Wednesday 12 October 2011

ဒီမနက် မြင်ရတဲ့ အင်းစိန်ထောင်ရှေ့ မြင်ကွင်းနဲ့  လွတ်မြောက်လာသူတချို့  ပြောပြချက် Length: ‎6:13

ဒီမနက် မြင်ရတဲ့ အင်းစိန်ထောင်ရှေ့ မြင်ကွင်းနဲ့  လွတ်မြောက်လာသူတချို့  ပြောပြချက်
(Length: ‎6:13)
ဤအရေးအဖွဲ့ notes များသည် လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားလွှတ်ပေးရေး အစီအစဉ်အား ၂၄ နာရီလုံးလုံးစောင့်ကြည့်နေရာမှ ရေးမိသော ကျွန်တော်၏ facebook ပေါ်မှစာများကို ဝေမျှ
ထားခြင်းဖြစ်သည်။
မန်မာပြည်တွင်းမှ ယနေ့မြင်ကွင်းအား မြင်ယောင်ကြည့်မိသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်ဆိုင်သူများ၊ သူတို့၏ မိသားစုဆွေမျိုးများ၊ ပြည်တွင်းပြောင်းလဲရေး စိတ်ဝင်တစား စောင့်ကြည်နေသူများမှာ ညက အိပ်ပျော်ကြလေမည်မဟုတ်သည့်အတွက် တီးတိုးဝေဖန်သံများဖြင့် ညံနေလိမ့်မည်။

ယနေ့မနက်ကား မျှော်လင့်ချက်ကိုယ်စီဖြင့် စောစီးနိုးနေသူတို့၏ မနက်ခင်းသည် သီတင်းကျွတ်၏ လှပသော ရာသီဥတုနှင့်အညီ အေးချမ်းနေပေလိမ့်မည်ဖြစ်သော်လည
်း တစ်ချို့ကား ရင်ပူစိတ်ပူရှိနေကြလေမည်။ဈေးတန်ထဲ၊ လဘက်ရည်ဆိုင်ထဲတို့၌ သည်အကြောင်းဖြင့် ဆူညံနေပေလိမ့်မည်။ ဂျာနယ်များ၊ သတင်းစာ တိုက်များမှ သတင်းယူသူများသည် ဆိုင်ရာထောင်ဗူးဝဆီသို့ ပြေးကပ်ကြရန် ပျာယာခတ်နေကြလိမ့်မည်။ အဆောတလျင်ဖြစ်နေကြလိမ့်မည်။

လူထုအား မျှော်လင့်တကြီးဖြစ်စေခဲ့သည့် ဤ သီတင်းကျွတ်အခါတော်နှင့် မြန်မာ့တစ်မနက်တာအား စိတ်ထဲ၌ မှတ်မှတ်ရရဖြစ်စေဦးမည်။ လွတ်ငြိမ်းချမ်းသာခွင့်အတိုင်း အမှန်တကယ် လွတ်လာကြပြီဆိုလျင်ကား ဤနေ့အား တစ်သက်လုံးမေ့နိုင်မည်မဟုတ်တော့ပါ။ မြန်မာပြည်၏ ယနေ့ မနက်၊ နေလည် နှင့်ညအချိန်များ ပျော်ရွှင်မှုများနှင့် အတိပြီးနိုင်ပါစေဟု ဆန္ဒပြုမိပါသည်။
 
ကမ္ဘာအဝှမ်းက ရုပ်မြင်သံကြားသတင်းတွေမှာ မြန်မာပြည်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးတာတွေကို ကြေငြာပေးနေကြတယ်။ တစ်ချို့သတင်းများမှာ နိုင်ငံရေးအကျည်းသား ၆၀၀၀ ကျော်လို့ မှားယွင်းကြော်ငြာနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာက စောင့်ကြည့်နေကြတယ် ဆိုတာ အစိုးရပိုင်းများ သိကြမှာပါ။ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ပြပါ။
ကမ္ဘာတစ်ဝှမ်းက ရုပ်မြင်သံကြား သတင်းတွေမှာတော့ မြန်မာနိုင်ငံသမ္မတက နိုင်ငံရေး အကျဉ်းသား ၆၀၀၀ ကျော်လွှတ်နေတယ်လို့ အော်ပြောနေကြပါတယ်။ ကုလသမဂ္ဂကလည်း တိုက်ရိုက် စောင့်ကြည့်နေပါတယ်။ ပြည်တွင်းမှာတော့ အနည်းအကျဉ်း လွတ်လာနေပြီး မလွတ် သေးသူများအတွက် ဆိုင်ရာထောင်ဗူးဝမှာ သီတင်းကျွတ်နေ့ဝက်ကို ဖြုန်းတီးပစ်နေရပါတယ်။

ကျန်နေသေးတဲ့ နေ့ဝက်ကို ပင်ပန်းခြင်းကြီးစွာနှင့် စောင်းဆိုင်းနေကြပါတယ်။ သတ်မှတ်ထား တဲ့ဦးရေပြည်အောင် ည ၁၂ နာရီတိတော့ စောင့်ဖို့လိုမှာမဟုတ်ဘူးလို့ ထင်မိပါတယ်။ ရေရေ ရာရာ တိတိကျကျနဲ့ 'စောစီးစွာလွှတ်ပေးလိုက်လို့ ရရက်န'ဲ့ လို့ ညဉ်းမိပါကြောင်း။
 

No comments: