Saturday 7 January 2012

အပြန်အလှန်နားလည်နေဖို့ လိုအပ်ပါတယ်

လူမှုရေးကို သိပ်စိတ်ဝင်စားပါတယ်။ နေထိုင်ရာဝန်းကျင်တွေမှာ ဖြေရှင်းပေးခဲ့ရတာတွေလည်း
အများကြီးရှိခဲ့ပါတယ်။ အထိုက်အလျောက်အဆင်ပြေကြအောင်လည်း ကူညီခဲ့ပါတယ်။ အသွား
ရှိရင် အပြန်ရှိတယ်လို့ဆိုကြပေမယ့် အပြန်ကို မမျှော်လင့်ထားခဲ့ပါ။

သို့ပေမယ့် စေတနာကိုချေမွပျက်စီးစေတဲ့ အပြန်တွေလာတဲ့အခါမှာတော့ တကယ်စိတ်ပျက်စရာ ကောင်း ပါတယ်။မကူညီချင်နေပါ မနှေင့်ယှက်ပါနဲ့ ဆိုတဲ့စကားသိပ်မှန်ပါတယ်။ အဲလိုပဲ ကျေးဇူးမသိရင်နေပါ
ကျေးဇူးမကန်းကြပါနဲ့လို့ ကျေးစွပ်တတ်သူတွေကို ပြောချင်ပါတယ်။ ကျေးဇူးတရားအများစုဟာ
ပြန်ဆပ်ဖို့ မဟုတ်ပါဘူး။ နားလည်သိတတ်နေဖို့ပါ။ အပြန်အလှန် မေတ္တာထားတတ်နေဖို့ရယ်ပါ ။

''သင်သည် သိပ္ပံပညာကျွမ်းကျင်လျှင် သိပ္ပံပညာရှင် ဖြစ်နိုင်သလို မီးပြင်ခြင်းအားတစ်ဖက်ကမ်း
ကျွမ်းကျင်လျှင် မီးပြင်ဆရာဖြစ်နိုင်သည် ။ သို့သော် လူမှုရေး၌ သင်ဘယ်တော့မှ ဆရာတစ်ဆူဖြစ်
မည်မဟုတ်'' လို့ဆိုကြသလိုပါပဲ။ လူမှုရေးဟာ သိပ်ကိုသိမ်မွေ့ပြီး အလွန်တရာမှ အရိုင်းဆန်ပါတယ်။
လူမှုရေးလုပ်ရခြင်းဟာ စိတ်ပျက်စရာကောင်းတဲ့လူတွေရဲ့စရိုက်ကို ခွဲခြမးစိတ်ဖြာခြင်းမလုပ်ချင်ပဲ
လုပ်ရခြင်းနဲ့ သိပ်တူပါတယ်။ စိန်ကဲကျောက်ကဲခတ်ရသလိုပါပဲ။ နက်ရှိုင်းခက်ခဲ့လွန်းပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိမိအတွက် တစ်စုံတစ်ရာ အကျိုးပြူတတ်သူကို ပြစ်မှားပြစ်တင်မရှိမိကြစေချင်ပါ။
အကြေင်းရင်းသေသေချာချာမရှိပဲ ကျေးဇူးကန်းခြင်းမျိုးတွေ မလုပ်မိကြဖို့ သတိချပ်သင့်ကြပါတယ်။
အဲဒါမျိုးဟာ တစ်ဖက်လူကို အကြီးအကျယ် စိတ်ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ကြောင့် သူများအ
တွက်ကောက်ရိုးတစ်မျှင်ကိုပါ ထိခိုက်စေတတ်ပါတယ်။

အခုတလော အဲလိုတွေမကြာခဏကြုံနေရပါတယ်။ ထိခိုက်ကြေကွဲရပါတယ်။ တစ်ခါတစ်ရံ
စော်ကားလေခြင်းဆိုပြီး ယူကျုံးမရလည်းဖြစ်ရပါတယ်။ ဒါပေမယ့်လူမှုရေးအပေါ်စိတ်ဝင်စားမှု
မပျက်ပြယ်သွားခဲ့ပါဘူး။ ဆက်သွားနေဖြစ်ဦးမှာပါ။ လူတွေမှာမိမိကိုယ်ပိုင်တွေးခေါ်ယူတတ်တဲ့
စိတ်ကလေး ကိုယ်စီရှိနေစေချင်တယ်။

တစ်ကယ်တော့ မူမှန်စိတ်နဲ့ သိရှိနားလည်နေနိုင်ခြင်းဟာ အဖိုးအတန်ဆုံးလို့ ထင်မြင်ယူဆမိပါတယ်။

မုတ်သုံမိုးဦး

No comments: