Friday 12 August 2011

''မုတ်သုံမိုးဦး''


ခန်းခြောက်နေခဲ့တဲ့ ဘဝထဲကို မုတ်သုံမိုးဦး ဆိုတဲ့
မိုးဖွဲ့လေး.... တစ်ဖွေးဖွေး စိုပြေ စေခဲ့ပါတယ်။

ပူလောင်ခြင်းတွေကို ကူဖျောက်ပေးမယ့် အေးချမ်းရာလေး။
မောပန်းခြင်းတွေကို တွန်းလှန်ပေးမယ့် အာရုံဖြေဆေးလေး။
လွမ်းဆွတ်နာကျင် ရခြင်းတွေကို လက်ခံကုစားပေးမယ့် အားထားရာ ရိပ်မြုံလေး။
''မုတ်သုံမိုးဦး'' ..... ရတတ်သမျှ အသိဥာဏ်တို့နဲ့
ရှင်သန်အေးချမ်းခွင့်ကို ပိုင်ဆိုင်ပါရစေ။
သင့်အား နှလုံးသားအဖြစ် သတ်မှတ် ပါရစေတော့။

No comments: