Tuesday 4 October 2011

“သင်ရိုးမရှိတဲ့ကျောင်း”

ခေါင်းလောင်းသံမညံပေမယ့်
  • ဒေါင်ဒင်သံမှန်မှန်နဲ့စဖွင့်
  • ဒီကျောင်းတော်ကြီးဟာ
  • တခါးကို လှစ်ယုံသာလှစ်တယ်။
  • ဒီကျောင်းတော်ကြီးမှာ
  • ကံ့ကော်လည်းမပွင့်
  • စိန်ပန်းလည်းမဝေ
  • အဓိပတိလမ်းဆိုတာဝေး
  • ခေါက်တုံ့ခေါက်ပြန် လမ်းကလေးတော့ရှိတယ်။
  • “စာမျက်နှာတွေ မရှိပေမယ့်
နှလုံးသားနဲ့ တွေးကြည့်ရင်
       ပြဌာန်းစာအုပ်ကို မြင်လိမ့်မယ်” တဲ့
  • စီနီယာတစ်ယောက်ရဲ့စကား
  • ပထမဆုံး မှတ်သားထားလိုက်တယ်။
  • ခေါက်ရိုးကျိုးနေတဲ့
  • စာရွက်ဟောင်းတစ်ခုရဲ့အသံ
  • “နာခံမှုကို သင်ယူလိုက်ဦး” ပေါ့တဲ့
  • ဟင့်အင်း . . . စိတ်ရဲ့လွတ်လပ်ခြင်းကိုပဲ
  • ငါလေ့လာကြီးပြင်းမယ်
  • သင်ရိုးဟောင်းတွေ အကုန်ဘေးဖယ်။
  • နေဘုန်းလတ်

No comments: