Friday 30 September 2011

ဒီလိုနဲ့ ငါးတစ်ကောင်ပြီးတစ်ကောင် ပစ်လွှတ်ပေးနိုင်ပါစေလို့ သမ္မကြီးကို ဦးတည်ဆန္ဒပြုပါတယ်


Saturday, October 1, 2011 at 8:31am
 
လူတစ်ယောက်  ရေကျချိန် ပင်လယ်ကမ်းစပ်မှာ  တင်ကျန်ခဲ့တဲ့ 
ကြယ်ငါးလေးတွေကို ကောက်ပြီးရေထဲ ပြန်ပစ်ချပေးနေပါတယ်။
အဲဒီမှာ တစ်ယောက်က လာမေးတယ်။ "ဒီလောက်ရှည်တဲ့ကမ်းခြေက ဒီလောက်များတဲ့ငါးတွေကို အကုန်မကယ်နိုင်ပဲနဲ့ လုပ်နေလို့ ဘာထူးမှာလဲ"တဲ့။
ဒီတော့ သူက ရေထဲပစ်အံ့ဆဲဆဲ ငါးကိုပြရင်း "ထူးမထူးတော့ မသိဘူး၊
ဟောဒီငါးလေးကတော့ ထူးသွားပြီ"  ဆိုပြီးပင်လယ်ထဲပစ်ချလိုက်ပါတယ်။

ဆိုချင်တာက အကုန်လုံးကို မလုပ်ပေးနိုင်သေးခင်မှာ တစ်ခုသည်လည်း
တစ်ခုအလျောက် အကျိုးဖြစ်ထွန်းမှုရှိတယ်လို့ ဆိုချင်တာပါ။
လုပ်ချင်စိတ်နဲ့ စေတနာပါဖို့ပဲလိုပါတယ်။
လက်ရှိ မြန်မာ့အရေးမှာ
သေလုမျောပါးဖြစ်နေတဲ့ ငါးတွေလို လိုအပ်နေကြတဲ့အချိန်မှာ လုပ်ပေးတဲ့
တစ်ခုတည်းသော အရာဟာလည်း တန်ဖိုးရှိပါတယ်။ အကျိုးပြုပါတယ်။
လွတ်တော်ထဲကနေ ပြည်သူတွေဆီ ပစ်သာ ပစ်လွှတ်ပေးလိုက်ပါ။

ဒီလိုနဲ့ ငါးတစ်ကောင်ပြီးတစ်ကောင် ပစ်လွှတ်ပေးနိုင်ပါစေလို့
သမ္မကြီးကို ဦးတည်ဆန္ဒပြုပါတယ်။

မုတ်သုံမိုးဦး

No comments: