Friday 4 November 2011

ကြွေးကြော်သံ






ဆရာချစ်ဦးညို စာပေဟောပြောပွဲမှ ၁၅.၃၅ မိနစ်

(ပြည်ထောင်စုကို)၂ ..အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ
ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးသတဲ့လေ...ဒါ ဒို့ပြည် ဒါ ဒို့မြေ
ကြွေးကြော်သံကြီး.. မြည်ဟည်းခိုင်မာစေ..
မေးပါရစေတော့ မောင်တွေမယ်တွေ ..ဘယ်ပုံဘယ်နည်း (ကာကွယ်)၂..
  ကြမှာတုန်းဟေ..
ခါချဉ်ကောင်မာန်ကြီးလို့သာ တောင်ကြီးဖြိုမယ့်အကြံ ..ခါးမသန် ..
အားမာန်တင်းပေမယ့်.. အခင်းမလှနိုင်ပေ...အဲဒီထုံးကို နလုံးမူမိစေ ...

တာဝန်တွေကိုယ်စီသိထားစေ ..လိုမည်သတိတရားတွေ ..
ဒို့မြေကြီး ဒို့ကာကွယ်မလေ  ဒို့ ပြည်ကြီး ဒို့ကာကွယ်မလေ
ဒို့အခြေခိုင်မြဲ မယိုင်မလဲအောင်လေ (ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ)၂
ပေါင်းရုံးလို့ အားအင်ဖြည့်ပါလေ။

အော်.. ( ပြည်ကြီးရှင်တွေ ပြည်ကြီးရှင်တွေ ) ကြွေးကြော်နေရုံမျှနှင့် မလွန်မြောက်နိုင်ပေ
တို့ပြည်တို့မြေကြီး ထီးထီးရပ်တည်နိုင်အောင်လေ ကြံမိပေ

 အဆံမပါ အသံသာမြည်ပေါက်တဲ့ သင်္ကြန်အမြောက်နှင့်ပမာညီ ဟန်လောက်သာမြည်ဟိန်း သည်ကိန်းမျိုး အကျိုးမဲ့ဖြစ်မှာ သေချာပါပြီလေ ဒို့ပိုင်နက်မြေ အော် ဒို့ဆိုင်တဲ့မြေ ဒို့တွေခံစား စံစားနိုင်အောင်လေ

တာဝန်တွေကိုယ်စီသိထားစေ ..လိုမည်သတိတရားတွေ ..
ဒို့မြေကြီး ဒို့ကာကွယ်မလေ  ဒို့ ပြည်ကြီး ဒို့ကာကွယ်မလေ
ဒို့အခြေခိုင်မြဲ မယိုင်မလဲအောင်လေ (ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ)
ပေါင်းရုံးလို့ အားအင်ဖြည့်ပါလေ။
.............................................
.............................................
အဟောင်းပေမယ့် အမြဲတန်းသစ်လွင်ပြီး အစစ်တရားတွေမို့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
သီချင်းစစ်ထက် ဒီ သီဆိုဟောပြောမှုက ပိုပြည့်စုံတယ်လို့ ခံစားမိတာလည်းပါပါတယ်။

နိုင်ငံတော်အတွက်၊ အမျိုးသားရေးအတွက် တိုင်းပြည်ကို ကယ်တင်ကြမယ် ဆိုတာမှာ ကြွေးကြော်သံလိုပါမယ်။ ကြွေးကြော်သံကို အသက်သွင်းကြရန်လိုပါမယ်။ ဒီ့အတွက်ကြောင့်  ပြည်သူလူထု၊ သမ္မတအစိုးရနှင့် ကြည်းတပ်၊လေတပ်၊ရေတပ်တွေ စုရုံးပြီး ဒို့တစ်တွေခံစား၊စံစားနိုင်အောင် ဆောင်ရွက်ကြပါစို့လို့ အဓိဌာန်ပြုပါတယ်ခင်ဗျာ။

မုတ်သုံမိုးဦး

2 comments:

Anonymous said...

ရှင်းရှင်းလင်းလင်းဟောပြောတတ်တဲ့ ဆရာချစ် ကိုလေးစားတယ်။မြန်မာပြည်မှာ သူ့လို ပညာရှင်မျိုးတွေ အများကြီးလိုတယ်။

Anonymous said...

ရှင်းရှင်းလင်းလင်းဟောပြောတတ်တဲ့ ဆရာချစ် ကိုလေးစားတယ်။မြန်မာပြည်မှာ သူ့လိုပညာရှင်မျိုးတွေ အများကြီးလိုတယ်။