Friday 11 November 2011

အစိုးရသစ်နှင့် စစ်ပွဲများ



၂၀၁၀ နိုဝင်ဘာရွေးကေက်ပွဲ စတင်ပြုလုပ်ကတည်းက အနှစ်နှစ်အလလ အပစ်အခတ်ရပ်စဲထားခဲ့သည့် DKBA အဖွဲ့ကစပြီး အစိုးရကို စတင်တိုက်ခိုက်ခဲ့တယ်။ တစ်ဘက်သတ်ဆန်တဲ့ အတုအယောင်ရွေးကောက် ပွဲကို လုံးဝလက်မခံနိုင်ဘူးလို့ အတိအလင်း ကြေငြာလိုက်ခြင်းဖြစ်တယ်။ တနည်းအားဖြင့်တွေးကြည့်သော် ကမ္ဘာသို့ အသိပေးလိုက်တယ်လို့ ဆိုရမယ်။ ရွေးကော်ပွဲအပြီး သမ္မတဦးသိန်းစိန် တက်လာပြီးနောက် အခုလွှတ်တော် သက်တမ်း တစ်နှစ်ပြည့်သည်အခါမှာတော့ DKBA အခန်းကဏ္ဍ မှေးမှိန်သွားပြန်တယ်။

အစိုးရသစ်တက်လာပြီး အကြာခင်မှာပဲ ဆယ်စုနှစ်နှစ်ခုကျော် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားတဲ့ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA ဟာ အစိုးရသစ်ကို စတင်တိုက်ခိုက် ပြန်တယ်။ အစိုးရသစ်ကလည်း လွှတ်တော်မှာအတည်ပြုသလား၊ မပြုလားမသိရပဲ တုန့်ပြန်တိုက်ခိုက်ပြန်တယ်။ တိုက်ပွဲတွေဟာ ပြင်းထန်ပြီး လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတယ်။ ကာလတစ်လျှောက် မှာ သေကြေမှုအများဆုံးလို့ ဆိုလို့ရအောင် ပြင်းထန်တယ်။ တစ်ဖက်နဲ့တစ်ဖက် အငြိုးကြီးကြီးနှင့် အပြတ်အသတ်တိုက်ကြတယ်ဆိုတာ မြင်ရတယ်။ အခုထိ စစ်ပွဲမပြီးသေးပါ။ ဆက်တိုက်နေကြတုန်း သို့မဟုတ် ဆက်သတ်နေကြတုန်းပဲ ရှိနေပါသေးတယ်။


လူထုဟာ ရွေးကောက်ပွဲအရတက်လာတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ ဝေဖန်နေချိန်မှာ စတိုက်တဲ့ KIA ကို အပြည့်အဝ ထောက်ခံခဲ့ပြန်တယ်။ စစ်ပွဲသက်တမ်းရှည်လာတဲ့ အခါမှာတော့ လူထုအမြင်တွေ ပြောင်းလဲလာတယ်။ အစိုးရထက် KIA, KIO ကို အပြစ်ပြောချင်ဟန်၊ ဝေဖန်ချင်ဟန်တွေ များလာတာ တွေ့ရပါတယ်။

အစိုးရသက်တမ်း လအနည်းငယ်လောက်မှာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ရပ်တန့်လိုက်တာနဲ့ပတ်သက်ပြီး နာမည်ကောင်းရသွားတယ်။ နိုင်ငံရေးအကျဉ်းသားတစ်ချို့ ထပ်လွှတ်ပြလိုက်တော့ လူထုအသံဟာ အစိုးရအပေါ် အကောင်းမြင်ဘက်သို့ လှည့်လာခဲ့တယ်။ ဒီအချိန်မှာ လူသတ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ ဆက်ဖြစ်နေတာ အရှိန် မလျော့ကြသေးဘူး။ KIA ကပဲ စစ်တပ်ခစခန်းကိုသိမ်းသိမ်း၊ စစ်တပ်ကပဲ KIA စခန်းငယ်တွေကို သိမ်းသိမ်း လူထုအားလုံး မကြားချင်မမြင်ချင်ဖြစ်လာတယ်။ တိုင်းရင်းသား ညီနောင်ဖွားအချင်းချင်း သတ်ဖြတ်နေကြတာကို လုံးဝလက်မခံနိုင်ဖြစ်လာပါတယ်။



အဖြေကတော့ ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူမှားမှား၊ဘယ်သူမှန်မှန် စစ်တိုက်သတ်ဖြတ်နေကြတာကို ငြိုညင်လာပါတယ်။ စစ်မှန်တဲ့ စေ့စပ်ဆွေးနွေးပွဲတွေလုပ်ပြီး စည်းလုံးညီညွတ်ရေးကို ရှေ့တန်းတင်သင့်တယ်လို့ ပြောဆိုလာကြတယ်။ ဒါ တစ်ကယ်ဖြစ်သင့်တာလို့ မြင်ပါတယ်။

အချုပ်မှာ ပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ် ထိုးစစ်ဆင်နေတာကို ရပ်သင့်ပြီဆိုတာ လုံးဝသေချာပါတယ်။ ဦးသိန်းစိန် အစိုးရအနယ်ဖြင့်လည့် ဒီကိစ္စကို အရေးတကြီးဖြေရှင်းရမယ့်ကိစ္စထဲထည့်ပြီး ဦးဆုံးဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။

လူထုခန်းမှန်းခြေအရ အစိုးရသစ်ဟာ KIA ,KIO သူပုန်တွေကို အမြစ်ပြတ်ဖြတ်ပစ်ဖို့ ကြံစည်သလား သို့မဟုတ် ကချင်စစ်သည်တွေကပဲ ကချင်လူငယ်တွေအားလုံးကို စစ်ထဲမှာဆုံးရှုံးပစ်ဖို့ ရည်ရွယ်တာလားဆိုတာ မပြောပေ မယ့်မြင်လာရဟန်ရှိနေပါတယ်။ ဒါဟာ ဘာအမြတ်အစွန်းမှ မရှိတဲ့ ဆုံးရှုံးမှုပဲဖြစ်တယ်။ လက်ခံနိုင်စရာမရှိပါ။

မြန်မာပြည်ဟာ ဘယ်လိုပဲ မကြေလည်တာတွေရှိခဲ့ရှိခဲ့ အစိုးရသစ်နဲ့ ပြောင်းလဲမှုအသစ်ဆီ သွားလိမ့်မယ်လို့ မြင်ပါတယ်။ လုပ်ဆောင်မှုအမျိုးမျိုးကိုထောက်ရှုပြီး စစ်မှန်တဲ့ပြောင်းလဲမှုဆီ ဦးတည်သွားနိုင်တယ်လို့ လူထုယုံ ချင်နေချိန်ဖြစ်တယ်။ ပြောင်းလဲမှုကိုလည်း ဆာလောင်မွတ်သိပ်နေကြတယ်။

အပြောင်းအလဲကို လုပ်ပေးနိုင်တာလည်း အစိုးရကလွဲပြီး မရှိဘူးလို့ မြင်လာတယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန်တို့ ပူးပေါင်းတယ်ထင်ရတဲ့ အစိုးရအပေါ် မျှော်လင့်ချက်တွေ အကြီးမားဆုံး ပေးထားကြချိန်ဖြစ်တယ်။ အစိုးရအပေါ်တစ်ခါမျှ မမျှော်ကိုးဖူးတဲ့ လူထုဟာ အံ့သြဖွယ်ကောင်းလောက်အောင် မျှော်လင့်ချက်ကြီးကြီးမားမား ထားကြတယ်။ ဘက်စုံလိုအပ်နေတဲ့ တိုင်းပြည်ကို အခွင့်အလမ်းတွေဖွင့်ပေးပြီး အရှိန်အဟုန်နဲ့ သယ်သွားနိုင်လိမ့်မယ်လို့ ခန်းမှန်းနေကြပါတယ်။

ဒီလို နိုင်ငံဖွံ့ဖြိုးရေးအတွက် အလွန်တရာမှ အရေးကြီးနေချိန်မှာ ပြည်တွင်းစစ်တွေ ဆက်တိုက်ဖြစ်နေတာဟာ တိုးတက်မှုကို ဖျက်ဆီးနေတာနဲ့တူပါတယ်။ ဖွံ့ဖြိုးရေးကို နှောင့်နှေးစေတယ်။ ဆင်းရဲလက်စလူထုကို ပိုပြီး ဆင်းရဲတွင်းနက်စေပါတယ်။ ဒါကို အစိုးရဘက်ရော ၊ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေရော သတိကြီးကြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

အဓိကကတော့ အစိုးရရဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ကို သွားနေတယ်ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဒီစစ်ပွဲကို တတ်နိုင်သမျှအမြန်ရပ်ပစ်ဖို့ ပြင်ဆင်သင့်ပါတယ်။
တကယ်စစ်မှန်တဲ့ပြောင်းလဲမှုဆီ သွားမယ်ဆိုရင် တကယ်တန်းပြည်သူလူထုအပေါ် စေတနာရှိတယ်ဆိုရင် စစ်ပွဲတွေရပ်ပစ်ပါ။ စစ်မှန်တဲ့ ဆွေးနွေးစေ့စပ်မှုဆီဦးတည်ပါလို့ ပြောချင်ပါတယ်။

No comments: