Sunday 6 November 2011

အတွေးစတစ်ခု


မနက်မိုးလင်းလို့ အွန်လိုင်းပေါ် လျှောက်သွားကြည့်ရင်


သတင်းစုံတွေကဆီးကြိုနေခဲ့တယ်။


အော်..ဒါတွေလည်းမပြောင်းသေးပါလား၊ ဟိုဟာတွေလည်း မပြေလည်သေးပါလား။


စစ်ပွဲတွေ မရပ်သေးပါလား။ ကိုမင်းကိုနိုင်နဲ့ အပေါင်းပါတို့ မလွတ်ကြသေးပါလား။


ဘီဘီစီကလည်း င်္ဘဂါလီကိစ္စကို မတောင်းပန်သေးပါလား။ လူထုအော်သံတွေလည်း


... အော်နေဆဲပါလား ။ သမ္မတအစိုးရလည်း ဒီတိုင်းပါလား။


''ပါလား'' တွေကိုမှတ်ချက်လေးပြုလိုက်တယ်။ အခန်းဝန်းကျင်ကိုကြည့်ဖြစ်တော့


အော်..ငါလည်း ခုထိ အိမ်ပြန်မရောက်သေးပါလား။ ငါ့ခန္ဓာကိုယ်ကြီးလည်း

ဒီအခန်းထဲ ရှိနေတုန်းပါလားလို့ တွေးမိတယ်။



ရပိုင်ခွင့်တွေ ၊ ရသင့်တာတွေ၊ ရဖို့ပေးဆပ်ရတာတွေနဲ့ အမြဲလုံးလည်လိုက်

နေကြရတယ်။ ဒီ့အတွက် ''ပါလား'' ဆိုတဲ့မှတ်ချက်လေးတွေ ဆက်ပေးနေရဦးမှာ

ပါလားလို့ သိလိုက်တယ်။
မုတ်သုံမိုးဦး

No comments: