Wednesday 12 October 2011

နိုင်ငံတော်သမ္မတကြီး ဦးဇာဂနာ


ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ နိုင်ငံတော်သမ္မတကြီး ဦးဇာဂနာသည် လူကြီး လူငယ်တို့ ဝန်းရံလျှက် မြစ်ကြီးနားတွင် ပြည်သူ့အချစ်ကိုခံယူပါသည်။ လူထုနှင့်တကွ သတင်းယူသူများအား နွေးနွေးထွေးထွေး နှုတ်ဆက်ပြီးသကာလ ရန်ကုန်သို့ ရောက်ရှိ လာပါသည်။ နိုင်ငံတော် သမ္မကြီးဦးဇာဂနာအား ပင်လယ်မျှသေါလူထုကြီးသည် အပြုံးကိုယ်စီ၊
မျက်ရည်ကိုယ်စီဖြင့် ကြိုဆိုကြ၏။
ကမ္ဘာအရပ်ရပ်မှ စောင့်ကြည့်သူများ၊ ကမ္ဘာအဝှမ်းမှ သတင်းမီဒီယာသမားများ၊ ခေါင်းဆောင်များ၊
ပြည်တွင်းမှ အသိပညာရှင်အတတ်ပညာရှင် နှင့်အနုပညာရှင်များ၊ စာပေနယ်မှပုဂ္ဂိုလ်များနှင့် မိသားစုတို့က ကောင်းချီး သြဘာပေးလျှက် ဂုဏ်ပြုကြိုဆိုကြသည်ဟုသတင်းရရှိပါသည်။
ပြည်သူ့အချစ်များအားခံယူပြီးနောက် နိုင်ငံတကာမှ အင်တာဗျူးများ အားလည်းဖြေကြား ခဲ့သည်ဟုသိရပါသည်။
သမ္မတကြီးဦးဇာဂနာပြောပြသော ဆိုမားလီးယားပင်လယ်ဓားမြပုံပြင်မှာ လူထုအား အသည်းခိုက်စေသည်ဟု ဆိုပါသည်။ ၎င်း၏ အစို့ရအဖွဲ့အားလည်း မနေ့မနက်မှစ၍
မယုံတော့ကြောင်းပြောသည်ဟု သိရပါသည်။

သမ္မတကြီးသည် ပြည်သူလူထုအား ခွဲခွာ၍ အုတ်တိုက်ထဲတွင် တရားမှီးတတ်လေရာ ချစ်ခင်ကြ သည့်ပြည်သူများ အနေဖြင့် အုတ်တိုက်ကျည်းထံ ထပ်မံခရီးထွက်မှာ စိုးရိမ်လျှက်ရှိကြသည် ဟု သတင်းရရှိပါသည်။ ယနေ့သမ္မကြီးဦးဇာဂနာ ကျန်းမာသက်ရှည်၍ ခရီးမထွက်တော့ရန် သတင်းအဖွဲ့မှ ဆုတောင်းပါသည်။

No comments: