Tuesday 20 September 2011

အောင်ဆန်းပင်လုံစာဖတ်ခန်း ရန်ကုန်တွင်ဖွင့်လှစ်မည် & ဒါဖတ်ပြီးမှ Facebookနဲ့ Gmailသုံးပါ & သန်လျင် မီးလောင်& မင်္ဂလာဆောင် ဖက်ရှင်ပွဲ

by စူ နာ မီ လှိုင်း on Wednesday, September 21, 2011 at 2:51am

->   ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ
->   တရုတ်သံရုံးရှေ့ ဆန္ဒပြသူကို ထိန်းသိမ်း
->   ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင်
->  အာဆီယံဥက္ကဋ္ဌရာထူး ဒေါ်အောင်ဆန်းစုကြည်အသံ အရေးပါ
->  NLD စာသင်ကျောင်းကလေးများကို အနဂ္ဂ၊ သံသာဝင်းတို့ ကူညီလှူဒါန်း
-> ပိတ်ထားတဲ့သတင်းဆိုဒ်တွေပြန်ပွင့်၊အကျဉ်းကျသတင်းထောက်များလည်းလွှတ်ဖို့လို

အောင်ဆန်းပင်လုံစာဖတ်ခန်း ရန်ကုန် သင်္ဃန်းကျွန်းတွင် ဖွင့်လှစ်မည်
*************************************************
ဓာတ်ပုံသတင်း စက်တင်ဘာ ၂၀၊ ၂၀၁၁ 

စာဖတ်ခန်း ဖွင့်ပွဲ ဖိတ်စာ

ရန်ကုန်မြို့တော်တွင် ရက်ပိုင်းအတွင်း ဖွင့်လှစ်မည့် စာဖတ်ခန်း အမည်ကို အောင်ဆန်းပင်လုံ ဟု ပေးထားသည်။ ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မတက်ရောက်မည်ကို မသိရသေးပေ။ 
ဒါဖတ်ပြီးမှ Facebook နဲ့ Gmail သုံးပါ
***************************
စီထောင်း၊  စက်တင်ဘာ ၂၀၊ ၂၀၁၁

မေးရဖြေရတဲ့ Facebook
Facebook သုံးရတာ တခါတရံ အဆင်မပြေလှပါ။ မေးခွန်းတွေ အဖြေတွေ ဖြည့်ရပါတယ်။
ဖြစ်တတ်တာက password မှားနှိပ်မိတဲ့အခါမျိုးပေါ့။ မြို့ပြောင်း နိုင်ငံပြောင်းတဲ့အခါမျိုးမှာလည်း ကြုံရတတ်တယ်လို့ အတွေ့အကြုံရှိသူတို့က ဆိုပါတယ်။


ပုံမှာ မြင်ရတဲ့အတိုင်း သိပ် အခက်အခဲကြီး မဟုတ်ပေမယ့် ဖြည့်ရ စွက်ရ ကလစ်ရတာ အချိန်ကုန် လက်ဝင်ပါတယ်။

ဖြေရှင်းနည်း
၁။ ခိုင်းတဲ့အတိုင်း လုပ်လိုက်ပါ။ အချိန်တော့ ကုန်ပါမယ်။
၂။ လွယ်တဲ့နည်းကတော့ သူခိုင်းတဲ့အတိုင်း မလုပ်ဘဲ Home ဆိုတဲ့နေရာကို နှိပ်လိုက်ရုံပဲ။



ဖြည့်ရပြန်ပြီ Gmail မှာ
တခါတရံ Gmail က ဖုန်းနံပတ် တောင်းပါတယ်။ Facebook လိုပါပဲ၊ password မှားနှိပ်မိတဲ့အခါမျိုး။ ခရီးထွက်လို့ နေရာသစ် နိုင်ငံသစ်မှာ အီးမေး သုံးရတဲ့အခါမျိုးမှာ ဖုန်းနံပတ် တောင်းပါတယ်။
ပုံမှာ မြင်ရတဲ့အတိုင်းပေါ့။
ဖြေရှင်းနည်း
၁။ နံပတ်ရိုက်ထည့်၊ ကိုယ်ရောက်နေတဲ့နိုင်ငံ ရိုက်ထည့်။ Add phone ကို ကလစ်လိုက်ရင် နောက်တမျက်နှာ ပွင့်မယ်။ လက်ကိုင်ဖုန်းကို သူက စာပို့မယ်။ ကြိုးဖုန်းဆိုရင် နံပတ် လှမ်းပြောမယ်။
ရလာတဲ့ confirmation code ကို ရိုက်ထည့်လိုက်။
၂။ ၀က်ဆိုက်လိပ်စာ နေရာမှာ gmail.com ဆိုတာကို ရိုက်ပြီး Enter နှိပ်လိုက်ပါ။
blogspot.com မှာလည်း အလားတူ ပြဿနာ ကြုံရတတ်ပါတယ်။ ဖြေရှင်းနည်းက အတူတူပါပဲ။ ခုချိန်ထိတော့ အဲဒီလို ရှင်းလို့ ရနေပါသေးတယ်။
မေးလာတာတွေ ဖြေဖို့ ကိုယ့်မှာ အချိန်မရှိ၊ အချိန်ရှိလည်း စိတ်မရှည်တော့ ဒီလိုပဲ ရှင်းနေမိပါတယ်။
ဘာကြောင့် အရှင်းထဲမှာ ရှုပ်အောင် လုပ်ရတာလဲ
Facebook နဲ့ Gmail တို့က သုံးစွဲသူတွေ အကျိုးအတွက် ဒီလို လုံခြုံရေး တင်းကျပ်ထားတာပါ။ တပါးသူက ကိုယ့်အကောင့်ထဲ ထိုးဖောက် ၀င်ရောက်မှုတွေ ဖြစ်လွန်းလို့ တင်းကျပ်ထားတာပါ။
အပျော်ကြံတဲ့သူ ရှိသလို ရည်ရွယ်ချက်ကြီးကြီးနဲ့ ခိုးဝင်သူတွေရှိတာမို့ တင်းကျပ်ရတာပေါ့။
င့ါရဲ့ password က ဘာကြောင့် သူ ရသွားပါလိမ့်၊ ကိုယ့်အကောင့်ထဲ အပြင်လူတွေ ရန်သူတွေ ဘယ်လိုဝင်ကြည့်လို့ ရသွားတာပါလိမ့် ဆိုတာလည်း အံ့သြစရာပေါ့။
password တခု ရဖို့ဆိုတာ မလွယ်ဘူး ဆိုပေမယ့် တခါတရံတော့ အင်မတန် လွယ်ကူပါတယ်။ password ခိုးနည်းတခုနှစ်ခု သိသမျှကို နောက်မှ ပြောပြပါအုံးမယ်။
Facebook သတင်းဆိုး
ပါကစ္စတန်နိုင်ငံမှာ Facebook ကို ဘန်းဖို့ မနေ့က အစိုးရကို ခိုင်းလိုက်ပါပြီ တဲ့။ လောလောဆယ် သိရသမျှကတော့ လာဟိုးမြို့ တရားရုံးချုပ်က အမိန့်ချလိုက်တာဖြစ်တယ်၊ ဘာသာရေးဆိုင်ရာ စော်ကားမော်ကားပြုမှုများ ပျံ့နှံ့စေတဲ့အတွက် Facebook နဲ့ အင်တာနက် စာမျက်နှာ အများအပြားကို ဘန်းလိုက်ဖို့ တရားရုံးက အမိန့်ချတာပါ တဲ့။
Facebook သတင်းကောင်း
ထိုင်ရာမထ Facebook သုံးနေကြသလား။ ပိုပြီးတော့ ထိုင်ရာမထ သုံးအောင်လို့ Facebook ဆရာများက စီစဉ်နေပြီလို့ CNN ရုပ်သံသတင်းတပုဒ်က ဆိုပါတယ်။ Facebook စာမျက်နှာမှာ ပုံစံအပြောင်းအလဲလေးတွေ ရှိလာမယ်။ သုံးသူကို စွဲသွားအောင် ဆွဲဆောင်ဖို့ ဆိုပဲ။ အဲဒါ လာမယ့် ကြာသပတေးနေ့မှာ ဖြစ်မယ်လို့ ဆိုတယ်။ ကဲ - ဘာတွေ ဖြစ်လာမယ် ဆိုတာကို ကွန်ပျူတာရှေ့နေ ထိုင်ရာမထ စောင့်ကြည့်လိုက်ကြရအောင်။
NLD စာသင်ကျောင်းကလေးများကို အနဂ္ဂ၊ သံသာဝင်းတို့ ကူညီလှူဒါန်း
**************************************************
ဓာတ်ပုံသတင်း စက်တင်ဘာ ၂၀၊ ၂၀၁၁

ယမန်နေ့က အဆိုတော်အနဂ္ဂ၊ သံသာဝင်း မိသားစုက လှိုင်သာယာမြို့နယ် အမေ့အိမ် စာသင်ကျောင်းသို့ ယမန်နေ့က သွားရောက်ပြီး စာအုပ်များ၊ စားစရာများ သွားရောက်လှူဒါန်းကြသည်။ (ဓာတ်ပုံများ - NLD)



(အမည်းရောင်အိတ် လွယ်ထားသော အမျိုးသမီးမှာ အနဂ္ဂ၏ မိခင် စတီရီယိုခေတ်ဦး အဆိုတော် နေနေလှိုင်းဇင် ဖြစ်ဖွယ်ရှိသည်)



ရန်ကုန်က မင်္ဂလာဆောင် ဖက်ရှင်ပွဲ
*************************
ဓာတ်ပုံသတင်း၊  စက်တင်ဘာ ၁၉၊ ၂၀၁၁
Myanmar Wedding Show Myanmar models present wedding dresses created by Myanmar designers during Wedding Fair at Park Royal Hotel in Yangon, Myanmar, Sunday, Sept. 18, 2011. (AP Photo/Khin Maung Win) AP
ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် Wedding Fair 2011 ပြပွဲတွင် မင်္ဂလာမောင်နှံဝတ်စုံ ဆင်မြန်းပြသနေသော မိုဒယ်များ (ဓာတ်ပုံများ-AP)

Myanmar Wedding Show Myanmar models present wedding dress created by Myanmar designers during Wedding Fair at Park Royal Hotel in Yangon, Myanmar, Sunday, Sept. 18, 2011. (AP Photo/Khin Maung Win) AP
Myanmar Wedding Show Myanmar models present wedding dresses created by Myanmar designers during Wedding Fair at Park Royal Hotel in Yangon, Myanmar, Sunday, Sept. 18, 2011. (AP Photo/Khin Maung Win) AP

" သန်လျင် မီးလောင် "
*****************
မျိုးသိဏ်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁
(မဇ္ဈိမ) ။   ။ ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုတခု ယနေ့ အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်း ၇ ခန်း ပျက်စီးဆုံးရှုံးသွားသည်။


သန်လျင်မြို့ မီးလောင်မှုတွင် လာရောက်ငြှိမ်းသတ်သည့် မီးသတ်ကားတစီးကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၄၅ မိနစ် အချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

သန်လျင်မြို့ အမှုထမ်းရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်း နံဘေးရှိ ဈေးဆိုင်ခန်းတခုမှ ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်အချိန်တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ညနေ ၆ နာရီ ၀၃ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့က ပြောသည်။
ဈေးဆိုင်ခန်းအပေါ်ထပ် စာအုပ်စင်ပေါ်တွင် ဖယောင်းတိုင်ထွန်းထားရမှ စတင်လောင်ကျွမ်းသည့် ပေါ့ဆမီးဟု မီးသတ်က သုံးသပ်ပြီး စုစုပေါင်း ဆုံးရှုံးနစ်နာမှု တန်ဖိုးမှာ ဆိုင်ခန်းတန်ဖိုး ၁၄ သိန်း နှင့် ပစ္စည်းတန်ဖိုး ၄ သိန်း ၄ သောင်းဟု မီးသတ်တပ်ဖွဲ့က သတ်မှတ်သည်။
တနာရီ နီးပါးမျှ လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို သန်လျင်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အခြားမြို့နယ်များမှ စုစုပေါင်း မီးသတ်ကားနှင့် ရေသယ်ယာဉ် ၁၈ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး အသုံးပြု ငြိမ်းသတ်ခဲ့သည်။


သန်လျင်မြို့ မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ဆိုင်ခန်းတခုကို စက်တင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် မီးငြိမ်းသွားပြီးနောက် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အာဆီယံဥက္ကဋ္ဌရာထူး ဒေါ်အောင်ဆန်းစုကြည်အသံ အရေးပါ
*******************************************
ခင်ဦးသာ Tuesday, 20 September 2011
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို အလေးထားပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ပေးရေး မပေးရေး ဆုံးဖြတ်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

UN General Assembly Indonesian Foreign Minister Marty Natalegawa listens during the Secretary-General's Symposium on International Counter-Terrorism Conference during the 66th session of the General Assembly at United Nations headquarters on Monday, Sept. 19, 2011. (AP Photo/Andrew Burton) AP
ယမန်နေ့က ကုလသမဂ္ဂတွင် တွေ့ရသော အင်ဒိုနီးရှား မစ္စတာ မာတီ နာတာလီဂါဝါ (ဓာတ်ပုံ - AP)

ထို့အပြင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတို့၏ အသံကိုလည်း နားထောင်မည်ဟု ၀န်ကြီး မစ္စတာ မာတီ နာတာလီဂါဝါက ပြောလိုက်သည်။အင်ဒိုဝန်ကြီးက လာမည့်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများကို အကဲဖြတ်ဦးမည်ဟု ဆိုထားသည်။အင်ဒိုနီးရှားသည် လက်ရှိ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရက  မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကရာထူးကို လက်ခံလိုကြောင်း ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်  တရားဝင် ထုတ်ဖော် ပြောဆိုခဲ့သည်။

အစိုးရအဆက်ဆက် စစ်ဗိုလ်ချုပ်များ ကြီးစိုးသော မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်း မပြုရန် တောင်းဆို ဖိအားပေးသူများထဲတွင် အစိုးရအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များလည်း ပါဝင်သည်။ဒီမိုကရေစီဖော်ဆောင်ရန် နှောင့်နှေးမှု၊ နိုင်ငံရေးသမားများကို ထိန်းသိမ်းထားမှု၊ ဒေသအနှံ့တွင် လုပ်အားပေး ခိုင်းစေမှုတို့ကို ထောက်ပြပြီး ကန့်ကွက် ဖိအားပေးကြခြင်း ဖြစ်သည်။မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်  အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်မည့် အခြေအနေနှင့် ကြုံခဲ့ရဖူးသည်။ သို့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် မြန်မာအစိုးရက ထိုတာဝန်ကို ပြည်တွင်းရေး ပြဿနာများကို အကြောင်းပြ၍ ငြင်းပယ်ခဲ့သည်။

မကြာသေးမီက သမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ခဲ့သည်။အစိုးရက ထိုသို့ တွေ့ဆုံခြင်းမှာ အာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိရေးအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေးသမား အများအပြားက ဝေဖန်နေကြသည်။
အာဆီယံအသင်းဝင် အရှေ့တောင်အာရှနိုင်ငံများသည် အသင်း ဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ တာဝန်ယူကြသည်။  ဥက္ကဋ္ဌ ရာထူး သက်တမ်းမှာ တနှစ် ဖြစ်သည်။

ပိတ်ထားတဲ့ သတင်းဆိုဒ်တွေ ပြန်ပွင့်၊ အကျဉ်းကျ သတင်းထောက်များလည်း လွှတ်ဖို့လို
*************************************************************


စက်တင်ဘာလ ၉ ရက်နေ့က ဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင် သတင်းထောက် လှလှဝင်း၊ လူရွှင်တော် ဇာဂနာတို့၏ ရုပ်ပုံများဖြင့် ဆန္ဒပြနေသူတချို့ (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာပြည်တွင်းမှာ အရင်က ပိတ်ထားတဲ့ Youtube, ဘီဘီစီ၊ Reuters, ဘန်ကောက်ပို့စ်၊ စထရိတ်တိုင်းမ်၊ အာအက်ဖ်အေ၊ ဧရာဝတီ၊ ဒီဗီဘီနဲ့ ဗီအိုအေ ဝက်ဘ်ဆိုဒ်တွေကို ပြန်ဖွင့်ပေးထားတာ စမ်းသပ်ကြည့်ပြီးကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အင်တာနက်ကော်နက်ရှင်ကတော့ ထုံးစံအတိုင်း နှေးနေဆဲပါပဲတဲ့။

“အင်တာနက်ဆိုင်တွေ ကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်လိုက်ပြီး လပိုင်းအကြာမှာ ဝက်ဘ်ဆိုဒ်တွေကို ပြန်ဖွင့်ပေးလိုက်တာ စိတ်ဝင်စားစရာပဲ။ ပိတ်ဆို့ ဆင်ဆာဖြတ်ထားတာကို ဖွင့်တယ်ဆိုရင်လည်း အာဏာပိုင်တွေ အနေနဲ့ လူသိရှင်ကြား အသိပေးသင့်ပါတယ်။ အရင်ပိတ်ထားတဲ့ ဆိုဒ်တွေကို ပြန်ဖွင့်ပေးလိုက်ပေမယ့် ကြည့်ရှုသူတွေကို ခြိမ်းခြောက်မှုမျိုး မရှိကြောင်း၊ အနှောက်အယှက်ပေးမှာ မဟုတ်ကြောင်း အာဏာပိုင်တွေက အာမခံသင့်တယ်” လို့ RSF က ဆိုပါတယ်။

ပြည်ပအခြေစိုက် ဦးဆောင်မီဒီယာတွေ ဖြစ်တဲ့ ဧရာဝတီနဲ့ ဒီဗီဘီတို့ကို အခု ကြည့်လို့ ရနေကြောင်း RSF က ရေးထားပြီး ဒီသတင်းဌာနတွေရဲ့ ပြည်တွင်းသတင်းထောက်တွေ အကျဉ်းချထားတာကို ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
စည်သူဇေယျ (ထောင်ဒဏ် ၁၈ နှစ်)၊ ငွေစိုးလင်း (ထောင်ဒဏ် ၁၃ နှစ်)၊ မောင်မောင်ဇေယျ (ထောင်ဒဏ် ၁၃ နှစ်)၊ ဝင်းမော် (ထောင်ဒဏ် ၁၈ နှစ်)၊ လှလှဝင်း (ထောင်ဒဏ် ၂၇ နှစ်) အပါအဝင် ဂျာနယ်လစ် ၁၇ ဦးနဲ့ အင်တာနက် သုံးစွဲရေးသားနေသူ (Netizen) ၃ ဦးတို့ကို ပြန်လွှတ်ပေးဖို့ RSF က ထုတ်ပြန်ကြေညာထားပါတယ်။

ဖလုံ- စဝေါ်ပါတီ ဂျာနယ် ထုတ်ဝေတော့မည်
********************************
တနင်္လာနေ့၊ စက်တင်ဘာလ 19 ရက် 2011 - ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပါတီရုံးထားရှိသည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် လာမည့် ကရင်နှစ်သစ်ကူးနေ့မှစ၍ “ဖလုံ-စဝေါ်ဂျာနယ်”ကို လစဉ် ထုတ်ဝေသွားရန် စက်တင်ဘာလ ၁၇ ရက် နေ့က အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာလ ၁၇ရက်နေ့က ဖလုံ-စဝေါ်ပါတီဝင်များ ဆွေးနွေးနေစဉ် (Photo-KIC )

၎င်းဂျာနယ်ထုတ်ရန် စက်တင်ဘာလ ၁၅ရက်နေ့တွင် ပါတီဝင်များက ပဏာမ ဆွေးနွေးခဲ့ကြသော်လည်း ဂျာနယ်အမည်၊ ထည့် သွင်းဖော်ပြမည့် ဘာသာစကားနှင့် သတင်းအမျိုးအစားများကို စက်တင်ဘာလ ၁၇ရက်နေ့တွင် ပါတီရုံး၌ ထပ်မံ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းပါတီ၏ လူငယ်ဥက္ကဌ စဘီကျင်ဦးက ပြောသည်။

“စာစောင်ကိုတော့ ဖလုံ-စဝေါ်ဂျာနယ်လို့ပဲ ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာ ပိုးကရင်၊ စကောကရင်၊ မြန်မာနှင့် အင်္ဂလိပ် လေးဘာသာနဲ့ ထုတ်ဝေသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို နိုင်ငံရေးသော်လည်းကောင်း၊ ကရင့်အ ကြောင်းအရာနဲ့ နိုင်ငံတကာ ဗဟုသုတတွေ သိရှိဖို့အတွက်ပါ။ တစ်လမှတစ်ကြိမ်ပဲ ထုတ်မှာမို့ သတင်းတွေက update ဖြစ်မှာ တော့ မဟုတ်ဘူး။”ဟု စဘီကျင်ဦးက ကေအိုင်စီကို ပြောသည်။

ဂျာနယ်ဖြစ်မြောက်ရေးအတွက် ဖလုံ-စဝေါ်ပါတီ ခေါင်းဆောင်များက ကြီးကြပ်ရေးကော်မတီအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အယ်ဒီတာချုပ်အဖြစ် စောရှားမောင်ခို့ဒါ(ယှးမါန်ခေါဟ်ဍာ)၊ တွဲဖက် အယ်ဒီ တာအဖြစ် နော်ယုဇန၀ါတို့က တာဝန်ယူသွားမည် ဖြစ်သည်။
ဂျာနယ်တွင် ပါဝင်မည့် ကဏ္ဍများမှာ နိုင်ငံရေး၊ လူမှုရေး၊ သတင်းများ၊ ရုပ်ပြောင်ကာတွန်းများ၊ အထွေထွေ ဗဟုသုတများ ဖြစ် ပြီး သတင်း အချက်အလက် စုဆောင်းမည့်သူ ၁၃ဦးရှိသည်ဟု သိရသည်။

ခွင့်ပြုချက်အမှတ် ၂သ-၀၂၈ဖြင့် ထုတ်လုပ်သွားမည့် အဆိုပါဂျာနယ်အတွက် စာမူများကို ယခုလ ၂၂ ရက် နေ့မှစ၍ နိုဝင်ဘာလ ၂၀ရက်နေ့အထိ လက်ခံသွားဖြစ်ပြီး လာမည့် ကရင်နှစ်သစ်ကူးအမှီ စတင် ထုတ်ဝေ သွားမည်ဖြစ်သည်။ ၎င်းနောက် လစဉ် အုပ်ရေ ၃ထောင် ထုတ်ဝေသွားမည်ဟု ဆွေးနွေးခဲ့ကြ ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပါတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သူက “ဂျာနယ်ကို ကရင်နှစ်သစ်ကူးနေ့အမှီ ထုတ်လုပ်သွားမှာပါ။ ဒီအတွက် ဂျာနယ်ဖြစ်မြောက်ရေး ကော်မတီ၊ နယ်ဆင်း သတင်းထောက်တွေ၊ ပင်တိုင်ဆောင်းပါးရှင်းတွေကို ၁၇ရက်နေ့ အစည်းအဝေးမှာ အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။”ဟု ဆို သည်။

ဖလုံ-စဝေါ်ပါတီဝင်တစ်ဦးက “အခုချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိနေပါပြီ။ ကျနော်တို့ ဂျာနယ်စည်းကမ်းမှာတော့ ဘာမှမရှိပါဘူး။ နိုင်ငံတော် တည်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံးချက်ကို မထိခိုက်ရင် ရပါပြီ။ ကျန်တာတွေ လွတ်လပ်စွာ ရေးသားနိုင်တယ်။”ဟု ပြောဆိုသည်။၎င်းဂျာနယ်ဖြစ်မြောက်ရေး အစည်းအဝေးသို့ ကရင်စာပေအသင်းများ၊ ဖလုံပညာတိုးတက်ရေးယူနစ်(PEDU)အဖွဲ့ဝင်များနှင့် စာပေပညာရှင် စုစုပေါင်း ၇၀ကျော် တက်ရောက်ခဲ့ကြသည်။

တရုတ်သံရုံးရှေ့ ဆန္ဒပြသူကို ထိန်းသိမ်း
****************************

မြစ်ဆုံဆည်စီမံကိန်းရပ်ဖို့ လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဆန္ဒပြနေတဲ့သူတွေ (ဓာတ်ပုံ - KNO-UK)

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်ပါလို့ အင်္ဂလိပ်လိုရေးထားတဲ့ စာတန်းကိုကိုင်ပြီး ဒဂုံမြို့နယ် ခရေပင်လမ်းက တရုတ်သံရုံး ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနရှေ့ တကိုယ်တော်ဆန္ဒပြတဲ့သူကို ရဲက ဖမ်းခေါ်သွားတယ်လို့ သတင်းရပါတယ်။
ကြွေးကြော်အော်ဟစ်တာ တခုမှမလုပ်ပဲ Stop Irrawaddy Dam လို့ရေးထားတဲ့ စာတန်းကိုင်ထားတဲ့သူ့ကို လုံခြုံရေးတာဝန်ကျရဲတွေက စစ်ဆေးလို့ နာမည်မေးတဲ့အခါ ကိုအောင်သိန်းလှ ခေါ် ကျော်ဝင်း လို့ သူ့နာမည်ကို ပြောတဲ့အကြောင်း၊ တောင်ဥက္ကလာပ (၇) ရပ်ကွက်မှာ နေတယ်လို့ ပြောနေတာကို ကြားရတဲ့အကြောင်း မျက်မြင်သက်သေတယောက်က ဧရာဝတီကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မြစ်ဆုံဆည်ဆောက်ဖို့ ကန့်ကွက်တဲ့အနေနဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှေ့မှာက လုံခြုံရေး တင်းကြပ်နေလို့ ပြန်ကြားရေးဌာနရှေ့ကို ဒီလို ဆန္ဒလာပြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကို အတည်ပြုဖို့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးကြည့်တော့ ဒီကိစ္စကို သူတို့ ဘာမှမသိတဲ့အကြောင်း တာဝန်ကျရဲအရာရှိတယောက်က ပြောပါတယ်။

" ပြင်ဆင်ပြီးမှ တရုတ်ကို ချပါ "
************************
မောင်ကိုဦး၊  စက်တင်ဘာ ၁၉၊ ၂၀၁၁
ဧရာဝတီ ပြသနာဟာ တစစ ကြီးထွားလာတာနဲ့အမျှ မြန်မာနိုင်ငံမှာ အမျိုးသားရေး ပြန်လည်နိုးကြားလာပြီ လို့တောင် ပြောလို့ရတဲ့ အခြေ အနေ ဖြစ်လာပါတယ်။ ကောင်းသောလက္ခဏာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ ကြီးမားတဲ့ ရလဒ် လို့လည်း ကောက်ချက်ချနိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ တနွယ်ငင် တစင်ပါ ဆိုသလို နောက်ထပ် နိုးကြားဆောင်ရွက်လာမယ့် အမျိုးသားရေး လှုပ်ရှားမှုကြီးကတော့ “တရုတ် ကျူးကျော်မှု” ဖြစ်လာမယ့်အရိပ်အယောင်တွေလည်း ထွက်ပေါ်နေပါတယ်။မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပ ရန်စွယ်ကို စေ့ငုကြည့်ရင် ဆွေမျိုးယောင်ဆောင်နေတဲ့ ပေါက်ဖေါ် ဟာ အဓိကပဲဖြစ်ပါတယ်။ တရုတ်ဟာ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေး၊ နိုင်ငံရေး စတဲ့ ဘက်ပေါင်းစုံက အကွက်ကျကျ ချယ်လှယ် ကိုလိုနီပြုနေတာကို စနစ်တကျ လေ့လာလေလေ ပိုပြီး ထင်ထင်ရှားရှား မြင်သာလေလေပဲဖြစ်ပါတယ်။ ခေါင်းမြီးခြုံပြီး သိုသိုသိပ်သိပ်တလမ်း၊ သိသိသာသာတဖုံ၊ ရောရောယောင်ယောင်တသွယ်၊ မလိမ့်တပတ် တနည်း၊ စော်စော်ကားကား တမျိုး ပြုချင်သလိုပြု နုချင်သလို နု နေတာ အထင်အရှားဖြစ်ပါ တယ်။

တရုတ်ဟာ ဘာလို့ မြန်မာနိုင်ငံကို ဘက်ပေါင်းစုံက ထဲထဲဝင်ဝင် ချယ်လှယ်စိုးမိုးနိုင်ဖို့ အကွက်ကျကျ လုပ်နေသလဲ။ တွေးဆဖို့ လို ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော၊ လျှပ်စစ်လောင်စာဓါတ်ငွေ့၊ ကျောက်မြတ်ရတနာ၊ စတဲ့ သယံဇာတ တွေကြောင့်ပဲလား။ ဒါတွေတင်မက ပထ၀ီအနေအထားအရ အနောက်နိုင်ငံတွေနဲ့ အပြိုင်အဆိုင်ချယ်လှယ်မှုမှာ မြန်မာဟာ အနောက်နိုင်ငံတွေဖက်က ကြည့်ရင် တရုတ်ကို ထိုးဖေါက်မွှေနှောက် ဒိုးယိုပေါက် ထိန်းချုပ်နိုင်တဲ့ နယ်မြေဖြစ်နေလို့၊ မဟာဗျူဟာမြောက် နယ်မြေဖြစ်နေလို့လား ။ ကုန်သွယ်ကူးသန်းဖို့ အဆင်ပြေဆုံး ဒေသန္တရ ကြောင့်လား။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကို ဆက်သွယ်ပေးထားတဲ့ တခုတည်းသော နိုင်ငံဖြစ်လို့ လား။ ထိန်းချုပ်ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အားအပျော့ဆုံး နိုင်ငံဖြစ်လို့လား။ ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် “ပွဲလန့်ဖျာခင်း”  လုပ်ဖို့ အသင့်ဆုံး အခြေအနေကြောင့်လား။ ဒါတွေထဲက တချက်၊ ဒါမှမဟုတ် ဒီလိုအချက်အလက်တွေ အများအပြားကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကစားကွင်းထဲကို ရောက်နေပြီဆိုတာကိုတော့ မြန်မာနိုင်ငံသားတိုင်း သုံးသပ်နိုင်ကြပါတယ်။

ဒီလို တရုတ်က မတရားကြီးစိုးချယ်လှယ် ကိုလိုနီပြုနေတာကို စစ်တပ်က အာဏာပိုင်တွေက သိသိကြီးနဲ့ ခေါင်းငုံ့ခံနေသလားလို့ တွေးစရာရှိပါတယ်။ အမျိုးကိုချစ်လို့ စွန့်လွှတ်အနစ်နာခံပါတယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သားအားလုံးက တညီတညွတ်တည်း တရုတ်ကို အဖေ ခေါ်ဖို့တော့ သဘောတူညီကြလိမ့်မယ် မထင်ဘူး။ အနောက်နိုင်ငံတွေကို အံတုဖို့ပဲဖြစ်ဖြစ်၊ အနီးကပ်ဆုံး အင်အားကြီးနိုင်ငံကို ခိုလှုံချင်လို့ပဲဖြစ်ဖြစ်၊ တရုတ်ပေးစာကမ်းစာကို ယူထားမိ လက်လွန်ထားမိလို့ပဲဖြစ်ဖြစ် အခြေအနေ အကြောင်းအရပ် တွေကြောင့် လက်ခံသူတွေက လက်ခံနေရင်တောင် လက်မခံနိုင်သူတွေကတော့ တပ်မတော်ထဲမှာ အများအပြားရှိနေမှာပါပဲ။ အာဏာပိုင်နဲ့ ဆက်နွယ်နေတဲ့ တပ်မတော်သားတွေတောင်မကျေနပ်ရင် တချိန်လုံး ပြုသမျှနုခံ၊ ခေါင်းငုံ့ခံနေရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုသဘော ထားရှိလိမ့်မယ်ဆိုတာတော့ပြောစရာတောင် မလိုဘူးထင်ပါရဲ့။
ဘာကြောင့်ပဲဖြစ်ဖြစ် တရုတ်ကျူးကျော်မှု မတရား စော်ကား ချယ်လှယ်ကြီးစိုးမှုတွေဟာ “လူတွင်ပါမှ ကျွှဲခိုး ” ဆိုသလို အုပ်ချုပ်သူ အာဏာပိုင်တွေမှာ အဓိက တာဝန်ရှိနေပါတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာဟာ မကြာခင် ကြီးမားတဲ့ ပြသနာ ဖြစ်လာတော့မှာပါ။

တရုတ်ဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ အုပ်ချုပ်သူတွေဖက်က ကူညီသယောင်ယောင်နဲ့ “သြဇာ” “ပါဝါ” ရအောင် တစိုက်မတ်မတ် အမြတ်ထုတ်ခဲ့ပါတယ်။ တရုတ် လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်သမျှကို မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါတယ်။ အခုလို ပွင့်လင်းမြင်သာတဲ့ အခြေအနေလေး အနည်းငယ် ရှိလာတာနဲ့ ထင်ထင်ရှားရှားဖြစ်လာတဲ့ ဧရာဝတီပြသနာ ရဲ့ နောက်ကွယ်မှာ တရုတ်ရှိနေတာ အထင်အရှားပေါ်လာပါတယ်။

တခြားချယ်လှယ် သွေးစုတ်မှုတွေကို ခဏထားဦး။ ဧရာဝတီကိစ္စတခုတည်းမှာ အခြေခံ စဉ်းစားကြည့်ရင် ….. မြန်မာနိုင်ငံမှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ဘူးလို့ မြန်မာနိုင်ငံက လျှပ်စစ်ဝန်ကြီးက ဆိုခဲ့ပါ တယ်။ ဒါဆိုရင် သဘာဝပတ်ဝန်းကျင်ကို ပြောပလောက်အောင် မထိခိုက်ရင် တရုတ်ဟာ ဘာလို့ သူ့နိုင်ငံထဲမှာ မဆောက်ပဲ မြန်မာနိုင်ငံထဲမှာ ခက်ခက်ခဲခဲ လာရောက်လုပ်ကိုင်ရသလဲ လို့ ပြန်မေးစရာရှိပါတယ်။ (ရောင်းလို့ဝယ်တာ။ ၀ယ်သူမှာ အပြစ်မရှိ၊) လို့ ဆိုပြီး ပြသနာဖြစ်ခဲ့ရင် တရုတ်က ရှောင်ထွက်ဖို့ ရှိပါတယ်။ အရောင်းအ၀ယ်သဘောမှာ.. ပိုင်ရှင်က ကျေနပ်လို့ရောင်းရင် ၀ယ်သူမှာ အပြစ်မရှိဘူး ဆိုနိုင်ပေမယ့် ပိုင်ရှင်က မကြည်ဖြူ သဘောမတူပဲ “ခိုး”ရောင်းတာကို ၀ယ်ရင် “သူခိုးလက်ခံ” ဖြစ်ပါတယ်။ ပိုင်ရှင်ဆီက အတင်းလုယက်ပြီး ရောင်းရင် “ဓါးပြအားပေး အလိုတူအလိုပါ” ဖြစ်ပါတယ်။ ဥပဒေသဘောအရ အပြစ်ရှိပါတယ်။ ဒီလိုဖြေရှင်းနိုင်ဖို့ ပိုင်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသား တွေက တညီတညွတ်တည်း သဘောမတူကြောင်း၊ လက်မခံကြောင်း ထင်ထင်ရှားရှား ပီပီပြင်ပြင် ဆောင်ရွတ် ပြသ နိုင်ဖို့တော့  လိုပါတယ်။

တရုတ်မတရားတာသိပေမယ့် ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကို မြန်မာနိုင်ငံသားတိုင်း တွေးချိန် ဆောင်ရွက်ဖို့ လိုလာပါတယ်။ တရုတ်မတရားမှုကို ဘာလို့ မသိကျိုးကျွန်ပြုနေကြတာလဲ၊ တရုတ်ကို ဘာလို့ မဆန့်ကျင် ကြတာလဲလို့ မေးမြန်းသံတွေ လည်း  ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ဒါမျိုး ဆန့်ကျင်ဖို့ အခြေအနေအပေးဆုံး အဆင်ပြေဆုံးဖြစ်တဲ့ ပြည်ပရောက် မြန်မာတွေ ဘာလုပ်နေသလဲ လို့လည်း မေးမြန်းနေကြပါပြီ။တရုတ်ကို ကန့်ကွက်ဆန္ဒပြမယ်ဆိုရင် အကျိုးကျေးဇူးရှိပါတယ်။ တခြားအရေးကြီးတာတွေ ခဏထားဦး။ အနည်းဆုံးတော့ မြန်မာနိုင်ငံမှာ တရုတ်ချယ်လှယ်မှုကို ကမ္ဘာက ပိုပြီး ထင်ထင်ရှား ရှား ရှိလာမှာဖြစ်ပါတယ်။ တရုတ်ကို ဆန့်ကျင်တာဆိုပေမယ့် တရုတ်လူမျိုးကို ဆန့်ကျင်တာမဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ မတရားတဲ့ ပေါ်လစီကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးကို သိက္ခာကျစေ တဲ့ တရုတ်အစိုးရပေါ်လစီကို မကျေနပ်တဲ့ တရုတ်လူမျိုးတွေ ကိုယ်တိုင်က ပူးပေါင်းဆန့်ကျင်လာဖို့ရှိပါတယ်။ အာဏာရှင် စနစ်ကို မလိုလားသူတွေ ထောက်ခံလာဖွယ်ရှိပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ခံလာဖွယ်ရှိပါတယ်။ အနောက်နိုင်ငံတွေလည်း အားပေးလာဖွယ်ရှိပါတယ်။

မှန်ပါတယ်။ တရုတ်ကို ဆန့်ကျင်ဆန္ဒပြသင့်ပါတယ်။ ဒါပေမယ့် တရုတ်သံရုံးတွေရှေ့ ကို တကမ္ဘာလုံးမှာ ရောက်ရှိနေတဲ့ မြန်မာတွေ တညီတညွတ်တည်း ၀ိုင်းပန်းဆန္ဒပြရုံနဲ့ တရုတ်က နောက်ဆုတ်မယ်မထင်ဘူး။ မသိကျိုးကျွှန်ပြုနိုင်ပါတယ်။ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြရုံသာမက တရုတ်သံရုံးတွေကို ကန့်ကွက်စာလည်းပို့နိုင်ပါတယ်။ ဒါပေမယ့် တရုတ်က “ရှဲ့ရှဲ့နီ” ဆိုပြီး လက်ခံထားပြီး အမှိုက်ပုံးထဲ မပစ်လိုက်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

            ဒီတော့ တရုတ်ကို ဆန့်ကျင် ဆန္ဒပြကန့်ကွက်မယ်ဆိုရင် အရေးတကြီး စနစ်တကျ ပြင်ဆင်ရမှာတွေရှိပါတယ်။ ကြီးမားတဲ့ အန္တရာယ်ဖြစ်တာကြောင့် အကွက်ကျကျ ထိရောက်အောင် လုပ်ဖို့လိုပါတယ်။

ဒါတွေဖြစ်လာဖို့ …………
(၁) အချက်အလက်ခိုင်ခိုင်မာမာ ပြည့်ပြည့်စုံစုံ ရှိဖို့လိုပါတယ်။ (ဖြစ်နိုင်ရင် စာတစောင်ပေတဖွဲ့ ဓါတ်ပုံဗွီဒီယို မှတ်တမ်းစုံစုံလင်လင်ပေါ့)
(၂) ပြည်ပက တရုတ်သံရုံးတွေအားလုံးအပြင် တရုတ်အစိုးရ၊ မြန်မာအစိုးရ၊ အာဆီယံ၊ ဥရောပ၊ အမေရိကန် ၊ ကုလ စတဲ့ နိုင်ငံတကာ အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကိုလည်း တရုတ်မတရားမှု အချက်အလက် သက်သေအထောက်အထားတွေကို  ပူးတွဲပေးပို့ဖို့ လိုပါတယ်။
(၃) ပြည်ပရောက် မြန်မာတွေ နေ့ရက်တူ တပြိုင်တည်း နီးစပ်ရာ တရုတ်သံရုံးတွေရှေ့ ဆန္ဒပြကန့်ကွက်ဖို့ လိုပါတယ်။
(၄) ပြည်တွင်းက အခြေအနေပေးသလောက် မြန်မာအာဏာပိုင်တွေ အပါအ၀င် တရုတ်၊ ကုလ ၊ စတဲ့ အဖွဲ့အစည်း တွေကို ကန့်ကွက်စာပေးပို့သင့်ပါတယ်။
(၅) ရလာမယ့် အခြေအနေပေါ်မူတည်ပြီး ဒါဟာ အမျိုးသားရေးဖြစ်ကြောင်း လူထုကို ကျယ်ကျယ်ပျံ့ပျံ့ လှုံ့ဆော်ဖို့ လိုပါတယ်။
            ဒီလို စနစ်တကျ အကွက်ကျကျ ဆောင်ရွက်မှာသာ ထိထိရောက်ရောက် ဖြစ်လာမှာပါ။ ဒီလိုဖြစ်ဖို့ အရေးအကြီးဆုံးက အချက်အလက်ဖြစ်ပါတယ်။ အချက်အလက် ခိုင်ခိုင်လုံလုံ မရှိပဲ ကန့်ကွက်စာပို့ရင် ထိရောက်မှု အားနည်းပါတယ်။
(က) အချက်အလက်တွေစုဆောင်းရပါမယ်..။ အချက်အလက်တွေ ရနိုင်သမျှ ၀ိုင်းဝန်း စုစည်းပေးဖို့လိုပါတယ်။ အင်္ဂလိပ်မြန်မာ ဘာသာတွေနဲ့ ပုံနှိပ်ထုတ်ဝေ သင့်ပါတယ်။
(ခ) စနစ်တကျ ၀ိုင်းဝန်းဆွေးနွေး စီစဉ်ရပါမယ်။ ပေါ်ပြူလာလမ်းမလိုက်ပဲ “ကိုယ့်အဖွဲ့က စလုပ်တာ” ဆိုတာမျိုး မဟုတ်ပဲ ပူးပေါင်း ဆောင်ရွက် ပါဝင်နိုင်ဖို့ စီစဉ်သင့်ပါတယ်။
(ဂ) ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်ဖို့ လိုပါတယ်။
(ဃ) နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး သင့်တော်မယ့် အချိန်ကို ရွေးချယ်ဆောင်ရွက်ဖို့ လိုပါတယ်။  (ဥပမာ.. တရုတ်ပြသနာ ဖြေရှင်းမှု ဟာ ဧရာဝတီပြသနာဖြေရှင်းမှုနဲ့ အညမည ဖြစ်သင့်ပါတယ်။ တခုဆောင်ရွက်လို့ တခုအရှိန့်လျော့သွားမှာ တိမ်မြုပ်သွားမှာမျိုး မဖြစ်အောင်ပေါ့)

            ဘာပဲဖြစ်ဖြစ် တရုတ်ဟာ မြန်မာနိုင်ငံအပေါ် ဂုတ်သွေးစုတ် ချယ်လှယ် စိုးမိုး ကိုလိုနီပြု ကျူးကျော် အနိုင်ကျင့်တာတွေ များလာပါပြီ။ ဒီအတိုင်း မသိကျိုးကျွန်ပြုနေရင်တော့ တရုတ်ကျွန်ပြုတာ ခံရမယ့်ကိန်းဖြစ်နေပါပြီ။ အမျိုးသားရေးပြသနာဖြစ်ပါတယ်။ တိုင်းပြည်ချစ်သူတိုင်း တပ်မတော်သားရော၊ လယ်သမား အလုပ်သမားရော၊ စီးပွားရေးသမား နိုင်ငံရေးသမားရော ၊ ဘေးထိုင်ဘုပြော ၊  အာဏာပိုင်ရော အာဏာမဲ့ ရော အားလုံး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာက တာဝန်တရပ်ဖြစ်ပါတယ်။
            တခုတော့ရှိတယ်…။ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် စနစ်တကျ ၀ိုင်းဝန်းပြင်ဆင်ဖို့တော့ လိုသပေါ့ဗျာ..။

ဦးရွှေမန်းနှင့် ခရိုနီများကိုယ်ရေး သံရုံးမှ မှတ်တမ်းတင်
**************************************
ကိုဝိုင်း | သောကြာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၁
Read MORE...  http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html
ချင်းမိုင် (မဇ္ဈိမ)။   ။ လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အစိုးရထိပ်တန်း ခရိုနီများ၏ ကိုယ်ရေးအချက်လက်များကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက စောင့်ကြည့်စုဆောင်းထားကြောင်း ဝီကီလိခ်မှ ၂၀၁၁ သြဂုတ်လတွင် ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေးနန်းများက ဖော်ပြနေသည်။

ခရိုနီများအကြား၌လည်း ထိပ်တန်းဗိုလ်ချုပ်များထံမှ ပါမစ်များ ရရှိရန် ပြိုင်ဆိုင်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ လေ့လာသုံးသပ်သူများ၊ ထိပ်သီးစီးပွားရေး သတင်းပေးများထံမှ သိရှိချက်ကို ဝါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂၀၀၇ ခုနှစ် ကြေးနန်းများ၌ပါရှိသည်။

အမေရိကန်သံရုံး၏ ၂၀၀၇ ခု မတ် ၁၆ ရက် ကြေးနန်းတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြုတ်ကျပြီးနောက် နောက်ပိုင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဦးဆောင်ကဏ္ဍတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ “ဒါပေမယ့် သူလည်း ခရိုနီတွေနဲ့ စီးပွားရေး လုပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေမှာ ပါတာပဲ” ဟုလည်း ကြေးနန်းက ဆိုသည်။ သို့သော်လည်း အမည်မဖော်သော သတင်းရပ်ကွက်များကို ကိုးကားပြီး "ပြုပြင်ပြောင်းလဲရေးသမားတဦး" ဟု ညွှန်းဆိုထားပြီး မြန်မာကိုနိုင်ငံတကာနှင့် ဆက်ဆံလာအောင် ဖွင့်ပေးလိမ့်မည်ဟုလည်း ပါရှိသည်။

“သူရ” ဘွဲ့တံဆိပ်ရခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် မာနယ်ပလော စခန်းကို ၁၉၈၉ ခုက တိုက်ခဲ့စဉ် “တခြား စစ်ဆင်ရေးမှူးတွေလိုပဲ သူလည်း ကရင် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်တုန်းက ကလေးနဲ့ အမျိုးသမီးတွေပါမကျန် အရပ်သားတွေကို အထမ်းသမားတွေအဖြစ် အဓမ္မ ခိုင်းစေခဲ့တယ်” ဟု သိရှိချက်ကို ဖော်ပြထားသည်။

ပဲခူးတိုင်း ကညွတ်ကွင်းမြို့၌ ၁၉၄၇ ခုတွင် မွေးဖွားပြီး အသက် ၂၂ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင်  ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၁ ဆင်းသူဖြစ်ပြီး ၁၉၈၈ ခုတွင် ဗိုလ်မှူးကြီးအဆင့်ရာထူး တိုးခံရသည်။

၁၉၉၇ နိုဝင်ဘာတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ ကို အသစ်ဖွဲ့စည်းရာ အနောက်တောင်တိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် နအဖ ကောင်စီဝင် ဖြစ်လာသည်။ ၂၀၀၃ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်ကြီးသူရရွှေမန်းအဖြစ် ကြည်းရေလေ ညှိနှိုင်း ရေးမှူးရာထူးကို ရရှိသည်။

သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးယုံကြည်ခံရသူဖြစ်ပြီး “၂၀၀၃ ခု ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးတုန်းက သူရရွှေမန်းရဲ့ အမိန့်ကို နာခံသွားဖို့ အောက်ခြေအရာရှိတွေကို ညွှန်ကြားခဲ့တယ်” ဟု သတင်းရပ်ကွက်အချို့ကပြောသည်ဟု ကြေးနန်း တနေရာတွင်ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်နေသူ အသက် ၆၄ နှစ်အရွယ် သူရဦးရွှေမန်းသည် ဒဂုံ ဆောက်လုပ်ရေးကုမ္ပဏီ နှင့် ဒဂုံသစ်ထုတ်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ စာရင်းတွင်ပါရှိသူ ဥ�

No comments: