Wednesday 12 October 2011

''လွှတ်ခြင်း ချုပ်ခြင်းတွေ မလုပ်ပါနဲ့တော့''

ဒီပုံကိုစမြင်ကတည်းက ရင်ထဲဆို့နေတာ အခုတော့ ဖွင့်ပြောမိပြီ။ အပြစ်မရှိပဲ မတရား အကျဉ်း ထဲထည့်ခံထားရသူတွေရဲ့ မျက်ရည်တွေ၊ မိသားစုမျက်ရည်၊ ပြည်သူ့မျက်ရည်တွေ။ ဒီမျက်ရည်တွေကို မြိန်ရည်ယှက်ရည် စားသုံးရဲသလားဗျာ။ ကိုယ်ချင်းစာစိတ် နည်းနည်း ထည့်ပေးပါ။ ထုတ်လိုက်ထည့်လိုက် မလုပ်ပါနဲ့တော့။
 ''လွှတ်ခြင်း ချုပ်ခြင်းတွေ မလုပ်ပါနဲ့တော့''

တုတ်ဓား မကိုင်ဘူး။ သေနပ်မဆောင်ဘူး။
လူ့ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေလောက်တဲ့ ဘာဖေါက်ခွဲရေးပစ္စည်းမှ အသုံးမပြုကြပါဘူး။

အပြောလေးတစ်ခွန်း..အမူအယာလေးတစ်ခုကြောင့် နှစ်ပေါင်း များစွာ ထောင်နန်းစံရတယ် တဲ့ဗျာ။ ဘယ်လောက်တရားမမျှတတာလဲ။ ဘယ်လောက်ရင်နာစရာကောင်းသလဲ။

သန်မာနေတဲ့ တိုင်းပြည်လုပ်အားတစ်ခုစီကို အကျဉ်းတိုက်ထဲမှာ ရိုက်ချိုးဖျက်ဆီး ပစ်ရက်ကြတယ်ဗျာ။
 

No comments: