Tuesday 29 November 2011

ကျောက်သင်ပုန်းတွေ မိုးမထားတဲ့အိမ်


 
မကြာခင်ရက်တွေက မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကျောက်သင်ပုန်းတွေမိုး ထားတဲ့အိမ် ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖြစ်ခဲ့တယ်။ သူငယ်ချင်းဖြစ်သူက ဒေါင်းလော့လုပ်ထား  ပေးပါဆိုလို့ ဒေါင်းလော့လုပ်ဖြစ်တဲ့အခါမှာတော့ မကြာခဏကြည့်ဖြစ်ပါတယ်။ ဝတ္ထု အကြည်တော်ဖြစ်ပြီး ဒါရိုက်တာက ကိုဇော် (အရုဏ်ဦး) ဖြစ်ပါတယ်။

ပြောရရင် ပထမဆုံးအကြိမ်စကြည့်ကတည်းက သိပ်ကြိုက်ပါတယ်။ မြန်မာ့မူ၊မြန်မာ့ဓလေ့ေ
တွ
ရှာဖွေတွေ့ရှိနိုင်ပါတယ်။ မြန်မာတို့ရဲ့ ရိုးသားဖြူစင်မှုတွေကိုလည်း ဒီဇာတ်ကားထဲမှာတွေ့
နိုင်ပါတယ်။ ဒါပေမယ့် မရိုးသားတာက အဓိကအရေး အပါဆုံး ဇာတ်ဝင်သီချင်းပဲဖြစ်တယ်။
ဒီဇာတ်လမ်းစတင်ကြော်ငြာကတည်းက ဒီဇာတ်ဝင်သီချင်းနဲ့ကြော်ငြာခဲ့တာဆိုတော့ ဇာတ်လမ်း အပေါ် သြဇာညောင်းပြီးသားဖြစ်တဲ့ သီချင်းလို့ ပြောနိုင်ပါတယ်။

ဇာတ်ကားတစ်ကားလုံးကို မြန်မာ့ဒီဇီုင်းနဲ့ အစစ်အမှန်သယ်လာခဲ့တယ်။ ဇာတ်လမ်းတစ်ခုလုံး ကိုတော့ ကူးးချတာလား၊ဖေါက်စားတာလားဆိုတာတော့ မသိပါဘူး။ သီချင်းမှာမှ တစ်ကမ္ဘာ လုံးသိတဲ့ ဖြတ်ကပ်ညှပ်ကော်ပီကြီးမှန်း သိလိုက်ရတော့ ဒီဇာတ်ကားအပေါ် အထင်ကြီးခြင်း တွေ လုံးဝချုပ်ငြိမ်းသွားတယ်။ ဒါရိုက်တာကရေးခိုင်းတာလား သို့မဟုတ်တေးရေးဆရာရဲ့
စိတ်ကူးနဲ့ ကော်ပီလုပ်ဖြစ်တာလား မသေချာပေမယ့် တော်တော်စိတ်ပျက်စရာကောင်း လောက်အောင် ကော်ပီလုပ်ရမှ ကျေနပ်ကြတာတွေ့ရတယ်။

ကျွန်တော်ပြောရဲတယ်။ ဒီဇာတ်လမ်းမှာ ကိုယ်ပိုင်သံစဉ်ကို ကိုယ်ပိုင်အတွေးနဲ့  စေ့စေ့စပ်စပ် ရေးနိုင်ခဲ့ရင် အစဉ်အဆက် အားပေးရတဲ့ သီချင်းတစ်ပုဒ်ရမှပဲဆိုတာ။

မြန်မာများ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေးနှင့် ကိုယ်ပိုင်ပြုစုခြင်းတွေကို တန်ဖိုးထားနိုင်ကြ ပါစေလို့ပဲ ဆုတောင်းချင်ပါတယ်။

No comments: