Tuesday 26 July 2011

အမျိုးသားကြိုက် 3D ရုပ်ရှင်အား စင်္ကာပူတွင် ဆင်ဆာ ဖြတ်တောက်မှု မရှိဘဲ ပြသမည်

by Melven Than on Wednesday, June 29, 2011 at 7:03am

 စင်္ကာပူ။ ။ ဟောင်ကောင် လူကြီးကြိုက် 3D ရုပ်ရှင် တစ်ကားဖြစ်သည့် 3D Sex and Zen ဇာတ်ကားကို နိုင်ငံတကာ တင်ဆက်မှု ပုံစံဖြင့် စင်္ကာပူနိုင်ငံတွင် ဆင်ဆာ ဖြတ်တောက်မှု မပြုလုပ်ဘဲ ပြသသွားမည် ဖြစ်ကာ စင်္ကာပူ ရုပ်ရှင်ဆင်ဆာ ဘုတ်အဖွဲ့ (BFC) ၏ သတ်မှတ်ချက် ဖြစ်သည့် အသက် ၂၁ နှစ်အောက် မကြည့်ရ ဆိုသည့် သတ်မှတ်ချက်မှအပ ကျန်သည့် အချက်များကို ဖြတ်တောက်ခြင်း မရှိဘဲ လာမည့် ဇူလိုင် ၂၁ ရက်နေ့တွင် ရုံတင် ပြသခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယခုဇာတ်ကားမှာ အမျိုးသားကြိုက် ရုပ်ရှင် ဇာတ်ကားများထဲတွင် ပထမဆုံး 3D ဇာတ်ကား လည်းဖြစ်ပြီး စုစုပေါင်း ပြသချိန် ၁၀၂ မိနစ် ကြာမြင့်သည့် ကားတစ်ကားဖြစ်ကာ ဟောင်ကောင်တွင် ပြသခဲ့သည့် မူရင်း ဇာတ်ကားထက် ၂၇ မိနစ်စာ ဖြတ်တောက်ပြီး နိုင်ငံတကာ တင်ဆက်မှု ပုံစံဖြင့် ထုတ်လွှင့် လိုက်ခြင်းပင် ဖြစ်သည်။

3D Sex and Zen ဇာတ်ကားမှာ ၁၉၉၁ ခုနှစ်တွင် ဟောင်ကောင်၌ ထုတ်လုပ်ခဲ့သည့် နံပါတ် ၃ အဆင့် လူကြီးကြိုက် ဇာတ်ကားကို ပြန်လည် အသက်သွင်း ထားခြင်းဖြစ်ပြီး တရုတ် ဂန္တဝင် ရာဂ စာပေ ဖြစ်သည့် The Carnal Prayer Mat ကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်သည်။

ယခုလို ဆင်ဆာပေး ပြသခဲ့သည့်အတွက် စင်္ကာပူ ရုပ်ရှင် ဖြန့်ချိရေး ဖြစ်သည့် Golden Village Pictures မှပြောရာ၌ ရုပ်ရှင် ဇာတ်လမ်း အမျိုးအစား အသစ်တစ်မျိုးကို ဖော်ထုတ် လိုက်နိုင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဇာတ်ကားကို ဟောင်ကောင်တွင် လွန်ခဲ့သည့် ဧပြီလက စတင် ပြသခဲ့ခြင်း ဖြစ်ပြီး စတင် ပြသသည့် နေ့တွင် စုစုပေါင်းဝင်ငွေ ဟောင်ကောင် ဒေါ်လာ ၂.၈ သန်းရရှိခဲ့ပြီး အောင်မြင်ခဲ့သည့် Avatar ဇာတ်ကား ဝင်ငွေဖြစ်သည့် ၂.၆ သန်းထက်ပင် ပိုမိုများပြားခဲ့သည်။


source : channelnewsasia/mrtv-4

No comments: