Saturday 3 September 2011

"ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်"

"ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်"

ဘယ်နေရာ ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ်။

မနက်လင်း
ယာခင်းထွက်မလား...။

ကန်သင်းထက်
ဟင်းရွက်ခူးမလား...။

ကန်သင်းကွေ့


ထင်းတစ်ပွေ့ကောက်မလား...။

ထနောင်းရိပ်
ချောင်းထိပ်က စေတီကိုဖူးမလား ...။

မဂျီး (မန်ကျည်း) ရိပ်
ပုတီးစိပ်မလား ...။

တစ်အိမ်ဝင်တစ်အိမ်ထွက်
လက်ဖက်ဝါးမလား...
ထညက် (ထန်းလျက်) စားမလား...။

ကွမ်းတစ်ယာနဲ့
လွမ်းစရာကိုပဲ ပြောမလား...။

တေးတစ်လိပ်နဲ့
ရှေးအတိတ်ကိုပဲ ပြောမလား...။

ကိုယ့်တော ကိုယ့်ရွာ
ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ...။

ဒါကြောင့်မို့
ဘယ်နေရာ
ဘယ်ပေါတယ်ပြောပြော
အမေတော့.. ကိုယ့်တောမှာပဲ. ကိုယ်ပျော်တယ်..။



မောင်လင်းကြည်

No comments: