Wednesday 5 October 2011

မြန်မာပြည် စာရေးဆရာ၊ ဒါရိုက်တာ ချိုတူးဇော်ရဲ့ အမြင်

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ နေ့နေ့ညည အချိန်ဆွဲ နှောင့်နှေးဖို့ကောင်းတဲ့ ကိစ္စမျိုးမဟုတ်ပါဘူးဗျာ။ မိဘချင်းစာနာ၊ သားသမီးချင်းစာနာ၊ မိသားစုချင်းစာနာ၊ လူသားချင်းစာနာစိတ်ကလေးနဲ့ ကြည့်တတ်မယ် ဆိုရင်ဖြင့်ပေါ့ . . .၊ မြစ်ဆုံဆည်အရေးကို ပြည်သူလူထုနဲ့အတူ ပူပန်စိတ်ထားပြီး ဆုံးဖြတ်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးဟာ ပြည်သူလူထုရဲ့ပူပင်သောက ကို စာနာစိတ်နဲ့ဆုံးဖြတ်ပေးနိုင်လိမ
့်မယ် လို့မျှော်လင့်မိပါတယ်။ မြစ်ဆုံဆည် အပေါ်ဆုံးဖြတ်ချက်ကို ပြည်သူလူထု ဟာ လှိုက်လှဲစွာနဲ့ထောက်ခံခဲ့ကြတယ်။ အစိုးရအပေါ်မှာ သံသယနဲ့ ဆန့်ကျင်ခဲ့ကြတဲ့သူတွေကိုယ်တိုင်က တရုတ်အစိုးရ က ဖိအားပေးလာတဲ့အခါမှာ.. လက်ရှိအစိုးရကို အာဃာတအငြှိုးအတေးတွေ ကင်းစင်စွာနဲ့ သူတို့ချွေးနည်းစာတွေနဲ့ လျော်မယ်ဆိုတဲ့အသံမျိုးတောင် ပြုလာကြပါတယ်။ ဒါ မြန်မာ ပါပဲ။ ဒီအချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးအချိန်ပါ။ တိုင်းတပါးရဲ့ ဖိအားကို အတူ စည်းလုံးညီညွတ်စွာ ဆန့်ကျင်ကြရမယ့် အချိန်ပါ။ ဒီအချိန်မှာ ဒီနိုင်ငံရေးအကျဥ်းသားတွေကို သာ လွှတ်ပေးလိုက်ရင်တော့ အတိုင်းထက်အလွန် ဖြစ်သွားပါလိမ့်မယ်ဗျာ။ ကျန်းမာရေးထိခိုက်နေတဲ့ သူတွေလည်း ရှိနေတော့ အမြန်ဆုံးသာ လွှတ်ပေးစေ့ချင်ပါတယ်။ ပြန်ပြင်လို့မရတဲ့ အမှားမျိုးတွေ ကို အချိန်ဆွဲပြီး မကျူးလွန်စေချင်ပါဘူး။ အမြန်ဆုံးသာ ဆုံးဖြတ်ပေးဖို့ တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါတယ်။ ချိုတူးဇော်

No comments: