေါ့။ ကျန်တဲ့ စီးပွားရေးလိုင်းကို ကြည့်ရအောင်ပါ။ ပထမဦးဆုံး အဆောက်အအုံတွေက ဘယ်လိုပြောင်းလဲ တိုးတက်နေပါသလဲ။ ရန်ကုန်မြို့ ကြီးက စည်းစည်းကားကား၊ သန့်သန့်ရှင်းရှင်း ဖြစ်နေပါသလား။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမကတော့ အမေရိက က လာလို့လား။ နိုင်ငံခြားမှာ အနေကြာလို့လားတော့ မပြောတတ်ဘူး။ ရန်ကုန်မြို့ ကြီးကို ကြည့်ရတာ အတော်ကြီးကို ဘယ်လိုခေါ်မလဲ - လမ်းတွေကလည်း တော်တော်ဆိုးပါတယ်။ နောက်ပြီးတော့ အနံအသက်တွေကလည်း အတော်ဆိုးပါတယ်။ ရန်ကုန်မြို့ ကြီးက သန့်ရှင်းရေးလုပ်ဖို့ တော်တော်လေး လိုအပ်နေတယ်လို့ ထင်ပါတယ်။ နောက် လေထုညစ်ညမ်းမှုကလည်း တော်တော်လေး များပါတယ်။ မော်တော်ကားတွေကလည်း တော်တော်လေး စုတ်ပျက်တဲ့အတွက်ကြောင့် မော်တော်ကားက ထွက်လာတဲ့ အငွေ့တွေ။ လူတွေကို ကြည့်ရတာလည်း တော်တော်များများ ကျမအမြင်မှာ ညိုးနွမ်းပြီး နွမ်းနှယ်မွန်ကြပ်နေတယ်လို့ ခံစားရပါတယ်။ နောက် ဆင်းရဲချမ်းသာ ကွာခြားမှုကလည်း အရမ်းကို များလွန်အားကြီးပါတယ်။ ချမ်းသာတဲ့လူတွေက မတရားချမ်းသာပြီ၊ ဆင်းရဲတဲ့လူတွေက ကုန်ကောက်စရာ မရှိလောက်အောင် ဖြစ်နေတယ်လို့ ကျမစိတ်ထဲမှာ ခံစားရပါတယ်။
ဦးကျော်ဇံသာ ။ ။ နေပြည်တော်ကြတော့ကော။ ရန်ကုန်နဲ့ ယှဉ်ကြည့်ရင်။
ဒေါ်ခင်စိုးဝင်း ။ ။ နေပြည်တော်ကြတော့ ရယ်စရာပဲ ပြောရမလား မသိဘူး။ လူမရှိတဲ့ နေရာမှာ။ လူလည်းမရှိဘူး။ ကားလမ်းမရှိတဲ့ နေရာမှာ ကားလမ်းမကြီးက တခါမှ ကျမတသက်နဲ့တကိုယ် မမြင်ဘူးပါဘူး။ တဖက်ကို ရှစ်လမ်းသွားဆိုတော့ ဆယ့်ခြောက်လမ်းသွား လမ်းမကြီးက ဖြူးနေအောင် လုပ်ထားတာပါ။ လေယာဉ်ပျံတောင် ဆင်းလို့ရတဲ့ လမ်းမကြီးတွေပါ။ အဲဒီမှာ လူတယောက်မှလည်း မရှိဘူး။ လမ်းဘေးပလက်ဖောင်းတွေကလည်း တော်တော်ကြီးကို ကောင်းပါတယ်။ အဲဒီ ပလက်ဖောင်းမှာ လူတယောက်မှ မရှိဘူး။ ကျမ အဲဒီ ပလက်ဖောင်း၊ လမ်းမကြီးတွေကို ရန်ကုန်မြို့ ကို ယူပြီးသွားချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရန်ကုန်မြို့ က လူတွေကြည့်ရတာ တော်တော်ကြီးကို လိုအပ်နေတယ်။ အဲဒီပစ္စည်းတွေကို။ နောက် မီးတွေ၊ ရေတွေ ကောင်းတာအစ၊ အင်တာနက် အဆက်အသွယ် အကုန်လုံး ရန်ကုန်မြို့ မှာ မရတဲ့ဟာတွေ အကုန်လုံး facilities တွေ အခွင့်အရေးတွေ အကုန်လုံး။ အကုန်လုံးက နေပြည်တော်မှာ ရနေတယ်ဆိုတော့ နေပြည်တော်မှာက လူမရှိဘူး။ လူမရှိသလောက်ပဲ။ မြင်ကိုမမြင်ရသလောက်ပဲ။ လူဆိုလို့ မမြင်ရသလောက်ပဲ။ ကားလည်း မရှိသလောက်ပဲ။ လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီးတွေလောက်ပဲ နေတယ်ထင်ပါတယ်။ ရန်ကုန်မြို့ ကြီးကတော့ တော်တော်ကြီးကို စုတ်ပျက်နေတယ်လို့ ကျမထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နေပြည်တော်ဆိုလို့ မြန်မာနိုင်ငံအစိုးရက ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌ လုပ်မယ်ဆိုတော့ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ နေပြည်တော်မှာ လက်ခံကျင်းပရမှာပေါ့။ အကယ်၍ လုပ်ဖြစ်တယ်ဆိုရင်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမလည်း အဲဒီလိုပဲ မြင်ပါတယ်။ သူတို့ တော်တော်လေး ပြင်ဆင်ထားပါတယ်။ Logistically အရ အပြင်ဖက်က ဥပမာအားဖြင့် အာဆီယံခေါင်းဆောင်တွေ လာလို့ရှိရင် နေဖို့အိမ်ကအစ အဆင်သင့်။ ဆယ်နိုင်ငံက ခေါင်းဆောင်တွေနေဖို့ ဟိုတယ်တိုင်းမှာ အိမ်အကြီးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ကျမမေးကြည့်တယ် - အဲဒီ အိမ်အကြီးကြီးတွေက ဘာလုပ်တာလဲဆိုတော့ ‘နိုင်ငံခေါင်းဆောင်တွေ လာလို့ရှိရင် တည်ဖို့အတွက်ကို ဟိုတယ်တိုင်းမှာ ဆောက်ထားတာရှိတယ်လို့ ပြောပါတယ်။’ ကျမတည်တဲ့ ဟိုတယ်မှာလည်း အဲဒီ အိမ်အမျိုးအစား အိမ်အကြီးကြီးတလုံး တွေ့ပါတယ်။ အဲဒါလည်း ရေမီးအပြည့်အစုံနဲ့ နိုင်ငံခေါင်းဆောင်တယောက် နေလို့ရအောင် ဆောက်ထားတာ။ သားသားနားနား ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ တခုပဲ သတင်းမီဒီယာနဲ့ ပတ်သက်လို့ ဒီလိုမျိုး ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လုပ်မယ်ဆိုလို့ရှိရင် သူတို့ သတင်းမီဒီယာအဖွဲ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို တော်တော်လေး သိချင်နေပါတယ်။ ကျမတို့ ဒီတခေါက်သွားတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပဖို့ ဖိတ်လိုက်တဲ့အခါမှာ ကျမအပါအဝင် ပြည်ပသတင်းဌာနက အားလုံး ခြောက်ယောက်လောက်ပဲ ရှိပါတယ်။ ဒီ ခြောက်ယောက်လောက်ကို သူတို့ မကိုင်တွယ်တက်ပါဘူး။ ဘယ်လိုကိုင်တွယ်ရမှန်းလည်း မသိဘူး။ ခြောက်ယောက်လောက်ကို ဘယ်နေရာမှာ ထားရမှန်းမသိတော့ ၂၀၁၄ မှာ ထောင်နဲ့ချီပြီးလာမယ့် သတင်းယူမယ့်၊ သတင်းမီဒီယာအဖွဲ့ကို သူတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းလေးတခု ကျမ သိပ်သိချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဆီယံဥက္ကဋ္ဌရော လုပ်ဖြစ်မလား။ ဆိုတာကတော့ အာဆီယံဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးလို့ တွက်တဲ့လူတွေ ရှိသလို၊ ဖြစ်သင့်တယ်လို့ တွက်တယ်လူတွေလည်း ရှိတယ်ဆိုတာ အပြင်ကလည်း ကြားနေရပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်နေတယ်။ ဆိုတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ခဲ့မေးမြန်းခဲ့တယ်ဆိုတော့ သူတို့ရဲ့  သဘောထားက ဘယ်လိုမြင်ပါသလဲ။ တိုင်းပြည်က တကယ်ပဲ ပွင့်လင်းတော့မယ်လို့ မြင်နေပါသလား။ အပြောင်းအလဲ တကယ်ကြုံရတော့မယ်လို့ မျှော်လင့်နေပါသလား။
ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံရေးသမားတိုင်းလည်း အကုန်လုံးကတော့ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေတာ မဟုတ်ဘူး။ ကျမ အများစုနဲ့ စကားပြောကြည့်တဲ့အခါကြတော့ အများစုကတော့ အပြောင်းအလဲ နည်းနည်းတော့ လမ်းစပေါ်လာပြီ။ တံခါးလေး နည်းနည်းပွင့်လာပြီ။ ဟတယ်ဆိုရုံပေါ့။ လုံးဝတော့ မပွင့်သေးဘူး။ ဟတယ်ဆိုရုံ ရောင်ခြည်လေးက ဝင်လာပြီလို့ အများစုက ပြောကြပါတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း ခဏခဏ ဖြစ်ခဲ့ဘူးတော့ ခဲမှန်ဘူးတဲ့ စာသူငယ်လိုပဲ သူတို့တတွေအားလုံးက ပြန်ပိတ်သွားလေးမလား ဆိုပြီး မချင့်မရဲ ဖြစ်နေတယ်လူတွေ အများကြီးရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ရော - အခုအခါမှာ မြန်မာနိုင်ငံမှာ စီးပွားရေး ပိုမိုပွင့်လင်းလာတယ်။ ဒီနေ့ပဲ ဟိုမှာ ကားအဟောင်းတွေကို သူတို့ ပြန်လက်ခံတယ်။ နောက် နိုင်ငံခြားငွေ စုဆောင်းထားနိုင်တဲ့ လူတွေကို ကားသွင်းခွင့်ပေးမယ်။ ဒေါ်လာဈေးလည်း နည်းနည်းလေး တက်ရိပ်ပြလာတယ်လို့ ကြားရပါတယ်။ ဒေါ်ခင်စိုးဝင်း သွားတုန်းကရော စီးပွားရေးအလားအလာ ဘယ်လိုမြင်ခဲ့ပါသလဲ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒါကိုလည်း ကျမပြောပြပါမယ်။ ဒီလိုရှိပါတယ်။  အခု ဧရာဝတီမြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ဝိုင်းဝေဖန်နေကြတဲ့အခါမှာ ဧရာဝတီမြစ်ဆုံကိစ္စကို လမ်းကြောင်းလွှဲ အာရုံပြောင်းတဲ့အနေနဲ့ ဒီကားကိစ္စကို လုပ်တယ်ဆိုပြီတော့ တချို့ ဝေဖန်သံတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။ လူတွေက ကားကိစ္စလို့ ပြောလိုက်တဲ့အခါမှာ ဧရာဝတီမြစ်ဆုံကိစ္စ နည်းနည်းလေးများ အသံစဲသွားမလေးလားဆိုပြီးတော့ အာရုံလွှဲတယ်ဆိုပြီး တော်တော်များများ ပြောကြပါတယ်။ ကားပွဲစားတချို့ နဲ့လည်း စကားပြောဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ဒီကိစ္စကတော့ အာရုံလွှဲတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောကြတယ်။ ရန်ကုန်မြို့ ရဲ့  ကားသွင်းတဲ့ ပါမစ်ကိစ္စတို့ ဘာတို့ ရှိသမျှ ကိစ္စတွေအကုန်လုံးက အရင်တုန်းက လူတယောက်က လက်ဝါးကြီးအုပ်ထားပြီ၊ ကားပါမစ်တွေကို ကိုင်ထားတဲ့အတွက်ကြောင့် ဒီလိုမျိုး ကားတွေက စုတ်ပျက်ပြီး ကားအသစ်တွေ သွင်းလို့မရ ဖြစ်ခဲ့တယ်။ အခုကြမှ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အာရုံလွှဲရအောင် လုပ်တယ်ဆိုပြီး ပြောနေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ မြစ်ဆုံဆိုလို့ မြစ်ဆုံကိစ္စကို ဒီက အစီအစဉ်တွေလုပ်တယ်။ သောတရှင်တွေ ပါဝင်ဆွေးနွေးကြတယ်။ သူတို့တွေက ကန့်ကွက်တဲ့လူတွေ များပါတယ်။ ဒေါ်ခင်စိုးဝင်း တွေ့ခဲ့ရတဲ့ လူတွေအထဲမှာ မြစ်ဆုံစီမံကိန်းက ကောင်းတယ်။ လျှပ်စစ်မီး ထိန်းထိန်းလင်းတော့မှာ ဖြစ်တယ်။ နိုင်ငံခြားငွေလည်း ရတော့မှာဖြစ်တယ်ဆိုပြီ ကြိုဆိုတဲ့လူများ တွေ့ခဲ့မိပါသလား။
ဒေါ်ခင်စိုးဝင်း ။ ။ အင်မတန် ထူးဆန်းပါတယ်။ ဒီမိုကရေစီနေ့ ပြီးတဲ့အခါမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေရာမှာ ကော်မတီအသီးသီးက ကိုယ်စားလှယ်ကြီးတွေက ဖြေပါတယ်။ ၁၂ ဦးက - အဲဒီအထဲမှာ ကချင်ပြည်နယ် အမျိုးသမီးကိုယ်စားလှယ် တဦးပါပါတယ်။ နံမည်တော့ မမှတ်မိတော့ပါဘူး။ အဲဒီ ကချင်အမျိုးသမီး လွှတ်တော်အမတ်က ပြောပါတယ်။ သူတို့ ကချင်လူမျိုးတွေလောက် ဒီ မြစ်ကြီးနား ဒေသခံတွေလောက် မြစ်ဆုံကို ချစ်တဲ့လူ မရှိပါဘူး။ ဒါပေမဲ့ ဒီ မြစ်ဆုံ စီမံကိန်းကြီးက မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေ သယ်ပို့ပေးမယ်ဆိုရင် သူတို့ အနစ်နာခံဖို့ ဝန်မလေးပါဘူးဆိုပြီး အဲဒီ ကချင်ကိုယ်စားလှယ်က ပြောသွားတာကို ကြားလိုက်ရပါတယ်။ အင်မတန်မှ ထူးဆန်းပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ စီမံကိန်းကို လိုလားကြိုဆိုတဲ့လူတွေ မတွေ့ခဲ့ဘူးလား။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမ အများကြီး တွေ့ခဲ့ပါတယ်။ တွေ့တဲ့လူတိုင်းမှာ ထောက်ခံတဲ့လူဆိုလို့ ဗိုလ်ချုပ်ဌေးဦး တယောက်ပဲ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက် ဝန်ကြီးဦးဇော်မင်း လည်း ထောက်ခံမယ် ထင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီးဦးဇော်မင်းကတော့ ကိုယ်တိုင် မတွေ့ခဲ့ရလို့ပါ။ ဦးဌေးဦးကတော့ ကျမတို့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပတဲ့အတွက်ကြောင့်မို့ သူကတော့ နိုင်ငံကောင်းကျိုးအတွက်ဆိုရင် ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတခုသဘောမျိုးနဲ့ ပြောပါတယ်။
ဦးကျော်ဇံသာ ။ ။ စောစောက ပြောတဲ့အထဲမှာ အာဏာပိုင်အဖွဲ့အစည်းတွေထဲမှာ အပြောင်းအလဲကို လိုလားတဲ့လူရှိသလို။ အပြောင်းအလဲကို မလိုလားတဲ့လူတွေလည်း သတိထားမိတယ်လို့ ဆိုပါတယ်။ အဲဒီ နှစ်မျိုးကို ခွဲပြောပါ။ ဘယ်သူတွေက အပြောင်းအလဲကို မလိုလားတာလဲ။ ဘာကြောင့်လဲ။
ဒေါ်ခင်စိုးဝင်း ။ ။ အပြောင်းအလဲကို မလိုလားဘူးဆိုတာထက် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီတော့ လွှတ်တော်နှစ်ရပ် ရှိပါတယ်။ လွှတ်တော် နှစ်ရပ်မှာ အဲဒီနေ့က ပြည်သူ့လွှတ်တော်အပိုင်းနဲ့ အမျိုးသားလွှတ်တော်အပိုင်း နှစ်ပိုင်း ရှိပါတယ်။ ပြည်သူ့လွှတ်တော်အပိုင်းက ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက သတင်းမီဒီယာတွေနဲ့ တွေ့တဲ့အခါကြရင် လွတ်လွတ်လပ်လပ် ပြောဖို့ ။ နိုင်ငံတကာ ဒီမိုကရေစီနေ့ မတိုင်ခင် တစ်ရက်မှာ လွှတ်တော်ကိုယ်စားလှယ်၊ အမတ်တွေကို ရှင်းလင်းပြောကြားပါတယ်။ သူကနေ မနက်ဖြန်ကြရင် ခင်များတို့ မီဒီယာတွေနဲ့ တွေ့မယ်။ ပြည်ပသတင်းဌာနတွေ လာမယ်။ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်။ ပြောချင်တာတွေ ရင်ထဲက ရှိတာတွေ အကုန်ပြောလို့ရတယ်လို့ ခွင့်ပေးလိုက်ပါတယ်။ ခွင့်ပေးပြီး နောက်တရက် ကျမတို့ ရောက်တဲ့နေ့မှာ ကြိုက်တဲ့လူကို မေးလို့ရတယ်ဆိုပြီး အကုန်လုံးက လွတ်လွတ်လပ်လပ်ပါပဲ။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာတော့ ဓါတ်ပုံတော့ ရိုက်ခွင့်ရှိတယ်။ ဗွီဒီယို ရိုက်ခွင့်ရှိတယ်။ မမေးရဘူးဆိုပြီး တားမြစ်တာတွေ ရှိပါတယ်။ အဲဒါမျိုး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် လွှတ်တော်အတွင်းမှာပဲ နှစ်ခုက မတူပါဘူး။ ဒါကတော့ သတင်းမီဒီယာနဲ့ ပတ်သက်တာပေါ့။ တခြား အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သဘောကွဲလွှဲတာတွေ ရှိတယ်ဆိုတာကိုလည်း ကြားခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ လူထုရဲ့  ညဉ်းတွားသံတွေ မြန်မာနိုင်ငံမှာ ကြားရပါတယ်။ ကျနော် သွားတုန်းကလည်း - အခု ဒေါ်ခင်စိုးဝင်း လူထုဆီက ကြားသိခဲ့ရတဲ့ ညဉ်းတွားသံထဲမှာ အပြင်းထန်ဆုံးက ဘယ်အသံလဲ။ ကုန်ဈေးနှုန်း တက်တဲ့ဟာလား။ လွတ်လပ်မှု မရှိတာလား။ အဲဒါမျိုးတွေ။
ဒေါ်ခင်စိုးဝင်း ။ ။ ကုန်ဈေးနှုန်းတက်တာကို သူတို့ ခါးစီးပြီး ခံနေကြပါတယ်။ ဒါပေမဲ့ လွတ်လပ်မှုမရှိတာကတော့ နံပါတ် တစ်ပါပဲ။ ဥပမာ ကျမအသိတွေ၊ ဆွေမျိုးသားချင်းတွေ လာပြီး တွေ့ချင်ကြတယ်။ ဝန်ထမ်းဖြစ်နေတဲ့ လူတွေဆိုရင် တယ်လီဖုန်းနဲ့ပဲ နှုတ်ဆက်ရဲတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လာမတွေ့ရဲဘူး။ ဗွီအိုအေကဆိုတော့ ဓါတ်ပုံအရိုက်ခံရမှာ ကြောက်တယ်ဆိုပြီး ပြောပါတယ်။ ကြောက်လည်းကြောက်လောက်ပါတယ်။ ကျမ ဟိုတယ်အောက်မှာ ဓါတ်ပုံစောင့်ရိုက်နေသူတွေ ရှိနေတယ်။ ဆိုတော့ လွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ ဒါက အသေးအဖွဲပါ။ တခြား လုပ်လို့မရတဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရှိသေးတာကတော့ အမှန်ပါ။ နောက်ပြီတော့ စီးပွားရေး ပိတ်စို့မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကတော့ နစ်နာနေပြီဆိုပြီး များသောအားဖြင့် ပြောကြတယ်။ ဒါပေမဲ့ ပြည်သူလူထုက ဘာပြောသလဲဆိုတော့ စီးပွားရေးပိတ်စို့တာ ပြည်သူလူထု မနစ်နာဘူး။ သူတို့ပဲ နစ်နာတာ။ စီးပွားရေးကို ဖွင့်ပေးလိုက်ရင် ပြည်သူလူထု ခံစားရမှာ မဟုတ်ဘူး။ သူတို့နဲ့ ပလဲနံပတ်တဲ့ လက်တစုပ်စာ လူတန်းစားပဲ ကောင်းစားမှာတဲ့။ သူတို့နဲ့ ပလဲနံပတ်သင့်တဲ့ လူကပဲ လုပ်ပိုင်ခွင့်တွေရှိတယ်။ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ရှိတယ်။ အကုန်လုံး အခွင့်ရေး မှန်သမျှက အစိုးရနဲ့ ပလဲနံပတ်သင့်တဲ့ လူတွေသာ လုပ်လို့ရတဲ့ စနစ်ဖြစ်နေတယ်။ အဲဒီ စနစ်က ဒီကနေ့အထိ မပျောက်သေးပါဘူးတဲ့။ နောက် စီးပွားရေးတွေ ပိတ်စို့မှုတွေ ဖွင့်လိုက်လည်း ပျောက်လာမှာ မဟုတ်ဘူးလို့ လူထုက ညဉ်းတွားနေကြတာပါ။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ အပြောင်းအလဲ လမ်းစတွေဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို လိုချင်လို့။ Derek Mitchell စတဲ့ နိုင်ငံခြား သံတမန်တွေရှေ့ မှာ။ နိုင်ငံတကာရှေ့ မှာ မျက်နှာပန်းလှချင်လို့ ဖွင့်ပေးတယ်။ ဖွင့်ပေးတဲ့ ပုံစံမျိုး လုပ်ပြတယ်ဆိုပေမယ့်လည်း စနစ်တရပ်ဟာ ဘာကြောင့်ပဲလုပ်လုပ် အပြောင်းအလဲတရပ်ကို စတင်ပြီးရင် တကယ်လို့ အဲဒီအပြာင်းအလဲရဲ့  ကောင်းကျိုး၊ အကျိုးအမြတ်တွေကို ပိတ်စို့ထားတဲ့လူတွေကိုယ်တိုင် နားလည်းသဘောပေါက်ခဲ့ရင် ရရှိထားတဲ့ တိုးတက်မှုတွေကို ပစ်ပယ်ပြီး မူလနေရာဟောင်းကို ပြန်သွားတက်ပါသလားဆိုတာကို နောက်တကြိမ်မှာ ဆက်လက်ဆွေးနွေးပါမယ်။
အသံဖိုင် ရယူရန် @ http://www.voanews.com/MediaAssets2/burmese/2011_09/news_analysis_ukzt_09-21-11.Mp3
Saturday, 3 September 2011
♥۩۞۩♥ အစိုးရ၏အဓိပ္ပါယ်နှင့်အဓိပ္ပါယ်ရှိသောအစိုးရ♥۩۞۩♥
by Hlaing Bwa on Sunday, September 4, 2011 at 7:45am
အုပ်ချုပ်ရေးပေါ်ပေါက်ခြင်း
မနုဿဗေဒပညာရှင်များ၏အလိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံသောင်းလောက်ကစပြီး လူဟာ
မရှိသလို အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေများလည်း မရှိခဲ့ပါ။ သို့ သော် လွန်ခဲ့သော နှစ်ပေါင်း
တသောင်းလောက်ကစပြီး အာရှမိုင်နား (Asia Minor) နဲ့ မက်ဆိုပိုတေးမီးယား
Friday, 19 August 2011
နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ
 Friday, August 19, 2011
ပြည်ပရောက် နိုင်ငံရေးအင်အားစုများ ၀မ်းမြောက်ဖွယ်
(နိုင်ငံတော် သမ်မဒကျီး မှ ပေးစာ)
ပြည်ပရောက် မြန်မာနိုင်ငံရေး တက်ကြွသူ၊ နိုးကြားသူ၊ လှုပ်ရှားသူ၊ လုပ်စားသူ၊ အဖွဲ့အစည်းများ လူပုတ်ဂိုလ်များကို ကျန်းမာရွှင်လန်း စေကြောင်း ဦးစွာ နှုတ်ခွန်းဆက်လိုက်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က နေပူတော်မှာ ကျနော် တွေ့ဆုံပြောကြားလိုက်တဲ့ မိန်းခွန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနဲ့ ပတ်သက်ပြီး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးရမှာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ပြန်လာခဲ့ပါလို့ ဖိတ်ခေါ်တာတောင် မဟုတ်ပဲ စဉ်းစားပေးရမှာ ဖြစ်ပါတယ်လို့ ပြောကြားလိုက်ရုံနဲ့ ပြည်ပရောက် မြန်မာနိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေကြား “ ပြန်မယ်.. မပြန်ဘူး.. စောင့်ကြည့်မယ်.. စဉ်းစားဦးမယ်.. တိုင်ပင်ဦးမယ်.. ယုံကြည်တယ်.. မယုံကြည်ဘူး ” စသဖြင့် သဘောထား အမျိုးမျိုးကွဲပြားခဲ့သလို တဦးအပေါ်တဦး အယုံအကြည်တွေကင်းမဲ့ကြ… နားလည်မှုတွေလွဲကြ..နဲ့ အတော်လေးကို အားရဖွယ် တွေ့မြင်ရပါတယ်။
ဒေါ်စုကို ဦးသိန်းစိန် ကြောက်ရွံ့
Friday, August 19, 2011
(Photo: The Voice Weekly)
သမ္မတကြီး ဦးသိန်းစိန်သည် အလွန် ကြောက်တတ်သူ ဖြစ်သည်။
"နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတ အိမ်တော်ဖြစ်ပြီးတော့ အဲဒီ့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဓာတ်ပုံလဲ မချိတ်ထားပါလား" ဟု ဒေါ်အောင်ဆန်းစုကြည်ထံ အပြောခံရမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သမ္မတ ဦးသိန်းစိန်က ချိတ်ဆွဲထား လိုက်သည်။
Thursday, 11 August 2011
မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုင်းရင်းသားအရေး - အပိုင်း (၁)
Friday, 12 August 2011 10:35
User Rating: / 0
PoorBest 
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
စစ်အာဏာရှင်အစိုးရသည် ၁၉၈၉ ခု နှစ်မှစ၍ ၂၀၁၀ ခုနှစ် အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးနီးပါး သေနတ်သံဆဲသွားအောင် မည်သည့်အစိုးရနှင့်မှမတူဘဲ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သည်ဟု ပြည်တွင်းပြည်ပကို ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောဆိုနေမှုများ ယနေ့အချိန်ခါတွင် ချုပ်ငြိမ်းသွားပြီ ဖြစ်ပါသည်။ အနှစ် ၂၀ ကျော် ပြည်တွင်းပြည်ပ၌ နိုင်ငံရေး လက်နက်အဖြစ် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့ နှင့် ပြေလည်အောင် ဆောင်ရွက်နေပါသည် ဆိုသည့် စကားလုံးကို တွင်တွင်ကြီး အသုံးပြုခဲ့ပါသည်။ လက်နက်ကိုင် (၁၇) ဖွဲ့ ဆိုသော်လည်း အမှန်စင်စစ် ရေတွက်ကြည့်ပါက (၁၇) ဖွဲ့ထက် ပိုသည်ကို တွေ့ရပြီး မွန်၊ ထိုင်း၊ ခွန်ဆာအဖွဲ့လိုမျိုး လက်နက်လုံးဝချလိုက်သော အဖွဲ့များ မပါသည်ကို တွေ့ရပါသည်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးအရ ထိုးနှက်ရာတွင် အများဆုံး အသုံးပြုခဲ့သော စကားလုံးဆိုလျှင် မှားမည်မထင်ပါ။ ကျွန်တော် မှတ်မိနေပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေ ၊ ဗိုလ်ချုပ်မောင်အေး ၊ ဗိုလ်ချုပ်ခင်ညွန့်တို့ နိုင်ငံခြားခေါင်ဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များ ၊ တပ်မတော်သားများနှင့် တွေ့သည့်အခါတိုင်း ´ ငါတို့က ဘယ်ခေတ်ဘယ်အခါ ဘယ်အစိုးရများမှ မလုပ်ဆောင်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းအောင်လုပ်ပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်အောင် လုပ်နေသည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကသာ မြန်မာနိုင်ငံ တိုးတက်သာယာဖွံ့ဖြိုးရေးကို အနှောက်အယှက်ပြုနေသည်၊ အဆိုးမြင်ဝါဒကြီးသက်သက် ကြည့်နေသည်၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံနေသည်၊ တပ်မတော်ကို ပြိုကွဲအောင်လုပ်နေသည် ´ ဟု စသဖြင့် အစဉ်တစိုက် နိုင်ငံရေးအရ ထိုးနှက်ခဲ့ပါတယ်။
Wednesday, 10 August 2011
အမာထည်ပြီးရင် အပျော့ထည်လာမည်
ဌေးဇော်--8-8, 2011။- ဒီနေ့အချိန်အခါဟာ အကျပ်အတည်းကာလ လွန်မြောက်ပြီး (၂)နာရီ ကျော်ကျော် နေလုံး ဖြစ်နေပေပြီ။ လူ့လောကကြီးဆိုတာ အမြဲတန်းကံကောင်းတယ်ဆိုတာ မရှိပါဘူး။ ရာသီတွေကလဲ နွေးမိုဆောင်းလည်နေသလို လူလောကကြီးထဲမှာ လူတွေအနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းနေရပါတယ်။ ဒီတော့ ဘယ်အရာကိုဘဲ တည်ဆောက်ဆောက် အခြေခံ( Principle =fundamental truth or proposition)တွေကို အခြေခံပေါ်က စဉ်းစားပြီး လုပ်ဆောင်ရပါတယ်၊ အခြေခံတွေ လွတ်သွားရင် အောင်မြင်ဖို့ အကြောင်းအရင်းတွေ နည်းလာတတ်ပါတယ်။ ကျွန်တော်ပြောနေတဲ့ အခြေခံ(၃)လိုင်း အရေးကြီးဆုံးပါ။ နိုင်ငံ့အတွက် တကယ်အလုပ်မယ်ဆိုရင် ဒီ(၃)ချက်ကို လွတ်လို့မရပါ။ လွတ်တာနဲ့
Tuesday, 9 August 2011
ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြား
Wednesday, August 10, 2011
1:28 AM | Posted by လူဗိုလ်ဟူသည် ......
by အား မာန် on Tuesday, August 9, 2011 at 10:17pm
ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း
ဝဋ်လည်ခြင်းလေလား
by Thway Thitsar on Tuesday, August 9, 2011 at 11:52pm
စနေနေ့တုန်းက Tottenham မှာ တကယ်ဖြစ်ခဲ့တာပါ.. ဖြစ်ရပ်အစကတော့ ကြာသပတေးနေ.မှာ ရဲတွေရဲ့ သေနတ်ထိမှန်လို. သေဆုံးသွားခဲ့တယ်လို.ယူဆနေကြတဲ့ Mark Duggan ကနေ အစပြုခဲ့တာပါပဲ..
ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ”
by Burma Thwe on Wednesday, August 10, 2011 at 1:03am
ထွန်းထွန်း | အင်္ဂါနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်
(ဒဂုန်တာရာနှင့် အင်တာဗျူး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။ ၂ဝ၁၁ ခုနှစ်မှစ၍ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ များပြားပြင်းထန်နေသည့်အတွက် အသက်များစွာ ဆုံးရှုံးနေရကြောင်း၊ သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ မြန်မာပြည်ပိုင် ပစ္စည်းများသာ ဖြစ်ခြင်းကြောင့် ပြည်သူအများက ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။ ယင်းပန်ကြားလွှာကို ရန်ကုန်မြို့ရှိ မိတ်ဆွေတဦးမှတဆင့် နီးစပ်သူများကို ဖြန့်ဝေခဲ့သည်ဟု သိရသည်။ ဦးဌေးမြိုင် ခေါ် ဆရာကြီး ဒဂုန်တာရာမှာ ၁၉၅၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးကောင်စီ”နှင့် ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ” အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ သဘာပတိ အဖြစ် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
Contects UNHCR
UN MULTIMEDIA PRODUCTS & SERVICES UN RADIO UN TELEVISION UN WEBCAST UN PHOTO UN NEWS CENTRE UN HOME UNITED NATIONS IN NEW YORK (UNHQ) Caroline Petit, petitc@un.org
Monday, 8 August 2011
အမေရေ ကျွန်တော်အပြင်ကို ခဏသွားမယ်
by Htay Tint on Monday, August 8, 2011 at 4:04pm
အိပ်ယာကထလိုက်တော့ နံက် ၈နာရီကျော်စပါ ။ မျက်နှာသစ်ပြီး အိမ်ထဲကအထွက်မှာ အမေက ထမင်းကျော်ထားတယ်စားသွားလေတဲ့။ ခဏပါအမေ သားပြန်လာမှာပါ ။ လမ်းမကြီးကိုကျော်ပြီး လ္ဘက်ရည်ဆိုင်သွားထိုင်လိုက်တယ် ။မနေ့ ညက ခွပ်ဒေါင်းအလံတွေကို ရပ်ကွက်တွေထဲမှာ လိုက်ပို့ ပေးလို့ အိပ်ချိန်က သိပ်နည်းသွားတယ် ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၂)
နောက်တစ်ခုက level အဆင့်အတန်း Level တွေကအများကြီးရှိတယ်ဗျ ။အခုကျနော်ပြောမှာ ထိပ်ကနဲ့ အောက်ကအပိုင်း အကုန်လုံးကိုတော့ ကျနော်မပြောတော့ဘူး။ ယိုဒယားပဲကြည့်ပါလား ချမ်းသာတာမပြောနဲ့။သက်ဆင်နဲ့ပတ်သတ်လို့ပြောမယ်။ သက်ဆင်က သူကဘာဖြစ်လို့လဲဆိုတော့ တိုင်းသူပြည်သားတွေကိုကြည့်တယ်။ဆင်းရဲသားတွေကိုကြည့်ရှာတယ်။
တင်သွင်းသင့်သည့် အဆိုတစ်ခု
by Save Irrawaddy on Monday, August 8, 2011 at 12:30pm
ဒုတိယအကြိမ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွက် လွှတ်တော်အမတ်မင်းများ ပြင်ဆင်နေကြသည်ဟု ကြားသိရပါသည်။ ပထမအကြိမ်က ပယ်ချခံခဲ့ရသော အဆိုများကို ပြန်လည်တင်သွင်းရန် အားခဲထားကြသကဲ့သို့ လွှတ်တော်မှ ပထမအကြိမ် ပြန်လာပြီးသည့်နောက်ပိုင်း မိမိ ကိုယ်စားပြုရာ ဒေသများတွင် တွေ့ကြုံနေရသော အခက်အခဲ အသစ်များကိုလည်း စနစ်တကျ သုတေသနပြုကာ ပြန်လည်တင်သွင်းရန် ကြိုးပမ်းနေကြ သည်ဟု သိရရာ များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။