Monday 2 January 2012

'' ပြောရဲ လုပ်ရဲ ကတိပေးရဲတဲ့ ဒီမိုကရေစီအစိုးရလား ''

Melven Than

မြစ်ဆုံအရေးတုန်းက ဦးသိန်းစိန်က တရုတ်အစိုးရကိုပြောခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက
ဒီမိုကရေစီနိင်ငံမို့လို့ ပြည်သူတွေမလိုလားတာကို လုပ်လို့မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့တယ်တဲ့။

ဒီစကားကိုအမှီပြုပြီးပြောရရင် ဦးသိန်းစိန်အစိုးရဟာ အမြဲတန်း အဲဒီလိုကျင့်သုံးသင့်တယ်
မဟုတ်လား။ ဘာပဲလုပ်လုပ် ပြည်သူ့သဘောထားတွေဖြစ်နေသင့်တယ်။ အပြောတမျိုး အလုပ်
တမျိုးတွေလုပ်နေလို့ကတော့ ဘယ်တော့မှ လူထုယုံကြည်မှုကို ရနိုင်မှာမဟုတ်ဘူး။

လူထု ယုံကြည်မှုမရှိတဲ့ အစိုးရဖြစ်နေသရွေ့ တိုင်းပြည်အေးချမ်းသာယာဖို့၊ တိုးတက်ကောင်းမွန်
လာဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အစိုးရတစ်ရပ်ကောင်းစားရေးပဲ ဖြစ်ပါလိမ့်မယ်။ ကြွေးကြော်
သံအတိုင်း Clean Government, Good Government ဖြစ်အောင် အတ္တ နှင့် အာဏာကို
ခ၀ါချပစ်ဖို့လိုမယ်။

အခုတလော ပြောနေဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဟာ ဟိုလိုလို ဒီလိုလို
ဖြစ်နေပြန်တယ်။ မပွင့်လင်းရဲကြဘူး။ မြင်သာအောင်မလုပ်ပြနိုင်ကြဘူး။ ဒါကိုကြည့်ခြင်းအားဖြင့်
မပြတ်မသား မတည်ကြည်ရဲတဲ့ အစိုးရဆိုတာ လုံးဝထင်ရှားစေတယ်။

အဲဒါကို ပြည်သူ့အစိုးရလို့ ခေါ်နိုင်မလား။ ဒီမိုကရေစီလို့ ကင်ပွန်းတပ်နိုင်မလား။ ဦးသိန်းစိန်အစိုးရ အမြန်ဆုံးသန့်ရှင်းပါ။ အမြန်ဆုံးကောင်းပါ။ ပြီးတော့ ပြောရဲ လုပ်ရဲ ကတိပေး ရဲတဲ့ ဒီမိုကရေစီအစိုးရလား ဆိုတာ မိမိကိုယ်ကို ပြန်မေးစမ်းပါ။
·

No comments: