Friday 26 August 2011

ပညာတတ်တိုင်း ပညာတတ် အသိ မရှိ ပါ

by Min Chan Lin on Friday, August 26, 2011 at 2:36pm

ပညာတတ်တိုင်း ပညာတတ် အသိ မရှိ ပါ
ဘွဲ့ကလေး တခုရတာနဲ့ ပညာတတ်လို့ သတ်မှတ်ကြ ချင်ပေမဲ့ ပညာတတ် သူတိုင်းပညာတတ် (အသိ) ရှိသူ ဟု မဆိုနိုင်ပါ။ ပိုမိုတိကျစွာ ဖေါ်ပြရပါလျှင် အင်္ဂလိပ်လို Intellect ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥါဏ်ကို လွှာ သုံး၍ အတွေးခေါ် နှင့် အကျိုးအကြောင်းကို ဆက်စပ်လျက် ဝေဖန်ပိုင်းခြားမှု ကို မိမိ ပညာရပ် တွင်ဖြစ်စေ ကိုယ်ပိုင်တွေးခေါ်မှုတွင် ဖြစ်စေ အသုံးချသူ ကိုသာ ပညာတတ် (အသိ) ရှိသူ ဟု သတ်မှတ် နိုင်ပါမည်။ (၀ီကီပီးတီးယား ၏ အဓိပ္ပါယ်ဖေါ်ဆောင်ချက်။)




ဥပမာ ပေးရသော် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလ ခေါင်းဆောင်တွေကို ပေးရပါမည်။ အင်္ဂလိပ် အဆုတ် ဂျပန်အ၀င်မှာ အင်္ဂလိပ်တွေက ဗမာနိုင်ငံကို မြေလှန်ဖျက်စီးသွားကြတယ် ထို့နည်းတူစွာ အင်္ဂလိပ်ပြန်ဝင်တော့ ဗမာနိုင်ငံဟာ စစ်မြေပြင်ဖြစ်ရပြန်တယ်။ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ ဗမာနိုင်ငံ ကို ဖဆပလ ခေါင်းဆောင်တွေဟာ ဖြစ်နိုင်ရင် စစ်တလင်းမြေ မဖြစ်စေခြင်တော့ဖူး။ ဒါတိုင်းပြည်နဲ့ လူမျိုး ကိုချစ်တဲ့စိတ်နဲ့ ငဲ့ငြာကြလို့ပဲ။ နောက်ဆုံး မရ မှ ချဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒါ အချက်အလက်တွေကို မျှမျှ တတသုံးသပ်ပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥါဏ်ရှိကြလို့။ ပညာတတ် (အသိ) ရှိကြလို့

ကိုဗဟိန်း သခင်သန်းထွန်း သခင်စိုး ဂိုရှယ် တို့ ဟာလည်း ပညာတတ်တွေပဲ။ ဒါပေမဲ့ ပညာတတ် (အသိ) မရှိ နိုင်အောင် ပါတီအာဏါရရှိရေး က အရေးကြီး နေကြလေရဲ့ ပါတီအကျိုးက တိုင်းပြည် အကျိုး အထက် မှာ ရောက်နေကြတာကြောင့် ဝေဖန်တွေးတော နိုင်စွမ်းမရှိကြ။ လက်နက်ကိုင် တော်လှန်ရေးနှင့်ကွန်မြူ နစ်တွေ အောင်ပွဲခံ အာဏါသိမ်းပိုက်နိုင်မည်ဟု ဘ၀င်လေခပ်နေကြတာမို့ တိုင်ပြည် (နာ) မည်ကိုပင် ဂရုမစိုက်နိုင်။

လွပ်လပ်ရေး အတွက် နောက်ဆုံး အဆင့် အောင်ဆန်းအက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ပညာတတ် (အသိ)၊ ရှေ့ရေးကို တွေးခေါ်နိုင်မှု၊ သတ္တရှိရှိ တာဝန်ယူနိုင်မှု တွေဟာ ပိုထင်ရှား လာ တယ်။ လွပ်လပ်ရေးပေးဖို့သဘောတူခါနီးမှာ အင်္ဂလိပ်တွေက သူတို့ ဆောက်ခဲ့ရတဲ့ အဆောက်အဦိးနဲ့ ရင်းနှီးမှုတွေ အတွက် လျှော်ကြေးပြန်တောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူလိုက်တယ်။ သာမန်လမ်းပေါ် ကလူတယောက်မျက်စိနဲ့ကြည့်ရင် မခံချင်စရာပါပဲ။ မိမိတို့နိုင်ငံကိုလည်းကျူးကျော် ကျွန်ပြုသေးတယ် ပြီးဒင်းတို့ က ရင်နှီးမှုအတွက်လျှော်ချေးတောင်းသေးတယ်။ သို့သော် လွပ်လပ်ရေး အတွက်တာဝန်ယူ ဆွေးနွေးရသော တာဝန်ရှိသူ ဗိုလ်ချုပ် နေရာက ကြည့်လျှင် တမျိုးမြင်နိုင်သည်။ လွပ်လပ်ရေးအတွက် လက်တကန်းသာလိုတော့သည်။ မှန်သည် အင်္ဂလိပ်တို့ ညစ်သည်ကို မငြင်းလို။ သို့သော် ဤအချက်ကို မခံချင်စိတ် အလေးပေး၍ ဆွေးနွေးပွဲ ပျက်ခဲ့ သော် တိုက်ယူကြရတော့မည်။
ဤအချက်မှာ မူနှင့်လည်း ငြိသည်မဟုတ်။ တိုင်းပြည်လွပ်လပ်ရေးရအပြီး ကိုယ်ပိုင်ထူထောင်ခွင့်ရ လျှင် ဤမျှလောက် ငွေကိုပြန်ရှာနိုင်မည်။ ဤငွေ တခုအတွက် မိမိ တို့ရည်မှန်းချက်ဖြစ်သော လွပ်လပ်ရေး ကို အထိအခိုက် မခံနိုင်။ ဒါဟာ ပညာတတ် (အသိ) နဲ့ကြည့်တဲ့ အမြင်ပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၀ ကျော်ကျော်လေးသာရှိသေးသည် သို့သော် နိုင်ငံ့ ခေါင်းဆောင် တာဝန်ကိုယူထားရတာကြောင့် (အသိ) တရားက ရှေ့ပြေးဖြစ်နေရသည်။ နန်းရင်းဝန်လုပ်ခဲ့သော ဒေါက်တာဘမော်ပင် နားလည်ရခက်နေသည်။ ဝေဖန်လာသည်။ ဗိုလ်ချုပ်ကရှင်းပြရသည်။ အစပထမ ဆိုရှယ်လစ် များကလည်း ဘ၀င် မကျကြ။ ဗိုလ်ချုပ်ကို ယုံသည်နှင့် ပြန်မပြောရဲဒါကြောင့် လက်ခံခဲ့ကြ သည်။ နားမလည် နိုင်တာက တော့ ကွန်မြူနစ်တွေ။ ပညာတတ် (အသိ) မှ မရှိလေပဲ။ ကွန်မြူနစ်တွေ အဖို့ မခံချင်ဖြစ်ဖို့သာ နား လည်ကြသည်။ ဆွေးနွေးပြီးအဖြေရှာနိုင်သည် ဆိုသည် ကို နားမလည် နိုင် ကြ။ ရန်သူ ၏ တောင်းဆိုချက် ကို လိုက်လျောခြင်းသည် အရှုံပေးခြင်းဟု လှေနံဓါးထစ် အသေမှတ် ထားကြ သည် ဥါဏ်မမှီကြရှာ။ ခေါင်းဆောင်ဆိုတာ (ငါ) ဆိုသည့် (မာန) အလံလွှင့် ကာ ငါတကော မကော သင့်။ တိုင်းပြည်နှင့် လူမျိုး အကျိုးကို (ငါ) ဆိုသည့် မာန အရှေ့တွင် ထားရပေမည်။

သမ္မတကလင်တင်လက်ထက် က အောစလို ဆွေးနွေးပွဲ တွေမှ အရှိန်ရလာကာ အဇ္ဇရေးတွေနှင့် ပါလက်စ္စတိုင်း တွေ ငြိမ်းချမ်းရေး နားလည်မှုရရန် လက်မတင်ကလေးလိုတော့တယ်။ နောက်ဆုံး ရာစာအာရဖတ် သွေးကြောင်ကာ (ငါ) ဆိုတဲ့မာန ကိုမကျော်နိုင်ပဲ ဗိုလ်ချုပ်အောင်ဆန်းလို သတ္တရှိရှိ တာဝန် မယူရဲ ခဲ့တာကြောင့် အသက်ပေါင်းများစွာ စတေးရပြီးတာတောင် ခုထိရွာလည် နေကြရတယ်။ ခေါင်းဆောင်ဆိုတာ တခါတရံ လူမကြိုက်တဲ့ ကိစ္စတွေကို တာဝန် သိသိ ဆုံးဖြတ်ရဲ ရတယ်။


နောက် တခု က (ငါ) ဆိုတဲ့ (မာန)

စာဖတ်သူ တို့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ကို ပြန်အမှတ်ရကြည့်ကြပါ။ မျက်စိမှတ်ပြီး ခဏမျှ ဈာန်ဝင်ကြည့်ကြပါ။ ငါတို့ပါတီ ငါတို့ပေါ်လစီ ငါတို့ဥက္ကဌကြီး ငါတို့ဝါဒ ငါ…ငါ..ငါ ဆိုတဲ့ မာန်မာန တွေ
ကို ဒေါသစိတ်တွေ ဖုံးလွှမ်းနေတဲ့ အတ္တစိတ် တွေနဲ့ အတူ ရောထွေး ခံစားလာကြပါရမယ်။ ပြည့်ဝတဲ့ ခေါင်းဆောင် သဘောထားတည်ကြည်တဲ့ ခေါင်းဆောင်တွေဟာ ဒီ အတ္တနဲ့ မာန စိတ် ကို ပညာတတ် (အသိ) စိတ်နဲ့ပဲ ထိန်းသိမ်းသွားကြတာပါ။ ကိုယ်စိတ်ရှိ တိုင်းမလုပ်နိုင်ကြ (တာဝန်) က ရှိသေးတာကိုးဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တွေကို အာဃာတ နဲ့ မဆက်ဆန်ခဲ့  သလို နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းမှာ မတရား လုပ်ကြံကြတာတောင် ဒေါ်စုဟာ တိုင်းပြည်မျက်နှာနဲ့ ရန်ငြှိုးမထားခဲ့။ ထို့နည်းတူစွာ မင်တယ်လားဟာ တိုင်းပြည်လွပ်မြောက်ရေး အတွက် လူဖြူအစိုးရ ကို နားလည်မှုနဲ့ ၎င်းရဲ့ ကြီးမြတ်မှုကို ပြသခဲ့တယ်။ အတ္တရှေ့ထားကာ ဖြုတ်-ထုတ်-သတ် ခဲ့ကြသော ကွန်မြူနစ်များနှင့် ကွာပါဘိသခင်သန်းထွန်းအပြင် နောက်တယောက် ရှိ သေးသည် ကန်ပူးခြားမှ ပေါလ်ပေါ့။

လူတွေ မသိ လိုက်ကြရသော ကွန်မြူနစ်တို့ ကြောင့်တိုင်းပြည် နစ်နာရတာတွေကို တင်ပြပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းရော ဖဆပလ ခေါင်းဆောင်တွေဟာ တိုင်ပြည်ပြန်လည်ထူထောင်ရေးကို စိတ် အားထက်သန်လျက် ရှိကြတယ်။ အောင်ဆန်းအက်တလီ စည်းဝေးပွဲမှာ တိုင်းပြည်ထူထောင်ဖို့ ပိုက်စံ မလောက်တာမြင်လာကြတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်းရော ဗြိတိသျှ တို့ရဲ့ သဟဇာတ အဖွဲ့အ၀င် ဖြစ်နေခဲ့ ရင် တိုင်းပြည်ထူထောင်ရာမှာ အထောက်အကူဖြစ်မယ်ဆိုတာကို မြင်ကြတယ်။ ဒါပေမဲ့ သခင်မြ က ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်ပြီး အကြောက်အကန် ငြင်းတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်း ပါ သခင်မြ ကို လေးစားစိတ်နဲ့ နောက်ဆုတ်လိုက်ကြတယ်။ ဒါတောင် ဂိုရှယ်စာတန်းမှာ ဗိုလ်ချုပ်တို့ ကြိပ်ကြံကြပါတယ် လို့စွပ်စွဲလာသေးတယ်။ ကွန်မြူနစ်တွေအဖို့ကတိုင်းပြည် ထူထောင် ရေးသည် အဓိက မဟုတ် အာဏါနီ တည်ဆောက်ရေးက အဓိကကိုး။

နောက် စစ်ထပ်တိုက်ရရင် တိုင်းပြည်အရင်းအနှီးတွေကို မလိုအပ်ပဲ စစ်တပ်ကို ပုံအော ရမယ်ဆိုတာ ကို ဖဆပလ ခေါင်းဆောင်တွေက သိကြတယ်။ ဒါကြောင့် ဦးနုခမြာ ငြိမ်းချမ်းရေးအတွက် ကြိုးစားရှာ တာ။ ကွန်မြူနစ်တွေက ရင်ပြင်နီမှာ အလေးပြုခံဖို့ စိတ်ကူးယဉ်နေကြတာ။ ခေါင်းဆောင်တွေ မာန ထောင် လွှားပြီး ပညာတတ် (အသိ) ခေါင်းပါးရင် တိုင်းပြည် နာတတ်ကြောင်း လူငယ်လေးတွေကို သိစေ ချင် တာပါ။ အခုလည်းကြည့်လေ အထူးသ ဖြင့် ပြည်ပရောက် အတိုက်အခံတွေ ဟာ အစိုးရကို ဆဲ တာနဲ့ ဒေါ်စု ကို ထိုင်စောင့်ကြတာက လွဲလို့ ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ကြ။ တချိန်လုံး အထိန်းသိမ်း ခံရပြီး လွပ်လာတော့ ဘာမှတည်ဆောက်ထားတာမရှိ။ ဒါကြောင့်ဒေါ်စု ခမြာ မမော နိုင် network တွေ တည်ဆောက်ရ ကိုယ့် လူတွေ (အသိ) တိုးအောင် ပညာရှင်တွေကို ခိုင်းရနဲ့ တယောက် ထဲ ရုန်း နေရ ရှာ တယ်။ ဟော ပြီးရင် အန္တရယ်ကြား က နယ်ထွက် စည်းရုံးရဦးမယ်။

ဘွဲ့ရ တွေဒီလောက်ပေါ နေတာတောင် ပညာတတ် (အသိ) မရှိတော့ (သတိ) မရှိ ကြပါ။ ထို့အပြင် ကွန်မြူနစ်တွေရဲ့ အတွေးအခေါ်အတိုင်း မျက်စိမှိတ်ပြီး ချ..ချ..ချ.. ဆိုပြီး လေတော်လှန်ရေး မှာ မျှော်နေ ပျော်နေ ကြလေရဲ့။


ရင်းဖြစ်။ ။ ရဲရင့်(ကနေဒါ)

No comments: