Sunday 30 October 2011

ခေါင်းဆောင်အရည်အသွေး

 

by Lu Bo on Monday, October 31, 2011 at 12:42pm

ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၃၅)မှ

ခေါင်းဆောင်မှု-၁၀

အဝေဖန်ခံနိုင်ခြင်း

ခေါင်းဆောင်ကောင်းတစ်ဦးသည် သူတစ်ပါးကို သူတပါးကို ဝေဖန်နိုင်သော ဥာဏ်ပညာအရည်အချင်း နှင့် သတ္တိရှိဖို့ လိုသကဲ့သို့ မိမိကိုယ်လည်း မငဲ့ညာ ဝေဖန်ဆန်းစစ်ကာ အခြားသူတစ်ဦးဦးက မိမိကိုရစရာမရှိ အောင် ဝေဖန်ပြစ်တင် ပုတ်ခတ်သည်ကိုလည်း အိနြေ္ဒမပျက် အရည်ထူထူခံ နိုင်ရည်ရှိဖို့လိုပေသည်။ မိမိအားဝေ ဖန်သူသည် မိမိကို လမ်းပြသူဟု မှတ်ယူသင့်ပေသည်။
မိမိအားဝေဖန်မှုများ တိတ်ဆိတ်နေခြင်းသည် ကောင်းလို့ ငြိမ်နေတာပဲဟု ယူဆလျှင် အကောင်းမြင်ဝါဒ ကိုလက်ကိုင်ပြုရာရောက်နေပေမည်။ သက္ကာယဒိဠိ ဖုံးလွှမ်းနေရာ လည်းရောက်ပေမည်။ ဝေဖန်သံများ ဆူညံ ကျယ်လောင်နေခြင်းသည် မိမိအတွက် လမ်းရှာပေးနေခြင်း၊ လမ်းမီးတိုင်များထွန်းညှို့ပေးနေခြင်းဖြစ်၏။ တိတ် ဆိတ်နေခြင်းသည် မိမိကို ဥပက္ခာပြုရာရောက်၏။ ဖြစ်ချင်ရာဖြစ် တို့နှင့်မဆိုင်ဟု သဘောထားရာရောက်၏။ ဖန် တီးလုပ်ယူထားသော ချီးကျူးချက်များသည် အခြေအနေအခိုက်အတန့်တစ်ခုအတွက် သင့်လျော်သော်လည်း ရေရှည်တွင် အန္တရယ်များတတ်၏။
ဆိုဗီယက် ရုရှားတွင် လီနင်သည် Empiro-Criticism ခေါ်ကျမ်းတစ်ကျမ်းကို ရေးသားကာ ဝေဖန်ရေး ကိုလမ်းဖွင့် ညွှန်ပြပေးခဲ့သည်။မိမိကိုယ်မိမိ ဝေဖန်ရေး၊ သူတစ်ပါးကို ဝေဖန်ရေး၊ မိမိကို ဝေဖန်ခြင်းကိုဆင်ချင် သုံးသပ်ရေးနှင့်သက်ဆိုင်၏။ သို့သော် ဝေဖန်ရေးကိစ္စကို သဘောတရားထဲတွင် အတိအလင်းခဘည့်သွင်းထား ပြီး၊ သူတစ်ပါးအားမညှာမတာ ဝေဖန်ကာ မိမိတို့ကို ဝေဖန်လာပါက နည်းနည်းမျှမခံနိုင်ကြဘဲ ဝေဖန်ရေးကို ပိတ်ပင်သော ပုဂ္ဂိုလ်များကိုပြပါဆိုလျှင် လီနင်ဝါဒကို နောက်ဆက်တွဲ လက်ခံလာကြသော တရုတ်၊ ရုရှားနှင့် အခြားသော ကွန်မြူနစ်ခေါင်းဆောင်များပင် ဖြစ်နေသည်ကို တွေ့ရ၏။
ခြွင်းချက်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံတွင် ဗကပ ကွန်မြူနစ်တို့သည် ဝေဖန်ရေးကို လမ်းဖွင့်ဆောင် ရွက်ပြီးနောက် ဖြုတ်-ထုတ်-သတ် ကားကွန်မြူနစ်ဝါဒလမ်းဆုံးဆီသို့ချီတတ်ခဲ့ကြသည်။ အဝေအဖန်အခံနိုင်ဆုံး နိုင်ငံရေးသမားကိုပြပါဆိုလျှင် တစ်ချိန်က ကွန်မြူနစ်ထိပ်ထိပ်ကြဲတစ်ဦးပင်ဖြစ်ခဲ့သော ဗိုလ်တစ်ထောင် သတင်း စာအယ်ဒီတာချုပ် ဦးသိန်းဖေမြင့်(ဝါ)သခင်သိန်းဖေကို ပြရပေမည်။ အဝေအဖန်ခံနိုင်သော ကမ္ဘာခေါင်းဆောင် တစ်ဦးကို ပြပါဆိုလျှင် ဝင်စတန်ချာချီကို ပြရပေမည်။
တာဝန်ယူ လုပ်ဆောင်တတ်ခြင်း
နိုင်ငံခေါင်းဆောင်သည် နိုင်ငံတစ်နိုင်ငံလုံးအပေါ်တွင်လည်းကောင်း၊ နိုင်ငံသားအားလုံးအပေါ်တွင် လည်းကောင်း၊ မိမိ၏လက်အောက်ငယ်သား အမှုထမ်းအရာထမ်းများအပေါ်တွင် လည်းကောင်း၊တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တာဝန်ခံထားရသော ပုဂ္ဂိုလ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် တာ ဝန်ယူရဲသော အစွမ်းသတ္တိလည်း ပြည့်စုံဖို့လို၏။ ရှေးမြန်မာမင်းများ လက်ထက်က တိုင်းပြည်၌ မိုးခေါင်ခြင်း၊ မိုး ကြီးခြင်း၊ အခါမဲ့မိုးများရွာခြင်း၊မြေငလျှင်တော်လဲများ မကြာခဏမြေငလျှင်လုပ်ခြင်းစသည့် သဘာဝဘေး
အန္တရယ်များကြုံတွေ့ရခြင်းသည်ပင်လျှင်တိုင်းပြည်အုပ်ချုပ်သောမင်း၌ ဥပေါသထသီလ မလုံခြုံခြင်း၊ မင်းကျင့် တရားပျက်ယွင်းခြင်းကြောင့်ဖြစ်သည်ဟု အယူရှိတတ်ကြသည်။
ပြည်သူတို့တွင် အခက်အခဲပြဿနာတစ်စုံတစ်ရာတွေ့လျှင် မင်းနားပေါက်အောင်တိုင်တည်နိုင်ရန် ပြည် သူ့ဟစ်တိုင်ကို စိုက်ထူပေးထားရသည်။ ခိုးသား၊ဓားပြ ဆူပူသောင်းကျန်းခြင်း၊မုဒိန်တန္တတို့ ထူပြောလာခြင်း၊ အစားရေစာရှားပါးခြင်း၊ အလေးတင်းတောင်းမညီညွတ်ခြင်း၊စသည်တို့သည်လည်း မင်း၏တာဝန်အဖြစ် ပြည်သူ့ ဟစ်တိုင်မှ အော်ဟစ်ကြသည်။
ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် တိုင်းပြည်အပေါ်တွင်ရော နိုင်ငံသူ နိုင်ငံသားများအပေါ်တွင်ပါ အစစအရာရာတာဝန်ယူလုပ်ဆောင်တတ်ဖို့ လုပ်ဆောင်ရဲဖို့လို၏။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျပန်စစ်ဗိုလ် ချုပ်ကြီး ယာမာရှီတကို အရှေ့တောင်အာရှ စစ်မျက်နှာများ၌ ဂျပန်တပ်ဖွဲ့ဝင်များ၏ ဒေသခံပြည်သူများအပေါ် သတ်ဖြတ်၊ ညှင်းဆဲ ရက်စက်မှုများနှင့်စပ်လျဉ်း၍ သွယ်ဝိုက်၍တာဝန်ရှိသည်ဟု စွဲချက်တင်ကာသေဒဏ်ပေးခဲ့ ကြသည်။
စစ်ပွဲတစ်ပွဲတွင် စစ်အောင်နိုင်သော စစ်သူကြီးမှာ အောင်ပန်းကို ဆွတ်ချူးပေးနိုင်သူအဖြစ် ဂုဏ်ပြု လက်ကမ်းကြိုဆိုခံရသလို စစ်ရှုံးသောစစ်သူကြီးမှာ ကျဆုံးစစ်သည် အားလုံး၏ဆွေမျိုးသားချင်းများ၏ ပြစ်တင် ရှုတ်ချမှုကို ခံယူရသည့်အပြင် စစ်ပွဲ၌ ဖြစ်သမျှ အပြစ် အနာအဆာ အားလုံးသည် သူညံ့ဖျင်းသောကြောင့်ဖြစ်
သည်ဟုသတ်မှတ်ကာ အပြစ်တင်ခံကြရသည်။ ထိုမျှမက ရှုံးနှိမ့်တဲ့ဘက်ရော အောင်မြင်တဲ့ဘက်ကပါသူ့ကိုဝိုင်း ဝန်းရှုတ်ချ အပြစ်တင်ဖို့ရန် တာစူ စိုင်းပြင်းလျှက်ရှိကြပေသည်။ နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့်ကား အထူး ဆိုဖွယ်ရာ မရှိတော့ပြီ။ လမ်းပေါ်တွင် အမှိုက်ကလေးတစ်စတွေ့သည်က အစ နိုင်ငံခေါင်းဆောင်ကို ပြစ်တင်ဝေ ဖန်ခြင်း ပြုကြပေလိမ့်မည်။
ခေါင်းဆောင်တို့၌ ရှိသင့်ရှိအပ်သောအရည်အသွေးများနှင့် အရည်အချင်းများသည် ထိုနိုင်ငံ၏ နိုင်ငံရေး
ပထဝီဝင်၊ တိုင်းရင်းသားလူမျိုးများ၊ လူမျိုးရေး စရိုက်လက္ခဏာများ ယဉ်ကျေးမှုအစဉ်အလာနှင့် နိုင်ငံရေး၏ သမိုင်းကြောင်း၊ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား လူဦးရေ အနည်းအများစသည့်အကြောင်းတရားပေါင်း များစွာကို အခြေခံ၍ ကွဲပြားခြားနားနေနိုင်သကဲ့သို့ တိုးတတ်များပြား၍လည်းလာနိုင်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံတွင် ရှေးမင်းအဆက်ဆက်တို့ကျင့်သုံးလာခဲ့သော ဗုဒ္ဒတရားတော်လာ မင်းကျင့်တရားများနှင့် ခေတ်ကာလ
အလိုက် ယူဆသတ်မှတ်ကြသော အချက်အလက်များကို ပေါင်းစပ်ချိန်ဆကာ ဆောင်ရွက်ကြဖို့ လိုပေသည်။
စံနမူနာယူသင့်သော ကမ္ဘာခေါင်းဆောင်ကြီးများ
ယနေ့ခေတ် နိုင်ငံခေါင်းဆောင်တို့သည် ရှေးခေတ်က သက်ဦးဆံပိုင် မင်းတို့လောက် စည်းစိမ်ဥစ္စာ မခံ စားကြရတော့ဘဲ လုပ်ငန်းတာဝန်ပိုင်း၌ ပို၍သာများပြားကြီးမားလာ၏။ ဤသည်မှာ ခေတ်နှင့်စနစ်တို့၏ တိုး တတ်မှု သဘောကြောင့် ဖြစ်ပေသည်။ မဇ္စျိမဒေသခေါ် အိန္တိယတိုက်ငယ်တွင် ခရစ်မပေါ်မှီ နှစ်ပေါင်းငါးရာကျော် ကပင် ဘုရင်စနစ်ကို မကျင့်သုံးဘဲ သမ္မတနစ်ကို ကျင့်သုံးသော လိစ္ဆဝီလူမျိုးတို့၏ ဂဏနိုင်ငံ ပေါ်ထွန်းခဲ့ဖူး၏။ ကြာရှည်ကား မခံခဲ့ချေ။ ယနေ့ခေတ်တွင် ဘုရင်ခေတ်ကို ကျင့်သုံးသောနိုင်ငံများနည်းပါးပြီး ဒီမိုကရေစီနည်းဖြစ် ရွေးကောက်တင်မြှောက်သော သမ္မတနိုင်ငံစနစ်၊ ဝန်ကြီးချုပ်နိုင်ငံစနစ်နှင့် တော်လှန်ရေးတစ်ရပ်ဆင်နွှဲကာ လက်ဝဲဝါဒစနစ် တစ်ရပ်ဖြစ်ခေါင်းဆောင်မှုပြုသော စနစ်တို့သည်သာ အများဆုံးပေါ်ထွန်းနေပေသည်။ ` ဘုရင်စနစ်ကို ကျင့်သုံးလျှက်ရှိသော နိုင်ငံများတွင်ပင် ဘုရင်သည် နိုင်ငံခေါင်းဆောင်မဟုတ်တော့ဘဲ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့၏(အကြီးအကဲဝန်ကြီးချုပ)်ကသာ ခေါင်းဆောင်ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး
သည့် နောက်ပိုင်း၌ ယနေ့တိုင် ဘုရင်စနစ်ကျင့်သုံးနေသော ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားပြီး ပြောစမှတ်ပြု ရလောက်အောင် ပြောင်မြောက်သော ခေါင်းဆောင်ဟူ၍ မပေါ်ထွန်းသေးသော်လည်း ဂျပန်နိုင်ငံ၏ တိုးတတ်မှု အရှိန်အဟုန်မှာ အံ့မခန်းဖြစ်၏။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်းတွင် နိုင်ငံငယ်အများအပြားသည် လွတ်လပ်ရေးရရှိလာခဲ့ကြ သည်။ ဤတွင် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံခေါင်းဆောင်များ အများအပြားပေါ်ထွန်းခဲ့သည်။ ဤခေါင်းဆောင် အများစုသည် လွတ်လပ်ရေးတိုက်ပွဲတွင်ပင် ကျဆုံးခဲ့ကြရပြီး၊ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံထူထောင်ရေး၊ တည်ဆောက်ရေးအပိုင်းတွင် မပါဝင်နိုင်ကြတော့ချေ။ လွတ်လပ်ရေးတိုက်ပွဲတွင် ထူးချွန် ထင်ရှားသော ခေါင်း ဆောင် အချို့သည် နိုင်ငံတော် တည်ဆောက်ရေးတွင်လည်း ထူးချွန်စွာပါဝင်လာနိုင်ခြင်းရှိသကဲ့သို့ မပါဝင်လာ နိုင်ခြင်းများကိုလည်း တွေ့ရပေသည်။

မဟတ္တမဂန္ဓီ

မဟတ္တမ ဂန္ဓီသည် အိန္ဒိယ တစ်မျိုးသားလုံး သူတော်စင်ကြီး တစ်ဦးသဖွယ် ကိုးကွယ် ပူဇော်မှုကို ခံယူ နေရသော လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်ကြီးဖြစ်သည်။ ဂန္ဓီ၏ ဘဝမှာ ထူးခြားဆန်းကြယ်သော ဘဝ ဖြစ်သည်။ သူ့ကျွန်ဘဝရောက်နေသော အိန္ဒိယနိုင်ငံကို ကျောခိုင်းကာတောင်အာဖရိကတွင် ရှေ့နေ့လိုက်ကာ စီးပွားရှာနေရာမှ တစ်နေ့တွင် မီးရထားပေါ်၌ လူဖြူတစ်ဦးနှင့်ပြဿနာပေါ်လေသည်။ ထိုလူဖြူတစ်ဦးသည် လူမည်းတစ်ဦးနှင့် ရထားတစ်တွဲတည်း အတူမစီးနိုင်ဆိုကာ သူ့ကိုကန်ချခိုင်းလေသည်။ ဤတွင် အသားရောင်ခွဲ ခြားမှုကို ဆန့်ကျင်သောစိတ်ဓာတ်၊ ဖိနှိပ်ခံလူတန်းစားအတွက် တိုက်ပွဲဝင်ရန်စိတ်ဓာတ်၊ အမိ အိန္ဒိယပြည်ကြီး အတွက်တိုက်ပွဲဝင်ရန် စိတ်ဓာတ်များ ဂန္ဓီတွင် တစ်ဟုန်ထိုးထွက်ပေါ်လာလေတော့သည်။
ထိုစဉ်ကစ၍ ဂန္ဓီသည် သူ့ဘဝတွင် အချိန်အများဆုံးဝတ်စားလာခဲ့သော ဘောင်းဘီနှင့် ရှူးဖိနပ်တို့ကို ချွတ်ကာ ပြည်တွင်းဖြစ် ဒိုတီကိုဝတ်ပြီး လူရောစိတ်ပါ ပြောင်းလဲပစ်ခဲ့လေသည်။ အိန္ဒိယပြည်လွတ်လပ်ရေး တိုက်ပွဲတွင် ဂန္ဓီကြီးသည် အဟိသခေါ် အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် တိုက်ပွဲဝင်ခဲ့သည်။ မေတ္တာဝါဒ ဖြင့်ရန်သူကို ခွင့်လွှတ်သည်းခံခဲ့သည်။ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေးကွဲလွဲမှုကို အခြေခံပြီးဖြစ်လာသော လူမျိုး ရေးအဓိကရုဏ်းများကို အစာငတ်ခံဆန္ဒပြခြင်းဖြင့် ရပ်တန့်နိုင်စေခဲ့သည်။ ဂန္ဓီကြီးသည် အဟိယသဝါဒ၊ ဝံသာနု ရက္ခိတဝါဒတို့ဖြင့် အိန္ဒိယတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားဖွင့်လှစ်ပေးခဲ့သော နိုင်ငံခေါင်း ဆောင်ကြီးတစ်ဦးဖြစ်လေသည်။


ဂျဝါဟာလာနေရူး

နေရူးသည် ဇတ်မြင့်ဟိန္ဒိုဘာသာယဝင် ဗြဟ္မဏ အနွယ် မှ မွေးဖွားလာသူ ဖြစ်ပြီး မျိုးရိုးအလိုက် ကြွယ် ဝပြည့်စုံသူဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ကျောင်းနေပြီး ပညာပြည့်စုံသောအခါမှ အိန္ဒိယသို့ ပြန်လာပြီး တိုင်း ပြည် လွတ်လပ်ရေးအတွက် အနစ်နာခံကာ ကိုယ်ကျိုးစွန့် ဆောင်ရွက်သော ခေါင်းဆောင်ဖြစ်သည်။ နေရူး၏ ထူးခြားချက်မှာ သူသည် အလွန်ပင် ပညာဥာဏ် ကြိးမားသူဖြစ်သည် စာအလွန်ဖတ်ပြီး စာရေးကောင်းသူတစ်ဦး လည်းဖြစ်သည်။ သူသည် ဂန္ဓီကြီး၏ သြဝါဒခံ တပည့်ဖြစ်သည်။ သို့သော်ဂန္ဓီကဲ့သို့ စည်းစိမ်ချမ်းသားမှုများကို စွန့်လွှတ်တိုက်ပွဲဝင်သူ တစ်ဦးကားမဟုတ်ပေ။ အိန္ဒိယပြည် လွတ်လပ်ရေးတိုက်ပွဲတွင် သူသည် ဂန္ဓီကြီး ပြီး နောက်ဒုတိယ ခေါင်းဆောင်ဟု သတ်မှတ်ခြင်း ခံရသည်။
လွတ်လပ်ရေးရသောအခါ အိန္ဒိယနိုင်ငံ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် တည်ဆောက်ရေးတာ ဝန်များကို ထမ်းရွှက်ခဲ့သည်။ နေရူးသည် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ထမ်းရွှက်ခဲ့ရာတွင် အလွန်ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်အဖြစ်ကားသတ်မှတ်၍ ရနိုင်မည်မဟုတ်ချေ။ သို့သော် ဘက်မ လိုက်ဝါဒကို ထူထောင်ပြီး ကမ္ဘာငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွင်မူ သူကိုထူးချွန်သော ကမ္ဘာခေါင်း ဆောင်အဖြစ် ကမ္ဘာက ယူဆကြသည်။

လီကွမ်ယု

စင်္ကာပူနိုင်ငံသမ္မတ လီကွမ်ယုသည် ရှေ့နေပညာရပ်ဖြစ် ဘွဲ့ရခဲ့သော ပညာတတ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ပြည်တွင်းဝေဖန်ပုတ်ခတ်မှု လှိုင်းတံပိုးများနှင့် ပြည်ပမှ ဝေဖန်ပုတ်ခတ်မှု လှိုင်းတံပိုးများ အကြားတွင် ကြံ့ကြံ့ခံရပ်တည်ရင်း စင်္ကာပူနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည်။ လီကွမ်ယု သမ္မတရာထူးမှ အနားယူ လိုက်သော အချိန်တွင်ုစင်္ကာပူနိုင်ငံသည် ထွက်ကုန်ပစ္စည်း ဘာမှမရှိဟု ဆိုနိုင်လောက်အောင်သေးငယ်နေ သော်လည်း ကမ္ဘာပေါ်တွင် စည်းကမ်းအရှိဆုံးနှင့် တိုးတတ်မှုတွင် ထိပ်တန်းတစ်နေရာ၌ ရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် ကျန်ရစ်ခဲ့လေသည်။ နိုင်ငံခေါင်းဆောင်ဘဝမှ အနားယူလိုက်ချိန်တွင် နိုင်ငံတစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာ လုံးက ဝိုင်းဝန်းချီးကျူးကြရသော ခေါင်းဆောင်တစ်ဦးဖြစ်ပေသည်။

ပတ်ချုံဟီး

တောင်ကိုးရီးယားနိုင်ငံကို စတင်အုပ်ချုပ်သည်မှ ကွယ်လွန်သည့်အထိ စစ်အုပ်ချုပ်ရေးအဖြင့် အုပ်ချုပ်ခဲ့ ပြီး ကမ္ဘာ့စာနယ်ဇင်းများ၏ ဝေဖန်ပြစ်တင်မှုဒဏ် ၊ အကူအညီပေးနေသော အမေရိကန် နိုင်ငံကပင် နိုင်ငံရေးဖိ အားများပေြး့ပီး စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးရန် တောင်းဆိုနေခြင်းများနှင့် ကျောင်းသားသပိတ်၊ အလုပ်သ မားသပိတ်များကြားမှ တောင်ကိုရီးယားပြည်သူများ၏ စားဝတ်နေရေး၊ ဘဝသုံးပါးကို ထိပ်တန်းရောက်အောင် ပို့ ဆောင်ပေးနိုင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ပတ်ချုံဟီး ကွယ်လွန်ချိန်တွင် တောင်ကိုရီးယားနိုင်ငံသည် အလွန်ကြွယ်ဝပြည်စုံနေပြီး ကမ္ဘာစစ်မှုနိုင်ငံကြီးများနှင့် ရင်ဘောင်တန်း လိုက်နိုင်နေသည်မှာ ပတ်ချုံဟီး ၏ နိုင်ငံတော် တည်ဆောက်မှု စွမ်းရည်ကို ပြသနေခြင်းဖြစ်သည်။

ဆူကာနို

အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲတွင် တော်လှန်ရေးခေါင်းဆောင်တစ်ဦးဟု လူသိများ ထင်ရှား လာရာမှ လွတ်လပ်ရေးရသောအခါ ပထမဆုံးသမ္မတ ဖြစ်လာပြီး ဂုဏ်ထူး၊ ဘွဲ့ထူး အမျိုးမျိုးရရှိလာခဲ့သည်။ ပြည် သူတို့၏ ဂုဏ်ယူမြှောက်စားမှု အမျိုးမျိုးရရှိလာခဲ့သည်။ ပြည်တွင်းစည်းလုံးညီညွတ်ရေးကို အောင်မြင်စွာ တည် ဆောက်နိုင်ခဲ့သည်။ သို့ရာတွင် ပုဂ္ဂလိက စည်းစိမ် ခံစားမှုများတွင် ခေါင်းဆောင်တစ်ဦး ခံစားသင့်သည်ထက် ပိုမိုယစ်မူး လွန်ကျူးလာခဲ့သည်။ မယားပြိုင်ထားလေ့ရှိသော အင်ဒိုနီးရှားလူအဖွဲ့အစည်းတွင် ဆူကာနိုသည် မယား(၅)ယောက်အထိ ထားခဲ့သည်။ နိုင်ငံတော်တည်ဆောက်ရေး တာဝန်ကို မကျေပွန်နိုင် ။
ပြည်သူများကို မတော်မတရား မက်လုံးများပေး၊ မိန့်ခွန်းများဟောကာ အခုခြိုးခြိုးခြံခြံ ကျင့်ကြပါဟု သူ ကဆိုပြီး ပကာသန လုပ်ငန်းများ ကပွဲများနှင့် နှစ်မောနေခဲ့သည်။ ခေါင်းဆောင်ကောင်းကို ရှောင်ကျဉ်အံ့သည့် ဒေါသကြီးခြင်း၊ စည်းကမ်းမဲ့ခြင်း၊ မတည်မငြိမ်ပြုခြင်း၊ ဝါကြွားခြင်း၊ ရန်လိုခြင်း၊ စိတ်ကူးရေးရာ ဥပဒေများ ထုတ် ပြန်ခြင်း စသည့် ကလေးဆန်ဆန် အပြုအမူများဖြင့် အောက်ခြေလွှတ်ခဲ့သည်။ ဤသို့ဖြင့် ရာသက်ပန် သမ္မတ ကြီး ဟူသော ဂုဏ်ပုဒ်ဖြစ် ခေါင်းဆောင် ဘဝမှ ဖယ်ရှားခံရပြီး ပြည်တွင်း သွေးချောင်းစီးပွဲများကို မဟန့်တားနိုင် ခဲ့ပေ။ နိဂုံးချုပ်မကောင်းသော ခေါင်းဆောင်ဘဝကို ရောက်ခဲ့ရရှာ၏။

နိဂုံး

အလောင်းစည်သူမင်းကြီးလက်ထက်တွင်ကား ပါဠိဂါထာပေါင်းတစ်ရာပါဝင်သော ရွှေကြီးကျောက်စာ ကို ရေးထိုးခဲ့ပေသည်။ ထိုကျောက်စာတွင် ပါဠိစီကုံးပုံကို သိသာစေရန် မြန်မာစကားဖြင့် ပြန်ဆို၍ဖော်ပြရလျှင်။
ကျွန်ုပ်သည် သံသရာတည်းဟူသော မြစ်တစ်ဖက်ကမ်းသို့လူခပင်းအတွက် လျှင်မြန်စွာ ကူးသန်းရန် နိဗ္ဗာန်ရွှေမြို့တော်တိုင် ပေါက်ရောက်မည့် လမ်းကြောင်းတစ်သွယ်ကို ဖော်လုပ်ထားပါမည်။ ကျွန်ုပ်ကိုယ်တိုင် လည်း အရောက်ကူးခတ်၍ ရေနက်မောသူများကိုလည်း တွဲဆောင်၍ ခေါ်ပါသတည်း။
ကျွန်ုပ်ကိုယ်တိုင်လည်း နူးညံ့၍လိုလားသမျှကိုလည်း နူးညံ့စေပါသည်။
ကျွန်ုပ်ကိုယ်တိုင်လည်း နှစ်သိပ်၍ အခြားထိန့်လန့်ကြောက်ရွံသူများကိုလည်း နှစ်သိမ့်စေပါသည်။
ကျွန်ုပ်ကိုယ်တိုင်လည်း နိုးကြား၏ အိပ်ပျော်နေသူများကိုလည်း နိုးကြားစေပါမည်။
ကျွန်ုပ်ကိုယ်တိုင်လည်း အေးမြ၍ ပူလောင်သော သူများကိုလည်း အေးမြစေပါသည်။
ကျွန်ုပ်ကိုယ်တိုင်လည်း လွတ်မြောက်၍ အခြားချည်နှောင်ခံရသူများအားလည်း လွတ်မြောက်စေပါ သည်။
(အလောင်းစည်သူမင်းကြီး -၄၇၃-၅၂၉ ခုနစ်)
သူတည်း တစ်ယောက်၊ ကောင်းဖို့ ရောက်မူ
သူတစ် ယောက်မှာ၊ ပျက်လက်ကာသာ၊
ဓမ္မတာတည်း ။
ရွှေအိမ်နန်းနှင့်၊ ကြငုန်းလည်းခံ၊
မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား။
သမုဒ္ဒရာ၊ ရေမျက်မှာထက်၊
ခဏတက်သည့်၊ရေပွတ်ပမာ၊
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊
မချွတ်စသာ၊ ဓမ္မတာတည်း။
ရှစ်ကိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြိုက်လတ်ထွန်မှု၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။
(အနန္တသူရိယ အမတ်အမျက်ဖြေ အလင်္ကာ-၅၃၆ခုနစ်)

မှီငြမ်းကိုးကားပြုသောစာအုပ်များ

(၁) ခေါင်းဆောင်ဟူသည်။ စစ်တက္ကသိုလ်၊ မေမြို့၊တိုင်းရင်းဆွေစာပုံနှိပ်တိုက်၊ မေမြို့(ပ-ကြိမ်)။
(၂) ဗမာ့နိုင်ငံရေးသုခမိန်။မောင်ထင်၊ နှလုံးလှစာအုပ်တိုက်၊ ရန်ကုန်၊ ၁၉၅၆ခု၊ အောက်တိုဘာလ၊(ပ-ကြိမ်)။
(၃) ဟိတောပဒေသ။ ပါရဂူ(မြန်မာပြန်)၊(ဒု-ကြိမ်)၊ သုတေသီစာပေ၊ ရန်ကုန်၊ ၁၉၇၉ခု၊ ဇူလိုင်လ။
(၄) ဟောနည်းပြောနည်း။ ဖေမြင့်၊ (ပ-ကြိမ်)၊ စာပေလောက၊ ရန်ကုန်၊ ၁၉၉၀ခု၊ ဧပြီလ။
(၅) သုတေသနသရုပ်ပြအဘိဓာန်။ အရှင်သြဘာသာဘိဝံသ၊ (ပ-ကြိမ်)၊ ပညာနန္ဒပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၅၅။
(၆) ခေါင်းဆောင်မှုပညာ။ ဦးမောင်မောင်၊ B.A.,B.L,D.M.A၊ (စ-ကြိမ်)၊ သုတစာပေ၊ ရန်ကုန်၊ ၁၉၈၄ခု၊ ဧပြီလ။
(၇) ဗမာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း။ဒေါက်တာမောင်မောင်၊(ပ-ကြိမ်)၊ ပုဂံစာအုပ်တိုက်၊ရန်ကုန်၊၁၉၆၉။
(၈) ခေတ်သစ်စိတ်ပညာ။ ဒေါက်တာလှသွင်နှင့်သုံးဦး၊ တက္ကသိုလ်များစာအုပ်ပြုစုထုတ်ဝေရေးကော်မတီ၊ စာစဉ်
(၁၂)၊ တက္ကသိုလ်များပုံနိုပ်တိုက်၊ ရန်ကုန်၊ ၁၉၆၇ခု၊ ဇွန်လ၊ (ပ-ကြိမ်)။
(၉) စိတ်ပညာအခြေပြ။ ဒေါ်အုန်းခင်၊ တက္ကသိုလ်များစာအုပ်ပြုစုရေးကော်မတီ၊ ရန်ကုန်၊ ၁၉၇၀ခု၊သြဂုတ်လ၊
(ဒု-ကြိမ်)။
(၁၀) ခေါင်းဆောင်မှု။ ကြည်း၊ ၁၂၁၀၆၊ ဗိုလ်မှူးအောင်နိုင်။
(၁၁) ခေါင်းဆောင်မှု။ စစ်ပညာစာစဉ်-၄၊ စစ်ပညာအသင်း၊ စတီးဝပ်လမ်း၊ ရန်ကုန်၊ ၁၉၅၉ခု၊ စက်တင်ဘာလ၊
(ပ-ကြိမ်)။
(၁၂) ပုဂံမြင်ကွင်းကျယ်။ လှသမိန်၊ ဦးမြအုန်းစာအုပ်ဆိုင်၊ အမှတ် ၂၁၄၊ မောင်ထော်လေးလမ်း၊ ရန်ကုန်မြို့၊
၁၉၆၉ခုနစ်၊ မတ်လ။
(၁၃) စစ်ပညာဂျာနယ်များ။ စစ်ပညာဂျာနယ်ရုံး၊ ကုန်းမြင့်သာ၊ ရန်ကုန်မြို့။
(၁၄) The Path to leadship , Field-Marshal Montgomery, Collins, St.Jame’s Place, London, 1961.
(၁၅) A Treasury of the World’s Great Speeches, Selected and Edited by Houston Peterson,
Simon and Schuster, New York, 1965.
(၁၆) The Prince, Machiavelli, Penguin Classic, 1964.

၁၅-၁-၁၉၉၂ နေ့တွင် ရေးသားပြုစုပြီးစီးသည်။


တိုက်ကြီးတင်အောင်

အဝေဖန်ခံနိုင်ခြင်း

ခေါင်းဆောင်ကောင်းတစ်ဦးသည် သူတစ်ပါးကို သူတပါးကို ဝေဖန်နိုင်သော ဥာဏ်ပညာအရည်အချင်း နှင့် သတ္တိရှိဖို့ လိုသကဲ့သို့ မိမိကိုယ်လည်း မငဲ့ညာ ဝေဖန်ဆန်းစစ်ကာ အခြားသူတစ်ဦးဦးက မိမိကိုရစရာမရှိ အောင် ဝေဖန်ပြစ်တင် ပုတ်ခတ်သည်ကိုလည်း အိနြေ္ဒမပျက် အရည်ထူထူခံ နိုင်ရည်ရှိဖို့လိုပေသည်။ မိမိအားဝေ ဖန်သူသည် မိမိကို လမ်းပြသူဟု မှတ်ယူသင့်ပေသည်။
မိမိအားဝေဖန်မှုများ တိတ်ဆိတ်နေခြင်းသည် ကောင်းလို့ ငြိမ်နေတာပဲဟု ယူဆလျှင် အကောင်းမြင်ဝါဒ ကိုလက်ကိုင်ပြုရာရောက်နေပေမည်။ သက္ကာယဒိဠိ ဖုံးလွှမ်းနေရာ လည်းရောက်ပေမည်။ ဝေဖန်သံများ ဆူညံ ကျယ်လောင်နေခြင်းသည် မိမိအတွက် လမ်းရှာပေးနေခြင်း၊ လမ်းမီးတိုင်များထွန်းညှို့ပေးနေခြင်းဖြစ်၏။ တိတ် ဆိတ်နေခြင်းသည် မိမိကို ဥပက္ခာပြုရာရောက်၏။ ဖြစ်ချင်ရာဖြစ် တို့နှင့်မဆိုင်ဟု သဘောထားရာရောက်၏။ ဖန် တီးလုပ်ယူထားသော ချီးကျူးချက်များသည် အခြေအနေအခိုက်အတန့်တစ်ခုအတွက် သင့်လျော်သော်လည်း ရေရှည်တွင် အန္တရယ်များတတ်၏။
ဆိုဗီယက် ရုရှားတွင် လီနင်သည် Empiro-Criticism ခေါ်ကျမ်းတစ်ကျမ်းကို ရေးသားကာ ဝေဖန်ရေး ကိုလမ်းဖွင့် ညွှန်ပြပေးခဲ့သည်။မိမိကိုယ်မိမိ ဝေဖန်ရေး၊ သူတစ်ပါးကို ဝေဖန်ရေး၊ မိမိကို ဝေဖန်ခြင်းကိုဆင်ချင် သုံးသပ်ရေးနှင့်သက်ဆိုင်၏။ သို့သော် ဝေဖန်ရေးကိစ္စကို သဘောတရားထဲတွင် အတိအလင်းခဘည့်သွင်းထား ပြီး၊ သူတစ်ပါးအားမညှာမတာ ဝေဖန်ကာ မိမိတို့ကို ဝေဖန်လာပါက နည်းနည်းမျှမခံနိုင်ကြဘဲ ဝေဖန်ရေးကို ပိတ်ပင်သော ပုဂ္ဂိုလ်များကိုပြပါဆိုလျှင် လီနင်ဝါဒကို နောက်ဆက်တွဲ လက်ခံလာကြသော တရုတ်၊ ရုရှားနှင့် အခြားသော ကွန်မြူနစ်ခေါင်းဆောင်များပင် ဖြစ်နေသည်ကို တွေ့ရ၏။
ခြွင်းချက်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံတွင် ဗကပ ကွန်မြူနစ်တို့သည် ဝေဖန်ရေးကို လမ်းဖွင့်ဆောင် ရွက်ပြီးနောက် ဖြုတ်-ထုတ်-သတ် ကားကွန်မြူနစ်ဝါဒလမ်းဆုံးဆီသို့ချီတတ်ခဲ့ကြသည်။ အဝေအဖန်အခံနိုင်ဆုံး နိုင်ငံရေးသမားကိုပြပါဆိုလျှင် တစ်ချိန်က ကွန်မြူနစ်ထိပ်ထိပ်ကြဲတစ်ဦးပင်ဖြစ်ခဲ့သော ဗိုလ်တစ်ထောင် သတင်း စာအယ်ဒီတာချုပ် ဦးသိန်းဖေမြင့်(ဝါ)သခင်သိန်းဖေကို ပြရပေမည်။ အဝေအဖန်ခံနိုင်သော ကမ္ဘာခေါင်းဆောင် တစ်ဦးကို ပြပါဆိုလျှင် ဝင်စတန်ချာချီကို ပြရပေမည်။
တာဝန်ယူ လုပ်ဆောင်တတ်ခြင်း
နိုင်ငံခေါင်းဆောင်သည် နိုင်ငံတစ်နိုင်ငံလုံးအပေါ်တွင်လည်းကောင်း၊ နိုင်ငံသားအားလုံးအပေါ်တွင် လည်းကောင်း၊ မိမိ၏လက်အောက်ငယ်သား အမှုထမ်းအရာထမ်းများအပေါ်တွင် လည်းကောင်း၊တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တာဝန်ခံထားရသော ပုဂ္ဂိုလ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် တာ ဝန်ယူရဲသော အစွမ်းသတ္တိလည်း ပြည့်စုံဖို့လို၏။ ရှေးမြန်မာမင်းများ လက်ထက်က တိုင်းပြည်၌ မိုးခေါင်ခြင်း၊ မိုး ကြီးခြင်း၊ အခါမဲ့မိုးများရွာခြင်း၊မြေငလျှင်တော်လဲများ မကြာခဏမြေငလျှင်လုပ်ခြင်းစသည့် သဘာဝဘေး
အန္တရယ်များကြုံတွေ့ရခြင်းသည်ပင်လျှင်တိုင်းပြည်အုပ်ချုပ်သောမင်း၌ ဥပေါသထသီလ မလုံခြုံခြင်း၊ မင်းကျင့် တရားပျက်ယွင်းခြင်းကြောင့်ဖြစ်သည်ဟု အယူရှိတတ်ကြသည်။
ပြည်သူတို့တွင် အခက်အခဲပြဿနာတစ်စုံတစ်ရာတွေ့လျှင် မင်းနားပေါက်အောင်တိုင်တည်နိုင်ရန် ပြည် သူ့ဟစ်တိုင်ကို စိုက်ထူပေးထားရသည်။ ခိုးသား၊ဓားပြ ဆူပူသောင်းကျန်းခြင်း၊မုဒိန်တန္တတို့ ထူပြောလာခြင်း၊ အစားရေစာရှားပါးခြင်း၊ အလေးတင်းတောင်းမညီညွတ်ခြင်း၊စသည်တို့သည်လည်း မင်း၏တာဝန်အဖြစ် ပြည်သူ့ ဟစ်တိုင်မှ အော်ဟစ်ကြသည်။
ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် တိုင်းပြည်အပေါ်တွင်ရော နိုင်ငံသူ နိုင်ငံသားများအပေါ်တွင်ပါ အစစအရာရာတာဝန်ယူလုပ်ဆောင်တတ်ဖို့ လုပ်ဆောင်ရဲဖို့လို၏။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျပန်စစ်ဗိုလ် ချုပ်ကြီး ယာမာရှီတကို အရှေ့တောင်အာရှ စစ်မျက်နှာများ၌ ဂျပန်တပ်ဖွဲ့ဝင်များ၏ ဒေသခံပြည်သူများအပေါ် သတ်ဖြတ်၊ ညှင်းဆဲ ရက်စက်မှုများနှင့်စပ်လျဉ်း၍ သွယ်ဝိုက်၍တာဝန်ရှိသည်ဟု စွဲချက်တင်ကာသေဒဏ်ပေးခဲ့ ကြသည်။
စစ်ပွဲတစ်ပွဲတွင် စစ်အောင်နိုင်သော စစ်သူကြီးမှာ အောင်ပန်းကို ဆွတ်ချူးပေးနိုင်သူအဖြစ် ဂုဏ်ပြု လက်ကမ်းကြိုဆိုခံရသလို စစ်ရှုံးသောစစ်သူကြီးမှာ ကျဆုံးစစ်သည် အားလုံး၏ဆွေမျိုးသားချင်းများ၏ ပြစ်တင် ရှုတ်ချမှုကို ခံယူရသည့်အပြင် စစ်ပွဲ၌ ဖြစ်သမျှ အပြစ် အနာအဆာ အားလုံးသည် သူညံ့ဖျင်းသောကြောင့်ဖြစ်
သည်ဟုသတ်မှတ်ကာ အပြစ်တင်ခံကြရသည်။ ထိုမျှမက ရှုံးနှိမ့်တဲ့ဘက်ရော အောင်မြင်တဲ့ဘက်ကပါသူ့ကိုဝိုင်း ဝန်းရှုတ်ချ အပြစ်တင်ဖို့ရန် တာစူ စိုင်းပြင်းလျှက်ရှိကြပေသည်။ နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့်ကား အထူး ဆိုဖွယ်ရာ မရှိတော့ပြီ။ လမ်းပေါ်တွင် အမှိုက်ကလေးတစ်စတွေ့သည်က အစ နိုင်ငံခေါင်းဆောင်ကို ပြစ်တင်ဝေ ဖန်ခြင်း ပြုကြပေလိမ့်မည်။
ခေါင်းဆောင်တို့၌ ရှိသင့်ရှိအပ်သောအရည်အသွေးများနှင့် အရည်အချင်းများသည် ထိုနိုင်ငံ၏ နိုင်ငံရေး
ပထဝီဝင်၊ တိုင်းရင်းသားလူမျိုးများ၊ လူမျိုးရေး စရိုက်လက္ခဏာများ ယဉ်ကျေးမှုအစဉ်အလာနှင့် နိုင်ငံရေး၏ သမိုင်းကြောင်း၊ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား လူဦးရေ အနည်းအများစသည့်အကြောင်းတရားပေါင်း များစွာကို အခြေခံ၍ ကွဲပြားခြားနားနေနိုင်သကဲ့သို့ တိုးတတ်များပြား၍လည်းလာနိုင်ပါသည်။ ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံတွင် ရှေးမင်းအဆက်ဆက်တို့ကျင့်သုံးလာခဲ့သော ဗုဒ္ဒတရားတော်လာ မင်းကျင့်တရားများနှင့် ခေတ်ကာလ
အလိုက် ယူဆသတ်မှတ်ကြသော အချက်အလက်များကို ပေါင်းစပ်ချိန်ဆကာ ဆောင်ရွက်ကြဖို့ လိုပေသည်။
စံနမူနာယူသင့်သော ကမ္ဘာခေါင်းဆောင်ကြီးများ
ယနေ့ခေတ် နိုင်ငံခေါင်းဆောင်တို့သည် ရှေးခေတ်က သက်ဦးဆံပိုင် မင်းတို့လောက် စည်းစိမ်ဥစ္စာ မခံ စားကြရတော့ဘဲ လုပ်ငန်းတာဝန်ပိုင်း၌ ပို၍သာများပြားကြီးမားလာ၏။ ဤသည်မှာ ခေတ်နှင့်စနစ်တို့၏ တိုး တတ်မှု သဘောကြောင့် ဖြစ်ပေသည်။ မဇ္စျိမဒေသခေါ် အိန္တိယတိုက်ငယ်တွင် ခရစ်မပေါ်မှီ နှစ်ပေါင်းငါးရာကျော် ကပင် ဘုရင်စနစ်ကို မကျင့်သုံးဘဲ သမ္မတနစ်ကို ကျင့်သုံးသော လိစ္ဆဝီလူမျိုးတို့၏ ဂဏနိုင်ငံ ပေါ်ထွန်းခဲ့ဖူး၏။ ကြာရှည်ကား မခံခဲ့ချေ။ ယနေ့ခေတ်တွင် ဘုရင်ခေတ်ကို ကျင့်သုံးသောနိုင်ငံများနည်းပါးပြီး ဒီမိုကရေစီနည်းဖြစ် ရွေးကောက်တင်မြှောက်သော သမ္မတနိုင်ငံစနစ်၊ ဝန်ကြီးချုပ်နိုင်ငံစနစ်နှင့် တော်လှန်ရေးတစ်ရပ်ဆင်နွှဲကာ လက်ဝဲဝါဒစနစ် တစ်ရပ်ဖြစ်ခေါင်းဆောင်မှုပြုသော စနစ်တို့သည်သာ အများဆုံးပေါ်ထွန်းနေပေသည်။ ` ဘုရင်စနစ်ကို ကျင့်သုံးလျှက်ရှိသော နိုင်ငံများတွင်ပင် ဘုရင်သည် နိုင်ငံခေါင်းဆောင်မဟုတ်တော့ဘဲ နိုင်ငံအုပ်ချုပ်ရေးအဖွဲ့၏(အကြီးအကဲဝန်ကြီးချုပ)်ကသာ ခေါင်းဆောင်ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး
သည့် နောက်ပိုင်း၌ ယနေ့တိုင် ဘုရင်စနစ်ကျင့်သုံးနေသော ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားပြီး ပြောစမှတ်ပြု ရလောက်အောင် ပြောင်မြောက်သော ခေါင်းဆောင်ဟူ၍ မပေါ်ထွန်းသေးသော်လည်း ဂျပန်နိုင်ငံ၏ တိုးတတ်မှု အရှိန်အဟုန်မှာ အံ့မခန်းဖြစ်၏။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်းတွင် နိုင်ငံငယ်အများအပြားသည် လွတ်လပ်ရေးရရှိလာခဲ့ကြ သည်။ ဤတွင် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံခေါင်းဆောင်များ အများအပြားပေါ်ထွန်းခဲ့သည်။ ဤခေါင်းဆောင် အများစုသည် လွတ်လပ်ရေးတိုက်ပွဲတွင်ပင် ကျဆုံးခဲ့ကြရပြီး၊ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံထူထောင်ရေး၊ တည်ဆောက်ရေးအပိုင်းတွင် မပါဝင်နိုင်ကြတော့ချေ။ လွတ်လပ်ရေးတိုက်ပွဲတွင် ထူးချွန် ထင်ရှားသော ခေါင်း ဆောင် အချို့သည် နိုင်ငံတော် တည်ဆောက်ရေးတွင်လည်း ထူးချွန်စွာပါဝင်လာနိုင်ခြင်းရှိသကဲ့သို့ မပါဝင်လာ နိုင်ခြင်းများကိုလည်း တွေ့ရပေသည်။

မဟတ္တမဂန္ဓီ

မဟတ္တမ ဂန္ဓီသည် အိန္ဒိယ တစ်မျိုးသားလုံး သူတော်စင်ကြီး တစ်ဦးသဖွယ် ကိုးကွယ် ပူဇော်မှုကို ခံယူ နေရသော လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်ကြီးဖြစ်သည်။ ဂန္ဓီ၏ ဘဝမှာ ထူးခြားဆန်းကြယ်သော ဘဝ ဖြစ်သည်။ သူ့ကျွန်ဘဝရောက်နေသော အိန္ဒိယနိုင်ငံကို ကျောခိုင်းကာတောင်အာဖရိကတွင် ရှေ့နေ့လိုက်ကာ စီးပွားရှာနေရာမှ တစ်နေ့တွင် မီးရထားပေါ်၌ လူဖြူတစ်ဦးနှင့်ပြဿနာပေါ်လေသည်။ ထိုလူဖြူတစ်ဦးသည် လူမည်းတစ်ဦးနှင့် ရထားတစ်တွဲတည်း အတူမစီးနိုင်ဆိုကာ သူ့ကိုကန်ချခိုင်းလေသည်။ ဤတွင် အသားရောင်ခွဲ ခြားမှုကို ဆန့်ကျင်သောစိတ်ဓာတ်၊ ဖိနှိပ်ခံလူတန်းစားအတွက် တိုက်ပွဲဝင်ရန်စိတ်ဓာတ်၊ အမိ အိန္ဒိယပြည်ကြီး အတွက်တိုက်ပွဲဝင်ရန် စိတ်ဓာတ်များ ဂန္ဓီတွင် တစ်ဟုန်ထိုးထွက်ပေါ်လာလေတော့သည်။
ထိုစဉ်ကစ၍ ဂန္ဓီသည် သူ့ဘဝတွင် အချိန်အများဆုံးဝတ်စားလာခဲ့သော ဘောင်းဘီနှင့် ရှူးဖိနပ်တို့ကို ချွတ်ကာ ပြည်တွင်းဖြစ် ဒိုတီကိုဝတ်ပြီး လူရောစိတ်ပါ ပြောင်းလဲပစ်ခဲ့လေသည်။ အိန္ဒိယပြည်လွတ်လပ်ရေး တိုက်ပွဲတွင် ဂန္ဓီကြီးသည် အဟိသခေါ် အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် တိုက်ပွဲဝင်ခဲ့သည်။ မေတ္တာဝါဒ ဖြင့်ရန်သူကို ခွင့်လွှတ်သည်းခံခဲ့သည်။ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေးကွဲလွဲမှုကို အခြေခံပြီးဖြစ်လာသော လူမျိုး ရေးအဓိကရုဏ်းများကို အစာငတ်ခံဆန္ဒပြခြင်းဖြင့် ရပ်တန့်နိုင်စေခဲ့သည်။ ဂန္ဓီကြီးသည် အဟိယသဝါဒ၊ ဝံသာနု ရက္ခိတဝါဒတို့ဖြင့် အိန္ဒိယတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားဖွင့်လှစ်ပေးခဲ့သော နိုင်ငံခေါင်း ဆောင်ကြီးတစ်ဦးဖြစ်လေသည်။

ဂျဝါဟာလာနေရူး

နေရူးသည် ဇတ်မြင့်ဟိန္ဒိုဘာသာယဝင် ဗြဟ္မဏ အနွယ် မှ မွေးဖွားလာသူ ဖြစ်ပြီး မျိုးရိုးအလိုက် ကြွယ် ဝပြည့်စုံသူဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် ကျောင်းနေပြီး ပညာပြည့်စုံသောအခါမှ အိန္ဒိယသို့ ပြန်လာပြီး တိုင်း ပြည် လွတ်လပ်ရေးအတွက် အနစ်နာခံကာ ကိုယ်ကျိုးစွန့် ဆောင်ရွက်သော ခေါင်းဆောင်ဖြစ်သည်။ နေရူး၏ ထူးခြားချက်မှာ သူသည် အလွန်ပင် ပညာဥာဏ် ကြိးမားသူဖြစ်သည် စာအလွန်ဖတ်ပြီး စာရေးကောင်းသူတစ်ဦး လည်းဖြစ်သည်။ သူသည် ဂန္ဓီကြီး၏ သြဝါဒခံ တပည့်ဖြစ်သည်။ သို့သော်ဂန္ဓီကဲ့သို့ စည်းစိမ်ချမ်းသားမှုများကို စွန့်လွှတ်တိုက်ပွဲဝင်သူ တစ်ဦးကားမဟုတ်ပေ။ အိန္ဒိယပြည် လွတ်လပ်ရေးတိုက်ပွဲတွင် သူသည် ဂန္ဓီကြီး ပြီး နောက်ဒုတိယ ခေါင်းဆောင်ဟု သတ်မှတ်ခြင်း ခံရသည်။
လွတ်လပ်ရေးရသောအခါ အိန္ဒိယနိုင်ငံ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် တည်ဆောက်ရေးတာ ဝန်များကို ထမ်းရွှက်ခဲ့သည်။ နေရူးသည် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ထမ်းရွှက်ခဲ့ရာတွင် အလွန်ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်အဖြစ်ကားသတ်မှတ်၍ ရနိုင်မည်မဟုတ်ချေ။ သို့သော် ဘက်မ လိုက်ဝါဒကို ထူထောင်ပြီး ကမ္ဘာငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွင်မူ သူကိုထူးချွန်သော ကမ္ဘာခေါင်း ဆောင်အဖြစ် ကမ္ဘာက ယူဆကြသည်။

လီကွမ်ယု

စင်္ကာပူနိုင်ငံသမ္မတ လီကွမ်ယုသည် ရှေ့နေပညာရပ်ဖြစ် ဘွဲ့ရခဲ့သော ပညာတတ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ပြည်တွင်းဝေဖန်ပုတ်ခတ်မှု လှိုင်းတံပိုးများနှင့် ပြည်ပမှ ဝေဖန်ပုတ်ခတ်မှု လှိုင်းတံပိုးများ အကြားတွင် ကြံ့ကြံ့ခံရပ်တည်ရင်း စင်္ကာပူနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည်။ လီကွမ်ယု သမ္မတရာထူးမှ အနားယူ လိုက်သော အချိန်တွင်ုစင်္ကာပူနိုင်ငံသည် ထွက်ကုန်ပစ္စည်း ဘာမှမရှိဟု ဆိုနိုင်လောက်အောင်သေးငယ်နေ သော်လည်း ကမ္ဘာပေါ်တွင် စည်းကမ်းအရှိဆုံးနှင့် တိုးတတ်မှုတွင် ထိပ်တန်းတစ်နေရာ၌ ရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် ကျန်ရစ်ခဲ့လေသည်။ နိုင်ငံခေါင်းဆောင်ဘဝမှ အနားယူလ�

No comments: