Thursday 13 October 2011

လွတ်ငြိမ်းချမ်းသာခွင့်တဲ့လား





တာရာဝေယံ၊ ရန်ကုန်၊ အောက်တိုဘာ ၁၃၊ ၂၀၁၁

လက်ရှိအစိုးရရဲ့ အောက်တိုဘာ ၁၂ နေ့လည် ၁ နာရီက ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ အမိန့်အရ အကျဉ်းသား ၆၃၅၉ ဦးကို အကျဉ်းထောင်အသီးသီးက ဒီနေ့ မနက်ပိုင်းကစပြီး လွှတ်ပေးခဲ့ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ပါဝင်ကြောင်း သိရပါတယ်။




အင်းစိန်ထောင်က အကျဉ်းသား ၄၀၀ ကျော် လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ပါဝင်ပါတယ်။ မနက် ၉ နာရီမှာ သတင်းမီဒီယာသမားများကို အင်းစိန်ထောင်တွင်း ၀င်ခွင့်ပေးပြီး အသုတ်လိုက်လွှတ်ပေးနေတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံပေးပါတယ်။ အကျဉ်းသားအများစုဟာ ရာဇ၀တ်မှုတွေဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို သိးခြား လွှတ်ပေးတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။

အင်းစိန်အကျဉ်းထောင်ရှေ့မှာ နံနက်မိုးလင်းကတည်းက လူစုလူဝေးနဲ့ စောင့်နေခဲ့ကြသူများဟာ ညနေစောင်းသည်အထိ ဆက်လက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ မလွှတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဟာ ဘယ်ကို စုံစမ်းရမှန်းမသိဘဲ စောင့်ဆိုင်းနေရပြီး ညနေစောင်းခါမှ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားကြတာကို တွေ့နေရပါတယ်။







အမျိုးသားအကျဉ်းသားများ စုဝေးနေစဉ်၊ အာဏာပိုင်တို့၏ သြ၀ါဒအစီအစဉ်

နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ အခုလွတ်ငြိမ်းချမ်းသာခွင့်ဟာ ကျေနပ်စရာမကောင်းဘဲ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ကိုမင်းဇေယျာ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးမှသာ လက်ရှိအစိုးရရဲ့ သဘောထားကြီးမှုကို တွေ့မြင်ရမှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အကောင်အထည် ဖော်နိုင်မှာဖြစ်တယ် လို့ သုံးသပ်ကြပါတယ်။






ထောင်ထွက်လက်မှတ်၊ အင်းစိန်ထောင်ခန်းမတွင် စုဝေးနေသူများ







လွတ်ငြိမ်းချမ်းသာခွင့်ကို စောင့်ကြည့်နေသူ မြန်မာပြည်သူလူထု

လတ်တလော လက်ခံရရှိတဲ့နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာသူစာရင်းတွေကတော့
................................................................................................................................................
သာယာဝတီ
*********
ကိုမောင်မောင်အေး (ခ) သန်းအေး
ကိုကျော်ဆန်း
ကိုလတ် (ခ) မောင်မောင်လတ်
ကိုပေါ်လွင်
ရှင်နန္ဒတင်သ (ခ) နိုင်ဝင်း
အရှင်သိကိဒြ (ခ) နေလင်းအောင်
ကိုကြည်လွင်
ကိုစိုးမြင့်
ကိုစောသက်ထွန်း
ကိုစိုးညွန့်ဇော်
ကိုကျော်သူရ (ခ) အသေးလေး
မငယ်
ကိုလှဝင်း
မဇံဇံ
ကိုမြင့်ဦး (ခ) ကူးမား
အရှင်နန္ဒ၀ံသ
ကိုမျိုးခိုင် (ခ) ကုလားလေး
အရှင်ကိစံဒြရ
ကိုအောင်နိုင် (ခ) မောင်စန်း
ကိုရှမ်းပု
ကိုမောင်ဇော်
ကိုကျော်မျိုးဝင်း





                                                ကိုဇာဂနာ၊ မအေးသီခိုင်



အင်းစိန်
*******
ဖိုးခွား (ခ) အောက်ကျော်စိုး
ကျော်လင်းထွန်း (ဆေးရုံ)
ကိုဝင်းဇော် (ခ) ကိုလတ်
ကိုထွန်းထွန်းဦး (လှိုင်သာယာ)
ကိုဝင်းဋ္ဌေး
ကိုဘတင်
မသန်းသန်းဋ္ဌေး (ခ) မကြည်ဋ္ဌေး
ကိုရင်ထွန်း (ခ) အတာ
ကိုဝင်းနေထူး
ကိုစောဆိုင်းရွှေ
ကိုစောစကလူး
ကိုထန်ခွန်ထောင်
ကိုစောနိုင် (ပန်းတနော်)
ကိုမိုက်ကယ် (ခ) မိုးအောင်
ကိုထွန်းလင်းဥိး (ခ) ဒိုးလေး
ကိုကျော်ဇောအောင် (ခ) စံနီ
ဦးတင်လှ
ဦးဝင်းမြင့် (ခ) ဘာဘူ
မယဉ်ကြည် (ဆရာမ၊ ပန်းတနော်)
ကိုတင်ကြည်
မကေသီခိုင် (ခ) နှင်းဆီခိုင်
ကိုနိုင်ဝင်း (ခ) ဘောလေး
မအေးချမ်း (ခ) မမြင့်မြင့်စိန်
ကိုတွင်းခန့်အောင်
အာရန (ခ) ရတနာ (အိန္ဒိယ)
ကိုဝိုင်ရွှေ
ကိုရာမဇာဏီ (တာမွေ)
ကိုဇော်ဇော်အောင်
ကိုစောတခူး
ဗန်းမော်
ဗန်းမော်မှ ၁ ဦး
ကျိုင်းတုံ
ကိုဝင်းစိန် (ခ) စိန်ဝင်းမောင်
ငွေကြာရံဆရာတော် ၁ပါး
မြစ်ကြီးနား
ကိုသူရ (ခ) ဇာဂနာ



                                             ကိုစောနိုင်၊ မအေးချမ်း



မန္တလေး
*******
ဦးလှစိုး
ကိုရဲထွန်းမင်း
ဦးသန်းအောင် (ခ) ဦးဖုံးသုမ်
ကိုဇော်မင်းနိုင်
ကိုမောင်မောင်
ဦးမြင့်လွင်
ဦးကျော်ညွန့်
ဦးတင်ဥိး (တမူး)
မောင်မြတ် (တမူး)
ဦးသန်းဝင်း
ကိုသန်းဝင်း
မြင်းခြံ
ကိုနန်းဝေ
ဗိုလ်မှူးဇော်မင်း
ကိုမိုးထက်နေ (ခ အောင်ကျော်မိုး
ကိုသီဟ၀င်းတင်
ကိုမင်းသိုက်
ပူတာအို
ဘိုဘိုဝင်းလှိုင်
မထက်ထက်ဦးဝေ
မမြမြသိန်း
စစ်တွေ
ကိုဇော်မင်း
ဦးထောင်
ဦးကိုကိုကြီး (စမ်းချောင်း)
လာရှိုး
ဦးအုန်းကျော်
ကိုအောင်ကျော်မိုး
ကျောက်ဖြူ
ကိုဇော်ထက်ကို
ကိုအာကာကို
ကိုကိုလွင်
အခြား နိုင်ငံရေးအကျဉ်းသား (၂) ဦး
ရွှေဘို
မယဉ်ယဉ်ဝိုင်း
မလေးလေးမွန်
ဦးဝင်းအောင်
မသီတာထွန်း
ကိုကျော်လှိုင်
ကိုဇော်မင်းသန့်
ဘုန်းကြီး ၂ ပါး
ကိုနေထွန်းနိုင်
ဘူးသီးတောင်
ကိုကိုကြီး (စမ်းချောင်း)
ကိုသန်းထွန်းစဉ်
အောင်စိုး (ဘုန်းတော်ကြီး)
မအူပင်
နွယ်နှင်းရီ (ခ) နိုနို
ခန္တီး
မစုစုနွေး
ကိုမျိုးမင်းဝေ
ကိုမြင့်နိုင်
တင်အောင်
ဦးပါသထ
ဦးကြည်လွင်
ပခုက္ကူ
ကိုချစ်ကိုသွေး
တောင်ကြီး
ဦးကျော်ဇင်
ကလေး
ကိုမင်းအောင်
ကိုအေးချို
ကိုအောင်
ကိုမျိုးကြီး
ကိုမြင့်လှိုင်
ကိုသန်းလွင်ဦး
မော်လမြိုင်
ကိုသက်ဦး
မဖြိုးဖြိုးအောင်
မိုထက်လျှမ်း (ဦးဂမ္ဘီရ ယောက္ခ)
သရက်
မနီမိုလှိုင်

ထင်ရှားသောမွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေး
*********************************************
ကြာသပတေးနေ့၊ အောက်တိုဘာလ 13 ရက် 2011 ခုနှစ် မင်းသုတ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ
မင်းသုတ – ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ-၁၂) ရက်နေ့ မြန်မာအစိုးရ ၏လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၅၉ လွှတ်ပေးခဲ့ရာတွင် ထင်ရှားသော မွန် နိုင်ငံ ရေးအကျဉ်းသားများမပါဝင်ကြောင်းသိရ သည်။


မလွတ်မြောက်သေးသော မွန်နိုင်ငံရေးအကျဉ်းသားများ( အင်တာနက်နှင့် ဓါတ်ပုံမှတ်တမ်းများ)


“နိုင်ယက္ခ မလွတ်မြောက်သေးတာ သေချာတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP မှ တွဲဖက်အတွင်းရေးမှူး- ကိုဘိုကြည်က ပြောသည်။

မင်းနေဝင်း(ခေါ်) နိုင်ယက္ခသည်အင်းစိန်ထောင်တွင် ထောင်ဒဏ်တစ်သက်ကျခံနေရဆဲဖြစ်သည်။

ထို့အတူ နိုင်ယက္ခ အမှုတွဲတွင်အတူကျခံနေရသူ မင်းမျိုးသွေးသည်လည်း ယမန်နှစ်တွင်အင်းစိန်ထောင် မှတဆင့် သာယာဝတီထောင်သို့ပြောင်းရွေ့ကာထောင်ဒဏ်တစ်သက်ကျခံ နေရဆဲဖြစ်သည်။

“မင်းမျိုးသွေး လွတ်ခဲ့မယ်ဆိုရင် တရွာလုံးသိမှာပါ၊ ခုထိဘာထူးခြားချက်မှမရှိသေးပါ” ဟု၎င်း၏ဇာတိဖြစ် သည့် သံဖြူဇရပ်မြို့နယ်၊ ပငရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းနေဝင်း(ခေါ်) နိုင်ယက္ခနှင့် ဗိုလ်ကြီးမင်းမျိုးသွေး တို့နှစ်ဦးအား ရန်ကုန်မြို့တနေရာ၌ ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၃ – ခုနှစ်တွင်မြန်မာစစ်အစိုးရထောက်လှမ်း ရေးတို့၏ အကွက်ဆင်ဖမ်းဆီးခြင်းကိုခံခဲ့ကြရပြီး ဗုံးခွဲရန်ကြံစည်သည်ဟုစွပ်စွဲကာထိုစဉ်ကသေဒဏ်ချ မှတ်ခံခဲ့ရသည်။

ထို့အပြင် ထောင်ဒဏ်ကျခံနေရသည့် မွန်ရဟန်းပျို အရှင်ဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ်လွတ်မြောက်သည့် သတင်း မတွေ့ရှိရပေ။

ဦးဇင်းဇော်လတ်သည် NO 2010 လှုပ်ရှားမှုဖြင့် ထောင်(၁၅) နှစ်ချမှတ်ခံနေရပြီး အင်းစိန်ထောင်မှတဆင့် ပုသိမ်ထောင်သို့ပြောင်းရွေ့ အကျဉ်းကျခံနေရသည်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်နှင့် မင်းဇေယျာတို့သည် လည်း ရပ်ဝေးထောင်များတွင် ဆက်လက်အကျဉ်းကျခံနေရသည်။

“အာဏာက အစိုးရလက်ထဲမှာပဲလေ၊ သူတို့လွှတ်ပေးမှလွတ်နိုင်မယ်၊ ဟိုတခါက အကျဉ်းသားတစ်သောင် ကျော်လွှတ်ပေးတာ နိုင်ငံရေးအကျဉ်းသားနည်းနည်းပဲ ပါလာတယ်၊” ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာနေ မင်းဇေယျာ၏ညီမဖြစ်သူတစ်ဦးက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်ထုတ်ပြန်ခဲ့ရာ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပထမအကြိမ်အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့ပြီး သေဒဏ်ကျအကျဉ်းသား ၃၄၈ ဦးကိုလည်း ထောင်ဒဏ်တသက်တကျွန်း ပြောင်းလဲချမှတ်ခဲ့သည်။

ယခုသမ္မတဦးသိန်းစိန်၏ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၆၃၅၉ ယောက် လွှတ်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာပါဝင်နေ ကြောင်း နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှသတင်းထုတ်ပြန်ထား သည်။

No comments: