Tuesday 26 July 2011

ပို့ပြီးသား အီးမေးလ်ကို ဘယ်လိုပြန်ပြင်မလဲ

by Melven Than on Saturday, July 2, 2011 at 4:34am

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိတယ်။ ‘ကြမ်းကျွံရင် နုတ်လို့ရတယ်၊ စကားကျွံရင် နုတ်လို့မရဘူး’ဆိုတဲ့ စကားပုံပါ။ ဒီလိုပါပဲ အီးမေးလ်တွေကို သုံးကြတဲ့အခါ ကိုယ့်ဆီကထွက်ပြီးသား အီးမေးလ်ကို ပြန်ယူပြီး စိတ်ကြိုက်ပြန်ယူပြီ မရပါဘူး။
ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးကို ပြန်ခေါ်ပြီး ပြင်ဆင်နိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်းတီးပေးထားပါတယ်။ ဒါကတော့ ဂျီးမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကို ငါးစက္ကန့်အတွင်းမှာ Undo လုပ်ပြီး ပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။

သင့်ဂျီးမေးလ်မှာ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုနိုင်ဖို့အတွက် သင့်ဂျီးမေးလ်လိပ်စာရဲ့ ညာဘက်အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီးရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable ရွေးလိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့ အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆို့တဲ့လင့်ခ်လေးတစ်ခုပါပါတယ်။ သင့်အနေနဲ့ခုနက ပို့လိုက်တဲ့ အီးမေလ်ကိုပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီ Undo လင့်ခ်ကို နှိပ်လိုက်ရုံပါပဲ။ တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲ အချိန်ရတယ်ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်မှာပြန်ပြင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီး ငါးစက္ကန့်အတွင်း Undo ပြန်နှိပ်လို့ ပြန်ပြင်လိုက်ပါ။
ကျော်ဇင်ထွန်း

No comments: