Tuesday 10 January 2012

ပေးချင်သောဆန္ဒမဲနှင့် သူ့အတွက်အလွမ်း



ရွေးကောက်ပွဲဆိုတာကို မြန်မာပြည်မှာကြုံဖူးခဲ့တာ ၁၉၉၀ ခုနှစ် ကလေးဘ၀တုန်းက
တစ်ကြိမ်တည်းကြုံဖူးခဲ့တယ်။ လူကြီးတွေပြောပြောနေတဲ့
ခမောက် ဆိုတာလောက်ပဲ
သိခဲ့ရတယ်။ အသက်ငယ်လို့ မဲမပေးခဲ့ရဘူး။


၂၀၁၀ ရွေးကောက်ပွဲကျတော့ အသက်ပြည့်ပေမယ့် လူက ပြည်ပရောက်နေပြီ။ မြန်မာပြည်မှာ
ရှိခဲ့ရင်လည်း မတရားတဲ့ရွေးကောက်ပွဲကို မဲပေးမိမှာမဟုတ်ဘူး။ မပေးမဖြစ်ပေးရမယ်

ဆိုရင်လည်း ဒီအစိုးရကို ပေးမိမှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ဒီတစ်ခေါက်တော့ NLD ၀င်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရင်ထဲက တကယ်နှစ်နှစ်
ကာကာပေးချင်တဲ့ အသည်းကြားက မဲတစ်ပြားကို ပေးဖူး ချင်တယ်။ ပေးချင်တယ်။ 
မဲပေးခွင့်ရချင်တယ်။ မဲပေးတယ်ဆိုတာ ဘာမှထူးဆန်းတဲ့အရာမဟုတ်ပါဘူးလို့ ယျေဘူ
ယပြောနိုင်ပေမယ့် အဲလိုမထူးဆန်းတဲ့ မဲပေးခွင့်လေးတောင်ရှိမနေခဲ့တဲ့နိုင်ငံမှာ နေရသူ
တစ်ယောက်အတွက် ဒါကိုတခုတ်တရတမ်းတမိတာ လွန်မယ်မထင်ပါဘူး။

ဒီလိုခံစားချက်လေးတွေရှိကြလိမ့်မယ် ထင်ပါတယ်။ တကယ်တော့ ကြေကွဲစရာကောင်း
ပါတယ်။ အသက်ကြီးတဲ့အထိ ကိုယ့်ခေါင်းဆောင်ကိုကိုယ်ရွေးခွင့် မရခဲ့နိုင်ကြတာဟာ

ရင်နာစရာပါ။ ပြီးတော့ ၁၉၈၈ တုန်းက တိုင်းပြည်ကနေ ထွက်ခွာခဲ့ရတဲ့ ၈၈ မျိုးဆက်တွေ
ရဲ့ရင်ထဲမှာရော ဘယ်လိုတွေရှိကြမလဲ။ ပြည်ပရောက်နေကြသူတွေရဲ့ရင်ထဲ ဘယ်လိုတွေ
ခံစားရလေမလဲ။ တစ်သက်လုံး မဲပေးခွင့်မရနိုင်တော့တဲ့ နိုင်ငံခြားမှာ အပြီးနေထိုင်သူတွေရဲ့
ရင်ထဲ ဘယ်ပုံဘယ်သို့ ထိခတ်လေမလဲ။

စိတ်မကောင်းခြင်းတွေနဲ့ အနည်းဆုံး သက်ပြင်းတွေချပြီး ညဉ်းတွားမိကြမှာ အမှန်ပါပဲ။
ရွေးကောက်ပွဲမရှိတဲ့နိုင်ငံတိုင်းဟာ အာဏာရှင်နိုင်ငံတွေချည်းပါပဲ။ ဒီလိုနိုင်ငံတွေမှာ နေရ
သူတွေရဲ့ အဖြစ်ဆိုးတွေထဲကတစ်ခုဟာ ဆန္ဒမဲလေးတစ်ခု ပေးချင်ရဲ့နဲ့ မပေးရတဲ့ ဆိုးရွားခြင်းဖြစ်
ပါလိမ့်မယ်။ ဒါလေးကိုလွမ်းမိကြကောင်း လွမ်းမိကြမယ် ထင်ပါတယ်။

ရင်ထဲကဆန္ဒမဲပေးခွင့်မရတဲ့ ရွေးကောက်ပွဲမရှိခြင်းဟာ လူထုရပိုင်ခွင့်တွေ၊ ဖြစ်ပိုင်ခွင့်တွေကို
ရိုက်ချိုးထားတာဖြစ်လေတော့ သမ္မတဖြစ်မယ့်အခွင့်အရေး၊ လွှတ်တော်အမတ်ဖြစ်မယ့်
အခွင့်အရေးတွေ ကိုယ်စီဆုံးရှုံးတယ်ဆိုရင် လွန်တယ်မပြောနိုင်မယ်မထင။် ဒီတော့ ဒါလေးကို
တမ်းတမိကြမှာပါပဲ။ အသည်းကြားက မဲတစ်ပြားကို ပေးချင်ကြမှာပါပဲ။

နောင်အနာဂတ်မှာ လွတ်လပ်တဲ့ ရိုးသားပွင့်လင်းတဲ့မဲတွေ ပေးနိုင်ကြပါစေလို့ ဆုတောင်း
ရင်း ပြန်မာပြည်သားတို့ရေ NLD ကိုမဲပေးကြပါစို့လို့ ဆော်သြလိုက်ချင်ပါတယ်။

မုတ်သုံမိုးဦး

No comments: