Thursday 6 October 2011

ဖျော်ဖြေရေး လုပ်ငန်းဖြင့် ဝင်ငွေ အများဆုံး ရသူ အဖြစ် အော်ပရာ ဝင်းဖရေး စံချိန်တင်

6 Oct, 2011
လော့စ်အိန်ဂျယ်လိ ။          ။ စံချိန်တင် လူကြိုက် များခဲ့သည့် ဆွေးနွေးခန်း အစီအစဉ်တွင် ပါဝင်ခြင်း မရှိတော့သော် လည်း အော်ပရာ ဝင်းဖရေးမှာ ဝင်ငွေများစွာ ရရှိနေဆဲ အမျိုးသမီး တစ်ဦးအဖြစ် ဆက်လက် ရှိနေဆဲပင် ဖြစ်ကြောင်း Forbes မဂ္ဂဇင်း၏ ထုတ်ပြန် ကြေငြာချက်အရ သိရှိ လိုက်ရပြီ ဖြစ်သည်။

အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြရာ၌ အော်ပရာ ဝင်းဖရေး အနေဖြင့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် မေလမှ ၂၀၁၁ မေလ အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၂၉၀ ရရှိခဲ့ပြီး ဖျော်ဖြေရေး လောကရှိ လူများ အတွင်းတွင် အမြင့်ဆုံး ဝင်ငွေ ရရှိသူ တစ်ဦးအဖြစ် စံချိန်တင် သွားခဲ့ပြီ ဖြစ်သည်။ ယခု ထုတ်ပြန်လိုက်သည့် စာရင်းအရ ဒုတိယ နေရာတွင် လေဒီဂါဂါ မှ ဒေါ်လာ သန်း ၂၀၀ ဖြင့် ရပ်တည်နေကြောင်းလည်း သိရသည်။ ဟောလီးဝုဒ်ရှိ ဝင်ငွေ အများဆုံး ရရှိသည့် အမျိုးသမီး တစ်ဦးအဖြစ် စံချိန် တင်ခဲ့သည့် ဝင်းဖရေးမှာ အသက် ၅၇ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး လက်ရှိတွင် သူမ၏ တီဗွီ ကွန်ရက် တစ်ခုဖြစ်သည့် OWN တွင် အားသွန်ခွန်စိုက် အလုပ်လုပ်နေကြောင်း သိရသည်။

ယခုလို ဆုများ အဖြစ် တတိယနေရာတွင် သရုပ်ဆောင် Bethenny Frankel မှ ရှိနေပြီး စတုတ္ထ နေရာတွင် စူပါမော်ဒယ်  Gisele Bundche n ကျေးလက်တေး အဆိုရှင် အသက် ၂၁ နှစ်အရွယ် Taylor Swift, စကားပြောခန်း စီစဉ် တင်ဆက်သူ  Ellen DeGeneres နှင့် Judy Sheindlin တို့မှာ ၄၅ သန်းစီဖြင့် တတိယ နေရာတွင် ရှိနေခဲ့ကြောင်းလည်း သိရသည်။

No comments: