Sunday 30 October 2011

ကမ္ဘာ့ဒီမိုကရေစီနေ့ နေပြည်တော်မြင်ကွင်း အင်တာဗျူး

Length: ‎6:49
ဗီအိုအေ သတင်းထောက်တစ်ဦးရဲ့ မြန်မာပြည်ခရီးစဉ်ကအင်တာဗျူးတစ်ခုပါ။  လောလောဆယ်
အနေအထားလေးကို ခန်းမှန်းနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ မြန်မာပြည်မှာ သတင်းမေးသူ၊ သတင်းဖြေသူတွေရဲ့ လွတ်လပ်ခွင့် ဘယ်လောက်ထိရှိနေပြီလဲဆိုတာ ခန်းမှန်းလို့ရနိုင်မလားတော့ မပြောတတ်ပါဘူး။ သို့သော် အနေအထားထူးခြားနေတယ်လို့ ထင်ပါတယ်။




ဗွီအိုအေကို ဒီတစ်ခါတော့ တကယ်ကို ချီးကျူးမိသွားတယ်ဗျာ ပထမအချက်က ဒီလို နေရာမျိုးမှာ အမျိုးသားသတင်းထောက်အစား အမျိုးသမီးသတင်းထောက် ကို သုံးလို.နောက်တစ်ချက်က အဲ့ဒီသတင်းထောက်ရဲ. အရည်အချင်း ကြည့်လိုက်ရတာကတော့ မိနစ်ပိုင်းလေး အဲ့ဒီထဲမှာကိုပဲ ကြည့်တတ်ရင် ထင်သာမြင်သာရှိတဲ့ မြန်မာပြည်ပြောင်းလဲပုံကို ဖော်ကျူးသွားတာ သတင်းတင်ပြပုံနဲ. မေးခွန်းတွေအားလုံးက အပြုသဘောဆောင်တာတွေကြီးပါပဲ လှပပါပေတယ် သူ.အရည်အချင်းကို အကေ...ာင်းဆုံး တွေ.လိုက်ရတာကတော့ ပိုင်ပြီဟေ့ ဆိုပြီး ပစ်ပြေးပြေးတဲ့ ဦးကျော်ဆန်း ခမျာ ပြေးမလွတ်ပဲ ကားထဲ ကို ကားကနဲဖြစ်ပြီး ဝင်သွားရအောင် ပြန်ပစ်လိုက်နိုင်တဲ့ အချက်ပါပဲ။မလက်တိုကျော်ဆန်း ကားပေါ်တက်ပြေးတာ ပြုပြင်ပြောင်းလဲရေးရဲ့ ခြေလှမ်းလား စဉ်းစားပေးပါအုံး နိုင်ငံရေး အကျဉ်းသားတွေ ၈၈ကျောင်းသားခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့  ပြောတာ ယုံရခက်ပါတယ်။မေတ္တာရပ်ခံပါရစေလားဗျာ။ ထောင်ထဲက ရဲဘော်ရဲဘက်တွေ မလွှတ်ပေးသရွေ့  နေပြည်တော်က ပုဂ္ဂိုလ်များအနေနဲ့  “ဒီမိုကရေစီစကား” မပြောကြပါနဲ့ ...။ နားခါးလွန်းလို့ ပါ။ မြင်တာတွေကတော့ ဦးရွှေမန်းကြီးလဲ ခေါင်းပေါင်းကြီးဖားယားဖားယားနဲ.ဟောလိဝုဒ်အက်တင် တွေအတင်းလုပ်ယူနေရတာတွေ ရခိုင်အမတ်က ပြောချင်ပေမယ့် သူ.ခမျာ မျက်တောင် တစ်ဖျက်ဖျက်ခတ်ပြီး စဉ်းစားနေရရှာပုံတွေ ၊ ဟို တစ်မတ်သား အုပ်စု ဖြေရခက်ပြီး ဆင်ဝေ.ရန်ရှောင်ဖြေနေရရှာပုံတွေ နောက်ဆုံးမှာတော့ သူပြောဖူးတဲ့ မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုပြီး ဒီတစ်ခါတော့ ပိုင်ပြီဟေ့ ဆိုပြီး သူတို.ထဲမယ် သူ.ကိုယ်သူ သမ္ဘာ အရင့်ဆုံးဆိုပြီး ဘလိုင်းကြီးလှမ်းပစ်တဲ့ ဦးကျော်ဆန်းရဲ. ပုံစံတွေ အားလုံးပေါင်းကြည့်တော့ အခု မြန်မာနိုင်ငံရဲ. ပြုပြင်ပြောင်းလဲရေး ဇာတ်ကားကြီးကို ယုံရခက်ကြီးလို.ပဲ လောလောဆယ်နံမည်တပ်ချင်ပါတယ် မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုတဲ့ အတိုင်း ဦးကျော်ဆန်းကြီးက ရအောင်တွတ်ပြီး ကားထဲ ဝင်ပြေးတယ် ဒါပေမယ့်လဲ ဗွီအိုအေက မမကြီးကလဲ ဦးကျော်ဆန်းကြီးကားထဲမရောက်ခင် ထိအောင် လှမ်းပစ်လိုက် နိုင်တယ်..တကယ်ကို ချီးကျူးပါတယ်ဗျာ။မလက်တိုကျော်ဆန်း ကားပေါ်တက်ပြေးတာ ပြုပြင်ပြောင်းလဲရေးရဲ့ ခြေလှမ်းလား စဉ်းစားပေးပါအုံး နိုင်ငံရေး အကျဉ်းသားတွေ ၈၈ကျောင်းသားခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့  ပြောတာ ယုံရခက်ပါတယ်။မေတ္တာရပ်ခံပါရစေလားဗျာ။ ထောင်ထဲက ရဲဘော်ရဲဘက်တွေ မလွှတ်ပေးသရွေ့  နေပြည်တော်က ပုဂ္ဂိုလ်များအနေနဲ့  “ဒီမိုကရေစီစကား” မပြောကြပါနဲ့ ...။ နားခါးလွန်းလို့ ပါ။

No comments: