Monday 7 November 2011

ငွေရပေါက်ကို ပြည်သူ့အသံနဲ့မလဲနိုင်ကြတဲ့ အာဏာရှင်ဦးသန်းရွှေစတိုင်ဖမ်းသူများသို့



မီဒီယာက မီဒီယာအလုပ်ကိုလုပ်တယ် ဆိုတာလက်ခံပါတယ်။ ငွေရှာနေကြတာကိုလည်း လက်ခံတယ်။ ဖြစ်ပျက်နေကြတဲ့ အကြောင်းအရာမျိုးစုံကို ပုံမှန်အားဖြင့် သူတို့ ဖော်ပြနိုင်ကြတယ်။
ဧရာဝတီလိုကိစ္စမျိုးတွေ စစ်ပွဲတွေသတင်းကို ဖော်ပြကြတယ် ရေးသား ပြောဆိုကြတယ်။
 
အခုလောလောဆယ် ပြည်ပမီဒီယာတွေကို ဒီလိုတွေပြောနေကြတဲ့ ကိစ္စက BBC က ရိုဟင်ဂျာကို ရခိုင်တိုင်းရင်းသားနေရာမှာ ထည့်ထားတဲ့ကိစ္စက စတယ်လို့ပဲထားပါတော့။

လူတွေ အဲဒီအကြောင်းပြောလာကြတယ်။ ဝေဖန်လာကြတယ်။ ပြန်ရှင်းပေးဖို့ တောင်းဆိုကြတယ်။ လက်မခံနိုင်တာကြောင်း တွေပြသကြတယ်။ ဒါဟာလောလောဆယ် ပြည်ပမီဒီယာသမားတွေ
အဖို့ သိပ်ကိုရေးသား ဖော်ပြလို့ကောင်းမယ့် အရေးမဟုတ်ဘူးလား။ ပြည်သူ့အသံတွေမဟုတ်ဘူးလား။

ဖြစ်ချင်တော့ ပေါက်ကွဲမှုတွေ ထိပ်ဆုံးရောက်လာသည်အထိ အစပြုတဲ့ BBC မတောင်းပန် မရှင်းပြခဲ့လို ပြည်ပမီဒီယာတွေအားလုံးလည်း တစ်ခွန်းမှမဟကြဘူး။ မရေးကြဘူး။ မဆွေးနွေးကြဘူး။
ပြောချင်တာက ဒါတွေ သတင်းမဟုတ်ဘူးလား ဆိုတာပါပဲ။

ဖြစ်သမျှတွေကို အလုအယက် ဖော်ပြနေကြသမျှ ရိုဟင်ဂျာကို တိုင်းရင်းသားထဲ အတင်းလုပ်ကြံပေးတဲ့ အရေးကျမှ အားလုံးအတူတူ မသိကျိုးကျွန်ပြုနေကြတဲ့အတွက် သူတို့ကို အခုလို
ပြောနေရတာဖြစ်တယ်။

မီဒီယာတွေ ဒီတစ်ခါကျမှ ဘာလို့မီဒီယာအလုပ်မလုပ်ကြတာလဲ။ ဘာဖြစ်လို့မဖော်ပြနိုင်ကြတာလဲ။ ပြဿနာကဒါပါပဲ။
အထင်ကရ မီဒီယာတွေ၊ အထင်ကရလို့ ပြောရတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေဟာ
ဖြစ်နေပျက်နေသမျှကို မသိကျိုးကျွန်ပြုနေကြတယ်။ လစ်လျူရှုနေကြတယ်။ သာမန် မဒိမ်းမှုသတင်းလောက်တောင် စိတ်မဝင်စားဟန်ပြုနေကြတယ်။

မျှဝေမျှစား သူတော်အချင်းချင်း သတင်းလွေ့နေကြတယ်ဆိုတာ လူပြိန်းတောင်သိနိုင်ပါတယ်။ အရင်ကစစ်အစိုးကို ပြည်သူ့အသံ နားထောင်ပါ လုပ်ပေးပါလို့ မီဒီယာတွေ အော်ခဲ့ကြတယ်။

ခုတော့ ငွေရပေါက်ပိတ်သွားမှာစိုးလို့ ပြည်သူ့အသံကို အစိုးရလောက်တောင် မီဒီယာတွေ မသိမြင်နိုင်ကြတော့ ဘူးလား။ အများအကျိုးအတွက်လား ကိုယ်ကျိုးအတွက်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ကြပါဦး ပြည်ပမီဒီယာတွေရေ။

အတူတူပူးပေါင်းလုပ်ကြံကြတယ် ဆိုတာသိသာစေပြီဆိုရင်  ပြည်သူတွေ ခင်ဗျားတို့ကို ဘယ်လိုဒဏ်ခံရမလဲ။ ဒဏ်ခတ်ချိန်ကို စောင့်နေကြတာလား။


နိုင်ငံခြားတိုင်းပြည်တွေကတောင် ခင်ဗျားတို့ထက် မြန်မာပြည်လူထု ကိုချစ်ကြတယ်။ အဲဒီနိုင်ငံခြားတိုင်းပြည်တွေက မြန်မာလူထု ကောင်းစားရေးအတွက် ပေးတဲ့ပိုက်ဆံတွေနဲ့ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေဖွဲ့ကြရတယ်။

အဲဒီအဖွဲ့နဲ့ပဲ ကိုယ့်ပြည်သူတွေကို လှည့်စားတယ်။ ကောက်ကျစ်လိမ် လည်တယ်။ ရောင်းစားကြတယ်။ ခင်ဗျားတို့ဟာ နိုင်ငံခြားတိုင်းပြည် လောက်မှ ကိုယ့်တိုင်းပြည်ကို မချစ်တဲ့သူတွေပဲ။ အသားထဲ ကလောက် ထွက်တဲ့ အကျိုးမပြုလူတွေပဲ။

 

မုတ်သုံမိုးဦး

No comments: