Sunday 30 October 2011

♥۩۞۩♥ ငြိမ်နေရင် တိုင်းပြည်ပျောက်သွားမယ် ♥۩۞۩♥



                          နှစ်ဆယ်ရာစုမှာ တိုင်းပြည်ပျောက်သွားတဲ့ ကာဒ့်လူမျိုးများ ရဲ့ မြေပုံ။


by Hlaing Bwa on Sunday, October 30, 2011 at 6:23am


လူဦးရေ သန်း (၁၃၇၀) ရှိတဲ့တရုတ်၊ သန်း (၁၂၆၀) ရှိတဲ့ကုလားနဲ့  သန်း (၁၆၂) ရှိတဲ့ ဘင်္ဂလီကုလား
သုံးနိုင်ငံကြားမှာ ငြိမ်နေရင် တိုင်းပြည်ပျောက်သွားမယ်။ လူ့ သမိုင်းမှာ သူတို့ ဘိုးဘေးတွေ အသုံးမကျ
တဲ့အတွက် ကနေ့ လူဦးရေ သန်း (၃၀) ရှိတဲ့ ကာဒ့် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ့ 
အီရတ်အကြားမှာ တိုင်းပြည်ပျောက်သွားခဲ့တယ်။ နယ်ချယ့်စံနစ်နဲ့ ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
မြေပုံကြောင့်လို့ အပြစ်တင်နေပေမဲ့ ကာဒ့်တွေညံ့ခဲ့လို့ ပဲ။ ကနေ့ ကျွန်တော်တို့ မြန်မာတွေ ညံ့ရင်
ကျွန်တော်တို့ သားမြေးတွေ ကာ့ဒ် တွေလို ဘ၀ရောက်ဖို့ လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေရှင်
မလေးရှားလိုမလေးတ၀က် တရုတ်တ၀က် ဖြစ်သွားမယ်။
ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို့ မဟာသီရဲ့မလေးဌာနေ
တိုင်းရင်းသားဥပဒေတွေကောင်းလို့ သည်နေ့ မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာ
မြင်အောင်ကြည့်ကြပါ)။

                               ယနေ့ တိုင်းပြည်လေးငါးခုထဲမှာ ရောက်နေရတဲ့ ကာဒ့်တွေလူမျိုးရေး အဘယ်မည်သော ဘာသာရေး ဘာခွဲခြားရေးပေတံတွေနဲ့ မှတိုင်းစရာမရှိပါ။ကျွန်တော်
တင်ပြချင်တာက မိမိတိုင်းပြည်နဲ့ လူမျိုးကို သည်ပြည်ထောင်စုကိုကျွန်တော်တို့ လက်ထဲကိုကျွန်တော်တို့ 
ဘိုးဘေးတွေ အသက်သွေးချွေးရင်းပြီး အမွေပေးခဲ့တဲ့အတိုင်းကျွန်တော်တို့ ရဲ့သားစဉ်မြေးဆက်ကို -
(status quo) ကျွန်တော်တို့ ရထားတဲ့အတိုင်း လက်လွှဲပေးဖို့ သည်ထက်အမျိုးအစားကောင်းအောင်
သန့် ရှင်းအောင် ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပြီးအမွေပေးခဲ့ကြဖို့ ကို .... တင်ပြခြင်းပါပဲ။
မကြာသေးမှီနှစ်တွေထဲမှာပဲ တရုတ်က ငါးနိုင်ငံအငြင်းပွါးနေတဲ့ Spratly Islands တွေကို အဓမ္မတက်
သိမ်းယူခဲ့တယ်။ သည်နေ့ ကမ္ဘာကြီးဟာ ကွန်ပြူတာနဲ့ ဂြိုလ်တုဆက်သွယ်ေ၇းစံနစ်တွေထဲမှာပဲ
ပြားနေပြီး - နိုင်ငံခြားရေးမူဝါဒတွေ လူဝင်မူကြီးကြပ်ရေးဥပဒေတွေဟာ ဒေါင်လိုက်ကြီးဖြစ်နေတယ်
ဆိုတာ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေကြတဲ့ မြန်မာ ငါးသန်းကျော် အသိဆုံးဖြစ်ပါလိမ့်မယ်။
(ဒီမိုကရေစီလူ့ အခွင့်အရေး နဲ့ အမျိုးသားရေး ကွဲပြားနားလည်အောင်ကြိုးစားကြ။ မိမိလူမျိုးနဲ့ 
တိုင်းပြည် မိမိပြည်တောင်စုကိုကာကွယ်ကြပါ)။ ............... လှိုင်ဘွား/၈၈

No comments: