Friday 12 August 2011

ကိုယ်ပိုင် စီးပွားရေးလုပ်ရန် ကြိုတင်တွက်ချက်ခြင်း

 မည်သည့် စီးပွားရေးဘဲ လုပ်မယ်စိတ်ကူး ထားရှိပါစေ၊ ကိုယ်ပိုင် စီးပွားရေး တစ်ခုလုပ်တော့မည် ဆိုပါက ထိုလုပ်ကိုင်မည့် လုပ်ငန်းအတွက် ရှေးဦးစွာ စံနစ်တကျ တွက်ချက်ကြည့်ရန် လိုအပ်ပါမည်။ ထိုသို့ တွက်ချက်ကြည့်ရန်မှာ အဓိက မဖြစ်မနေ တွက်ချက်ရမဲ့ လိုအပ်ချက် (၈)ချက် ရှိပါသည်။
ထိုအချက်များကို အောက်တွင် ရှင်းလင်း ဖော်ပြထားပါသည်။ (၁) တန်ဖိုးဖြတ်ခြင်း၊ မည်သည့် ပစ္စည်း၊ ဝန်ဆောင်မှု ဖြစ်ပြီး၊ စားသုံးသူများမှ အဘယ်ကြောင့် လိုအပ်မည်နည်းကို ချင့်ချိန်၍ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှု၏ တန်ဖိုးကို တွက်ရပါမည်။ (၂) ဝင်ငွေပုံစံ၊ မည်ကဲ့သို့ ကိုယ့်လုပ်ငန်းမှ ဝင်ငွေရရှိမည်ကို တွက်ရပါမည်။ ဥပမာ ရောင်းကုန်ပစ္စည်းမှ အမြတ်အစွန်း၊ ကော်မရှင်၊ ပွဲခ စသည်ဖြင့် ဖြစ်သည်။ (၃) ဈေးကွက် အလားအလာ၊ မည်သည့် ဈေးကွက်တွင် ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုကို ပေးမည်နှင့် ဈေးကွက်ပမာဏ အရွယ်အစားကို တွက်ရပါမည်။ (၄) အပြိုင်အဆိုင် ပတ်ဝန်းကျင်၊ မည်သူများအား ကိုယ့်ဈေးကွက်ထဲတွင် ပြိုင်ရမည်ကို တွက်ရပါမည်။ (၅) ပြိုင်ဆိုင်မှု အားသာချက်၊ အပြိုင်အဆိုင်များနှင့် ယှဉ်ပြိုင်လျှင် မည်သည့် အထူးအားသာချက် ကိုယ့်ထံတွင် ရှိသည်ကို တွက်ရပါမည်။ (၆) ဈေးကွက် နည်းဗျူဟာ၊ ကိုယ့်ပစ္စည်း၊ ဝန်ဆောင်မှုကို မည်သို့ အရောင်းမြှင့်တင်ပြီး ဖောက်သည် အသစ်များအား မည်သို့ စွဲဆောင်မည်ကို တွက်ရပါမည်။ (၇) အဖွဲ့အစည်း တည်ဆောက်မှု၊ မည်သည့် အဖွဲ့အစည်း ပုံစံ အနေအထားဖြင့် ကိုယ့်စီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော်ရန် လိုအပ်မည်ကို တွက်ရပါမည်။ (၈) စီမံခန့်ခွဲမှု အဖွဲ့၊ လုပ်ငန်း၏ စီမံ ခန့်ခွဲမှု အတွက် မည်သည့် အတွေ့အကြုံ နှင့် နောက်ခံအရည်အခြင်းများ လိုအပ်မည်ကို တွက်ရပါမည်။ Reference: K. Launden, C. Traver, E-commerce, Addison-Wesley, 2002, p. 58. သီဟ ပျံချီ

No comments: