Monday 31 October 2011

ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုး၍ရောင်းစားနေသူများ (၁)

(ဒီနေရာမှာ ပြောစရာတွေရှိလာပါတယ်။ အခုဖြစ်နေတဲ့ ရိုဟင်ဂျာအရေးဟာ တိုင်းပြည်တစ်ခုလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေး သို့မဟုတ် မြန်မာပြည်ကို ရောင်းစားနေကြတဲ့သူတွေနဲ့ ရိုဟင်ဂျာကုလားအရေးဖြစ်တယ်။
 BBC က သတင်းသမား Anna Jones့  Burma Campaign UK ၊ DVB  မှာ ခေတ္တတာဝန်ခံလုပ်နေတဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့ သားငယ် ဦးဟန်ယောင်ဝေ တို့တစ်ထွေဟာ ရိုဟင်ဂျာကုလားကို မြန်မာ တိုင်းရင်းသားဖြစ်ခိုင်းနေကြတာကို မီးမောင်းထိုးပြလိုပါတယ်။ ဒီပြဿနာကို မြန်မာတိုင်းသိထားသင့်သလို အရေးကြုံရင် အရေးအရာပါလာဖို့လိုလာာမယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ရရင် လေ့လာဖတ်ရှု စေချင်ပါတယ်။ )

 by ဒီမိုကရေစီ ဘက်တော်သား on Saturday, September 3, 2011 at 5:44am

ကျွန်တော်ဒီဆောင်းပါးကိုရေးချင်နေတာကြာပါပြီ။ ရေးသင့်၊ မရေးသင့် အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး စဉ်းစားချင့်ချိန်မိလို့ အနည်းငယ်နှောက်နှေးသွားရတာပါ။ အခုတော့မရေးမဖြစ်လို့ရေးရတော့မယ်။ ဘယ်နယ့်ဗျာ မြန်မာပြည်တွင်းမှာ ပြည်သူလူထုကြီးက ဒီလောက်အတိဒုက္ခရောက်နေကြတာ ပြည်တွင်းက လူထုခေါင်းဆောင်တွေ၊ 88မျိုးဆက်ကျောင်းသားတွေက ပြည်တွင်းမှာ ဒုက္ခခံ၊ ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတော့ တိုင်းပြည်အတွက်၊ မြန်မာလူမျိုးတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွပ်နေကြတယ်။ ဒီအချိန်မှာ ပြည်ပရောက်မြန်မာလူမျိုးတွေအနေနဲ့ မိမိတို့တတ်စွမ်းသရွှေ့ မြန်မာပြည် ငြိမ်းချမ်းအောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကျိုးပမ်းလုပ်ဆောင်ကြရမယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွပ်တဲ့နေရာမှာ ပြည်တွင်းက လူထူခေါင်းဆောင်တွေ၊ 88မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဟန်ချက်ညီညီ ချိပ်ဆက်ပြီး အချိန်ကိုက်လူပ်ရှားရမယ်။ အဲဒီ့လို ဟန်ချက်ညီညီ အချိန်ကိုက်လူပ်ရှားမှသာ မြန်မာပြည်မှာ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီး၊ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုတွေအတွက် ကြိုးပမ်းမူဟာ ထိရောက်အောင်မြင်မှာပါ။

ဒီဆောင်းပါးဟာ ဘယ်သူတွေက ပြည်ပကနေ မြန်မာပြည်က ပြည်သူလူထုတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရော၊ မြန်မာပြည်မှာတော်လှန်ရေးကြီး အချိန်ကာလရှည်ကြာနေမှသာ ထောက်ပံကြေးတွေ၊ လုပ်စားကွင်တွေဆက်ရနေပြီး ငါတကောကော်နေကြတဲ့ တစ်ကိုယ်ကောင်းဆန် အတုအယောင် လုပ်စားတွေကြောင့် တိုင်းပြည်ဘယ်လောက်နစ်နာလည်း၊ ပြည်သူလူထုတွေဘယ်လောက်ဆင်းရဲတွင်းနက်နေတာကို လှစ်လှူုရှူခဲ့ကြလည်း၊ ပြည်တွင်းက လူထူခေါင်းဆောင်တွေလည်း သူတို့ကြောင့်ဘယ်လိုမျိုးသွယ်ဝိုက်သောနည်းနဲ့ ဘေးကျပ်နံကျပ်ဖြစ်ခဲ့ရလည်းဆိုတာတွေကို မီးမောင်းထိုးပြမှာဖြစ်ပါတယ်။

တစ်ကယ်တော့ မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံရေးကို လုပ်ဆောင်နေတဲ့သူ ပြည်ပရောက်မြန်မာအများစု ဟာ ပြည်တွင်းကလူတွေထင်သလိုမျိုး သက်တောင့်သက်သာဘဝမျိုးတွေမရှိကြပါဘူး။ အမြဲတမ်းကြိုးစားရုံးကန်မှ တော်ရာကြတဲ့ သူတွေချည်းပါဘဲ။ အဲ ကြိုးစားခွင့်၊ လုပ်ဆောင်ခွင့်၊ လွတ်လပ်ခွင့် တော့ပိုရတာပေါ့ဗျာ။ ဆိုတော့ကာ ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုး၍ရောင်းစားနေသူ အများစုဟာ နိုင်ငံခြားသားတွေဦးဆောင်တဲ့ အဖွဲ့အစည်းတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံရေးကို ဗမ်းပြပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရရှိအောင် ဝိုင်းအော်ချင်ယောင်ဆောင်ပြီးတော့ သူတို့ရေရှည် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံရေးကို အကြောင်းပြပြီးတော့ ငွေများများနဲ့ကြာကြာ ရအောင် ရေရှည် စီမံကိန်းချပြီးတော့ လုပ်ဆောင်နေကြတာပါ။ ငွေရရှိရေး အဓိကသာဖြစ်လို့ မြန်မာပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့်အရာတွေလည်း သူတို့ဂရူမစိုက်ကြပါဘူး။ တစ်ကယ်တမ်း မြန်မာပြည်ကိုချစ်ရင် မြန်မာပြည်သူလူထုတွေ ဘယ်လောက်ဆင်းရဲဒုက္ခရောက်နေကျလည်း၊ ဘယ်လောက်နာကျင်ခံစားနေရလည်း ဆိုတာကိုပထမဦးစားပေးစဉ်းစားရမှာလေ။

အင်း နိုင်ငံခြားသားတွေ မြန်မာပြည်ကိုချစ်တယ်လို့ပြောရင် မြန်မာလူမျိုးတွေကရီတာပေါ့ဗျာ။ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှမလုပ်တာ မြန်မာပြည် စစ်ကျွန်ဘဝရောက် စစ်ဝဋ်တွေကိုခံစားနေရတာ ဆယ်စုနစ်ပေါင်းများစွာ ဘယ်သူတွေကဘာတွေများထိထိရောက်ရောက်ကူညီကြလို့လဲ။ မြန်မာပြည်မှာ ရေနံကမထွက်တော့လည်း ဝေးဝေးက လေနဲ့ကူညီတာပေါ့ဗျာ။

အဲဒီတော့ဗျာ မြန်မာပြည်မှာ အမြန်ငြိမ်းချမ်းရေးရပြီးမြန်မာလူမျိုး သန်း၆၀ ရဲ့အကျိုး၊ အဲ့ဒီ့အကျိုးကိုဘဲပထမဦးစားပေးလုပ်ဆောင်မယ်ဆိုရင် မိမိတို့ဖာသာ မိမိတို့အားကိုးရမယ်ဆိုတာကို မြန်မာလူမျိုးအားလုံးစွဲမြဲ ယုံကြည်စေချင်တယ်။ဟုတ်ပြီ ဒီလိုမျိုး ကိုယ်ကို ကိုယ်သာအားကိုးရမယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်း နဲ့ကြိုးပမ်းမလဲ လက်ရှိ အစိုးရကိုအမာနည်းလမ်းဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင် စစ်တပ်ချင်းတိုက်မလား။ ဒီနည်းလည်းဟန်နိုင်ဘူး တစ်သက်လုံးတိုက်လာတာနိုင်မှ မနိုင်တာဗျာ။ ဘယ်မှာလည်း တူတူတန်တန် အတိုက်အခံဘက်ကစစ်အင်အား ။ ဟုတ်ပြီ ဒါဆိုရင် လူထုအုံကြွမူနဲ့ ဖြိုချမလား။ ဒါလဲမဟန်နိုင်ပါဘူး။ မြန်မာပြည်မှာ လူထုအုံကြွမူတွေအများကြီးပေါ်ပေါက်ခဲ့တယ်၊ ပြည်သူလူထုတွေလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတစ်ကာက လူထုအုံကြွမူတွေ အောင်မြင်တယ်ဆိုတာ နောက်ကနိုင်ငံတစ်ကာရဲ့ စစ်တပ်တွေကအမြဲပါတယ်။ ဒါကြောင့် အောင်မြင်တာပါ။ မြန်မာပြည်မှာ လူထုအုံကြွမူတွေဖြစ်ရင် ဘယ်နိုင်ငံတစ်ကာရဲ့စစ်တပ်ကမှ ဝင်မပါဘူး၊ ဒါကြောင့်မဟန်နိုင်ပါဘူး။ လူထုခေါင်းဆောင်တွေရယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရယ်၊ လက်ရှိဦးသိန်းစိန်အစိုးရရယ် သုံးပွင့်ဆိုင် တွေ့စုံ၊ ညှိနှိုင်းမှသာလျှင် အမြန်ငြိမ်းချမ်းရေးရပြီး ပြည်သူလူထုရဲ့ နာကျင်ခံစားနေရတာတွေကိုရပ်တန့်နိုင်မှာဖြစ်တယ်။

လူထုခေါင်းဆောင်တွေဘက်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံမူရှိတယ်၊ လက်ရှိဦးသိန်းစိန်အစိုးရမှာ အာဏာရှိတယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေဘက်မှာ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိတယ်။ အတိတ်ကပြီးခဲ့တဲ့ အကြောင်းအရာတွေထက် လက်ရှိမှာ မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ်ဘဝကို ရှေးရှူပြီး ပထမဦးစားပေးပြီးတော့ သန်း၆၀ရဲ့မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒါဟာပထမဦးဆုံး ထိပ်တန်းအမျိုးသားရေးပါဘဲ။ အခုယနေ့ အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ရှိဦးသိန်းစိန်အစိုးရရယ် စတင်တွေ့ဆုံဆွေးနွေးနေပြီ။ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်နှစ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးမူ့ စကားဝိုင်းပေါ်ကိုရောက်အောင် ကြိုးပမ်းလာခဲ့ရတာတွေ သမိုင်းအသိပါဘဲ။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးနေတာကို အားလုံးက မြန်မာပြည်သူလူထု သန်း၆၀ရဲ့ အနာဂတ်ဘဝကို ရှေးရှူပြီး ကြိုဆိုရမယ်၊ ပုဂ္ဂိုလ်ရေး မုန်းတီးမူတွေ၊ အကျိုးအမြတ်တွေထက် သန်း၆၀ရဲ့မျက်နာတွေကို ငဲ့ကွက်ရမယ်။ ဒီနေရာမှာ အပြုသဘောကြတဲ့ ဝေဖန်မူတွေကိုကြိုဆိုရမှာပါ။ သို့သော် ပြည်တွင်းကလူထုခေါင်းဆောင်တွေ လက်နဲ့ရေးနေတာ ကို ခြေနဲ့မှားမဖျက်မိဖို့လိုတယ်။ အထူးသဖြင့် ပြည်ပက မြန်မာနိုင်ငံကောင်းကျိုး ကို ဆောင်ရွပ်နေတဲ့ မြန်မာလူမျိုးတွေ သတိတစ်ရားနဲ့ ဘယ်သူဟာတစ်ကယ်မြန်မာလူထုကောင်းစားရေးကို ဆောင်ရွပ်နေတယ်၊ ဘယ်သူကတော့ တော်လှန်ရေးကြီး အတွန့်ရှည်ကြာမြင့်နေမှ ရေရှည်စားပေါက်ချောင်မယ့်ပြော ပေါက်တွေလည်း ဆိုတာကို ကိုယ်ပိုင်ညဏ်နဲ့ စဉ်းစားဆင်ခြင်ကြဖို့လိုပါပြီ။

ကျွန်တော်တို့မှာ အမှန်တစ်ကယ် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မြန်မာပြည်သူလူထုကောင်းစားရေးကိုဆောင်ရွက်နေတဲ့ ပြည်တွင်းက လူထုခေါင်းဆောင်ကောင်းတွေရှိနေပါတယ်။ အဲဒီ့ ခေါင်းဆောင်ကောင်းတွေရဲ့ လမ်းစဉ်တွေကိုတတ်စွမ်းသရွှေ့ ပံပိုးကူညီဆောင် ရွက်ရင်း လိုက်လံလုပ်ဆောင်ရမှာက ကျွန်တော်တို့ရဲ့အလုပ်ပါ။


စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI)

အခုတလော ပြည်ပမှာအသံနဲနဲထွက်လာတာကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ပါဘဲ။ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ထောက်ခံမဲတွေပေးပြီး လုပ်ဆောင်နေရတာကိုမြင်နေရတော့၊ ပြည်ပရောက်မြန်မာအများစု သူများအော်လို့ လိုက်အော်တာထက် အဲဒီ့စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ဆိုတာဘာလည်း၊ မြန်မာလူမျိုးတွေအတွက် ဘာတွေများပို အကျိုးရှိမှာလဲလို့အရင်တွေးစေချင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်မူ့တွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ၊ ဖွဲ့ပြီးတော့ ကမ္ဘာ့ခုံရုံးကိုတင်မယ် ဒီလောက်ဘဲအများစုကထင်ကြမှာပါ။ တစ်ကယ်တော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖြစ်လို့ စုံစမ်းမူတွေမှာ စစ်အာဏာရှင်တွေအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့အစည်းတွေလဲ အကုန်လုံးပါမှာဖြစ်တယ်။ အကုန်လုံး ဒီစုံစမ်းရေး မှာပါဝင်ပတ်သက်ပါတယ်။ အဖွဲ့ ဖွဲ့ပြီးတော့လည်း အားလုံးကိုစုံစမ်းစစ်ဆေးဖို့ အနစ်၄၀လောက်ကြာမြင့်အုံးမယ်။

ဒီ စုံစမ်းရေးကော်မရှင်ဖွဲ့ (COI) ဖွဲ့လို့ မြန်မာပြည်သူလူထုအတွက် ဘာမှအကျိုးမရှိပါဘူး။ တစ်ကယ်တရားစီရင်မူ့ အပိုင်းကိုရောက်ရင် စစ်အာဏာရှင်ခေါင်းဆောင်တွေ သန်းရွှေတို့၊ မောင်အေး တို့တွေ လူ့ပြည်မှာမရှိကြတော့ပါဘူး။ ဒါကြောင့်မိုလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကအဲဒီဟာတွေ စုံစမ်းစစ်ဆေးဖို့ထက် ပြည်တွင်းက ကွန်ရက်လူပ်ရှားမူတွေရဲ့ နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးပြန်လွတ်ဖို့တောင်းဆို မူတွေ၊ မြန်မာပြည်ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ တိုက်တွန်းမူတွေ၊ မြန်မာပြည်က အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွါသွားရတဲ့ နယ်စပ်ဒေသက စစ်ပြေးမိသားစုတွေကို အားပေးကူညီမူ့တွေ လုပ်ဆောင်ဖို့ လူထုနဲ့အမေးအဖြေ ဂဏ္ဍကနေ ပြည်ပမှကူညီလုပ်ဆောင်ကြဖို့ပြောကြားပြီးသားပါ။ ဟုတ်ပြီ ဒီလိုမျိုး မြန်မာလူမျိုးတွေအတွက် အကျိုးမရှိရင် ဘယ်သူတွေအတွက်အကျိုးရှိမလဲ၊ ရှင်းပါတယ် နိုင်ငံခြားသားတွေနဲ့ သူတို့ဦးဆောင်တဲ့ အဖွဲ့အစည်းတွေဘဲ နှစ်ပေါင်းများစွာ ငွေတွေဆက်ရပြီး အလုပ်ဖြစ်အုံးမှာပါ။ ဒါဆိုရင် ဒီလိုမျိုးအကျိုးအမြတ်တွေရဖို့ ဘယ်သူတွေက ဦးဆောင်ပြီးတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ (COI) ဖွဲ့ဖို့ ပြည်ပကနေကြိုးစားနေကြတာလဲ။

လူထုခေါင်းဆောင် အကျယ်ချုပ်ခံနေရတဲ့အချိန်၊ ကျောင်းသားခေါင်းဆောင်တွေ ထောင်နန်းစံနေရတဲ့ ၁၅နှစ်ကျော်ကာလမှာ ပြည်ပက စိတ်ဓာတ်မခိုင်မာတဲ့ လုပ်စားနိုင်ငံရေးသမားတွေဟာ လဲ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက ပေးတဲ့ အရိုးအရင်းလေးတွေ ကိုက်ပြီး သခင်အားရအောင်များ အူနေလိုက်ရတာ ရှေ့မကြည့်နောက်မကြည့်ပါဘဲ။ အရိုးကျေးဇူးကကြီးတော့ မဲမဲမြင်ရာဟောင်ကုန်တော့တာဘဲ၊ နောက်ဆုံး ပြည်တွင်းက ဒုက္ခခံပြည်သူလူထုနဲ့ ထောင်နန်း စံနေရတဲ့ နိုင်ငံရေးအကျဉ်း သားတွေရဲ့ ကျေးဇူးကြောင့် ပြည်ပမှာနေထိုင်ခွင့်လေးရကြတာကို မေ့ပလိုက်ကြရောဗျာ။


Burma Campaign UK ( သို့ ) မြန်မာပြည်ဒီမိုကရေစီကြိုးပမ်းမူ့၏ ဆူးညှောင့်ခုလုတ်

ဒီအဖွဲ့ဟာ လန်ဒန်အခြေစိုက်ပါ။ တည်ထောင်လာတာ ၁၇နှစ်ခန့်ရှိပါပြီ။ အပေါ်ယံကကြည့်ရင် မြန်မာပြည် ဒီမိုကရေစီရအောင် ဝိုင်းဝန်းကြိုးပမ်းပေးနေသလိုလိုနဲ့ တစ်ကယ်တော့ မြန်မာပြည်ရဲ့နိုင်ငံရေးကိုအကြောင်းပြပြီးတော့ ညာဝါးလုပ်စားနေတာကြာပါပြီ။ Director က Mark Farmanar အင်္ဂလိပ်လူမျိုးပါ။ ဒီအဖွဲ့ဟာ ထူထောင်လာတဲ့ အချိန်လည်းကြာမြင့်ပြီး ထောက်ပံကြေး နှစ်စဉ်ရထားလို့ အတော်ငွေကြေးခိုင်ပါတယ်။ ဒါဗေမယ့် ရေရှည်ညားဝါးစီမံကိန်းကြောင့် ၁၇နှစ်ခန့် ကာလအတွင်းမှာ လူများစုဗမာတိုင်းရင်းသားနဲ့ အနည်းစုအခြားတိုင်းရင်းသားတွေကြားမှာ သွေးခွဲမူ၊ ရေရှည်စားပေါက် စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဦးဆောင်ကြိုးပမ်းမူ၊ ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် မွတ်ဆလင်အဖွဲ့များနဲ့ Organization of the Islamic Conference (OIC) အဖွဲ့တို့က ငွေကြေးရယူပြီးတော့ မြန်မာပြည်မှာ ကျူးကျော်ဝင်ရောက်နေထိုင်နေတဲ့ ဘင်္ဂလီမျိုးနွယ်ဖွားတွေကို ရိုဟင်ဂျာခေါင်းစဉ်တပ်ပြီးတော့ မြန်မာပြည်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနဲ့ နေထိုင်ခွင့်ရအောင် UN ကနေတစ်ဆင့်ဝိုင်းအော်ပေးနေမူ၊ နယ်စပ်ဒေသကစစ်ပြေးဒုက္ခသည်တွေကို ငွေကြေးအမြတ်ထုတ်မူ့တွေက သူတို့ရဲ့လုပ်ရပ်တွေက သက်သေခံနေပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ဓာတ်ပုံနဲ့၊ စာရွက်စာတမ်းတွေ သက်သေအထောက်အထား ခိုင်ခိုင် လုံလုံရှိနေပါတယ်။


ဆက်ရန်........


ဒီမိုကရေစီ ဘက်တော်သား



မှတ်ချက်။ ။ ဤဆောင်းပါးအား မည်သူမဆိုလွတ်လပ်စွာ ကူးယူနိုင်ပါသည်။

                                        ဟန်ညောင်ဝေတို့ (OIC) မှာလုပ်စားကွင်


                                      EU-Burma Ethic ကိုယ်ဖာသာကိုယ်စားပြုပြီ


                                         ငွေရဖို့အာရပ်ကြီးနဲ့ ငွေတောင်းစာချုပ်ထိုး


Burma Campign UK လဲငွေရဖို့ ရိုဟင်ဂျာအရေး ရှေ့တန်းမှတက်တက်ကြွကြွ ပါဝင်ခဲ့ နောက်ဆုံးမှ Mark Farmanar၊ ရှေဆုံး ဝဲ မှ ယာ ဘွားဘွားဖန် (ဇိုရာဖန် ရဲ့ အမ)၊ ဇိုရာဖန်၊ ထွန်းခင်၊ ဝေနှင်းပွင့်သုံ၊ ဂျက်ကီဆံ၊ အန်နာ ရောဘတ်



                                                ထွန်းခင်တို့လဲ လူရာဝင်ပြီ


မြန်မာပြည်မှာ ရိုဟင်ဂျာ အုပ်ချူပ်ခွင့်ဒေသရရှိရေး ထွန်းခင်တို့အရေး


အီးကြောင် (ခေါ်) အရိုးကိုက် အောင်ကြီး နဲ့ ဗမာဆိုရင် အင်မတန်မုန်းတဲ့ Mark Farmanar ရဲ့ မယားငယ် Zoyar Phan Mark တို့ (COI) ဖွဲ့ဖို့ လက်မှတ်အတုတစ်ချို့နဲ့ အတူ ရောပြွမ်းထားတဲ့ လက်မှတ်ထိုးစာတမ်း


ဦးနုယယ်အစ္စလမ် (ညာဘက်ဒုတိယလူ) အာရခန်နီရိုဟင်ဂျာ (UK) ဥက္ကဌ ၊ အဖွဲ့ကလူနှစ်ယောက်နဲ့တစ်ပိုင်းပါ။ ဒါပေမယ့် ငွေမျက်နှာကြောင့် Burma Campign UK ဘာပွဲဘဲလုပ်လုပ် တလေးတစားနဲ့ ဖိတ်ခေါ်စကားပြောခြင်းခံရသူ

1 comment:

Anonymous said...

I've been browsing online more than 3 hours nowadays, yet I by no means discovered any interesting article like yours. It's
pretty value enough for me. In my opinion, if all webmasters and bloggers made excellent
content as you did, the internet might be a lot more useful than ever
before.

Here is my web page: http://onlinecasino2013.blogspot.com/
Also see my page: online casino villento