Wednesday 27 July 2011

ဇူလိုင်လအတွင်း ကမ္ဘာတ၀ှမ်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်များ

by Melven Than on Wednesday, July 27, 2011 at 9:46pm

Tuesday, 26 July 2011
(၂၀၁၁)ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လထိ ပြင်းအား(၆.၀)မှ (၉.၀)အဆင့်ရှိသည့် ငလျင်ပေါင်း (၁၃၄)ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်သည်။ အကြိမ်အရေအတွက်သည် (၂၀၁၀)တစ်နှစ်လုံး၊ (၁၇၅)ကြိမ် လှုပ်ခတ်မှုနဲ့ နှိုင်းယှဉ်ပြီး အခုနှစ်ရဲ့ နှစ်ဝက်ကျော် ကာလအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်အရေအတွက်ထက် ပိုမိုများပြားနေကြောင်း သိရသည်။


ဇူလိုင်လ တစ်လတည်းမှာပင် အင်အားအသင့်အတင့် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကို ဇူလိုင်လ (၆)ရက်နေ့ နယူးဇီလန်နိုင်ငံ ကာမာဒက် ကျွန်းစုမှာ ပြင်းအား (၇.၆)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ (၁၀)ရက်နေ့ ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်း အရှေ့ဘက် ကမ်းရိုးတမ်းမှာ ရစ်ခ်ျတာစကေး (၇.၀)အဆင့်ရှိ ငလျင်သည် ယခုလ အင်အားအပြင်းဆုံး ငလျင်တွေ ဖြစ်ခဲ့ပြီး ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ မဖြစ်ပေါ်ခဲ့ပါ။

ဇူလိုင်လ (၅)ရက်နေ့ နယူးဇီလန်နိုင်ငံ နော့ထ်အိုင်းလဲန်မှာ ရစ်ခ်ျတာစကေး (၆.၅)အဆင့်ရှိ ငလျင်တစ်ခု နဲ့ ဇူလိုင်လ (၇)ရက်နေ့က နယူးဇီလန်နိုင်ငံ ကာမာဒက် ကျွန်းစုမှာ (၆.၀)ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ ဇူလိုင်လ (၁၁)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ နီဂရို့စ်မှာ ရစ်ခ်ျတာစကေး (၆.၄)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး (၁၅)ရက်နေ့မှာ ချီလီနိုင်ငံ ကာဒီနယ်လ်ကာရိုး ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ (၆.၀)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

ဇူလိုင်လ (၁၆)ရက်နေ့က အမေရိကန် အလာစကာပြည်နယ်မှာ ပြင်းအား ရစ်ခ်ျတာစကေး (၆.၁)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး၊ (၁၉)ရက်နေ့မှာလည်း အာရှတိုက် အလယ်ပိုင်းရှိ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ်္စတန်နဲ့ ကာဂစ်္စတန်နိုင်ငံကြားရှိ ဖာဂါနာ တောင်ကြားဒေသမှာ ပြင်းအား (၆.၁) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဇူလိုင်လ (၂၀)ရက်နေ့ ဆော်လမွန်ကျွန်းစုမှာ ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွားခဲ့သည်။ (၂၀၁၁)ခုနှစ်အတွင်း ဇွန်လနဲ့ နှိုင်းယှဉ်လျှင် ပြင်းအား ရစ်ခ်ျတာစကေး (၇.၀)အဆင့်ထက် ငလျင်လှုပ်ခတ်မှု (၄)ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီလထက် ဇူလိုင်လသည် ဒုတိယအများဆုံး လှုပ်ခတ်ခဲ့သည့် လတစ်လ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

source: internet, mrtv-4

No comments: