Thursday 6 October 2011

Steve Jobs ကွယ်လွန်ပြီ

: 6 Oct, 2011

ကမ္ဘာပေါ်ရှိ နာမည်ကြီး ကွန်ပြူတာနှင့် လက်ကိုင်ဖုန်း ကုမ္ပဏီ Apple ကို စတင် ထူထောင်ခဲ့သူ Steve Jobs မှာ ၎င်းနေထိုင်သည့် ကမ္ဘာ လောကကြီးကို အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ အမေရိကန် နိုင်ငံ အတွင်းတွင် အမြှော်အမြင် အကြီးမားဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ် မျိုး ဆက်သစ်တို့ကို လမ်းကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သူ Jobs မှာ ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ အသက် ၅၆ နှစ် အရွယ်၌ ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံနှင့် ကမ္ဘာပေါ်ရှိ ကွန်ပြူတာ သုံးစွဲသူများဆီသို့ တစ်ကိုယ်ရေသုံး ကွန်ပြူတာများကို အရောက် ပေးပို့နိုင်ခဲ့သူ Steve Jobs မှာ လွန်ခဲ့
သည့် ၁၉၈၄ ခုနှစ်က သမ္မတ ရော်နယ်ရေဂင် ကိုယ်တိုင် ချီးမြှင့်ခဲ့သည့်  အမျိုးသား နည်းပညာ ဆုတံဆိပ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် Jafferson ဆုတွင်လည်း ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍ၌ အကြီးကျယ်ဆုံး ဝန်ဆောင်မှု ပေးနိုင်သူ တစ်ဦးအဖြစ် ဆုရရှိခဲ့ကာ Fortune မဂ္ဂဇင်း၏ ကမ္ဘာ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များထဲတွင်လည်း တစ်ဦး အပါအဝင် အဖြစ် မှတ်တမ်းတင်ခံခဲ့ရသူလည်း ဖြစ်သည်။ ယခုလို ၎င်း၏ သေဆုံးမှုနှင့် ပတ်သက်ပြီး Apple ကုမ္ပဏီမှ ပြောရာ၌ ၎င်း၏ နောက်ဆုံး အချိန်များကို မိသားစုများ ဝိုင်းရံပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ပြော ကြား လိုက်သည်။ သို့ရာတွင် မည်သည့် အကြောင်းကြောင့် သေဆုံးသည်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

လွန်ခဲ့သည့် လေးနှစ်ခန့်ကပင် ရှားပါးသည့် ပန်ကရိယ ကင်ဆာကို ခံစားခဲ့ရ သည့် Jobs မှာ ၎င်း ၏ CEO တာဝန်မှ လွန်ခဲ့သည့် သြဂုတ်လက အနား ယူခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် အတွင်းတွင်လည်း ရောဂါကြောင့် အချိန်ကြာမြင့်စွာ နားနေခဲ့ရသူလည်း ဖြစ်သည်။  ၁၉၇၆  ခုနှစ်တွင် Apple ကုမ္ပဏီကို သူငယ်ချင်း ဖြစ်သူ Steve Wozniak နှင့် စတင် ထူထောင်ခဲ့သူ Jobs မှာ OSX, iPod,  iPhone နှင့် iPad စသည့် သမိုင်းတွင်စေမည့် ထုတ်ကုန်များကို ထုတ်လုပ် ပေးနိုင်ခဲ့သည်။ ၎င်း၏ ကင်ဆာရောဂါမှာ ရှားပါးပုံစံ တစ်မျိုးဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ယင်းရောဂါ ဖြစ်နေကြောင်း ကြေငြာခဲ့ကာ  ၂၀၀၉ ခုနှစ်တွင်လည်း အဆိုပါ ရောဂါကြောင့် ခြောက်လကြာ အနားယူခဲ့ရသူ ဖြစ်သည်။ ယခုလို သေဆုံးမှုနှင့် ပတ်သက်ပြီး Apple ကုမ္ပဏီမှ ဗုဒ္ဓဟူးနေ့ ညက ကြေငြာချက် ထုတ်ပြန်ခဲ့ရာတွင် မိမိတို့ အနေဖြင့် အမြှော်အမြင် ရှိပြီး ဖန်တီးနိုင်သည့် ပါရမီရှင်တစ်ဦး ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကာ ၎င်း၏ စိတ်ဓာတ်နှင့် အားမာန် တို့မှာ Apple ကုမ္ပဏီ၏ အခြေခံ အုတ်မြစ် အဖြစ် အမြဲတမ်း ရှိနေဦးမည် ဖြစ်သည်ဟု လည်း ကြေငြာချက် ထုတ်ပြန် ပေးခဲ့သည်။


source : The Wall Street Journal , Wikipedia


Broadcasted : 6 Oct, 2011

1 comment:

မုတ်သုံမိုးဦး said...

နှစ်ပေါင်းများစွာ Steve Jobs ကိုသိနေခဲ့ပါတယ်။
သူဟာ လက်ရှိခေတ်ရဲ့
ကွန်ပျူတာရှေ့ဆောင်ဆိုလဲဟုတ်သလို ကွန်ပျူတာဖြစ်တည်ဖွံ့ဖြိုးခြင်းရဲ့ အဓိကဇာတ်ကောင်လဲဖြစ်ပါတယ်။
သူ့ကိုဆုံးရှုံးလိုက်ရတာဟာ ကမ္ဘာကြီးအတွက်
ကြီမားတဲ့ဆုံးရှုးမှု တစ်ခုပါပဲ။
ဘုရားသခင်ရဲ့တိုင်းပြည်မှာ
ဘုရားသခင်နဲ့အတူရှိနေမှပါ။