Wednesday 10 August 2011

အမာထည်ပြီးရင် အပျော့ထည်လာမည်


ဌေးဇော်--8-8, 2011။- ဒီနေ့အချိန်အခါဟာ အကျပ်အတည်းကာလ လွန်မြောက်ပြီး (၂)နာရီ ကျော်ကျော် နေလုံး ဖြစ်နေပေပြီ။ လူ့လောကကြီးဆိုတာ အမြဲတန်းကံကောင်းတယ်ဆိုတာ မရှိပါဘူး။ ရာသီတွေကလဲ နွေးမိုဆောင်းလည်နေသလို လူလောကကြီးထဲမှာ လူတွေအနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းနေရပါတယ်။ ဒီတော့ ဘယ်အရာကိုဘဲ တည်ဆောက်ဆောက် အခြေခံ( Principle =fundamental truth or proposition)တွေကို အခြေခံပေါ်က စဉ်းစားပြီး လုပ်ဆောင်ရပါတယ်၊ အခြေခံတွေ လွတ်သွားရင် အောင်မြင်ဖို့ အကြောင်းအရင်းတွေ နည်းလာတတ်ပါတယ်။ ကျွန်တော်ပြောနေတဲ့ အခြေခံ(၃)လိုင်း အရေးကြီးဆုံးပါ။ နိုင်ငံ့အတွက် တကယ်အလုပ်မယ်ဆိုရင် ဒီ(၃)ချက်ကို လွတ်လို့မရပါ။ လွတ်တာနဲ့
အောင်မြင်မှုရလဒ်က ကပြောင်းကပြန်ဖြစ်ကုန်တတ်ပါတယ်။ (၁) လူမှု့ရေးလုပ်ရင် လူသားတွေကို ကူညီတဲ့အလုပ် လုပ်ရတာဖြစ်လို့ (လူသားမှန်သမျှ အယုတ်အလှ အမြတ်မရွေး ဆင်းရဲချမ်းသာမရွေး ပညာတတ် ပညာမဲ့မရွေး လူသားတိုင်း လူလို သဘောထားပြီး ကူညီရပါမယ်) လူမှု့ရေးအလုပ်လုပ်ပြီး လူသားတွေကို ခွဲခြားနေရင် လူမှု့ရေးလုပ်ငန်း ဘယ်လောက်ကြီးကြီး ကျယ်ကျယ် လုပ်လုပ် တနေ့ နာမည်ပျက် ကျဆုံးသွားတော့မှာ အသေအချာပါဘဲ။ (၂) နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံသားတွေအတွက် စနစ်တခုတည်ဆောက်တာဖြစ်လို့ နိုင်ငံရေးပါတီထောင်ပြီး စနစ်တခုကို ကိုယ်ကိုယ်တိုင်ကျင့်ကြံ ပြည်သူကို စည်းရုံးရပါတယ်။ လူမှု့ရေးသမားများတွေလို လူသားမှန်သမျှ အသင်းအဖွဲ့ထဲ ဇွတ်ဝင်ဇွတ်ထည့်လို့မရပါ၊ နိုင်ငံနဲ့ ပြည်သူတွေအတွက် စနစ်ကိုတည်ဆောက်တာဖြစ်လို့ ယုံကြည်ချက်ခိုင်မာသူတွေစုစည်းပြီး ပြည်သူတွေကို စည်းရုံး စနစ်တခုတည်ဆောက် နိုင်အောင် ကျင့်ကြံရပါတယ်။ (၃) တော်လှန်ရေးဆိုတာကတော့ သိကြတဲ့အတိုင်း ပြည်သူ့အုံ့ကြွမှု့နဲ့ လက်နက်ကိုင်လမ်းစဉ် (ဒီ-၂ချက်)ဘဲ ရှိပါတယ်။ အထက်ပါ(၃ချက် principle )တွေကို အခြေခံထားပြီး လုပ်ရပါတယ်၊ ဒီတော့ လူမှု့ရေးလုပ်ချင်ရင် (နံပါတ်-၁)ဘောင် အခြေခံကို ကျော်လုပ်လို့မရပါ။ ကျော်ရင် မအောင်မြင်တော့ပါ၊ နိုင်ငံရေးလုပ်ချင်ရင်လဲ (နံပါတ်-၂)ဘောင်ကို ကျော်လို့မရပါ၊ လူတိုင်းပါတီထဲဆွဲသွင်းရင် ပျက်ပြီသာမှတ်ပေတော့(လူဆိုတာ အတ္တတွေရှိတာကိုး တဘက်က(နေရာ-အာဏာ-ငွေ) အခွင့်အရေးတွေက ရှိတာကိုး၊ မယုံကြည်ဘဲ ပါလာတဲ့သူတွေက ဒီအတွက်လာကြတာဘဲ။ ဒီတော့ ပျက်တာအဆန်းတကျယ်မရှိဘးပေါ့၊ အချောင်သမားတွေက ဒါတွေ သဲခြေကြိုက်ပေါ့- နောက် နိုင်ငံရေးပါတီတွေရဲ့အလုပ်ကလဲ ရှင်းရှင်းလေးပါ ပြည်သူကို စနစ်တခုကျင့်ကြံနိုင်အောင်စည်းရုံး လမ်းပြရတဲ့အလုပ် ဒီနိုင်ငံရေးပါတီရဲ့ အလုပ်ကို မလုပ်ရင် ( principle )ဘောင်ကျော်ပြီး ပျက်မှာဘဲ၊ တော်လှန်ရေးဆိုပြီး တော်လှန်ရေးဆိုတဲ့ (နံပါတ်-၃)လိုင်းကို မလုပ်ရင် သေးပြီးပျောက်သွားမှာဘဲ။ အမှန်က ခေါင်းစဉ်အောက်က ဘောင်တွေမကျော်ဘဲ တစိုက်မတ်မတ်လုပ်မှ အောင်မြင်မှာပါ။ ယောင်နေရင်တော့ (၂-ဘ၀)လောက်တော့ အသာလေးနေရမှာဘဲ၊ (၁-ဘ၀)လောက်နဲ့တော့ ပျင်းတယ်ပြောမှာဘဲ။ ဒီတော့ (ဒီနေ့အချိန်အခါဟာ အကျပ်အတည်းကာလ လွန်မြောက်ပြီး (၂)နာရီကျော်ကျော်နေလုံး ဖြစ်နေပေပြီ။) ပြောချင်တာက ဘာလဲဆိုရင် အကျဘက်ရောက်နေပြီပြောတာပါ။ (၅နာရီ)နေလုံးတော့ မဟုတ်သေးဘူး။ အမှန်က နိုင်ငံရေးလုပ်ချင်ရင် ပြည်သူကို စည်းရုံးရမှာ ပြည်သူကို မစည်းရုံးရင် မစည်းလုံးနိုင်ရင် လုံးပါးပါးပြီပေါ့၊ ပြည်သူကမှ နိုင်ငံရေးသမားဖြစ်ခွင့်ရှိတာ ပြည်ပကလူတွေက နိုင်ငံရေးသမားဖြစ်ခွင့် ဘယ်ရှိတော့မလဲ၊ ပွဲပြီးမှပြန် ထပ်ဝင်သုတ်ရင် နောက်တခေါက် ထပ်ပြေးရအုန်းရအုန်းမယ်မှတ်ပါ။ (နေရာ-အာဏာ-ငွေ)အတွက် မရလို့ မခံဘဲပြေးတဲ့သူတွေ များတာကိုး၊ စနစ်ကို သွားပြောရင် (စစ်အစိုးရ)လို လာမပြောနဲ့ ပြောမှာဘဲ၊ ပင်လယ်ထဲကရေတွေက အငန်တွေများပါတယ်၊ ရေချိုက ဘယ်ရှာလို့ရပါမလဲ။ အန်အယ်လ်ဒီ တက်နေ၀န်းကနေ (၂)နာရီကျော်ကျော် နေလုံးဖြစ်သွားရတာက ဦးသန်းရွှေဂွင်ထဲ တလှမ်းချင်း တထစ်ချင်း တရွေ့ရွေ့ ၀င်သွားလို့ ဖြစ်သွားတာပါ၊ ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ပြီး နိုင်ငံရေးပါတီအလုပ်လုပ်ပြီး ပြည်သူကို စည်းရုံးနေရင် ဦးသန်းရွှေရိုက်သွင်းတဲ့ဂွင်ထဲ ၀င်စရာမလိုပါ၊ ခုတော့ ၀င်မိပြီ။ ဦးစောမောင်ထံက အာဏာသိမ်းတယ်၊ တပ်မတော်က ဦးဆောင်မှု့အခန်းက ပါရမယ် မူချတယ်၊ အခြေခံဥပဒေ စိတ်ကြိုက်ဆွဲတယ်၊ အန်အယ်လ်ဒီလုပ်ရမဲ့အလုပ်တွေ ၀င်ယူတယ် တဖြည်းဖြည်း အန်အယ်လ်ဒီနောက်ဆုတ်ပေးရတယ်၊ နောက် အခြေခံဥပဒေစိတ်ကြိုက်ဆွဲပြီး (၂၀၀၈)မှာ အတည်ပြုတယ် ပြည်သူ့က ထောက်ခံတာ ဘာတတ်နိုင်မှာလဲ (၂၀၁၀)ရွေးကောက်ပွဲမှာတော့ ရွှေဂုံတိုင်ကြေညာချက် ကြည့်ပြီး ဥပဒေထုတ်ကန့်သတ်လိုက်တာ ရွေးကောက်ပွဲမှာ ၀င်လုံးလို့မရအောင် လုပ်ပြစ်လိုက်တော့ အန်အယ်လ်ဒီက ဘေးကို ကိုယ့်စားရိတ်နဲ့ကိုယ် နားလိုက်ရတော့တာပေါ့။ အမှန်က (၂၀၁၀)ရွေးကောက်ပွဲမှာ ၀င်လုံးနိုင်ရင် ပြောပိုင်ခွင့်ဆိုပိုင်ခွင့် ပြည်သူစည်းရုံးပိုင်ခွင့် အထိုက် အလျှောက်ရနေမှာဘဲ နောက်တပွဲ နိုင်ငံရေးပါတီ လုပ်ငန်းစဉ်တွေ အတိုင်း ပြည်သူကိုစည်းရုံး ပြည်သူ့ အားကောင်းလာလို့ အမတ်ထက်ဝက်လောက်ပြန်ရရင် (၂၀၀၈ အခြေခံဥပဒေ)ကို ပြင်နိုင်တယ်။ ခုတော့ ဘုရားထီးတင်ပွဲလဲမမှီတော့ပါ။ အန်အယ်လ်ဒီကို နိုင်ငံရေးပါတီအဖြစ် (ပြည်သူတွေပါဝင်ပတ်သက်တဲ့ အုံ့ကြွမှု့)မဖြစ်မခြင်း ရှင်သန်ခွင့် ဘယ်တော့မှရတော့မည်မဟုတ်ပါ၊ (ဒါမို့ တဘ၀လောက်နဲ့ ပျင်းတယ်ပြောတာပေါ့ ၂-ဘ၀လောက် အသာလေးဘဲ) ကျွန်တော် ဂျပန်လာတော့ (ဘဘဦးအောင်ရွှေနဲ့ ဘဘဦးတင်ဦး)ကို ကန်တော့ခဲ့ပါတယ်၊ အန်တီကိုတော့ စာရေးပေးခဲ့ပါတယ်၊ ဘဘဦးတင်ဦးကတော့ ဆုတွေအရှည်ကြီးပေးပါတယ်၊ ကျွန်တော်ကပြောတာ တခုထဲဘဲ (ဘဘတို့ ဒီဘ၀တွေ့တော့မယ် မထင်လို့ လာကန်တော့တာပါ)လို့ ပြောလိုက်တော့ ဘဘဦးတင်ဦးက တွေ့ရမှာပါလို့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ပြန်ပြောပါတယ်။ ထားပါတော့ဗျာ(၂-ဘ၀)လောက်တော့ အသာလေးကြာသွားမှာပါ။ ခုတော့ ဦးသန်းရွှေက နှစ်ပေါင်းများစွာ ဒဏ်ပြန်ထောက်လှမ်းရေးတွေသုံးပြီး အလွန်သစ္စာရှိပြီဆိုတာသိမှ ဦးသိန်းစိန်ကို အာဏာအမွေပေးခဲ့တာပါ၊ ဘယ်ကန်ရဲမလဲ။ နံပါတ်(၃)လို့ ပြောနေတဲ့ အပြောကရွှေမန်းကတော့ စကားကျွံသွားလို့ လွှတ်တော်လောက်ကိုင်ရတာပါ (ကျွံတဲ့စကားက) သူသာ နိုင်ငံကို ဦးဆောင်ရရင် ဒီနေ့အခြေအနေနဲ့ ကောင်းအောင်လုပ်နိုင်တယ်လို့ ပြောလို့ ဦးသန်းရွှေက နေရာမပေးတာလို့ ကြားရပါတယ်၊ ဦးစောမောင်တုန်းကတော့ ဦးနေ၀င်းဆီ နေ့တိုင်းသွားရတာ ထုတ်ပြောသွားပါတယ်။ အန်အယ်လ်ဒီကို ပါတီအဖြစ်ဘယ်တော့မှ ရှင်သန်ခွင့်ပေးတော့မှာ မဟုတ်ပါ။ (၁) ကြံ့ခိုင်ရေးကို ယှဉ်နိုင်တာ အန်အယ်လ်ဒီဖြစ်တဲ့အတွက် ပြည်သူ့ရဲ့ဆန္ဒကို ယူလို့မရအောင် ရှင်သန်ခွင့်ရတော့မည်မဟုတ်။ (၂) အန်တီဒေါ်အောင်ဆန်းစုကြည်ကိုတော့ အမာထည်နဲ့မကိုင်ဘဲ (ပြည်ထဲရေးဝန်ကြီး ဦးကိုကို)က အမိန့်ကြေညာချက်ထုတ်ပြီးမှ အပျော့ထည်ပြောင်းသုံး ကိုင်တော့မှာပါ။ အန်တီက အင်မတန်ရိုးသားပါတယ်၊ သူက တိုင်းပြည်ကို အကောင်းဘက်က ရိုးရိုးကြည့်ပြီး ရိုးရိုးသားသားကောင်းအောင် လုပ်ချင်တာပါ၊ ဒီနေ့ နိုင်ငံရေးက လှေကြီးထိုးရိုးရိုးနဲ့ သွားလို့ရတာမဟုတ်ပါ။ အမှန်တွေလုပ် အမှန်တွေပြောနေရင် ဘေးထိုင်ရတယ်ဆိုတဲ့အတိုင်းပါဘဲ။ အမှန်တရားနဲ့သွားမဲ့သူတွေက အမှန်တရားခေတ်ရောက်မှ လုပ်လို့ ကိုင်လို့ သွားလို့ရတာပါ။ ခု အန်တီက (မ)ရင်း (မ)ရင်းနဲ့ မနိုင်ဝန် ဖြစ်လာပါပြီ၊ ဦးသိန်းစိန်ဘက်ကကြည့်ရင် ရှင်းပါတယ် အမွေကိုထိန်းရမှာဘဲ။ မထိန်းနိုင်ရင် (ကုဋ္ဋေ-၈၀သူဌေးသား)ဖြစ်သွားမှာပေါ့။ ဒီတော့ နှစ်(၁၀၀)ကျော်ချထားတဲ့ အကျဉ်းသားတွေကို (၁)နှစ်လျှော့ပြတာ ကြည့်တော့ဗျာ၊ သူ့တိုကတော့ ဒီမိုကရေစီကို ခုမှသွားတာဆိုတော့ (စစ်ကျောရေးမှ ရေစက်ချ စစ်သလို) ဒီမိုကရေစီကို တစက်ခြင်းပေးရင် ကံကောင်းတယ်မှတ်ရမှာဘဲ။ အပျော့ထည်သုံးပြရမှာဆိုတော့ ပြယုဂ်က ရုပ်ပြလုပ်ပြနေမှာပါ။ အရင် (န၀တ)က အမာထည်(military mechinism)နဲ့သွားနေတာ ရပ်လို့မှမရတာ ရပ်လိုက်ရင် လိုက်ပါ။ စီးနင်းနေတဲ့သူတွေ ဂျွမ်းထိုးမှေက်ခုန်အကုန်ပြုတ်ကျမှာ သူတို့ကိုယ်တိုင်လဲ ရပ်လို့မရပါ။ ဒီတော့ သွားနိုင်သလောက် သံပတ်ကုန်အောင်သွားနေမှာဘဲ။ ခုလဲ (န၀တ military mechanism)လောက် သွားလို့မရပေမဲ့ ရပ်အောင်လုပ်လို့မရပါ။ ရပ်ချင်ရင် လည်နေတဲ့ခွေးသွားစိတ်တွေကြားထဲ လူသားတွေအပြုံလိုက်ခုမှ ရပ်လို့ရမှာပါ။ ခုတော့ ဘောင်ပြောင်းထားတော့ သူတို့သွားမဲ့လမ်းက အမာထည်သုံးလို့ မရတော့ပါ၊ အပျော့ထည်သုံးပါတော့မည်၊ အန်တီအနေနဲ့လဲ ရဲဘော်ရဲဘက်တွေနဲ့ တဘက်ဖြစ်မသွားအောင်တမျိုး လက်ရှိအစိုးရနဲ့ ပြေလည်ဘို့ တမျိုး ဒီဆန့်ကျင်ဘက်တွေကို စုစည်းနိုင်အောင် လုပ်ရတော့မှာပါ။ တဘက်ဘက်ကို စောင်းသွားလို့မရတော့ပါ။ ထင်ပါတယ် ဦးသိန်းစိန်တို့ဘက်က အပေါ်စီးက ရနေပြီဆိုတော့ (၉ကြိမ်)လောက်တွေ့ပြပြီး နောက် မတွေ့ဘဲ နေလိုက်လဲရတာဘဲ၊ ဘာမှ သူတို့အတွက် အဆန်းတကျယ် အပန်းမကြီးပါ။ ဦးသိန်းစိန်တို့ဘက်က နှစ်ပေါင်း(၂၀)ကျော် စားထားဝါးထားပြီးပြီဆိုတော့ တော်ဘို့ကောင်းတဲ့ အချိန်ပါဘဲ၊ သူတို့ဘက်က သွားနေတဲ့ဘီးတွေ ရပ်တတ်ရင် သူရဲကောင်းဖြစ်မဲ့အချိန်တွေပါ။ ဦးစောမောင်လို နေ့တိုင်းသွားတွေ့နေရရင်တော့ စိတ်ကောင်းမွေးချင်တယ်ဆိုလဲ မွေးလို့ရမယ်မဟုတ်ပါ။ ဒီတော့ ပြယုဂ်တွေက မကောင်းပါ၊ ဘာတခုမှ ပြည်သူလိုအင် မပြပါ၊ (ပထမ)အရေးကြီးဆုံးက နိုင်ငံရေးတိုးတက်မှုကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာမှုနဲ့ တိုင်းတာ ရမှာဖြစ်ပါတယ်၊ ဒါက နိုင်ငံရေးရေချိန် တိုင်းတာနည်းပါ၊ ယခုတော့ ရည်ရှည်အတွက် အပျော့ထည့်သုံးတော့မှာကို မြင်တွေ့နေရပါတယ်။ ဒီနေ့အခြေအနေအရ အမာထည်ထက် အပျော့ထည်က ပုံဖမ်းရခက်ပါတယ်၊ အန်တီအနေနဲ့ ကိုယ့်ဘက်နဲ့ သူ့ဘက်ပြေလည်ဖို့ လှလှပပ ကစားတတ်မှ ရပါမည်။ ဘာလို့လဲဆိုရင် အန်အယ်လ်ဒီကို နိုင်ငံရေးပါတီအဖြစ်ရှင်သန်ခွင့်မရရင် အန်တီ ဘယ်လောက် တော်တော် ဘယ်လောက် ကောင်းကောင်း မြန်မာ့နိုင်ငံရေးက ဘာမှအဓိပ္ပါယ် မရှိတော့ပါ။ အရင်အမာထည်ခေတ်က (နအဖ)မတရားတာပြောနေလောက်နဲ့ အလုပ်ပြလို့ရပါတယ်၊ ခု အပျော့ထည်က မကိုင်တတ်ရင် ကိုယ့်ဘက် သူဘက် ဘက်ပေါင်းစုံက ကွဲသွားနိုင်ပါတယ်။ ဦးသန်းရွှေဂွင်ထဲ ဆက်တိုက်မ၀င်နိုင်အောင် အင်မတန်သတိထားရပါတော့မယ်။ ။ ဌေးဇော်- 8, 8,2011 Htet Aung

No comments: