Wednesday 25 January 2012

အသက်ကလေးရယ်တဲ့ ရှည်စေလို ဟာသရိပ်ခို (၂)

by Melven Than on Wednesday, January 25, 2012 at 8:33pm


တော်တော်ညံ့တာပဲ


ဗိုလ်ချုပ်မှုးကြီးတရုတ်တိင်ငံသို့ အလည်အပတ်သွားရာ တရုတ်ဂုဏ်ပြုတပ်ဖွဲ့မှ
အမြောက်ပစ်ဖောက်ကြိုဆိုသည်။ ပထမတစ်ကြိမ်ဖောက်ပြီးနောက်တစ်ကြိမ်
ပစ်ဖောက်ရာတွင် လူအုပ်ကြီးထဲမှကြိုဆိုနေသည့် အဖွားအိုတစ်ယောက်မှ ဘေးကလူတစ်ဦးကို
''ဘာဖြစ်လို့အမြောက်ပစ်တာလဲ ''ဟုမေးရာ
''မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးလာလို့လေ ''ဆိုတော့ အဖွားအိုက
''ဘာလဲတစ်ချက်တည်းနဲ့မှန်အောင်မပစ်နိုင်လို့လား'' ။


မကြောက်ပါဘူး

ငရဲမင်းကြီးက ငရဲသားတွေကို ပြောတယ်။
''မိန်းမကြောက်တဲ့လူတွေ ဟိုဘက်မှာသွားတတ်းစီကြ''
ဆိုတော့ အများအပြားသွားတန်းစီကြတယ် ။ တစ်ယောက်ကျန်ခဲ့တယ်။

''ဟေ့ကောင် မင်းကမိန်းမမကြောက်လို့လား ''ငရဲမင်းကမေးတော့
''မဟုတ်ပါဘူး သူများလုပ်တိုင်းလိုက်မလုပ်ဖို့ မိန်းမကမှာထားလို့ပါ'' ။


ပြည်သူ့သဘောထား

ရန်ကုန်ကဆောက်လက်စ အဆောက်အဦးတစ်ခုပေါ်က အုတ်ခဲတစ်လုံး လမ်းသွားတစ်ယောက်အပေါ်သို့ တည့်တည့်ကျလာသည်။ ဒဏ်ရာကြင်း၍ပွဲချင်းပြီး
သေဆုံးသွားသည်။ လူအုပ်ကြီးဝိုင်းလာကာ တစ်ယောက်တစ်ပေါက် မကျေမနပ်ပြောကြသည်။
''လမ်းတောင်လွတ်လွတ်လပ်လပ်လျှောက်လို့မရတော့ဘူး''
''တာဝန်ရှိသူတွေဒီတိုင်းကြည့်နေတော့မှာလား''
''ပြည်သူတွေအတွက်လည်းစဥးစားကြပါဦး''
ထိုသို့ပြောဆိုနေစဉ် လူအုပ်ကြားမှလူတစ်ယောက်က
''သူ့ကိုကျွန်တော်ကောင်းကောင်းသိတယ်ဗျ''
လူအုပ်ကြီးမှာအသံပို၍ကျယ်ကျယ်လောင်လောင် ထွက်လာသည် ။
''အဲဒီကြံ့ဖွတ်တွေ လွန်ကိုလွန်လွန်းတယ် ဘယ်သွားသွားသူတို့ချည်းပဲ
အခုလည်းကြည့်လေ အုတ်ခဲတောင်လွတ်လွတ်လပ်လပ်ကျမယ့်နေရာ မရှိဘူး'' ။



သေချင်သေ မပေးဘူး


အပျိုကြီးမနှင်းမေတစ်ယောက် သူငယ်ချင်းရှိရာရွာသို့ အလည်သွားသည် ။
ညပိုင်းမအိပ်ခင် ခြေလက်ဆေးသည့်အကျင့်ကဖျောက်မရသည်မို့ နောက်ဘက်ရေတွင်းအသွားတွင်
ရေတွင်းထဲ ချော်လဲကျသည်။ အလန့်တကြားအော်လေတော့ အိမ်သားများပြေးထွက်လာကြသည်။
ရေတွင်းကသိပ်မမြင့်သဖြင့် လက်တကမ်းလှမ်းဆွဲ၍မိနိုင်သည် ။
တစ်ကောက်ပြီးတစ်ယောက် မေနှင်းအားဆွဲတင်ရန်ကြိုးစားကြသည် ။
''လက်ပေးလိုက် လက်ပေးလိုက် ''
သို့သော် မေနှင်းကားလက်မကမ်း။
သည်တိုင်းဆိုလျင် ရေတိမ်နစ်တော့မည် ။

ဘကြီးဖြိုးရောက်လာပြီး အခြေအနေကိုအကဲခတ်သည်။ ထို့နောက်အနီးအနားကလူတွေကို
လှမ်းပြောလိုက်သည် ။ ကဲအားလုံးဖယ် အားလုံးဖယ် ပြီးနောက် မေနှင်းအားတစ်စုံတစ်ရာ
လှမ်းပြောလိုက်သည်။
''ရော့ရော့ငါ့တူမ  ဘကြီးလက်ကိုယူလိုက် ဘကြီးလက်ကိုယူလိုက် ''ဟူ၏ ။


မှတ်ကရော


အရက်အလွန်သောက်သည့် ရဲသား ဂျိုနသန်ဟာ အလုပ်ချိန်ပြည်တိုင်း
လာရာလမ်းလေးအတိုင်းအိမ်ပြန်တတ်တယ် ။ တစ်နေ့တော့ လမ်းလေးကိုအဖြတ်မှာ
အသံတစ်ခုကြားရတယ်။
''ဟေ့ အရုးကြီး ..ငကြောင်ကြီး သောက်ပေါကြီး''
စကားအလွန်တတ်တဲ့ ကြက်တူရွေးတစ်ကောင်က လှမ်းဆဲတာကိုတွေ့ရတယ်။
ဂျိုနသန်လည်းသူ့ကိုပြောမှန်းသိတော့ စိတ်ဆိုးပြီး အိမ်ရှင်ကို ခေါ်တယ် ။
ဒဏ်ငွေ ၇၅ ရူဘယ်လ် ရိုက်လိုက်တယ် ။ ပြီးတော့ ရတဲ့ငွေကို ပျော်ပျော်ကြီးအရက်သောက်လိုက်တယ် ။
နောက်နေ့တွေမှာလည်း ကြက်တူရွေးက သူလာတိုင်း ပုံမှန်ဆဲတော့တယ်။
''ဂျိုနသန် သောက်ရူးကြီး ငပေါကြီး အရူးကြီး''
နံမည်ပါတယ်ပြီးဆဲလာတယ် ။ ဂျိုနသန်ကလည်း ပုံမှန် ဒဏ်ငွေ၇၅ ရူဘယ်လ်ရိုက်ပြန်တယ်။

နေ့စဉ်ဖြစ်လာတော့ ကြက်တူရွေးပိုင်ရှင်လည်း ဒဏ်ငွေနေ့စဉ်မဆောင်နိုင်တော့တာမို့
ဘုရားကျောင်းကကြက်တူရွေးနဲ့ လဲလိုက်တယ် ။
ညနေကျတော့ ဂျိုနသန်လမ်းထဲဝင်လာတော့ကြက်တူရွေးကိုတွေ့နေရပေမယ့် ဆဲသံမကြားရတော့ဘူး။
အရက်ဖိုးကလည်းလိုနေတာမို့ လှမ်းသတိပေးလိုက်တယ် ။
''ဟေ့ကြက်တူရွေးစုတ် ငါလေကွာ ဆဲတော့လေ ငါဂျိုနသန် သောက်ရူးလေကွာ
ငပေါလေကွာ ဂျိုနသန်အရူးကြီလေကွာ
အရက်သမားလူမိုက်ကြီးလေကွာ''
ဒီချိန်မှာငြိမ်ပြီးနားထောင်နေတဲ့ကြက်တူရွေးက
ချစ်သား အခုမှနောင်တရနေလို့ အပိုပဲ ကိုယ့်ကိုကိုယ်သိရင် ပြင်ယူပေါ့''




မီးသတ်ဘယ်မှာလဲ


ရဲသားလေး ပီတာဟာ ညဆယ့်နှစ်နာရီမှာ တာဝန်ပြီးလို့ အိမ်ပြန်လာတယ် ။
မှောင်နေတာမို့ အင်္ကျီချွတ်ပြီး ခန်းမှန်းခြေနဲ့ ချိတ်မှာချိတ်လိုက်တယ်။
''မိန်းမရေ ကိုယ်ပြန်လာပြီ''
မိန်းမလုပ်သူက''ယောက်ျားရေ ဗိုက်ဆာလို့လမ်းထိပ်ဆိုင်မှာစားစရာတစ်ခုခု သွားဝယ်ပေးစမ်းပါ''
ဆိုရာ ရဲသားလေးလည်း ချိတ်ပေါ်ကအင်္ကျီကို ဆွဲဝတ်ပြီး အပြင်ပြန်ထွက်လိုက်တယ် ။
လမ်းမှာအိမ်နီးချင်းတစ်ယောက်က
''ခင်ဗျား ရဲသားလေးပီတာ မဟုတ်ဘူးလား''
''ဟုတ်ပါတယ် ''ရဲသားလေးဖြေအပြီးမှာ အိမ်နီးချင်းပြန်ပြောလိုက်တာကတော့
''ရဲသားဆိုရင် ဘာလို့ မီးသတ်အင်္ကျီဝတ်ထားရတာလဲ ''တဲ့။


သိပ်မမူးသေးဘူး


အမူးကမားတစ်ယောက် တံခါးလာခေါက်တော့ အဖွားအိုက တံခါးဖွင့်ပေးရင်းမေးတယ် ။
''ဘာကိစ္စရှိလဲကွဲ့''
''မစ္စတာဘရောင်းနေတဲ့အိမ်ကို သိပါသလားခင်ဗျား ''အမူးသမားကမေးတယ်
အဖွားအိုက
''ဟေ့ သူငယ် မင်းမစ္စတာဘရောင်းပဲလေ''
''ဟုတ်ပါတယ် သူဘယ်မှာနေလဲသိချင်လို့ပါ'' ။


အားလုံးအဆင်ပြေစေရမယ်
မူးနေသူတစ်ယောက်ကို ရဲသားကြီိးက စချင်စိတ်နဲ့ မေးတယ် ။
မူးမူးရူးရူးနှင့်လျှောက်သွားနေလို့ သတိပေးချင်တာလည်းပါတာပေါ့။

''အန်ကယ် ကျွန်တော်ဘယ်သူလဲသိလား'' ဆိုတော့ အမူးသမားကပြန်ပြောလိုက်တယ်..
''အေး မင်းအဖေအမေနာမည်ကိုပြောစမ်း မင်းဘယ်သူလဲဆိုတာငါပြောနိုင်တယ်
 ဒီမြို့မှာ ငါမသိတဲ့သူတစ်ယောက်မှမရှိဘူး အိမ်ထိလိုက်ပို့ပေးမယ် စိတ်ချ ''။


အဲဗျ


လှထုံနှင့်ကျော်ကွန့်သည် အလွန်ထုံအလွန်အသော ဇနီးမောင်နှံဖြစ်သည်။
လှထုံ ကိုယ်ဝန်နဲနဲရင့်လာသေညအခါ လှထုံက သူ့ယောက်ျား
ကျော်ကွန့်ကို ဗိုက်ထဲကကလေး ပျော်အောင် သီချင်းဆို၍ကပြခိုင်းသည်။ ကျော်ကွန့်က မကလိုကြောင်း
အကြိမ်ကြိမ်ငြင်းဆိုသောအခါ လှထုံစိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်ကား
''ကိုကျော်ကွန့် ရှင်ဟာလေ ဒီကလေးနဲ့ပတ်သက်လာရင် ဘယ်တော့မှ အလိုမလိုက်ဘူး
ဂရုလည်းမစိုက်ဘူး ဒါကြောင့် ကျွန်မစဉ်းစားကြည့်တယ် ဒီဗိုက်ထဲကကလေးဟာ
ရှင်နဲ့ရတဲ့ကလေးမှဟုတ်ပါလေစလို့''

melventhan(ဖတ်မှတ်ဖူးသမျှများထဲမှ typing ခြင်းဖြစ်ပါသည်)


No comments: