Sunday 30 October 2011

လူဦးရေ သန်း ၇ ထောင် နှင့် ဆင်းရဲချမ်းသာ ကွာဟမှု


Saturday, 29 October 2011 19:01 ၀င့်ထန်း




ခရစ်ယာန်ဘုန်းတော်ကြီး တောမတ်စ် မလ်သပ်စ် (Thomas Malthus) က "ကမ္ဘာမြေက လူအားလုံး ၀မ်းရေးဖူလုံအောင် ထုပ်လုပ်ပေးနိုင်စွမ်းထက်ကို လူဦးရေက ပိုများပြားနေပြီ" ဟု ပြောဆိုခဲ့သည်။
မလ်သတ်စ် အဲဒီလိုပြောတဲ့ ၁၈၁၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေက ၁ ဘီလီယံ (သန်းတစ်ထောင်) ရှိခဲ့သည်။

အခု ကုလသမဂ္ဂက အောက်တိုဘာ ၃၁ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၇ ဘီလီယံ (သန်း ၇ ထောင်) ပြည့်မည်ဟု ကြေငြာထားပြီး၊ ၂၀၅၀ ခုနှစ်မှာ ၉ ဘီလီယံ (သန်း ၉ ထောင်) အထိ ရှိလာမည်ဟု မျှော်လင့်ထားသည်။ မလ်သပ်စ် ပြောခဲ့တဲ့ လူဦးရေထက်ကို အခုပိုများလွန်းနေသည်။ အဲဒီများပြားလှတဲ့ လူတွေကို ကမ္ဘာဂြိုဟ်က ပုံမှန်ကျွေးမွေးဖို့ တောင့်ခံထားနိုင့်ပါ့မလားဆိုတာ ငြင်းခုန် ဆွေးနွေးစရာ ဖြစ်လာသည်။

San Diego State University မှ နိုင်ငံတကာ လူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် က "လူ ၇ ဘီလီယံကို လုံလောက်အောင် ဘယ်လို ကျွေးနိုင်မလဲဆိုတာ ကျနော်တို့ မသိပါဘူး။ အခုပဲ ကမ္ဘာပေါ်မှာ ဆာလောင် မွတ်သိပ်နဲ့တဲ့လူ ၁ ဘီလီယံ ရှိနေတယ်။ နောက်ထပ် ၉ ဘီလီယံ၊ ၁၀ ဘီလီယံ ဖြစ်လာရင် ဘယ်လို ကျွေးမလဲ ဆိုတာတော့ မတွေးတတ်အောင်ပါပဲ" အယ်လ်ဂျားဇီးယား ရုပ်သံကို ပြောခဲ့သည်။

"ကျနော်ထင်တာတော့ အခု ၇ ဘီလီယံကို ထိန်းထားနိုင်ဖို့တောင် လုံ့လောက်တဲ့ ရင်းမြစ်တွေ မရှိဘူး။ အခု အနောက် နိုင်ငံတွေမှာရှိတဲ့ လူနေမှုအဆင့်အတိုင်း လူ ၉ ဘီလီယံ နီးပါး နေနိုင်စားနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ ဘုန်းတော်ကြီး မလ်သပ်စ်လည်း မှားယွင်းခန့်မှန်းတာတွေရှိတယ်။ ဥပမာ စိုက်ပျိုးထုတ်လုပ်မှုမှာ နည်းပညာရဲ့ စွမ်းအားကို လျှော့တွက်ခဲ့တယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ လူဦးရေအတွက် ရင်းမြစ်တွေ ဘယ်လို ထိန်းသိမ်း ဖြည့်ဆည်းပေးကြမလဲ ဆိုတာတော့ အခုထိ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပါ" ဟု ဂျွန်ဝိခ်စ် က ပြောခဲ့သည်။


မလ်သပ်စ် က လူဦးရေ ထိန်းချုပ်ဖို့ အစောကြီးကတည်းက ပြောခဲ့ပေမဲ့၊ သူနဲ့ အမြင်မတူသူများလည်း ရှိသည်။ ၁၉၇၀ နှစ်တွေမှာ မိုက်ခရိုစကုတ်တွေ တီထွင်ခဲ့တဲ့ ဒတ်ခ်ျလူမျိုး Antoni van Leeuwenhoek က ကမ္ဘာဂြိုဟ်က လူ ၁၃.၃၈၅ ဘီလီယံအထိ ကျွေးမွေးထားနိုင်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

မလ်သပ်စ် တို့လို လူဦးရေ ထိန်းချုပ်ရေးသမားတွေကို ဝေဖန်သူများက လူဦးရေတိုးပွားမှုက ပြဿနာမဟုတ်၊ အလွန်အကြူး စားသုံးနေတဲ့သူတွေ၊ လူတန်းစားမညီမျှမှုကို မောင်းပို့နေတဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် ဖျက်ဆီးနေတဲ့သူတွေကသာ ပြဿနာပါဟု ဆိုကြသည်။

ကာရိုလို်င်းနားပြည်နယ် လူဦးရေထိန်းချုပ်ရေးဌာနက Ricahard E Bilsborrow ကလည်း "ချမ်းသာတဲ့သူ တစ်ဦးချင်းရဲ့ စားသုံးမှုက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတာပါ။ ၀င်ငွေနည်းသူ၊ ရင်းမြစ်ပါးရှားသူ လူအများစုထက် ချမ်းသာတဲ့သူတွေက ကမ္ဘာကြီးကို ပိုအန္တရာယ်ပေးနိုင်တယ်။ ချမ်းသာတဲ့လူတွေ အလွန်အကျွံ စားသုံးမှုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ သဘာဝရင်းမြစ်တွေ ပျက်စီးယိုယွင်းနေရတာပါ" လို့ အယ်ဂျာဇီးယားကို ပြောခဲ့သည်။

ဝမ်းဗိုက်ရှိသူတိုင်း လက်နှစ်ဖက်ပါ

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သူ မော်စီတုံးကတော့ "၀မ်းဗိုက်ရှိတဲ့ လူတိုင်းမှာ ရှာစားဖို့ လက်နှစ်ဖက် ပါတာချည်းပဲ" ဆိုပြီး လူဦးရေနဲ့ပတ်သက်လို့ မစိုးရိမ်ခဲ့။ သူ့အမြင်က စားသုံးမှုအတွက် လိုအပ်ချက်ကို ထုတ်လုပ်နိုင်စွမ်းနဲ့ ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။ ဥက္ကဌမော်ရဲ့ အယူအဆက လူဦးရေတိုးပွားမှုကို ကျိန်စာဟု မယူဆဘဲ၊ ကောင်းချီးမင်္ဂလာဟု လက်ခံခြင်းဖြစ်သည်။

၁၉၉၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဈေးကွက်စီးပွားရေးပညာရှင် Julian Simon ကလည်း "ရင်းမြစ်တွေက ထင်သလောက် မရှားပါးဘူး၊ လူဦးရေတိုးတက်မှုကို ကြိုဆိုရမယ်။ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေက တဆင့် ကမ္ဘာ့ပြဿနာကို ဖြေရှင်းနိုင်မယ့် ပါရမီရှင်တွေ လူတွေထဲမှာ အများကြီးပါလာမှာပဲ" ဟု ပြောခဲ့သည်။

ဒါပေမဲ့ ဒီနေ့ မော်နဲ့ ဆိုင်မွန်ရဲ့ အယူအဆက ခေတ်အောက်သွားခဲ့သည်။ နိုင်ငံတိုင်း ပညာရှင်တိုင်းက လူဦးရေ ထိန်းချုပ်ဖို့ပဲ ပြောလာကြသည်။

တရုတ်မှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက သန်း ၆၀၀ ရှိရာက ၁၉၇၈ ခုနှစ်ကျတော့ ၁ ဘီလီယံ နီးပါးအထိ တိုးပွားလာတဲ့နောက်၊ တရုတ်ခေတ်သစ်ခေါင်းဆောင်တွေက လူထပ်မပွားဖို့ မိသားစုတစ်စုကို ကလေးတစ်ယောက် ပေါ်လစီကို ချမှတ်ခဲ့ရသည်။ ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လက်မဲ့ လက်နှစ်ဖက်လူတွေ ထပ်တိုးမလာဖို့ ဖြစ်သည်။

ကမ္ဘာကိုလည်း ကြည့်ရင် ၂၀၀၀ ခုနှစ်မှာ လူငယ်ဦးရေ ၃.၆ ဘီလီယံရှိရာက၊ ၂၀၁၀ ခုနှစ်မှာ ၄.၄ ဘီလီယံအထိ ဖြစ်လာခဲ့သည်။


လူဦးရေနှင့် မညီမျှမှု

၂၀၁၁ အစောပိုင်းမှာ IMF က လူတန်းစားမညီမျှမှုကို မဖြေရှင်းရင် အကျိုးဆက်အဖြစ် ကြောက်မက်ဖွယ် ကပ်ဘေးဆိုးကို ရင်ဆိုင်ကြရမယ့်အကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

ဇန်န၀ါရီလမှာ The Economist မဂ္ဂဇင်း ကလည်း "ကမ္ဘာ့ဓနကြွယ်ဝမှု သုံးထောင့်တြိဂံပုံမှာ ချမ်းသာတဲ့ လူတွေက ထိပ်ဆုံးပိုင်းမှာ အရမ်းချွန်မျှနေပြီး၊ ဆင်းရဲတဲ့လူအများကတော့ အောက်ခြေပိုင်းမှာ အရမ်းကျယ်ပြန့်လာနေတယ်" ဟု သတိပေးခဲ့သည်။ ကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူ ၁ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၄၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၈၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ အောက်ခြေဆင်းရဲသား ၅၀ ရာခိုင်နှုန်းက ကမ္ဘာ့ရင်းမြစ် ၂ ရာခိုင်နှုန်းပဲ ရရှိထားသည်ဟု တွက်ပြထားသည်။

ငွေကို ရေလိုသုံးနေသူတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ် ထည်လဲစီးနေသူတွေ၊ အိမ်ခြံမြေဧကများစွာ ပိုင်ဆိုင်ထားသူတွေ၊ ငွေကြေးဈေးကွက်မှာ ကစားနေသူတွေမှာ အမှန်တကယ် ကြောက်စရာ ကောင်းနေသည်။ လုံးဝ စားစရာ မရှိသူနဲ့ ဇိမ်ခံရွက်လှေ စီးနေသူတွေအကြား ကွာဟချက်က ထိတ်လန့်စရာ။

တကယ်လို့ မိုးနဲ့မြေလို့ဖြစ်နေတဲ့ အဲဒီဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းအောင် လုပ်ပေးနိုင်မယ်ဆိုရင်၊ ကမ္ဘာ့ရင်းမြစ်တွေက လူအားလုံးကို ၀၀လင်လင် ကျွေးထားနိုင်မှာပဲဟု ပညာရှင်တွေက သုံးသပ်လာသည်။ ပြဿနာက လူဦးရေတိုးပွားမှုမဟုတ်၊ လူတန်းစားမညီမျှမှုဟု ဆိုသည်။

လက်ရှိ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ဓနငွေကို လက်ရှိလူဦးရေနဲ့ စားကြည့်ရင် တစ်ဦးကို ဒေါ်လာ ၃၀၇၀၀ ကနေ ၄၃၈၀၀ အထိ ရရှိမည်ဟု The Economist က သုံးသပ်သည်။ နည်းနည်းနောနော ပမာဏမဟုတ်။ တကယ့်လက်တွေ့မှာ အဲဒီဓန အများစုကို ကိုင်ထားတာက ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူတွေဖြစ်သည်။ ကျန် ၉၉ ရာခိုင်နှုန်းသော ကမ္ဘာ့လူထုက နေ့စဉ်စားဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲဖြစ်သည်။


ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးသူများ

သဘာဝပတ်ဝန်းကျင် ဆရာသမားတွေကတော့ လူသားတွေဟာ သဘာဝကနေ ထုတ်ယူသုံးနေစွဲတာ တရားလွန်လွန်းနေပြီဟု ပြောကြသည်။ အနောက်တိုင်း လူ့အဖွဲ့အစည်းတွေလို နေချင်စားချင်တဲ့ နိုင်ငံသားတွေ တစ်နေ့ထက်တစ်န့ များလာတာနဲ့အမျှ ကမ္ဘာဂြိုဟ်ကို ဆက်ထိန်းထားနိုင်ဖို့ ခက်လိမ့်မည်ဆိုသည်။

ကမ္ဘာကနေ အစားအစာ၊ စွမ်းအင်၊ ရုပ်ဝတ္ထုပစ္စည်း၊ ရေ စတာတွေကို လူသားတွေ ထုတ်ယူသုံးစွဲနေတာဟာ ကမ္ဘာရဲ့ ပုံမှန်ပေးနိုင်စွမ်းထက် ၃၅ ရာခိုင်နှုန်း ပိုနေပြီဟု ဂေဟဗေဒပညာရှင် Mathis Wackernagell က တွက်ချက်ပြသည်။ လူအများစုက ကမ္ဘာကနေ စားစရာနေစရာ ရှာမရဖြစ်နေချိန်မှာ၊ လူအချို့က မိုက်မိုက်မဲမဲ သုံးဖြုန်းနေကြသည်။ မဟားတရားစားသုံးရင်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်နေတဲ့ လူနည်းစုဖြစ်သည်။

ကနေဒါ၊ အမေရိကနဲ့ အနောက်ဥရောပတိုင်းပြည်တွေက လူတွေထက် ပိုမို စားသုံးတဲ့သူတွေ ရှိသေးသည်။ ယူအေအီး၊ ကာတာနဲ့ ဘာရိန်း တို့လို အာရပ်နိုင်ငံတွေဟာ ရေနံကို အလွန်အကျွံထုတ်၊ လေအေးပေးစက် မနားတမ်းဖွင့်၊ နောက်ဆုံးပေါ်ဇိမ်ခံကားတွေ အပြိုင်စီးပြီး ကမ္ဘာမြေကို ဒုက္ခအပေးဆုံးလူတွေ ဖြစ်နေသည်။

အဲဒီအသုံးအဖြုံးကြီးသူတွေရဲ့ လူနေမှုအဆင့်အတန်းကို လျှော့ချမလား၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခပေါင်းစုံနဲ့ သေနှုန်းမြင့်မားမှုကိုပဲ ရွေးကြမလား၊ နောက်ဆုံး ဒီနှစ်လမ်းပဲ ရှိသည်ဟု သဘာဝပတ်ဝန်းကျင်သမားတွေက သုံးသပ်သည်။


ပဋိပက္ခနဲ့ လူဦးရေ



ကမ္ဘာ့လူဦးရေ တိုးတက်လာတယ်ဆိုပေမဲ့၊ ချမ်းသာတဲ့ နိုင်ငံတွေမှာ လူဦးရေ တိုးတက်မှုနှုန်း ကျဆင်းလာတာကို ပညာရှင်တွေက ၀မ်းသာကြသည်။ အထူးသဖြင့် လူနေမှုအဆင့်အတန်းမြင့်မားမှု၊ မိသားစုစီမံကိန်းထားမှုနဲ့ အမျိုးသမီးအခွင့်အရေးတို့ကြောင့် အဲဒီတိုင်းပြည်တွေမှာ ကလေးမွေးဖွားနှုန်း လျှော့ကျခဲ့သည်။

ဒါပေမဲ့ လူဦးရေ အတိုးပွားဆုံးက ပဋိပက္ခအများဆုံးဒေသ ဆဘ်ဆာဟာရအာဖရိက ဖြစ်သည်။ ဘာသာရေး၊ လူမျိုးရေးနဲ့ သံယံဇာတပြဿနာတွေ ထူပြောလေလေ ကလေးမွေးဖွားနှုန်းများလေလေ ဖြစ်နေသည်။ ပဋိပက္ခနဲ့ လူဦးရေတိုးပွားမှုက ဆက်စပ်နေသည်ဟုပင် ပြောရမလို။


အဲဒီဒေသကို ၀၀လင်လင်ကျွေးနိုင်ဖို့က စိုက်ပျိုးရေးလုပ်ငန်းတွေကို နည်းပညာနဲ့ ပေါင်းစပ်ပေးနိုင်ဖို့လိုသည်။ များသောအားဖြင့် လယ်သမားတွေက အခြေခံနည်းပညာကို လက်လှမ်းမမှီ ဖြစ်နေကြသည်။ ထုတ်လုပ်မှု နည်းနာတွေကို ပညာပေးဖို့ လိုအပ်နေသည်။ သို့သော် လောလောဆယ်တော့ ချမ်းသာတဲ့နိုင်ငံတွေက အဲဒီဒေသကို လက်နက်တွေ ချရောင်းဖို့သာ စိတ်ဝင်စားနေသည်ဟု San Diego State University မှ နိုင်ငံတကာလူဦးရေဌာန ဒါရိုက်တာ ဂျွန်ဝိခ်စ် က ပြောဆိုသည်။

တံတားဖြတ်သန်းခကို တည်ဆောက်ပေးခဲ့သည့် ရပ်မိရပ်ဖများက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေများကို လှိုင်းဘွဲမြို့ ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ရန်ပုံငွေအဖြစ်အသုံးပြုသွားမည် ဟု ဒေသခံများက ပြောဆိုကြသည်။

သက်တမ်းနှစ် ၁၀၀ကြာမြင့်ပြီဖြစ်သည့် ၎င်းသံတံတားမှာ အောက်တိုဘာလ (၂၄)ရက်နေ့ညက အလိုလို ကျိုးကျပျက်စီးသွားခဲ့ ပြီး လူအများ သွားလာနိုင်သည့် ယာယီ တံတားဆောက်လုပ်သွားရန်ဒေသအာဏာပိုင် များ နှင့် ရပ်မိရပ်ဖများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင်တည် ဆောက်မည်ကို မသိရှိရသေးချေ။

ဂျပန်ခေတ်က တံတားဟု ဒေသခံများက ခေါ်ဆိုနေသည့် အဆိုပါ သံတံတားမှာ လှိုင်းဘွဲချောင်းကိုဖြတ်ကာ တည်ဆောက် ထားခြင်းဖြစ်သည်။

No comments: