Thursday 10 November 2011

ဧရာဝတီအရေး ၊ ရိုဟင်ဂျာအရေးမှ အမျိုးသားနိုင်ငံရေးဆီသို

by Saw Wunna Lin on Wednesday, November 9, 2011 at 12:25pm

နိုင်ငံအား တိုးတက်အောင်လုပ်သူများမှာ နိုင်ငံရေးသမားများဖြစ်၍ နိုင်ငံအားမိမိကိုယ်ပိုင် ပစ္စည်း ကဲ့သို့ ရောင်းစားသူများမှာလည်း နိုင်ငံရေးသမားများပင် ဖြစ်သည်။ ပြည်သူတို့ ဧ။် ဘ၀ကာ မြေဇာပင်။
၁၈၂၄ ခုနှစ်မှ စ၍ ယခုအချိန်ထိ အင်္ဂလိပ်နယ်ချဲ့ တို့ ထားခဲ့ သော စရိုက်ဆိုး၊ အကျင့် ဆိုး၊ ဥပဒေဆိုးများအား သယ်ဆောင်လာသည်မှာ အလွန်ကြာပြီဖြစ်သည်။ ဤစနစ်ဆိုးအား ကျင့်သုံးခြင်းအားလုံးဝ ရပ်တန့်  သင့် ပြီဖြစ်သည်။ ကောင်းမွန်သော စနစ်များဖြင့် အစားထိုးပြီး အသိ နှင့် အကျင့်ကို ခွဲခြား၍ သိရှိမှ နိုင်ငံအကျိုးကို ဆောင်နိုင်မည် ဖြစ်သည်။
မြန်မာတို့ အမျိုးသားလွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်မှာ အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအားယူ၍ စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်မည့်ဆဲဆဲတွင် ဦးစော နှင့် အင်္ဂလိပ်အပေါင်းအပါများမှ ကျွန်တော်တို့ ဧ။် ခြေထောက်များအားရိုက်ချိုးသွားခဲ့ သည်။
နိုင်ငံရေးသမား ၌ နိုင်ငံအားချစ်ခင်မြတ်နိုးရိုးသားသည့် စိတ်ဓာတ်သာ အဓိက လိုအပ်သည်။ အတန်းပညာထက် အသိပညာ ထက်မြတ်ကြွယ်ဝ သည့် ခေါင်ဆောင်ကောင်းဖြစ်ရမည်။ နိုင်ငံကို တကယ်ချစ်မြတ်နိုးသည့်စိတ်နှင့်  ပြည်သူများ ယုံကြည်လေးစား အားထားလောက်သည့်  ဦးဆောင်မှု့ ပေးနိုင်သည့် လူမျိုးလက်ဆယ်ချောင်းပြည့် လျှင် တိုင်းပြည်အား တည်ထောင်၍ ရပါသည်။

သို့ သော် တချို့ သောနိုင်ငံရေးသမားများမှာ တိုင်းပြည်နှင့် ပြည်သူတို့ ဧ။် အကျိုးစီးပွားထက် မိမိတို့  အာဏာတည်မြဲရေး နှင့် သားစဉ်မြေးဆက် မိသားစုကောင်းစားရေးအတွက် အာဏာကို ခုတုံးလုပ်ကာ ပြည်သူတို့ အား နှိပ်စက်ခြင်း၊ ရေပေါ်ဆီ စီးပွားရေးသမားများနှင့်  ပူးပေါင်း၍ ဥပဒေများချိုးဖောက်ကာ လက်ဝါးကြီးအုပ် အမြတ်ထုတ်ခြင်းကြောင့် ပြည်သူတို့ ဧ။် ဘ၀ကာ လမ်းပျောက်နေသည်မှာ နှစ်ပေါင်း ၅၀ ရှိပြီ ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအပေါ် ၌ တန်ဖိုးထားသည့် စိတ်ဓာတ်အား ဤသူများ ၌ လုံးဝမတွေ့ ရပေ။ ကမ္ဘာ့ နိုင်ငံများဧ။် အလယ် ၌ မိမိတို့ တိုင်းပြည်ကား လူဖြစ်ရှုံးနေသည်မှာ ကြာပြီဖြစ်သည်။

ဟင်္သာကိုးသောင်းဇာတ်တူသားစား၍ ပျက်စီးသကဲ့ သို့ အာဏာရှင်နှင့် အပေါင်းအပါများဧ။် နှိပ်စက်မှူကြောင့်  ပြည်သူများ ဒုက္ခပင်လယ်တွင်းသို့ သက်ဆင်းရခြင်း၊ စီးပွားရေး လူမှူရေးဒုက္ခများ အပြင် လူငယ်များ အနေဖြင့် အတန်းပညာ၊ အတက်ပညာ၊ အသိဥာဏ်ပညာ အားလုံး နိမ့် ကျသွားပြီး လူ့ အရင်းအမြစ် ဖွံ့ ဖြိုးမှူ ဆိုသည်မှာကား ကမ္ဘာပေါ်တွင် အနိမ့် ဆုံးအဆင့် သို့ ရောက်ရှိသွားပြီဖြစ်သည်။

ယခုလက်ရှိ နိုင်ငံရေးအခြေအနေသည်ကား ကျွန်တော်တို့ ပြည်သူများအတွက် အဆုံးအဖြတ် ပေးမည့်  အပြောင်းအလဲကို တွေ့ မြင်နေကြရပြီဖြစ်သည်။ ပြည်သူ့ အင်အားသည် ပြည်တွင်း ၌သာ ရှိပါသည်။ ယခုအချိန်ုမှစ၍ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို အချင်းချင်းစည်းရုံးညီညွတ်မှူကို မယူနိုင်လျှင် အိမ်နီးချင်း အင်အားကြီနိုင်ငံများဧ။် လက်နက်နှင့် တိုင်းပြည်ကို မသိမ်းပိုက်ပဲ စီးပွားရေးအရ သိမ်းပိုက်ခြင်းကို ခံရမည့် အနေအထားသို့ ရာနှုန်းပြည့် ရောက်ရှိသွားမည် ဖြစ်ပါသည်။ ပြည်တွင်းမှ ယခုတက်လာသည့် အစိုးရ အဖွဲ့ စည်းအသစ်သည်ပင်လျှင် တိုင်းပြည်အုပ်ချုပ်ရန်အတွက် ငွေလိုအပ်သည်။ လိုငွေပြနေသော ဘက်ဂျက်အတွက် ယခုအစိုးရသစ်မှ မည်ကဲ့ သို့ ရပ်တည်မည်နည်း။ ပြည်ပအတိုက်အခံ အဖွဲ့ များဆိုလျှင် ဘက်ဂျက်မရှိပဲ ရပ်တည်ရန်အတွက် အလွန်ခက်ခဲ ပါသည်။ အိမ်နီးချင်းနိုင်ငံများကိုပြန်ကြည့် လျှင်လည်း မြန်မာပြည်မြောက်ပိုင်းအား ယူနန်ပြည်နယ်ဧ။် လက်အောက်ခံလုပ်လိုသော တရုတ်အစိုးရဧ။် အကုန်ယူ ပါးပါးလှီး မူဝါဒ နှင့် မြန်မာပြည်အနောက်ဘက်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံဧ။် နယ်မြေခံလုပ်လိုသော ဘင်္ဂဂါလီ ကုလားများဧ။် အန္တရယ်ကို ယခုတွေ့ မြင်နေရပြီ ဖြစ်သည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအား ရှေ့ တန်းတင်ပြီး နိုင်ငံနှင့် လူမျိုးအား ရောင်းစားနေသော ပြည်ပရောက်အတိုက်အခံတချို့ ဧ။် အန္တရယ်များနှင့် ပြည်တွင်းမှ ခြစားနေသော အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ အစည်းများဧ။် ဒဏ်ကို ကျွန်တော်တို့ ပြည်သူများ နှစ်ပေါင်းများစွာ ခံလာကြရပြီးဖြစ်သည်။ အတိုက်အခံဘက်မှ ရပ်တည်၍ အခွင့် အရေးရလျှင် အတိုက်အခံများနှင့် ပူးပေါင်းပြီး အစိုးရ နှင့် ပူးပေါင်း၍ အခွင့်အရေးရလျှင် အစိုးရနှင့် ပူးပေါင်းပြီး သာပေါင်းညာစားလုပ်နေသော ကြံ့ ဖွံ့ ၊ စွမ်းအား၊ ဒီမိုလုပ်စား NGOs များအား ပြည်တွင်းပြည်ပ ၌ ယခုတိုင်တွေ့ နေရသည်။ နှစ်ဖတ်ချွန်အခွင့် ထူးခံနိုင်ငံရေးသမားများ ဖြစ်လိုကြသည်။


အေဒီ ၃၉ တွင် ဘုရားသခင် ယေရှူအား ဂျူးဒ ဒစ္စတယ်ရီရော ဟုခေါ်သော နံပါတ် ၁၃ ယောက်မြောက် တပည့် မှ ရေ၀တီ (ဂျူး) ဘုန်းကြီးများအား အကြံပေးခငွေစ အနည်းငယ်ဖြင့် လာဘ်ပေးလာဘ်ယူလုပ်ကာ ရောင်းစားသွားခဲ့ သည်။ ဂျူးဘုန်းကြီးများဧ။် အရေးဆိုမှူ ကြောင့် အပြစ်မရှိသော သခင်ယေရှူအား ရောမဘုရင် မှ မသတ်ချင်ပဲသတ်လိုက်ရသည်။ ရလဒ်ကား သခင်ယေရှူ အသက်ကို ပေးလိုက်ရသည်။ တနည်းအားဖြင့် သခင်ယေရှူ အားတပည့် ဂျူးဒ မှ အရောင်းအ၀ယ်ဆန်ဆန် ပြူလုပ်သွားခြင်းဖြစ်သည်။

လာဘ်ပေးလာဘ်ယူလုပ်မှူ သည်ကား အလွန်မှ အကျည်းတန်၍ ရှက်စရာကောင်းသောလုပ်ရပ်ဖြစ်သည်။ နှစ်ပေါင်း ခြောက်ဆယ်နီးပါး လက်ခံကျင့် သုံးလာခဲ့ သော ဤစနစ်အား တင်းကျပ်သော ဥပဒေများထုတ်ပြန်၍ အပြတ်အသတ်နှိမ်နင်းရမည်ဖြစ်သည်။

ပြာပုံဘ၀ရောက်သော်လည်း ကိုယ်ကျင့် တရားကောင်းလျှင်၊ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကောင်းလျှင်၊ ခိုင်မာသော တရားဥပဒေစိုးမိုးမှူရှိလျှင်၊ စည်းကမ်းရှိသော တပ်မတော်ရှိလျှင်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲရှိလျှင်၊ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်မှူရှိလျှင် မိမိတို့ ရည်မှန်းထားသော ခေတ်မှီ ဖွံ့ ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တွေ့ ကြရမည် ဖြစ်သည်။

မိမိတို့ သည် အသက်ရှင်လျက် ဘ၀သေနေကြသူများဖြစ်သည့် ခရစ်တော်ကဲ့ သို့ သေခြင်းမှပြန်လည် ရှင်သန်ထမြောက်ကြရမည်ဖြစ်သည်။ ညီအစ်ကို များအားလုံး ချစ်ခင်စည်းလုံး၍ အရှုံးထဲမှ အမြတ်ကို ရယူကြပါ။ မျိုးချစ်စိတ်ဓာတ်ရှိသော၊ နိုင်ငံရေးအမြင်ကြွယ်ဝသောခေတ်ပညာတတ်လူငယ်များနှင့်  နိုင်ငံရေးအတွေ့ အကြုံရှိသည့် လူကြီးများနှင့် တွဲဖတ်၍ နှစ်ပေါင်းငါးဆယ်နီးပါး မနားမနေ အလုပ်လုပ်မှ ကျွန်တော်တို့ ၏တတိယမျိုးဆက်များအတွက် အကောင်းဆုံးလက်ဆောင်ကို ပေးနိုင်မည်ဖြစ်သည်။
အချောင်သမားစိတ်၊ ရေသာခိုသည့် စိတ်၊ အောက်တန်းကျသည့် စိတ်ဓာတ်များအား လုံးဝမွေးမြူ၍ မရတော့ပါ။ ဤအကျင့်စရိုက်များကြောင့် ကျွန်တော်တို့ တိုင်းပြည်ဧ။် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး (သို့ ) အမျိုးသားရေးနှင့်  လူအရင်းအမြစ် အားလုံး နောက်ကျသွားပြီဖြစ်သည်။ တိုင်းပြည်ဆင်းရဲလျှင် ချမ်းသာသောနိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး ၀ါးမျိုမှုများနှင့်နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှုများကို မုချ မသွေတွေ့ မြင်ရမည်။

ကျွန်တော်တို့ ညီအစ်ကို အချင်းချင်း ရန်ဖြစ်နေမှုကို လုံးဝရပ်တန့် မှ ရတော့မည်ဖြစ်သည်။ တက်နိုင်လျှင် ဤတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအား အင်ဒိုနီးရှားနိုင်ငံမှာကဲ့ သို လွှတ်တော်ထဲကို ခေါ်ယူ၍ နေရာပေးလိုက်လျှင် မိမိတို့ အိမ်တွင်းရေး အဆင်ပြေတော့မည် မဟုတ်ပါလော။ ညီအစ်ကို အချင်းချင်း သတ်နေကြခြင်းကား ရင်နာဖွယ်ကောင်းလှပါသည်။ နှစ်ပေါင်းများစွာ အတူနေကြ၍ တစ်ဦးအကြောင်း တစ်ဦးလုံးစေ့ ပတ်စေ့ သိနေကြပြီ မဟုတ်ပါလော။ အားလုံးငြိမ်းငြိမ်းချမ်းချမ်း နှင့် အသွင်ကူးပြောင်းသင့် ပြီ ဖြစ်သည်။


မြစ်မင်း ဧရာဝတီမှ စတင်လိုက်သော ကျွန်တော်တို့ ဧ။် မျိုးချစ်စိတ်ဓာတ်အား မည်သူမျှ ဖျတ်ဆီး၍ ရမည်မဟုတ်ပါ။ ဆက်လက်ချီတက်ရုံသာဖြစ်သည်။ ပြည်သူအားလုံးမှ ဧရာဝတီ အရေးအား ၀ိုင်းဝန်းကန့် ကွက် သဖြင့် ဧရာဝတီ campaign အောင်မြင်သည့်  အပြင် အမျိုးသားညီညွတ်မှူ့ ပါ ရလိုက်ပါသည်။ တရုတ်အစိုးရဆုံရှုံးလျှင် သန်းရာဂဏန်းအနည်းငယ်မျှသာ၊ အရှေ့ အလယ်ပိုင်းမှ လူမိုက်အာဏာရှင် ကဒါဖီ နှင့် ရွက်ဖျင်တဲကြီးပေါ်၌ ချုပ်ဆိုထားသော ၁၈ ဘီလီယံတန်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အရောင်းအ၀ယ် စာချုပ်နှင့် လစ်ဗျားပြည်သူများအား သတ်ရန်အတွက် လက်နက်များ ထုတ်ပေးခဲ့ သည့် တရုတ်အစိုးရဧ။် ပေါ်လစီသည် ကချင်ပြည်နယ်မှ ရေအားလျှပ်စစ် ဓာတ်အားကိုယူကာ ကချင်ပြည်သူနှင့်  ကချင်စစ်တပ်အား တိုက်ခိုက်ရန်အတွက် မြန်မာတပ်မတော်အား လက်နက်နှင့်  ငွေကြေးအင်အား ထောက်ပံ့ နေခြင်း နှင့် အတူတူပင်မဟုတ်ပါလော။ တိုင်းရင်းသားစည်းရုံးညီညွတ်မှူကို ဖြိုခွဲနေခြင်းနှင့် တူသည်။ ကဒါဖီကျဆုံးပြီး လစ်ဗျား အမျိုးသားညီညွတ်ရေးကောင်စီမှ တရုတ်အစိုးရ နှင့် ချုပ်ဆိုထားသော ၁၈ ဘီလီယံတန်သည့်  စာချုပ်များအား ဖျတ်သိမ်းသည့် အပြင် လျှော်ကြေးငွေအနေဖြင့် ၁၈ ဒေါ်လာတောင်မပေးပေ။ နဂါးကြီးပါးစပ်မှ ထွက်မည့် မီးအား ရေဖြင့် ငြိမ်းသတ်လိုက်ခြင်းပင်။ သို့ သော် လစ်ဗျားအသွင်ကူုးပြောင်းရေးကောင်စီမှ အမေရိကားရောက် အင်ဂျင်နီယာဌာနဆိုင်ရာ ပါမောက္ခ တစ်ဦးအား နိုင်ငံအားဦးဆောင်ခွင့် ပေး လိုက် ပြီဖြစ်သည်။ နိုင်ငံအရေးပြုပြင်ပြောင်းလဲသည့် နေရာ ၌ လုံးဝနှေးကွေးခြင်းမရှိသော လစ်ဗျားတို့  ဧ။်အမျိုးသားရေး စိတ်ဓာတ်အား ယခုတက်နေသော အစိုးရအနေဖြင့် သင်ခန်းစာယူသင့် သည်။

ယခုကျွန်တော်တို့ အတွက်အရေးတကြီးဖြေရှင်းရမည့် ပြသာနာမှာ ရိုဟင်ဂျာ ဟုခေါ်သော ဘင်္ဂလီနွယ်ဖွား ကုလားတစုဧ။် မသမာသော နည်းဖြင့် ရခိုင်ပြည်နယ်အား Arakan ဟုနာမည်ကိုယူသုံးကာ မြန်မာပြည်မြေပုံ ၌ သူတို့ ဧ။် ကိုယ်ပိုင်မြေနေရာကဲ့သို့ မွတ်ဆလင်ဘုရားဝတ်ပြုနေသည့် ပုံဖြင့် ခေတ်သစ်မီဒီယာနယ်ချဲ့ ဘီဘီစီ အသံလွှင့် ဌာနအားအသုံးပြု၍ မြန်မာနိုင်ငံဧ။် အချုပ်အချာအာဏာအားစော်ကားသည့်  လုပ်ရပ်ဖြစ်သည်။ ပေါ့ ပေါ့ သေးသေး မဟုတ်ပေ။ အလွန်မှ အန္တရာယ်များလှသည်။

ရိုဟင်ဂျာတို့ ဧ။် နောက်ကွယ် ၌ ပြည်ပအတိုက်အခံတချို့ နှင့် Rohingya British Campaign UK နာမည်ပြောင်းသွားပြီ၊ NCGUB, EBO,BBC,DVB,VOA,RFA, NGOS များ နှင့်  Organization of the Islamic Conference (OIC) အပြင် ပြည်ပအတိုက်အခံ မြန်မာသတင်းဌာန တချို့ ပါဝင်ပတ်သက်နေသည်မှာ လူတိုင်းသိရှိကြပြီဖြစ်သည်။ မြန်မာအမျိုးသားပိုင်နယ်မြေများအား ပူးပေါင်းကာ ရောင်းစားနေကြခြင်းပင်ဖြစ်သည်။ သို့ သော် ရိုဟင်ဂျာ အကြောင်းရေးကြပြောကြ ဆွေးနွေးကြနှင့်  ရိုဟင်ဂျာ တို့ ဧ။် ရည်မှန်းချက်၊ ရိုဟင်ဂျာတို့ ၏ ပန်းတိုင်အားမျက်ဝါးထင်ထင်တွေ့ နေရသည်။ Media ပေါ်မှာတော့ ရိုဟင်ဂျာတို့  သည် တော်တော်လေးခရီးရောက်နေသည်။ ဤဘင်္ဂလီကုလားများအားထောက်ခံနေသော အမျိုးချစ်အရေခြုံများအား အော့ နှလုံးနာစရာကောင်းလှသည်။ ၁၇ နှစ်လုံးလုံး မြန်မာ့အရေးဟုအော်နေသော Burma Compaign UK အဖွဲ့ အစည်းပင်လျှင် ရိုဟင်ဂျာတို့ လက်အောက်ခံဖြစ်သွားသည်။ နှစ် ၆၀ လုံးလုံး ဒုက္ခရောက်နေသော ကျွန်တော်တို့ မြန်မာပြည်သူများအား ဤအဖွဲ့ အစည်းများမှ မည်မျှထိရောက်အောင် ကူညီခဲ့ ဖူးပါသလဲ။ မေးခွန်းထုတ်စရာဖြစ်လေသည်။ တိုင်းပြည်နှင့် လူမျိုးများအား လက်ညိုးထိုးရောင်းစားနေသူများပါ။ အားလုံးဒုက္ခရောက်အောင်လုပ်နေကြခြင်းသာဖြစ်သည်။ လေးစားအထင်ကြီးစရာ လုံးဝမရှိပေ။ ရိုဟင်ဂျာ အရေးကြောင့် ကျွန်တော်တို့တိုင်းရင်းသားစည်းလုံး ညီညွတ်မှုအင်အားတစ်ခုရလိုက်သည်။

ဤရိုဟင်ဂျာ အကြမ်းဖက်သမားအဖွဲ့ အစည်းအတွက် အာရပ်နိုင်ငံများအပြင် (၅၇) နိုင်ငံပါသော Organization of International Islamic Cooperation (OIC) အပြည်ပြည်ဆိုင်၇ာ အစ္စလာမ် အဖွဲ့ ချုပ်ပါနေသည်။ ဘာသာရေးဆိုင်ရာအဖွဲ့ အစည်းများပါဝင်နေသည်မှာ ကြောက်စရာကောင်းလှသည်။ ရည်ရွယ်ချက်ကား ဘွင်းကနဲ ပေါ်နေပေသည်။ ရခိုင်ပြည်နယ်အားမူဆလင်ခွဲထွက်ပြည်နယ်ထူထောင်ရေးပင်ဖြစ်သည်။ ရည်ရွယ်ချက်ကား ကြီးမားပေ၏။


ရိုဟင်ဂျာလုပ်စားအဖွဲ့ ၊ ဒီမိုကရေစီလုပ်စားအဖွဲ့ နှင့် NGOs, BBC,DVB,RFA,VOA လွှင့်စားအဖွဲ့ များပူးပေါင်းကာ အာရပ်ကြီး တို့ ထံမှ ငွေယူပြီး ကုလား ရခိုင် ဒုတိယအကြိမ် အဓိကရုဏ်းဖြစ်အောင် အင်္ဂလန်မှနေ၍ ဖန်တီးနေကြခြင်းဖြစ်သည်။ သေလျှင် ဒေသခံ ရခိုင်များနှင့် ဘင်္ဂလီ ကုလားများသေ၍ အကျိုးအမြတ်ကားဤလုပ်စားအဖွဲ့ များမှ ရမည်ဖြစ်သည်။ မိမိတို့ အနေဖြင့်  မီဒီယာကို မီဒီယာဖြင့်  ပြန်တိုက်ရုံသာရှိသည်။ ရိုဟင်ဂျာအရေးအတွက် အားတက်သရော Compaign လုပ်နေကြသော မျိုးချစ် Blogger တိုင်းရင်းသားညီအစ်ကိုများအားလုံးကို အထူးလေးစားမိပါသည်။

ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရတို့ ပူးပေါင်းနေမှုကို မလိုလားသော ဒီမိုလုပ်စားများအတွက် ထောက်ပံ့ ရေး ရိက္ခာများ ဖြတ်တော့မည်ဖြစ်သဖြင့် ရေနစ်သူ တို့ အတွက်ကောက်ရိုးတစ်မျှင် ဖြစ်သော အကြမ်းဖက် အယ်ကိုင်းဒါတို့ နှင့် ဆက်စပ်သည့် ရိုဟင်ဂျာတို့ ၏ အထောက်အပံ့ ကိုယူ၍ ရခိုင်အမျိုးသားတို့ ၏ပြည်နယ်အား ကုလားတို့ ၏ လက်တွင်းသို့  မရောက်ရောက်အောင် နည်းမျိုးစုံသုံး၍ ကြံဖန်ကာပြုလုပ်နေကြသည်မှာ ရှက်တက်လျှင် လဲသေလိုက်ဖို့  ကောင်းသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော ဤဘင်္ဂလားဒေရှ်မှ ခိုးဝင်လာသည့် ရိုဟင်ဂျာ အမည်ခံ အာရပ်ကြီးတို့ ၏ သက်တမ်းကား နှစ်ပေါင်းလေးဆယ်နီးပါးမျှသာရှိသည်။ ရိုဟင်ဂျာတို့ ၏ အရှည်ဆုံး ဂန္တ၀င်သမိုင်းပါ။ ဧရာဝတီ Blog မှ အောင်တင်ဆိုသူကလည်း ဤရိုဟင်ဂျာ အမည်ခံကုလားများအား ပွဲထုတ်နေသည်ကိုတွေ့ ရသည်။ ရူးကြောင်မူးကြောင် ဇာနည်ဆိုသူမှာလည်း ရိုဟင်ဂျာ တို့ ဘက်မှ ရှေ့ နေလိုက်နေသည်။ ခွက်ပျောက် ဟန်ညောင်ဝေ နှင့်  NCGUB မှဦးဘိုလှတင့်အပြင် ၀န်ကြီးအရူးများကိုလည်း ကုလားနောက်လိုက်များအဖြစ် တွေ့ နေရသည်။ ဒီမိုအရေးပြောကာ အားလုံးတန်တူ အခွင့် အရေးရရမည်ဟု ဆရာကြီးလေသံနှင်ပြောသောသူများလည်းပေါ်ပေါက်လာသည်။ ဒေါက်တာအောင်နိုင်မှလည်း ဒေါ်လာသိန်းတန် ရိုဟင်ဂျာသမိုင်းလိမ် စာတမ်းတစ်စောင်အားရေးသားပေးလိုက်သေးသည်။ ဤလူများ၏ နိုင်ငံချစ်စိတ်အား မျက်ဝါးထင်ထင်တွေ့ နေရသည်။

ဤကုလားနောက်လိုက်အရေခြုံများအား မေးလိုသည်မှာ နှစ် ၂၀ လုံးလုံး မြန်မာအရေးဟု ပြောကာ မြန်မာပြည်သူအတွက် ဘာမျှ မလုပ်ပဲ ဒုက္ခသည်အမည်ခံပြီး နိုင်ငံရေးပွဲစား အဖြစ်ဖြင့် သာ တွေ့ နေရသည်။ ဒီမိုကရေစီအရေး၊ လူ့ အခွင့် အရေး ဟုပြောနေကြသော အရေခြုံ များနေထိုင်သော အင်္ဂလန်တို့ အမေရိကားတို့ ဥရောပနိုင်ငံများတို့ မှာကား မည်မျှအခွင့် အရေးရကြပါသနည်း။ ၎င်း နိုင်ငံများတိုးတက်လာသည်မှာကား နေချင်းညချင်း တိုးတက်လာသည်ကြခြင်းမဟုတ်ပေ။ ဆင့် ကဲပြောင်းလဲတိုးတက်မှုသာဖြစ်သည်။ ဤမျှလောက် လူ့ အခွင့် အရေးလိုချင်လျှင် ၎င်းနိုင်ငံများတွင်သာ နေကြပါ။ မြန်မာ့ အရေးဟု လိမ်ညာဖြီးဖြန်းကာ နိုင်ငံတကာမှ တောင်းစားနေကြခြင်းမှာ ကျွန်တော်တို့ နိုင်ငံသားများအားလုံးအား သိက္ခာကျစေပါသည်။ ဤလူများကား အိုးမပူပဲ စလောင်းပူနေကြသူများဖြစ်သည်။

အင်္ဂလိပ်တို့ အခြေချပေးခဲ့သော စစ်တကောင်းနယ်သား ဘင်္ဂလီ ကုလားများနှင့် အရှေ့ အိန္ဒယမှ ခွဲထွက်သွားသော ဘင်္ဂလားဒေရှ့် နိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်းလေလွင့် တောင်းစားနေသော ဘင်္ဂလီများ ရခိုင်ပြည်နယ်နိမိတ်ကိုကျော်ကာ ခိုးဝင်လာကြခြင်းဖြစ်ပါသည်။ များပြားလှသောလူဦးရေ ပေါက်ဖွားမှုနှင့်  အစာရေစာ၊ အလုပ်အကိုင် ရှားပါးသော ၎င်းအချိန်၌ ရခိုင်ပြည်နယ်သည် ဤကုလားများအတွက် စားကျက်ကြီးတစ်ခုသဖွယ်ပင်ဖြစ်သည်။ ယခုအချိန်ထိ ဘင်္ဂလားဒေ့ ရှ် နိုင်ငံ ဒါကာမြို့တော် ၌ ပင် သူတောင်းစားလေးသောင်းကျော်အား ၄င်းတို့ အစိုးရမှ အကူအညီပေးမည့် စီမံကိန်းတစ်ရပ်အားရေးဆွဲထားပြီးဖြစ်သည်။

ဖဆပလ ခေတ်တွင် ပထစ ပါတီမှ ဦးနု၏ မဲအနိုင်လိုမှုကြောင့် ဤကုလားများအား လူရာသွင်းကာ မှတ်ပုံတင်များလုပ်ပေးလိုက်ခြင်းမှာ ယခု ရိုဟင်ဂျာ ဟုဆိုသော သူများအား အစဖေါ်ပေးလိုက်ခြင်းနှင့် တူပေသည်။ တိုင်းပြည်အတွက် ရှေ့ရေးကိုမစဉ်းစားပဲ ပါတီအတွက် စဉ်းစားခဲ့ သဖြင့် ယခုကျွန်တော်တို့  မျိုးဆက်များက ဤအမှိုက်များအားရှင်းလင်းနေကြရခြင်းပင်ဖြစ်သည်။ ဤကုလားများ ယခုတောင်းဆိုနေ
မှုမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအား ရှိဟင်ဂျာ တို့ ၏ ဘိုးဘွားပိုင်မြေအဖြစ်တောင်းဆိုနေမှုပင်ဖြစ်သည်။ အာရပ်များနှင့် မျိုးစပ်ထားသည်ဟု လိမ်လည်ထားသော ဤကုလားများသည် အာရပ်ကုလားများနှင့် ဥပဓိရုပ် တခြားစီဖြစ်သည်။ အာရပ်များအားလုံးနီးပါး အရပ် ၆ပေနီးပါးရှိသည်။ အသားအရေမှာ ဥရောပစပ် သဖြင့် ဖြူဝင်းနေကြသည်။ မိမိကိုယ်တိုင် ယခုချိန်ထိ အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။

၁၉၄၂ အင်္ဂလိပ်အဆုတ် အုပ်ချုပ်ရေး မဲ့ နေချိန် ကုလား ရခိုင် အဓိကရုဏ်မှာ ရခိုင်လူမျိုးသုံးသောင်းကျော်သေသွားပါသည်။ ရာနှင့် ချီသော ကျေးရွာများပျက်စီးသွားသည်။ မိမိထံတွင် မှတ်တမ်းမှတ်ရာများရှိပါသည်။ နောက်မှဖေါ်ပြပေးပါမည်။ ကုလားအားအဖေခေါ်နေကြသောသူများ၏ ဘိုးဘွားများကား ဤကဲ့သို့ အသတ်မခံရသေးပါ။ မိမိတို့ ဘိုးဘွားများကား အသက်ကိုပေးကာ အမျိုးအတွက် စွန့် လွှတ်သွားကြသည်။ ခွင့် လွှတ်နိုင်စရာအကြောင်းလုံးဝမရှိပေ။

ဤနေရာ ၌ ရခိုင်သမိုင်းအား အနည်းငယ် ပြောလိုပါသည်။ ၁၇၈၄ တွင်စည်းလုံးမှုပြိုကွဲနေသော ရခိုင်ပြည်ထီးနန်းအား ဘိုတော်ဘုရားမှ စစ်သူကြီး မဟာဗန္ဓုလ အားသိမ်းစေသည်။ မဟာဗန္ဓုလသတ်၍ သိန်းချီသော ရခိုင်များသေကြေကြသည်။ တချို့ ကားဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ထွက်ပြေးသွားကြသည်။ ရခိုင်တို့ ၏နောက်ဆုံးဘုရင် မဟာသမတ္တရာဇာ နှင့် မိဖု၇ား၊ သမီးတော်နှစ်ယောက်နှင့်  သားတော်တစ်ယောက် တို့ အပြင် ရဟန်းပညာရှိ လူပညာရှိများနှင့် သုံပန်းများအား မုနိသုံးဆူသယ်ဆောင်ရန်အတွက် ပြည်သို့ ခေါ်ဆောင်သွားခဲ့ သည်။ မာန်အောင်မြင်မုနိ (ဇလွန်ဘု၇ား)၊ မန္တလေးမဟာမြတ်မုနိ နှင့်  ပြည်မြို့ အနောက်ဘက် ပန်းတောင်းမြို့ နယ် ရွှေဘုံသာရွာတွင် တည်ရှိသော ရွှေဘုံသာမုနိ တို့ ဖြစ်သည်။

ထိုအချိန်မှစ၍ စစ်သူကြီး ဇေယျကျော်ထင် (ရခိုင်ပညာရှိမျိုးရိုး နှင့် အင်းဝမင်းနေပြည်တော် နန်းတွင်းသူတို့ မှ ပေါက်ဖွားလာသည့် ရခိုင်-ဗမာ ကပြား) အားသံတွဲမြို့ မှနေ၍ ရခိုင်အားအုပ်ချုပ်စေသည်။ နှစ်ပေါင်းလေးဆယ်လုံးလုံး ဘိုးတော်ဘုရား၏ အုပ်ချုပ်မှုအောက်တွင် နေခဲ့ ရပြီးနောက် ၁၈၂၄ တွင်အင်္ဂလိပ်-မြန်မာ ပထမ စစ်ကြောင့်  ရခိုင်နှင့် တနင်္သာရီဒေသ အား စစ်လျှော်ကြေးပေးလိုက်ရသဖြင့်  အင်္ဂလိပ်တို့ ကိုလိုနီဖြစ်သွားရပြန်သည်။ စစ်သူကြီး မဟာဗန္ဓုလ အားမိမိတို့ အလွန်မုန်းပါသည်။ သို့ သော် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းအား အင်္ဂလိပ်တို့ သိမ်းယူသည့် အခါ်၌ မဟာဗန္ဓုလ၏ မြန်မာတို့ ပိုင်နယ်မြေအား ကာကွယ်တိုက်ပွဲဝင်ခဲ့ သည့် စိတ်ဓာတ်အားလေးစားချီးကျူးရမည်ဖြစ်သည်။ ၁၆ ရာစုအထိ ဘင်္ဂလားဒေ့ရှ် ၁၂ မြို့ မှ အခွန်များအား ရခိုင်ဘုရင်မင်းဘာကြီး (ရှစ်သောင်းပုထိုး ဒါယကာ) မှကောက်ယူသဖြင့် မိမိတို့ သည် သမိုင်းကြောင်းအရ ဒါကာ၊စစ်တကောင်း၊ ဖလောင်းချိပ်၊ပန်းဝါစသော ဒေသများနှင့် အခြားနေရာဒေသတ ချို့ အားပိုင်ဆိုင်ပေသည်။ ဤဒေသများအား ဘီဘီစီအသံလွှင့်ဌာနမှနေ၍ တောင်းလျှင် ကောင်းလေစွ။

ရိုဟင်ဂျာ တို့ ကဲ့ သို့ လုပ်ကြံဖန်တီးထားသော သမိုင်းမဟုတ်။ မြောက်ဘက်တွင် အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ်ထိ၊ တောင်ဘက်တွင်ဧရာဝတီတိုင်းမော်တင်စွန်း၊ အနောက်ဖက်တွင် ဘင်္ဂလား၁၂မြို့ နှင့်အရှေ့ ဘက်တွင် ရခိုင်ရိုးမအထိ ရခိုင်ဘုရင်တို့ ၏ နယ်နိမိတ် အကျယ်အ၀န်းဖြစ်သည်။

၁၆ ရာစု အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၁၂ မြို့ မှ အခွန်ကောက်ခံခဲ့သော ရခိုင်ဘုရင်တို့ ၏ အင်ပါယာသည် စည်းလုံးညီညွတ်မှူ့ မရှိသဖြင့် ဘိုတော်ဘုရားလက်အောက်၊ အင်္ဂလိပ်နယ်ချဲ့ တို့ လက်အောက်သို့ ကျရောက် ခဲ့ ရပေသည်။ စည်းလုံးမှုမရှိလျှင်မည်သည့်နိုင်ငံမည်သည့်လူမျိုးမဆို ပြိုကွဲမည်ဖြစ်ကြောင်း သမိုင်းထဲမှ သင်ခန်းစာယူကြရမည်ဖြစ်သည်။

၁၈၂၄ မှစ၍ လွတ်လပ်ရေးရသည်အထိ တိုင်းရင်သားညီအစ်ကိုများနှင့်ပူးပေါင်းကာ အင်္ဂလိပ်နှင့် ဂျပန်တို့ အား အသက်ပေါင်းများစွာ ပေး၍ အတူတကွတိုက်ထုတ်ခဲ့ကြသည်။ “ ဤအချိန်၌ ရိုဟင်ဂျာတို့  ဘယ်ကိုသွားနေကြပါသနည်း“ူ။ မြန်မာ့ တော်လှန်ရေးသမိုင်း၌ ဤရိုဟင်ဂျာများဘယ်ကိုသွားနေကြပါသနည်း။ ရိုဟင်ဂျာကုလားဘယ်နှစ်ကောင်ပါသနည်း။ သူတပါးပိုင်နယ်မြေအားယခုအချိန်ထိနည်းမျိုးစုံနှင့် သာ ရရန်ကြိုးစားနေကြသည်။ မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွက် မည် သည့် အခါမျှ စွန့် လွှတ်အနစ်နာခံခြင်းမရှိသေးပါ။ အရှက်မရှိပဲ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲတွင် ပါဝင်ချင်သေးသည်။ နေထိုင်ခွင့် ပေးထားသည်ပင်လျှင်တော်လောက်ပြီဖြစ်သည်။အမျိုးသားပညာဝန် ဦးရာဇာတ်တို့  ကဲ့သို့ အမျိုးသားရေးအမြင်ရှိသောသူများ အားမိမိတို့ အနေဖြင့် လေးစားပြီးသားပါ။ လု့ အခွင့် အရေး ဒီမိုကရေစီ အရေးအား အရေခြုံကာ ၀င်လာကြခြင်းပါ။ လူ့ အခွင့် အရေးနှင့် ဒီမိုကရေစီ အရေးအား နောက်မှလုပ်ကြပါ။မိမိတို့ တိုင်းပြည်တွင် ညီအစ်ကိုအချင်းချင်းသတ်ဖြတ်နေကြသည့် ပြည်တွင်း စစ်ကိုတောင်ခုချိန်ထိ အဆုံးမသတ်နိုင်သေးပေ။

အင်္ဂလိပ်တို့ခေါ်ယူလာသော ဘင်္ဂလီကုလားများမှ အင်္ဂလိပ်သတင်းဌာနကို အမှီပြုကာ အင်္ဂလိပ်တို့ ၏ ကိုလိုနီ နယ်ချဲ့ စနစ်အတိုင်း ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ် လက်အောက်ခံ နယ်မြေအဖြစ်သိမ်းသွင်းပြီး အစ္စလာမ်ဘာသာနယ်မြေဖြစ်အောင် ပြုလုပ်နေကြခြင်းပါ။ အယ်ကိုင်းဒါးနှင့် အဆက်အသွယ် ရှိသည့် တာလီဘန်အကြမ်းဖက်သင်တန်းဆင်း ဤမူဂျာဟစ် ရိုဟင်ဂျာ ကုလားများအား ဘင်္ဂလားဒေ့ရှ် အစိုးရမှ သိသိကြီးနှင့် စစ်တကောင်းနယ်၌ အဘယ်ကြောင့်  ရုံးခန်းဖွင့်ခွင့် ပေးထားရပါသနည်း။ မြန်မာစစ်တပ်အားအသိပေးထားသော်လည်း မသိကျိုးကျွန်ပြုနေခြင်းလောဟု မေးစရာဖြစ်လာသည်။ လူသန်းပေါင်း ၁၆၀ကျော်နေထိုင်သော ဤနိုင်ငံအတွက် နယ်မြေသစ်မှာရခိုင်ပြည်နယ်ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်အား ရိုဟင်ဂျာတို့ များရသွားလျှင် ဘင်္ဂလားဒေ့ ရှ် အစိုးရ
နှင့် အလွယ်တကူ ပူးပေါင်းသွား၍ရသည်။ မသိသလိုလုပ်၍ ရှောင်နေကြခြင်းပါ။


နိုင်ငံတော်ဘတ်ဂျက်ငါးဆယ်ရာခိုင်နှုန်းအား ကျွန်တော်တို့ ရခိုင်ကမ်းလွန်မှထွက်သော သဘာဝဓာတ်ငွေ့ နှင့်ေ၇နံ မှ ရရှိမည်ဖြစ်သည်။ စီးပွားရေးအရ ရော စစ်ရေးအရပါ အလွန်အရေးပါသော နေရာဒေသဖြစ်သည်။ ရိုဟင်ဂျာတို့ ၏ မဟာအကြံကားနောက်ကျသွားပြီး တရုတ်အစိုးရမှ ဘီလီယံ (၂၀) တန်သော စစ်ရေးနှင့် စီးပွားရေး အရ မဟာဗျူဟာကျသည့် ရင်းနှီးမြုပ်နှံမှုဖြင့်လက်ဦးသွားပြီဖြစ်သည်။

မြန်မာတမျိုးသားလုံး၏ နန်းစိုက်ရာ မန္တလေးမြို့ သည်ကား တရုတ်နိုင်ငံ ယူနန်ပြည်သားတို့ ၏ ပထမမြို့ တော်ဖြစ်ပြီး ဒုတိယမြို့ တော်ကား ရခိုင်ပြည်နယ်မှ ကျောက်ဖြူမြို့ ဖြစ်သာဖြစ်မည်။ နောက် ၁၀နှစ် ဆိုလျှင် သည်အတိုင်းတွေ့ မြင်ရမည်။ ကျောက်ဖြူမှ ယူနန်အထိ ကီလိုမီတာ ရာချီ ရှည်လျားသော အမြန်ရထားလမ်းနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများအားသွယ်တန်းနေပြီ မဟုတ်ပါလော။ အနောက်အာဖရိက နှင့် အရှေ့ အလယ်ပိုင်းမှ ထွက်သော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ၊ တရုတ်ပြည်မှ ထွက်ကုန်များအား ယူနန်မှ သယ်ယူကာ ကျောက်ဖြူမြို့  အထူးဆိပ်ကမ်းဇုံမှတဆင့် ကုန်တင်ကုန်ချလုပ်ပြီး ကမ္ဘာ့ စီးပွားရေးနယ်ပယ်ထဲသို့  တရုတ်ကြီးမှ အင်းအားချဲ့ ထွင်နေပြီဖြစ်သည်။ ကုလားကကြံနေတုန်းမှာ တရုတ်ကြီးမှစီးပွားရေးကိုအရင်းအနှီးပြကာမိမိတို့ ဒေသအား သိမ်းယူသွားပြီဖြစ်သည်။

နောက်စစ်တွေဆိပ်ကမ်းမှနေ၍ အိန္နိယအစိုးရမှ ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် ဒေါ်လာသန်း ၁၂၀တန် သည့် အရင်းအနှီးဖြင့် စစ်တွေ-ကျောက်တော်၊ ပလ၀-ရေကြောင်းလမ်းမှတဆင့် အိန္ဒိယနိုင်ငံနယ်စပ် မိဇိုရမ် ပြည်နယ်အထိ နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြကာ စီးပွားရေးအရ အရင်းအနှီးပြုလုပ်နေပြီဖြစ်သည်။
စစ်တွေမြို့ ကား အိန္ဒိယအစိုးရအတွက် ပင်လယ်ထွက်ပေါက်ဖြစ်သွားပြီ။ မည်သို့ လုပ်ကြမည်နည်း။ မိမိတို့ အစိုးရလည်းမပိုင်၊ တိုင်းရင်းသားလုပ်ငန်းရှင်များလည်း အရင်းအနှီးမပြုလုပ်နိုင်၊ စီးပွားရေးအရ ကျွန်ပြုခြင်းနှင့် ပထ၀ီဝင် အနေအထား စစ်ရေးအရပါအရေးပါသော ဤပင်လယ်ထွက်ပေါက်မြို့ ကြီးနှစ်မြို့  စလုံးမှာ တရုတ်နှင့် အိန္ဒိယတို့ လက်တွင်းသို့ ကျရောက်သွားပြီဖြစ်သည်။ စစ်ရေး စီးပွားရေး နှင့်  ပထ၀ီဝင်အနေအထားအရ အရေးပါသော မြန်မာနိုင်ငံ၏ ရခိုင်ကမ်းမြောင်ဒေသသည် တရုတ်နှင့် အိန္နိယအစိုးရတို့  အတွက် ပစ်မှတ်ဖြစ်သွားပြီ။ သို့ သော် ရိုဟင်ဂျာ ကုလားတို့ ကား အိပ်မက်မက်ကောင်းတုန်းပင်။

ဤရိုဟင်ဂျာအရေး ၌ တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်မှုကို ပြကြရမည်ဖြစ်သည်။ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ ဗမာ၊ရခိုင်၊ရှမ်း ညီအစ်ကိုများမဟုတ်ပါလော။ မည်သည့် တိုင်းရင်းသားအရေးမဆို မိမိတို့ ညီအစ်ကိုမောင်နှမ များအရေးဖြစ်သည်။ အားလုံးဝိုင်းဝန်း၍ ကူညီဖြေရှင်းကြရမည်။ ညီအစ်ကိုများ၏ အမျိုးသားရေးစိတ်ဓာတ်ကို တွေ့ မြင်ရသဖြင့်  ၀မ်းသာအားရဖြစ်မိပါသည်။

၁၈၂၄ မှစ၍ လွတ်လပ်ရေးမရမှီ အချိန်ထိ အင်္ဂလိပ်နှင့်  ဂျပန်တို့ ၏ ကိုလိုနီ၊ လွတ်လပ်ရေးရပြီးနောက် ဦးနေ၀င်း လက်ထက်မှစ၍ ဦးသန်းရွှေ အဆုံး နည်းပေါင်းစုံ နှင့်  ပြည်သူများအား နှိပ်စက်နေကြသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ နှစ်ပေါင်းရာချီ၍ ပြည်သူများ အားလုံး ဒုက္ခရောက်ကြရသည်။ မိမိတို့ ဒေသတွင်လည်း ခေတ်အဆက်ဆက် တိုင်းမှူးများ၊ ခ၀တ၊ ပ၀တ၊ မ၀တ၊ နစက ဆိုသူများ အာဏာ နှင့်  အခွင့် အရေးယူပြီး စီးပွားရေး လုပ်ကြခြင်း၊ ကျောက်ဖြူဒေသ တ၀ိုက်ရေနံထွက်သောတချို့ကျေးရွာများအား တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များပူးပေါင်းကာ ရွာလုံးကျွတ် လယ်မြေများကို သိမ်း၍ နေအိမ်များကို မောင်းထုတ်ခြင်းကြောင့် အတိဒုက္ခရောက်ကြရသည်။ ပင်လယ်ရေလုပ်ငန်းမှာလည်း အလုပ်မဖြစ်တော့ပါ။

သယံဇာတအပေါဆုံးနေရာတွင် နေသော ကျွန်တော်တို့ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးလူတန်းစားတရပ်အနေဖြင့် ထိပ်မှ ဦးဆောင်နေပါသည်။ ရေနံ နှင့်  သဘာဝဓာတ်ငွေ့ ထွက်သော်လည်း လျှပ်စစ်မီး ၁ ယူနစ်ကို ကျပ်ငွေ လေးရာနီးပါး ပေးနေရသည်မှာ ရင်နင့် ဖွယ်ကောင်းလှပါသည်။ ဤသို့ တတိုင်းပြည်လုံး ဒုက္ခရောက်နေချိန်တွင် ပြည်ပအတိုက်အခံ တချို့ ၏ ရိုဟင်ဂျာအရေး ၌ တောင်ပြောမြောက်ပြော ဆူဆူ ညံညံ လုပ်နေကြသည်မှာ အံ့သြဖွယ်ကောင်းလှပါသည်။ နောက်ဆုံးတော့လည်း “အမျိုးပျောက်မှာထက်ခွက်ပျောက်မှာကို ကြောက်ကြသည့် သူများ’’သာဖြစ်သည်။ ခွက်ပျောက်များနှင့် ရိုဟင်ဂျာတို့ အား အသိပေးလိုသည်မှာ မိမိတို့ ဘိုးဘေးဘီဘင် များနှလုံးသွေးဖြင့် နှစ်ပေါင်း များစွာ ထိန်းသိမ်းစောင့်ရှောက်လာသော ဤနယ်မြေအား ယူလိုလျှင် အသက်ကိုရင်းမှ ရမည်ဖြစ်ကြောင်း ပြောလိုသည်။

အထက်ပါအကြောင်းအရာများအားလုံးသည် ကျွန်တော်တို့ နိုင်ငံ၏ အမျိုးသားစည်းလုံး ညီညွတ်မှုကိုမတည်ဆောက်နိုင်ခြင်းကြောင့် သာဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ ၌ အမျိုးသားစည်းလုံးညီညွတ်မှု မရှိသေးသ၍ ဤဒုက္ခများကို အားလုံးမျှဝေခံစားရမည် ဖြစ်သည်။

ကျွန်တော်တို့ ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ လွှဲ၍ အမျိုးသားပြန်လည် သင့်မြတ်ရေးအား ဖော်ဆောင်နိုင်မည့် သူကို မတွေ့ ရပါ။ မိမိတို့  အမျိုးသားဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ ရာဇသွေး၊ ရာဇမာန်ကို ကျွန်တော်တို့ လူထုခေါင်းဆောင် ၌လည်း အထင်အရှားတွေ့ နေရသည်။ သို့ ပါသောကြောင့် ကျွန်တော်တို့ ၏လူထုခေါင်းဆောင်၊ တက်လာသောအစိုးရ နှင့်  တိုင်းရင်းသားအဖွဲအစည်းများအားလုံး၊ တိုင်းပြည်အတွက် စွန့် လွှတ်အနစ်နာခံပေးကြသော ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပတွင်ရောက်နေကြသော နိုင်ငံချစ်သည့်  အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ ပြည်ပရောက် မျိုးချစ်အတိုက်အခံအဖွဲ့ များ နှင့် ပြည်တွင်းလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ များ အားလုံး ပူးပေါင်း ၍ တလမ်းတည်းသွားကြရုံသာရှိသည်။

နှစ်ပေါင်း ငါးဆယ်လုံးလုံး အလွန်မှ ဆိုးသွမ်းသော အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ အစည်းများအား ယခု ချက်ချင်းကောင်းအောင်ပြန်လည် ထူထောင်ရမည်ဟု ဆို၍ မဖြစ်နိုင်ပေ။ ဆင့် ကဲ ဆင့် ကဲ ပြုပြင်ကာ လူကောင်းများဖြင့်  အုပ်ချူပ်ရေးဌာနများတွင် အစားသွင်းပြီး ပြုပြင်ပြောင်းလဲ မှ ရမည်သာဖြစ်သည်။ သို့ မှသာ ကျွန်တော်တို့  အားလုံးလိုလားတောင့် တသော စစ်မှန်သော ပြည်ထောင်စုကို အမျိုးသားနိုင်ငံရေးအသွင် ဖြင့် ဖော်ဆောင်နိုင်မည် ဖြစ်သည်။

UNION OF MYANMAR မှနေ၍ UNITED STATE OF MYANMAR အဖြစ်ဖြင့် တွေ့ မြင်ကြရပေမည်။
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများအားလုံး တူညီလက်တွဲပြီး သုညက ပြန်စကြရအောင်--------------------------------

No comments: