Thursday 13 October 2011

မြို့ကိုလောင်တဲ့မီး


  • မြို့ထဲကို ၀င်လိုက်တာနဲ့
  • ကာမဂုဏ်ကို အရက်နဲ့ မြည်းနေတဲ့ အနံ့ကထောင်းခနဲ
  • ခေတ်အဆက်ဆက် စီးဆင်းလာတဲ့ မြို့တော်ဟာ
  • ခင်ဗျားလက်ထက်ကျမှ မီးတင်ရှို့ခံရတဲ့ အဖြစ်
  • ဒီမယ် နီရိုး
  • ဘ၀ဆိုတာ လွင့်နေတဲ့ စိတ်နဲ့
  • ပြည့်တန်ဆာ တန်းမှာ လမ်းသလားမှုလား
  • တစ်ခွက်ပြီးတစ်ခွက်
  • မမူးမချင်း မျက်ရည်စက်တွေ သောက်နေရတဲ့ အဖြစ်လား
  • အကျဉ်းသားတွေကို ၀ိညာဉ်ချင်း ကစားစေတဲ့ ကစားကွင်းလား
  • ဘဏ္ဍာတိုက်ကိုလက်တဆုံး နှိုက်ခြင်း
  • ဟောဒီ အရပ်မှာနယ်ကျွံလာတဲ့ သားကောင်ဆိုတာ
  • စက်ကွင်းမျိုးစုံကို ကျော်နိုင်ခဲ့ရင်တောင်
  • အသိုက်ဆီ ပြန်ခွင့်ရတဲ့ အတောင်ကျိုး ခွာပြတ်ဘ၀။
  • နီရိုး....
  • အနုပညာသမားဆိုတာ
  • ကိုယ့်အနာကို သူတစ်ပါးမျက်ရည်နဲ့ ဘယ်တော့မှ မဆေးဘူး..
  • အခုကြည့်
  • စက်တော်ခေါ်နေတဲ့ ခင်ဗျားအပါး
  • အစောင့်တွေ ဘယ်ဆီမှာ
  • ကိုယ်ပျိုးတဲ့ပန်း ကိုယ်ပန်ရတဲ့ အဖြစ်မှာ..
  • အကြောက်တရားက ကိုယ့်လည်မျိုကို ဓားနဲ့ထိုးလို့
  • တောစီးသွားတဲ့ တောကြီးထဲ။   ။

                                                                      ဇော်မိုးသစ်

1 comment:

Anonymous said...

သိပ်ကြိုက်တယ်။