Tuesday 4 October 2011

♥۩۞۩♥ သမ္မတအစိုးရ ရဲရဲရပ်ပါ ♥۩۞۩♥





ကိုယ့်တိုင်းပြည်ကပစ္စည်းကိုယ်လည်းမသုံးရ ကိုယ့်ပြည်သူလည်း ဘယ်တုံးကမှ အကျိုးအမြတ်မရ
ဖွတ်ကျောပြာစုနေတာက အနှစ်က ငါးဆယ်ပြည့်တော့မယ်။ တိုင်းရင်းသားတွေဘက်ကလည်း
ဗမာဆိုပြီးပုံချနေမဲ့အစား တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြစ်သင့်ပြီ။ ဗမာနဲ့  စစ်တပ်ခုတုံးပြုအာဏာရှင်တစုထင်ရာစိုင်းကောင်းစားရေး လုပ်ခဲ့တဲ့ Organized Mob ကို ပြက်ပြက်ထင်ထင်ခွဲပြီး

မြင်သင့်ကြပြီ။ သည်အချိန်ဟာ အရေးကြီးဆုံးအချိန်။ ကျောက်ဖြူကနေ ယူနန်အထိသွားမဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ 
ပိုက်လိုင်းတွေ ရထားလမ်း ကားလမ်းတွေ ကျုပ်တို့ ရဲ့ ဓါတ်ငွေ့ တွေ ဘာတခုမှ တရုတ်အတွက် ပေးစရာ
အကြောင်းမရှိဘူး။ ဒါတွေ အားလုံး သန်းရွှေရဲ့ တရားမ၀င်အစိုးရလုပ်ခဲ့တာ။ (လက်ရှိသမတအစိုးရအနေနဲ့ 
တရုတ်နဲ့ ဇာတ်လမ်းကို သည်မှာတင် မသိမ်းဖူး ဆိုရင် ပြည်ထောင်စုပြိုကွဲတဲ့အထိဖြစ်သွားနိုင်ပါတယ်)။
ဒို့ တာဝန်အရေးသုံးပါး ရဲ့ (ပြည်ထောင်စုမပြိုကွဲရေး) ကို တချိန်လုံး အသံကောင်းလွှင့်ခဲ့သူတွေ တကယ်
လုပ်ပြဖို့ အချိန်တန်ပြီ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ပြည်တောင်စုကလွဲလို့  ဘယ်သူ့ မျက်နှာမှကြည့်စရာ
မလိုပါဘူး။ (သမတအစိုးရအနေနဲ့ ပြည့်သူ့ နှလုံးသားကို နားထောင်ပြီး သတ္တိရှိရှိရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။ ဒေါ်စုနဲ့ 
လက်ချင်းဆက်ချိတ်ထားပါ။ တရုတ်နဲ့ နှပါးသွားခန်းကို သိမ်းပါ)။ တရုတ် - အမေရိကန် / အန္ဒိယ - ပါကစ္စတန်
ကြားကစမဲ့ကမ္ဘာကြီးရဲ့ ဒုတိယစစ်အေးတိုက်ပွဲကို မြန်မာပြည်က စအောင်မဖြစ်ချင်ပါနဲ့  ကျွဲလူးအိုင်ဖြစ် သွားမယ်။
(စစ်ရေးမဟာဗျူဟာ နည်းဗျူဟာတွေ ရေမြေတောတောင်အနေအထားတွေကို သိလို့ စစ်အရာရှိဖြစ်လာတယ်ဆိုတဲ့
စစ်တပ်က တိုင်းပြည်ကို လည်ပင်းကဖြတ်လိုဖြတ် ဒါးနဲ့ ပိုင်းလိုပိုင်း လုပ်ချင်တိုင်းလုပ်ပြီး တရုတ်ကို (ပြည်သူမသိပဲ)
ခိုးရောင်းထားခဲ့တဲ့ စာချုပ်တွေကို သမတ အစိုးရအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူကိုချပြပြီး အခက်အခဲအားလုံးကို
ဆွေးနွေးသင့်ပြီ ။ သည်တော့မှတရုတ်ဘာလုပ်မလဲဆိုတာ ကျွန်တော်တို့ အားလုံးတွက်ဆလို့ ရပြီး တိုင်းပြည်အတွက်ပြင်သင့်တာပြင်နိုင်မယ်။ သည်ရက်ပိုင်းအတွင်းမှာ မြစ်ဆုံကိုရပ်တာတခုတည်းနဲ့ 
တရုတ်က ဘာကြောင့်ဒေါသတကြီးဖြစ်နေရတာလဲ ဆိုတာ မေးခွန်းထုတ်စရာတွေ။ မြစ်ဆုံတင်မကကျောက်ဖြူ ယူနံပိုက်လိုင်း စီမံကိန်းတွေပါကျွန်တော်တို့ ရပ်အောင်ဆက်တိုက်ကြရမယ်။ သမတအစိုးရ ပြည်သူနဲ့ ဒေါ်စုနဲ့ကျောချင်းကပ်ပြီး ရဲရဲရပ်ပါ။

............ လှိုင်ဘွား/၈၈







No comments: