Friday 13 January 2012

နှစ်သစ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပုံရိပ်များ

၁၃. ၀၁. ၂၀၁၂နေ့၏လွတ်ငြိမ်းချမ်းသာခွင့် အရအကျဉ်းသား ၆၅၁ဦးလွတ်မြောက်လာခဲ့သည်။





၁၃. ၀၁. ၂၀၁၂နေ့၏လွတ်ငြိမ်းချမ်းသာခွင့် အရအကျဉ်းသား ၆၅၁ဦးလွတ်မြောက်လာခဲ့သည်။

လူတိုင်းမျှော်လင့်နေကြသည့်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င်နိုင်ငံရေးအကျဉ်းသား
၅၉၁ ဦးပါဝင်ခဲ့သည်။ ကျန်သည့် ၆၀မှာစစ်ထောက်လှမ်းရေးဟောင်းများနှင့် အခွန်ဌာနမှဟု
သိရှိရသည်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် သည်လည်းနေအိမ်အကျယ်ချုပ်မှ လွတ်
လာခဲ့သည်။ဦးနေ၀င်း၏မြေးများပင် လွတ်မြောက်လာသည်ဟု သတင်းကြားရသော်လည်း သေချာ
ခြင်းရှိမရှိအတည်မပြုနိုင်သေးဟုသိရသည်။

မည်သို့ပင်ဆိုစေ တစ်ကမ္ဘလုံးက ကံမကောင်းသည့်ဂဏန်းဟုပြောကြသော ၁၃ ဂဏန်း ၁၃ ရက်နေ့
သည် မြန်မာပြည်၏ ကံကောင်းရုံတင်မက မင်္ဂလာရှိလှသောနေ့တစ်နေ့ပင် ဖြစ်သွားခဲ့သည်ဟု
ဆိုရပေမည်။

No comments: